မနက်အစောပိုင်းပွဲများ

ဝက်စ်ဟမ်း Vs ဘုန်းမောက် [1 Feb 24 - 02:00 hrs]

မနက်အစောပိုင်းပွဲများ ဝက်စ်ဟမ်းအသင်းဟာ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ သိပ်မကောင်းပါဘူး အနိုင်ရဖို့ အရမ်းခဲယဉ်းနေပါတယ် ဒါပေမယ့် အမှတ်ပေးဇယားထဲက အဆင့်မှာတော့ ထိပ်တန်းအသင်းတွေရဲ့နောက်ကနေ ဘယ်လောက်မှမလိုက်ရတော့ပါဘူး ဒီလို အခွင့်အရေးရှိနေသေးတဲ့အတွက် အသင်းနည်းပြက လက်အလွတ်ခံမယ်မထင်ပါဘူး ကိုယ့်အိမ်ကွင်းနဲ့ အနိုင်ရအောင်တော့ ကိုင်တွယ်လိမ့်မယ် ဒီပွဲ ပေါက်ကြေးနေရာ ဖိအားမရှိပါဘူး သရေဆိုပေမယ့် နစ်နာစရာအကြောင်းမရှိဘူး ဝက်စ်ဟမ်းအသင်းက ကိုယ့်အိမ်ကွင်းမှာ အခြေနေကောင်းပါတယ် နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် တစ်ပွဲမှမရှုံးပဲ ၃ ပွဲနိုင် ၂ ပွဲသ‌ရေ လုပ်နိုင်တယ် ဂိုးသွင်းခံမထိပဲ ပြီးလာတာ ၄ ပွဲတောင်ရှိခဲ့တယ် ဘုန်းမောက်အသင်းကျတော့ စွမ်းဆောင်ရည်ကောင်းပြီး တိုက်စစ်မှူးတွေ ယုံကြည်မှုအားကောင်းနေတယ် ဂိုးတွေ တောက်လျှောက်သွင်းနိုင်တယ် ဒါပေမယ့် ဒီပွဲ ဝက်စ်ဟမ်းရဲ့အိမ်ကွင်းအထိ ခရီးစဉ်ရမှာဆိုတော့ မလွယ်သေးပါဘူး အဆင့်အတန်းတွေလည်း ကွာဟမှုရှိတယ် ဒဏ်ရာရထားတဲ့ကစားသမား ၅ ယောက်ရှိတယ် ဝက်စ်ဟမ်းမှာကျတော့ ဒဏ်ရာရထားတာ ၂ ယောက် ဘန်းခံထိသွားတာ ၂ ယောက်ဖြစ်ပါတယ် မနိုင်မရှုံးလေးတော့ဖြစ်ပါတယ် အသင်းရဲ့ အားကိုးရာတွေလည်း အပြည့်အစုံရှိနေတယ် အဲ့တော့ဒီပွဲ အိမ်ကွင်းနဲ့ ၃ မှတ်ရဖို့အနေအထားရှိပါတယ်။

West ham United : အိမ်ရှင်ဝက်စ်ဟမ်းအသင်းဟာ အခုမှရှက်ဖီးလ်အသင်းနဲ့ ၂-၂ သရေကျလာပါတယ် အဲ့ပွဲ အချိန်ပို အတောအတွင်းမှာ ဒုတိယအဝါကဒ် ပြခံထိသွားတဲ့ Vladimir Coufal မှာ ဒီပွဲ ပါဝင်ဆင်းကစားလို့မရသေးပါဘူး Said Benrahma နဲ့တစ်ယောက်လည်း အတူတူပါပဲ Lucas Paqueta နဲ့ Mikhail Antonio တို့ကျတော့ ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး ဒါပေမယ့် ဝက်စ်ဟမ်းမှာ Mohammed Kudus ကိုတော့ ပြန်လည်ကိုင်တွယ်ရနေပါပြီ ဒီပွဲ အသင်းနည်းပြက ၄-၂-၃-၁ စနစ်စီစဉ်ထားပြီး Danny Ings ကို Striker အနေနဲ့ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ် Kalvin Phillips ကလည်း တန်းဆင်းရမယ်ထင်တယ် Tomas Soucek နဲ့အတူ ကွင်းအလယ်တန်းမှာ တွဲဆင်းရလောက်တယ် James Ward-Prowse ကတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားပြီး Mohammed Kudus, Maxwel Cornetand, Jarrod Bowen တို့နဲ့အတူ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားလောက်တယ်။

Bournemouth : ဘုန်းမောက်အသင်းကျတော့ နောက်ဆုံး FA ဖလားပွဲတုန်းက ဆွမ်ဆီးအပေါ် ၅-၀ နဲ့ ပိုးစိုးပက်စက် အနိုင်ရရှိလာပါတယ် လောလောဆယ် ညာခံစစ်မှူးလိုအပ်နေတယ် ဘာလို့လဲဆိုတော့ Max Aarons နဲ့ Adam Smith တို့ ဒဏ်ရာရသွားတဲ့ကြားမှာ ကြယ်ပွင့်ကစားသမားဖြစ်တဲ့ James Hill ကလည်း ဒဏ်ရာရရှိသွားပါတယ် ဒါပေမယ့်လည်း ဒီပွဲ Marcos Senesi နဲ့တစ်ယောက်ကတော့ ဘန်းစာရင်းမှ လွတ်မြောက်လာပြီး ခံစစ်ပိုင်းနေရာမှာ တာဝန်တန်းယူလို့ရနေပါပြီ ဒီပွဲ Chris Meffam က မဖြစ်မနေ ညာခံစစ်အနေနဲ့ ဆင်းရလောက်တယ် Illia Zabarnyi နဲ့ Marcos Senesi တို့နှစ်ယောက်က Center Half အနေနဲ့ အတူတူဆင်းကစားရလောက်တယ် တိုက်စစ်ပိုင်းနေရာမှာကျတော့ Alex Scott က Playmaker အနေနဲ့ တာဝန်ယူပြီး သူ့ဘေးနားမှာ Justin Kluivert နဲ့ Marcus Tavernier တို့နှစ်ယောက် ရှိနေလိမ့်မယ် အရှေ့ဆုံးမှာ Dominic Solanke ကို Striker အနေနဲ့ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

West ham United (4-2-3-1) : Areola; Johnson, Mavropanos, Zouma, Emerson; Phillips, Soucek; Kudus, Ward-Prowse, Cornet; Bowen

 

Bournemouth (4-2-3-1) : Neto; Kelly, Zabarnyi, Senesi, Kerkez; Cook, Christie; Tavernier, Scott, Sinisterra; Solanke

Missing Players

West ham United – Michail Antonio (Knee injury), Lucas Paquetá (Calf injury),V.Coufal ( Rad Card ),S.Benrahma (Rad Card)

Bournemouth – Ryan Fredericks (Calf injury), Tyler Adams (Hamstring injury), Darren Randolph (Ill), Adam Smith

Facebook

မန်ယူအသင်းဟာ အဓိကကစားသမား တော်တော်များများကို ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ နောက်ဆုံးတစ်ပွဲတုန်းက Newport အပေါ် အနိုင်ရရှိလာပါတယ် Lisandro Martinez, Casemiro နဲ့ Luke Shaw တို့က ဒီပွဲ ပြန်လည်ဆင်းကစားနိုင်နေကြပါပြီ ဝုဗ်ဗာဟန်တန်အသင်းကျတော့ အခုနောက်ပိုင်း အခြေနေပြန်ကောင်းနေပြီး ဒဏ်ရာရထားတဲ့ကစားသမားတွေပါ မရှိတဲ့အတွက် အတန်းဆင်းမယ့် ဇုန်ကနေ ရုန်းထွက်ပြီး ဇယားရဲ့အလယ်ပိုင်းမှာ ရောက်ရှိသွားပါပြီ အချင်းချင်းထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းက မန်ယူဘက်က ၄ ပွဲနိုင်ပြီး ဝုဗ်ဘက်က ၁ ပွဲ မနက်အစောပိုင်းပွဲများ  နိုင်သွားပါတယ် ဒီရာသီ ပထမပွဲတုန်းကဆိုရင် မန်ယူဘက်က ၁-၀ နဲ့ အရင်နိုင်ထားပါတယ် စံချိန်ကိုကြည့်ရင်တော့ မန်ယူဘက်က မတရားတွေပိုကောင်းနေတယ် ဒါပေမယ့် လက်ရှိအချိန်ရဲ့ စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ ဝုဗ်ဘက်က ပိုသာမှန်းမြင်နေရတယ် ဒါပေမယ့် သူတို့ရဲ့ကစားသမား ၃ ယောက်က နိုင်ငံအသင်းထဲ ပါသွားတော့ တောင့်တင်းမှုတွေ အားနည်းသွားလိမ့်မယ် ဒီပွဲ မန်ယူဘက်က ကစားသမားပိုင်း ပိုပြည့်စုံပါတယ် ဒီရာသီမှာ ကစားသမားရဲ့ပြည့်စုံမှုက အကောင်းဆုံးပဲလို့တောင် ယူဆနိုင်ပါတယ် အဓိကပြသာနာဟာ ကစားသမားအသီးသီးက ကိုယ့်ရဲ့ထူးခြားမှုကို ရှာလို့မတွေ့သေးဘူးဖြစ်နေတယ် ဒီပွဲ ဝုဗ်တို့ရဲ့ တန်ပြန်တိုက်စစ်ကို တော်တော်သတိထားဖို့လိုမယ် သတိနည်းနည်းလွတ်သွားတာနဲ့ တန်းခံခဲ့ရလိမ့်မယ် ကစားပွဲအခြေနေကတော့ တစ်သင်းနဲ့တစ်သင်းမှာ တိုက်စစ်ဆင်ပြီဝင်လုံးမယ် သရဲနီဘက်က ဘောလုံးပိုင်ဆိုင်မှုအနည်းငယ်သာပြီး တိုက်စစ်ဆင်ကစားခွင့် ပိုရမယ်ထင်ပါတယ် ဒါပေမယ့်လည်း ပေါ့ဆလို့မရသေးပါဘူး ဝုဗ်တို့မှာလည်း သွက်လက်မှုရှိတဲ့တိုက်စစ်မှူးတွေရှိနေတယ် နောက်ပြီး မန်ယူရဲ့ကစားပုံကစားနည်းက တိကျမှုမရှိသေးဘူး အဲ့တော့ ဒီပွဲ မနိုင်မရှုံးလေးဖြစ်ဖို့များတယ် တန်ဟက်ရဲ့အသင်းအတွက် အနိုင်ရပြီးပြန်ဖို့ လွယ်ကူမယ်မထင်ဘူး သရေကျရုံနဲ့ ပြီးဖို့အတော်များပါတယ်။

 Wolverhampton : အိမ်ရှင်ဝုဗ်ဗာဟန်တန်အသင်းဟာ နောက်ဆုံး FA ဖလားပွဲတုန်းက ဝက်ဘရွန်းအပေါ် ၀-၂ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲ Pedro Neto နဲ့ Matheus Cunha တို့နှစ်ယောက်မှာ တစ်ယောက်တစ်ဂိုးစီ သွင်းနိုင်ကြတယ် ပရီးမီးယားလိဂ်မှာကျတော့ လောလောဆယ် အဆင့် ၁၁ မှာရပ်တည်ပြီး စွမ်းဆောင်ရည် ကောင်းနေကြပါတယ် အရင်တစ်ပွဲတုန်းက ဘရိုက်တန်နဲ့ ၀-၀ သရေကျလာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် သူတို့ရဲ့တန်ပြန်တိုက်စစ်က တော်တော်ထိရောက်မှုရှိတယ် Pedro Neto ဆိုတဲ့ တောင်ပံကစားသမားဆိုရင် သွက်လက်ပြီး အသင်းရဲ့ Assist အတော်ဆုံးသမားလည်းဖြစ်နေတယ် အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ Pablo Sarabia လောက်ပဲ အခြေနေစစ်ဆေးဖို့လိုနေတယ် Joao Gomes ကျတော့ ဘန်းစာရင်းထဲ ရှိနေတုန်းပါ Hwang Hee Chan နဲ့ Bubaka Traore တို့ကျတော့ နိုင်ငံအသင်းနဲ့ ကစားနေကြလို့ ဒီပွဲ မပါနိုင်သေးပါဘူး။

 

Manchester United : မန်ချက်စတာယူနိုက်တက်အသင်းကျတော့ တိကျမှုရှိတဲ့စွမ်းဆောင်ကို အခုထိ မပိုင်နိုင်သေးပါဘူး အခုလက်ရှိအချိန် အဆင့် ၈ မှာရပ်တည်နေပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက အားရဖို့မကောင်းဘူး ၂၄ ဂိုးသာသွင်းနိုင်တယ် ခံစစ်ပိုင်းက ၂၉ ဂိုးတောင် သွင်းခံထိထားတယ် အဲ့တာနဲ့ သွင်းဂိုးစံချိန်မှာ မိုင်းနတ်စ်တွေပြနေပါပြီ အသင်းနည်းပြ အဲရစ်တန်ဟက်က အသင်းနဲ့ အဆင်ပြေနိုင်မယ့်နည်းလမ်းပေါင်းစုံ အသုံးချ ပြုပြင်ပြောင်းလဲခဲ့ပေမယ့် ထူးခြားမှုမရှိခဲ့ပါဘူး လက်ရှိစွမ်းဆောင်ရည်ကို ဆင်ခြေပေးချင်တယ် ဆိုရင်တော့ သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ ရှိနေတဲ့အကြောင်းကို ထုတ်ပြချင်လည်း အပြစ်နည်းနည်း သက်သာသွားလိမ့်မယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ တန်ဟက်မှာ ဒီပွဲ Anthony Martial, Tyrell Malasia နဲ့ Victor Lindelof တို့ကို အသုံးချလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြလို့ပါ Aaron Wan-Bissaka, Mason Mount နဲ့ Marcus Rashford တို့ကျတော့ အခြေနေစစ်ဆေးပြီးမှပြောလို့ရမယ် Sofyan Amrabat က နိုင်ငံအသင်းနဲ့ ကစားနေလို့ ဒီပွဲ နာမည်စာရင်းထဲ မရှိမှန်းသေချာတယ်။

11 Players

Wolverhampton (3-4-3): Sa; Kilman, Dawson, Toti; Semedo, Lemina, Doyle, Doherty; Bellegarde, Neto; Cunha

Manchester United (4-2-3-1) : Onana; Dalot, Varane, Martinez, Shaw; Mainoo, Casemiro; Antony, Fernandes, Garnacho; Hojlund

 

Missing Players

 Wolverhampton – Hee-Chan Hwang , Boubacar Traore ,Joao Gomes (Red Card)

Manchester United – Mason Mount (unknown injury), Victor Lindelöf (Groin injury), Tyrell Malacia (unknown injury), Anthony Martial (Groin surgery)

Facebook