ဘောလုံး ပွဲ တိုက်ရိုက် ဘိုင်ယန် Vs မန်ယူ [ 20 Sep 23 - 01:30 hrs]

ဘောလုံး ပွဲ တိုက်ရိုက် ဘိုင်ယန်အသင်း အရင်တစ်ပွဲကမှလေဗာကူဆင်နဲ့ ၂-၂ သရေကျလာပေမယ့် သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ တောင့်တင်းမှုရှိနေတုန်းဖြစ်ပါတယ်။ အဲ့ဒီလိုနဲ့ပဲ သူတို့ နောက်ဆုံး ၄ ပွဲထဲမှာ တစ်ပွဲမှမရှုံးပဲ ၃ ပွဲတောင် အနိုင်ရရှိသွားပါတယ်။ အဲ့ဒီ ၄ ပွဲထဲနဲ့ ၁၁ ဂိုသွင်းနိုင်ပါတယ်။ ဖလားပွဲတွေမှာကျတော့ လက်ရှိဂရုထဲမှာဆိုရင် မန်ယူနဲ့ ဂရုချန်ပီယံနေရာကို လုရမှာသေချာတယ်။ အဲ့ဒီတော့ ဒီလို အိမ်ကွင်းနဲ့အရင်စတင်ရမှာဖြစ်တဲ့အတွက် အကောင်းဆုံးကြိုးစားလိမ့်မယ် မန်ယူအသင်းကျတော့ လောလောဆယ် စွမ်းဆောင်ရည်တွေ အဆင်မပြေပါဘူး လိဂ်ပွဲစဉ် နောက်ဆုံး ၄ ပွဲကစားပြီး ၃ ပွဲတောင် ရှုံးနိမ့်ခဲ့တယ် အဲ့ဒီ ၄ ပွဲထဲနဲ့ ၁၀ ဂိုးတောင် သွင်းခံထိသွားပါတယ်။ အဲ့ဒီရလဒ်တွေကြောင့် တန်ဟက်ရဲ့ထိုင်ခုံနဲ့ တည့်ထိခိုက်ပါတယ်။ ဒီလိုအခြေနေမျိုးဖြစ်ပြီး တိုက်စစ်ပိုင်း အားကောင်းနေတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဆိုတော့ ဆက်တိုက်ကြုံးခံထိဖို့ရှိပါတယ်။ ဒီပွဲမှာတော့ ဘိုင်ယန်အသင်းက ကိုယ့်အိမ်ကွင်းနဲ့ကစားရမှာဆိုတော့ အကျောတော်တော်ရထားပါတယ် သူတို့ရဲ့ကစားသမားအသီးသီးတွေကလည်း အဆင်သင့်တော်တော်ဖြစ်နေကြတာဆိုတော့ တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ်။ မန်ယူတို့ကျတော့ ခံစစ်ပိတ်ပြီး အခွင့်ရေးကြုံလာတဲ့အထိ စောင့်ဆိုင်းလိမ့်မယ် ဒါပေမယ့် သူတို့ရဲ့ နောက်ဆုံးစွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင်တော့ တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ်။ တစ်မှတ်လေးနဲ့တောင် ပြန်ဖို့မလွယ်ပါဘူး ဘိုင်ယန်ကို ခံနိုင်မယ်လို့တောင် မထင်ဘူး ချန်ပီယံလိဂ်ရဲ့ ပထမဆုံးအပတ်ထဲက ပိုးစိုးပက်စက်ရှုံးနိမ့်မှုတွေတောင် ဖြစ်သွားနိုင်တယ် ဒီပွဲမှာတော့ ဘိုင်ယန်တို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

Bayern munich : အိမ်ရှင်ဘိုင်ယန်အသင်း အရင်နှစ်တွေလို ခြေစွမ်းတွေကောင်းမနေတော့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် လေဗာကူဆင်နဲ့ ၂-၂ သရေကျလာပါတယ်။ အဲ့ဒီတော့ သူတို့ ဘွန်ဒက်လီဂါထဲက အဆင့် ၂ မှာရအ်တည်နေတယ် ချန်ပီယံလိဂ်ပွဲစဉ်ထဲမှာကျတော့ မနှစ်တုန်းကဆိုရင် နောက်ဆုံး ၈ သင်းအဆင့်မှာပဲ အပယ်ခံထိသွားပါတယ် အဲ့ပွဲ ချန်ပီယံဖြစ်သွားတဲ့ မန်စီးတီးကို ရှုံးနိမ့်ခဲ့ပြီး အပယ်ခံထိသွားတာဖြစ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Kingsley Coman နဲ့ Tarek Buschmannတို့မရှိသေးပါဘူး ကြွက်သားဒဏ်ရာရထားကြလို့ပါ Rafael Guerreiro နဲ့တစ်ယောက်ကျတော့ ခြေတလုံးဒဏ်ရာရထားတယ် Gabriel Marusic လည်း ဒူးခေါင်းဒဏ်ရာရထားပါတယ်။ ပြီးတော့ Manuel Neuer ဆိုတဲ့ဂိုးသမားကျတော့ အရင်ရာသီကတည်းက ဒဏ်ရာရထားလို့ အခုထိနားနေတုန်းဖြစ်ပါတယ်။ တူချယ်လ်က ဒီပွဲ ၄-၂-၃-၁ စနစ် စီစဉ်ထားလောက်တယ် Striker နေရာ ဟယ်ရီကိန်းကိုပဲ တာဝန်ပေးထားပြီး Leroy Sane, Jamal Musiala နဲ့ Serge Gnabry တို့ ၃ ယောက်ကိုကျတော့ တိုက်စစ်ပိုင်းနေရာ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။

Manchester United : မန်ယူအသင်းကျတော့ စွမ်းဆောင်ရည်တွေကျဆင်းနေပြီး နောက်ဆုံးတစ်ပွဲကမှ ဘရိုက်တန်ကို ၁-၃ နဲ့ ရှုံးနိမ့်လာပါတယ်။ အခုလက်ရှိ ပရီးမီးယားလိဂ်အဆင့် ၁၃ မှာရပ်တည်နေတယ် ဥရောပပွဲစဉ်တွေမှာကျတော့ မနှစ်တုန်းက ယူရိုပါလိဂ်ထဲ ပါဝင်ကစားခဲ့ပြီး နောက်ဆုံး ၈ သင်းအဆင့်မှာပဲ အပယ်ခံထိသွားပါတယ် ဒီရာသီရောက်တော့ ဖလားအကြီးပြိုင်ပွဲထဲ ပြန်လည်ရောက်ရှိလာပါပြီ သူတို့ရှိနေတဲ့ အေဂရုထဲမှာ ဘိုင်ယန်၊ Galatasaray နဲ့ FC Copenhagen အသင်းတို့ ရှိနေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ ရှိနေတုန်းဖြစ်ပါတယ်။ Ahmad Traore, Cobbi Mainu, Tyrell Malasia နဲ့ Luke Shaw တို့ကို အသုံးမပြုနိုင်တာ သေချာသွားပါပြီ Raphael Varane, Mason Mount နဲ့ Sofiane Amrabat တို့ကျတော့ အခြေနေစစ်ဆေးဖို့ လိုပါသေးတယ်။ ကိုယ်ရေးကိုယ်သာပြသာနာတွေရှိနေတဲ့ ဆန်ချိုနဲ့ အန်တိုနီတို့ကျတော့ ဒီပွဲမှာလည်း ဆင်းကစားခွင့်မရလောက်သေးပါဘူး တန်ဟက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ် အရှေ့ဆုံးမှာ ဂိုးသွင်းဖို့ Rasmus Hojlund ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Bruno Fernandes ကိုကျတော့ Playmaker အနေနဲ့ တိုက်စစ်ပိုင်းအထောက်အကူ တာဝန်ပေးထားလိမ့်မယ်။

11 Players

Bayern munich (4-2-3-1) : Ulreich; Mazraoui, Upamecano, Kim, Davies; Laimer, Goretzka; Sane, Musiala, Gnabry; Kane

Manchester United ( 4-2-3-1): Ulreich; Mazraoui, Upamecano, Kim, Davies; Laimer, Goretzka; Sane, Musiala, Gnabry; Kane

Missing Players

Bayern munich –  Manuel Neuer (Fracture of the lower leg), Raphaël Guerreiro (Fitness), Tom Hülsmann (Hamstring Injury),K.Coman(Muscle Injury)

Manchester United – Tom Heaton (Calf Injury), Amad Diallo (Knee Injury), Mason Mount (Unknown Injury), Luke Shaw (Muscle Injury), Kobbie Mainoo (Ankle Injury), Aaron Wan-Bissaka (Hamstring Injury), Tyrell Malacia (Unknown Injury)

Facebook

PSV အသင်း စွမ်းဆောင်ရည်ကောင်းနေသော်လည်း သူတို့အသင်းရဲ့အရည်သွေးနဲ့ဆိုရင် အာဆင်နယ်ကိုမယှဉ်နိုင်ပါဘူး အာဆင်နယ်အသင်းက အခုနောက်ပိုင်း ခြေစွမ်းတွေတော်တော်ပြနိုင်ပါတယ်။ လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲတောင် အနိုင်ရရှိသွားပါတယ် တစ်ပွဲမှတောင် မရှုံးသေးပါဘူး အဲ့ဒီ ၅ ပွဲထဲနဲ့ ၉ ဂိုးသွင်းနိုင်ပါတယ်။ အင်္ဂလန်ပရီးမီးယားလိဂ်အဆင့်က Dutch ပရီးမီးယားလိဂ်ထက် တော်တော်ပဲ ပိုသာပါတယ်။ နောက်ပြီး ဒီပွဲ အာဆင်နယ်ဘက်က ဒီတိုက်ပွဲထဲ ၇ နှစ်တိတိ ပါခွင့်မရပဲ အိမ်ကွင်းလေးနဲ့စတင်ရမှာဆိုတော့ အာတီတာနဲ့ အသင်းသားအားလုံး အစွမ်းကုန်ကြိုးစားမှာသေချာတယ်။ ဘောလုံး ပွဲ တိုက်ရိုက် ဒီပွဲ နှစ်သင်းစလုံး ကိုယ့်လိဂ်နဲ့ကိုယ် အခြေနေကောင်းနေကြပါတယ်။ အဲ့ဒီတော့ အချင်းချင်ရင်ဆိုင်ရတဲ့အချိန်မှာ ဘယ်လိုနေမလဲမသိသေးပါဘူး ဒီပွဲ တစ်သင်းနဲ့တစ်သင်း ကြောက်စိတ်တွေမရှိကြပဲ ဝင်လုံးခဲ့ကြလိမ့်မယ်။ ဒါပေမယ့် အာဆင်နယ်အသင်းက ကိုယ့်အိမ်ကွင်းဖြစ်တဲ့အတွက် လွယ်လွယ်လေးနဲ့ စိတ်လျှော့မယ်မထင်ပါဘူး သူတို့ပြိုင်ဘက်ကို အမှတ်ရပြီးပြန်ခွင့်မပေးလောက်ပါဘူး ဒါပေမယ့်လည်း အဲ့လိုမျိုးလုပ်ချင်ပေမယ့် မလွယ်လောက်သေးဘူး နှစ်သင်းစလုံးက ယုံကြည်မှုအပြည့် ရှိနေတာချင်းလည်းတူနေတယ် ဒါပေမယ့် အာဆင်နယ်အသင်း ရှိနေတဲ့လိဂ်က ကမ္ဘာ့ပေါ်မှာ အကောင်းဆုံးလိဂ်ဖြစ်နေတာကြောင့် အခြေခံအသီးသီး ပိုမြင့်လောက်ပါတယ်။ သို့သော်လည်း PSV တို့ကို အထင်သေးလို့မရသေးပါဘူး ဒီပွဲမှာတော့ အစစအရာရာကြည့်ပြီး အာဆင်နယ်တို့ပဲ ၃ မှတ်ကောက်သွားနိုင်မယ်ထင်ပါတယ်။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေကောင်းနေပြီး ၅ ပွဲဆက်တိုက် အရှုံးပွဲမရှိသေးပါဘူး သူတို့ရဲ့ နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်နဲ့တွေ့ပြီး ၁-၀ နဲ့ အနိုင်ရရှိလာပါတယ်။ ဒီပွဲဟာ အာဆင်နယ်အတွက် ၇ နှစ် အတွင်း ချန်ပီယံလိဂ်မှာ ပြန်ကစားခွင့်ရတဲ့ ပထမဆုံးတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲ သူတို့အတွက် မလွယ်ပါဘူး PSV အသင်းမှာလည်း လောလောဆယ် စွမ်းဆောင်ရည်တွေကောင်းနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Thomas Partey, Jurriën Timber နဲ့ Mohamed Elneny တို့ကို အသုံးပြုလို့မရသေးပါဘူး Gabriel Martinelli နဲ့တစ်ယောက်မှာလည်း အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ်။ ခံစစ်ပိုင်းနေရာ Ben White, Gabriel Magalhaes, William Saliba နဲ့ Oleksandr Zinchenko တို့ကို တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Declan Rice, Martin Odegaard, Kai Havertz တို့ကိုပဲ တာဝန်ပေးထားလောက်တယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Leandro Trossard, Bukayo Saka နဲ့ Gabriel Jesus တို့ကိုပဲ ဂိုးသွင်းဖို့တာဝန် ပေးထားလောက်တယ်။ အာဆင်နယ်ရဲ့တိုက်စစ်မှူးတွေ ခြေစွမ်းတော်တော်ကောင်းနေကြပြီး ယုံကြည်မှုအပြည့် ရှိနေကြပါတယ်။

 

Psv Eindhoven : အသင်းကျတော့ အိမ်ရှင်အသင်းလိုမျိုး အခြေနေကောင်းနေပါတယ်။ သူတို့စွမ်းဆောင်ရည်က အရမ်းကောင်းပြီး ၁၂ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် လိဂ်ထဲက ၄-၀ နဲ့ အနိုင်ရရှိလာပါတယ်။ PSV တို့ရဲ့ လက်ရှိအသင်းထဲမှာ ခြေစွမ်းကောင်းကစားသမားတွေ အပြည့်ရှိနေတယ် ကြယ်ပွင့်လေးတွေလည်း တော်တော်များများရှိတယ် စိတ်ဝင်စားစရာကောင်းတဲ့အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီပွဲ သူတို့ပြိုင်ဘက်ဟာ ယူရိုပါလိဂ်တုန်းက ရန်သူဟောင်းဖြစ်နေတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Armando Obispo, Fredrik Oppegord နဲ့ Mauro Jr တို့ မရှိသေးပါဘူး ဒီပွဲ သူတို့ဘက်က ၄-၃-၃ စနစ်နဲ့ပဲ ကစားကြမယ်ထင်တယ်။ ခံစစ်ပိုင်းနေရာ Serginho Dest, Andre Ramalho Silva, Armel Bella-Kotsup နဲ့ Patrick van Aanholt တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Joey Fierman, Yerdi Skauten နဲ့ Ismael Sybari တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ ပြီးရင် တိုက်စစ်ပိုင်းနေရာ Johan Bakayoko, Noa Lang နဲ့ Luc de Jong တို့ကိုပဲ အဓိက ဂိုးသွင်းဖို့တာဝန်ပေးထားလောက်ပါတယ်။

11 Players

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Vieira; Saka, Jesus, Trossard

Psv Eindhoven (4-3-3) :  Benitez; Teze, Ramalho, Bella-Kotchap, Dest; Schouten, Veerman; Bakayoko, Saibari, Lozano; De Jong

 

Missing Players

Arsenal – Mohamed Elneny (Knee Injury), Jurrien Timber (Cruciate Ligament Rupture),Thomas (Groin Injury)

Psv Eindhoven – Mauro Júnior (Knee Injury), Fredrik Oppegard (Surgery), Armando Obispo (Knee Injury), Jordan Teze (Knock)

Facebook