ဘောလုံးသုံးသပ်ချက်အကြံပေးချက်များ

ဆွစ်ဇာလန် Vs ဂျာမနီ [24 Jun 24 - 01:30 hrs]

ဘောလုံးသုံးသပ်ချက်အကြံပေးချက်များ ဒီပွဲမှာတော့ အုပ်စုအဆင့်ရဲ့ နောက်ဆုံးတိုက်ပွဲဖြစ်ပါတယ် ဂျာမနီအသင်းက ဆန်ကာတင်ဖို့ လုံးဝသေချာနေပြီဆိုပေမယ့် ပြိုင်ပွဲရှင်အနေနဲ့တော့ အကောင်းဆုံးကစားသွားမယ်ထင်ပါတယ် လက်ရှိကစားသမားအဖွဲ့အစုနဲ့ဆိုရင် ဆွစ်ဇာလန်ထက် အများကြီးပဲပိုသာနေတယ် Murat Yakin နည်းပြလက်ထဲက ဆွစ်ဇာလန်အသင်းက ဆန်ကာတင်ဖို့ ဒီပွဲဆီက ၁ မှတ်လေးပဲလိုအပ်ပါတယ် ဂျာမနီအသင်း ဒီပွဲ အခြားဝက်ဆိုဒ်တွေ ခန့်မှန်းထားသလို ကစားသမား Rotation ရှိတယ်လို့ ထင်နေကြပေမယ့် ကျွန်တော့်အထင်ကတော့ မဟုတ်လောက်ပါဘူး ဂျာမနီအသင်းရဲ့ ကစားသမားအရည်အသွေးကတော့ ဆွစ်ဇာလန်ထက် တော်တော်ပဲပိုသာနေတယ် ဒီပွဲ ဂျာမနီဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် အရင်ပွဲတွေလောက် ဘောလုံးကိုင်တွယ်ကြမယ်မထင်ပါဘူး ဆွစ်ဇာလန်တို့ကျတော့ အတတ်နိုင်ဆုံး ဘောလုံးကိုင်တွယ်ထားမယ် တန်ပြန်တိုက်စစ် အကြိမ်ကြိမ်ဆင်ဖို့ကြိုးစားလိမ့်မယ် ဒါပေမယ့်လည်း အစစအရာရာနဲ့ ပြိုင်ပွဲရှင်ဖြစ်တဲ့အတွက် ဂျာမနီဘက်ကပဲ အရည်အသွေးရှိရှိနဲ့ တက်ကြိတ်သွားလိမ့်မယ်။

Switzerland – ဆွစ်ဇာလန်အသင်း ပထမပွဲတုန်းက ကောင်‌ေးကာင်းလေးစွမ်းဆောင်နိုင်ပေမယ့် ဒုတိယပွဲကျတော့ မှားပြီး သရေကျလာခဲ့ပါတယ် လက်ထဲ ၄ မှတ်ရှိပြီး အဆင့် ၂ မှာရပ်တည်နေတယ် ဆန်ကာတင်ဖို့ နောက်ဆုံးပွဲမှာ အနည်းဆုံး ၁ မှတ်လေး လိုအပ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Denis Zakaria, Steven Zuber တို့ရဲ့ အခြေနေကို စစ်ဆေးဖို့လိုနေပါတယ် ကျန်တာ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပြီးခဲ့တဲ့ ၂ ပွဲတုန်းက ကစားသမားအဖွဲ့အစုနဲ့ သိပ်မကွာဘူးလို့ထင်ပါတယ် Murat Yakin နည်းပြက ဒီပွဲ သူ့အသင်းကို ၃-၄-၃ စနစ်လေးနဲ့ Jann Sommer – Manuel Akanji, Fabian Cher, Nico Elvedi – Silvan Widmer, Granit Xhaka, Remo Freuler, Dan N Doi – Xherdan Shaqiri, Breel Embolo, Ruben Vargas ဆိုတဲ့ အကောင်းဆုံးကစားသမားတွေကို အသုံးပြုသွားမယ်ထင်ပါတယ်။

Germany – ဂျာမနီအသင်းကျတော့ ပထမ ၂ ပွဲတုန်းက စွမ်းဆောင်ရည်အရမ်းကောင်းတယ် ၆ မှတ်အပြည့် ရပြီး ၇ ဂိုးတောင် သွင်းနိုင်ကြတယ် ပြီးတော့ ၁ ဂိုးလေးပဲ ပြန်သွင်းခံထိခဲ့တယ် ဆန်ကာတင်ဖို့ လုံးဝသေချာနေပါပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိပါဘူး အုပ်စုချန်ပီယံအနေနဲ့ ဆန်ကာတင်ဖို့အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲ Julian Nagelsmann နည်းပြက သူ့အသင်းကို ၄-၂-၃-၁ စနစ်လေးနဲ့ Manuel Neuer – Joshua Kimmick, Antonio Rudiger, Jonathan Tah, Maximilian Mittelstadt – Robert Andrik, Toni Kroos – Jamal Musiala, Ilkay Gundogan, Florian Wirtz – Kai Havertz ဆိုတဲ့ကစားသမားတွေကို အသုံးပြုသွားမယ်ထင်ပါတယ်။

11 Players

Switzerland (3-4-3) : Sommer; Schar, Akanji, Rodriguez; Widmer, Xhaka, Freuler, Aebischer; Ndoye, Vargas; Embolo

Germany (4-2-3-1) : Neuer; Kimmich, Tah, Rudiger, Mittelstadt; Andrich, Kroos; Musiala, Gundogan, Wirtz; Havertz

Missing Players

Switzerland – Steven Zuber (Calf problems), Denis Zakaria (Hamstring injury),Fabin Schar (Nasal Bone Fracture)

Germany – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

Scotland – စကော့တလန်တို့ရဲ့ ပထမ ၂ ပွဲစွမ်းဆောင်ရည်ဟာ ဂျာမနီကို ၁-၅ နဲ့ ရှုံးပြီး ဆွစ်ဇာလန်နဲ့ ၁-၁ သရေကျလာခဲ့ပါတယ် ၁ မှတ်လေးကိုင်ဆောင်ထားပြီး အဆင့် ၃ မှာရပ်တည်နေတယ် ဒါပေမယ့် ဒီပွဲ ၃ မှတ်ရသွားလို့ရှိရင်တော့ အုပ်စုရဲ့ ဒုတိယအဆင့်ကို တက်ရောက်ဖို့အခွင့်အရေးရှိပါသေးတယ် ပြီးတော့ ဆွစ်ဇာလန်နဲ့ ဂျာမနီတို့ရဲ့ပွဲစဉ်ကိုလည်း ဆွစ်ဇာလန်ဘက်က ပိုးစိုးပက်စက်ရှုံးဖို့ မျှော်လင့်ရမယ် စကော့တလန်အသင်း ဒီပွဲ နိုင်သွားလို့ရှိရင်တော့ ဆွစ်ဇာလန်နဲ့ ၄ မှတ်ချင်းတူသွားလိမ့်မယ် အဲ့ခါကျရင် သွင်းဂိုးစံချိန်နဲ့ ယှဉ်ရမယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ryan Porteous ဆိုတဲ့ ကွင်းလယ်ခံစစ်မှူးကို ကိုင်တွယ်လို့မရသေးပါဘူး ပထမပွဲတုန်းင အနီကဒ်ရသွားတာကြောင့် ၂ ပွဲပယ်ထိထားပါတယ် ဒီပွဲ နောက်တစ်ဆင့် ဆန်ကာတင်သွားရင်တော့ နောက်လာမယ့်တစ်ပွဲမှာ ပြန်ဆင်းနိုင်ပါပြီ တံကောက်ကြောဒဏ်ရာရထားတဲ့ Kieran Tierney လည်း ဒီပွဲ မပါနိုင်သေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ စကော့တလန်အသင်း ၃-၄-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Angus Gunn ဖြစ်မယ် ကွင်းလယ်ခံစစ် ၃ ယောက်ကိုကျတော့ Jack Hendry, Grant Hanley နဲ့ Scott McKenna တို့ပဲဖြစ်ပြီး Anthony Ralston နဲ့ Andrew Robertson တို့ကျတော့ တောင့်ပံခံစစ်နေရာမှာ တာဝန်ရှိလိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာကျတော့ Billy Gilmour နဲ့ Callum McGregor တို့ဖြစ်ပြီး Striker နေရာ Che Adam ပဲဖြစ်ပါလိမ့်မယ် ပြီးရင် သူ့ဘေးနားမှာ John McGinn နဲ့ Ryan Christie တို့ကိုပဲ ချထားလိမ့်မယ်။

Hungary – ဟန်ဂေရီအသင်းကျတော့ အခုထိ တစ်မှတ်မှမရှိသေးပါဘူး အေအုပ်စုမှာ အောက်ဆုံးအဆင့်ဖြစ်နေတယ် ပထမတစ်ပွဲ ဆွစ်ဇာလန်ကို ၁-၃ နဲ့ရှုံးပြီး နောက်တစ်ပွဲ ဂျာမနီကို ၀-၂ နဲ့ ထပ်ရှုံးလာတယ် ဒါပေမယ့် သူတို့ ဒီပွဲ အနိုင်ရသွားလို့ရှိရင်တော့ အုပ်စုရဲ့ အဆင့် ၃ လေးနဲ့ နောက်တစ်ဆင့် ဆန်ကာတင်နိုင်ပါသေးတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Callum Styles နဲ့ Loic Neco တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုနေတယ် သူတို့မှာ ဒဏ်ရာရထားကြလို့ပါ အရင်တစ်ပွဲတုန်းကတောင် မဆင်းနိုင်ခဲ့ပါဘူး ဒါပေမယ့် ကစားသမားစီမံဖို့အတွက် မထိခိုက်ပါဘူး အဆင်ပြေအောင် စွမ်းဆောင်နိုင်လိမ့်မယ် ဒီပွဲ ဟန်ဂေရီအသင်း ၃-၄-၃ စနစ်လေးနဲ့ ခံစစ်နေရာမှာ Attila Fiola, Willy Orban နဲ့ Marton Dardai တို့ ၃ ယောက်ကို အဓိကတာဝန်ပေးထားပြီး အလယ်တန်းနေရာမှာကျတော့ Loic Neko, Adam Nagy, Andras Schaefer, Milos Kerkez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Dominic Soboszlai ကို Roland Sallai နဲ့အတူ ကစားပွဲဖန်တီးဖို့တာဝန်ပေးထားလိမ့်မယ် ပြီးရင် Striker နေရာမှာ Barnabas Varga ကိုပဲ တာဝန်ပေးထားလိမ့်မယ် သူ့နေရာ Martin Adam လည်း ဆင်းကစားနိုင်ပါတယ်။

နောက်တစ်ဆင့် ဆန်ကာတင်ဖို့ အရမ်းရင်ခုန်နေရတဲ့နှစ်သင်းရဲ့ပြိုင်ပွဲဖြစ်ပါတယ် စကော့တလန်အသင်းက အခုနောက်ပိုင်း စွမ်းဆောင်ရည်ပြန်ကောင်းပေမယ့် မလုံလောက်သေးပါဘူး ဒါပေမယ့် ဟန်ဂေရီအသင်းမှာလည်း အခြေနေပိုဆိုးပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ သိပ်မကွာပါဘူး စကော့တလန်ဘက်က ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် ဟန်ဂေရီကျတော့ ၂ ပွဲ ၃ ပွဲရှုံးဖြစ်ပါတယ် အချင်းချင်းထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၂ ပွဲတုန်းက တစ်ယောက်တစ်ပွဲ အနိုင်ရရှိသွားပါတယ် ဒါပေမယ့် သူတို့ဆုံခဲ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ကြီးတောင်ဖြစ်နေတယ် ဒီပွဲမှာတော့ အချင်းချင်းဝင်လုံးပြီး အပီကစားကြမှာသေချာတယ် ဘာလို့လဲဆိုတော့ နှစ်သင်းစလုံးက ၃ မှတ်အရမ်းလိုချင်နေကြလို့ပါ အဲ့တာနဲ့ ကစားပွဲအနေအထားက အလှည့်ကျ တိုက်စစ်ဆင်ပြီး ကစားခဲ့ကြလိမ့်မယ် ဘောလုံးသုံးသပ်ချက်အကြံပေးချက်များ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်ပွဲတုန်းက နှစ်သင်းစလုံးရဲ့အားနည်းချက်ဟာ ခံစစ်ပိုင်းဖြစ်နေတယ် ဖြစ်သင့်သလောက် မမာဘူး တိုက်စစ်ဆင်ကစားတဲ့အခါမှာ ခံစစ်ပိုင်းက အလွတ်ကြီးဖြစ်နေကြလိမ့်မယ် ဒီပွဲ မနိုင်မရှုံးလေးနဲ့ တိုက်ခိုက်ကြပြီး တစ်ယောက်တစ်မှတ် ရသွားမယ်ထင်ပါတယ်။

11 Players

Scotland (3-4-3) : Gunn; Hendry, Hanley, McKenna; Ralston, McGregor, Gilmour, Robertson; McTominay, McGinn; Adams

Hungary (3-4-3) : Gulacsi; Fiola, Orban, Dardai; Nego, A. Nagy, Schafer, Kerkez; Sallai, Szoboszlai; Varga

Missing Players

Scotland – Ryan Porteous (Red card suspension), K.Tierney (Tight Injury)

Hungary – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook