ဘောလုံးဝါသနာရှင်

PSG Vs နယူးကာဆယ် [ 28 Nov 23 - 02:30 hrs]

ဘောလုံးဝါသနာရှင် ဒီဂရုမှာတော့ အရမ်းကြိုးစားနေကြတုန်းပါ အသင်းတိုင်းအတွက် ဆန်ကာတင်ဖို့အခွင့်အရေး ရှိနေတုန်းဖြစ်ပါတယ် ဒါပေမယ့် နယူးကာဆယ်ဘက်က မဖြစ်မနေ အနိုင်ရအောင်တော့ လုပ်နိုင်ဖို့လိုမယ် အဝေးကွင်းဆိုပေမယ့် အရမ်းကြိုးစားခဲ့ရလိမ့်မယ် သူတို့လည်း လိဂ်ပွဲစဉ်မှာ အသုံးချတဲ့ကစားသမားတွေကိုပဲ အသုံးပြုသွားမယ်ထင်တယ် ရွေးချယ်စရာလည်းသိပ်မရှိပါဘူး PSG အသင်းကျတော့ အရင်တစ်ပွဲတုန်းက အင်္ဂလန်အထိခရီးစဉ်ပြီး ရှုံးနိမ့်လာတဲ့အတွက် သင်ခန်းစာတော့ ရသွားကြလောက်တယ် ခံစစ်ပိုင်းနေရာ ပျော့အောင်ထားလို့မရမှန် သိနေလောက်ပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ PSG ဘက်က ပိုအဆင်ပြေပါတယ် အဓိကကစားသမားတွေ ပိုစုံတယ် ပြီးတော့ တိုက်စစ်မှူးတွေက ယုံကြည်မှုအပြည့်ရှိနေကြတယ် အဲ့ဒီလိုနဲ့ပဲ နယူးကာဆယ်အသင်းမှာ ကိုယ့်အိမ်ကွင်းတုန်းကလို လွယ်မယ်မထင်တော့ပါဘူး နောက်ပြီး ဒီဥရောပဖလားပွဲတွေမှာ အဝေးကွင်းနဲ့ တစ်ပွဲမှမနိုင်သေးပါဘူး အခြေနေမကောင်းပဲ PSG နဲ့ တိုက်စစ်ဆင်ပြီး ဝင်လုံးရမှာဆိုတော့ ရှုံးသွားနိုင်တယ် နှစ်သင်းရဲ့ တိုက်စစ်ပိုင်းကိုကြည့်ပြီးပြောရင် PSG ဘက်က လက်နက်ပိုစုံပါတယ် နှစ်သင်းစလုံးမှာ ဒဏ်ရာရထားတဲ့ ကစားသမားတွေ အပြည့်ရှိနေသော်လည်း ကောင်းကောင်းလေး တိုက်ခိုက်ခဲ့ကြလိမ့်မယ် ဆန်ကာတင်ဖို့ ၃ မှတ်လိုတာချင်းလည်းတူတူပဲ အဲ့ဒီတော့ မိနစ် ၉၀ လုံးလုံးမှာ အရည်သွေးရှိရှိနဲ့ ကစားခဲ့ကြလိမ့်မယ် သူတို့ရဲ့ကစားသမားအင်အားနဲ့ ယုံကြည်မှုက ကွာဟမှုသိပ်မရှိတဲ့အတွက် မနိုင်မရှုံးလေး ဖြစ်ခဲ့လိမ့်မယ် ဒါပေမယ့် အနိုင်ရသွားမယ့်အသင်းကို ရွေးရမယ်ဆိုရင်တော့ PSG ဘက်က အကျောနည်းနည်းပိုရထားလို့ အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

PSG : ပြင်သစ်လီဂူးနံပါတ် ၁ ဖြစ်တဲ့ PSG အသင်း ဒီရာသီမှာ တစ်ပွဲလေးပဲရှုံးထားပါတယ် လက်ရှိစွမ်းဆောင်ရည်ကတော့ တော်တော်ကောင်းပြီး လိဂ်ပွဲစဉ် ၆ ပွဲဆက်တိုက် အနိုင်ရရှိထားတယ် သူတို့တိုက်စစ်ပိုင်းက ထိရောက်မှုရှိပြီး အခုနောက်ပိုင်း တစ်ပွဲနဲ့တစ်ပွဲမှာ ဂိုး ၃ လုံးအနည်းဆုံး ပုံမှန်သွင်းနိုင်ခဲ့တယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ပြိုင်ဘက်ကို ၅-၂ နဲ့ ထုထောင်းခဲ့တယ် အသင်းထဲ အချို့အင်အားတွေ ပြောင်းလဲမှုရှိပေမယ့် အထူးခြားဆုံးဖြစ်တဲ့ အမ်ဘတ်ပီကတော့ ခြေစွမ်း အရမ်းပြနိုင်နေတယ် Ousmane Dembele ၊ Gonzalo Ramos နဲ့ Rondal Mouani တို့လည်း တိုက်စစ်ပိုင်းအတွက် ထူးခြားမှုလုပ်ပေးနိုင်တဲ့တိုက်စစ်မှူးတွေ ဖြစ်တယ် အခုတလော PSG အသင်းမှာ Keylor Navas၊ Marco Asensio၊ Nuno Mendes၊ Presnel Kimpembe နဲ့ Marquinhos ဆိုတဲ့ကစားသမားတွေ ဒဏ်ရာရထားကြပါတယ် Warren Zaire-Emery နဲ့တစ်ယောက်မှာလည်း ပြင်သစ်နိုင်ငံအသင်းနဲ့ကစားပြီး ဒဏ်ရာရထားခဲ့တယ် သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတဲ့အတွက် အရင်တစ်ပွဲတုန်းက အသုံးပြုတဲ့ကစားသမားအဖွဲ့အစုကို ဆက်ပြီး အသုံးချသွားမယ်ထင်ပါတယ် တိုက်စစ်ပိုင်းနေရာ Ousmane Dembele, Gonzalo Ramos နဲ့ Kylian Mbappe တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Fabian Luiz, Manuel Ugarte နဲ့ Vitinha တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Newcastle United : ပရီးမီးယားလိဂ်အဆင့် ၇ ဖြစ်တဲ့နယူးကာဆယ်အသင်းကျတော့ မနှစ်ကထက် ဒီရာသီမှာ ခြေစွမ်းတွေ တော်တော်ကျဆင်းသွားပြီး ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီးဖြစ်ပါတယ် ဒါပေမယ့်လည်း ပွဲစုံ နောက်ဆုံး ၅ ပွဲထဲမှာကျတော့ အခြေနေ နည်းနည်းကောင်းပြီး ၁ ပွဲလေးပဲ ရှုံးနိမ့်ခဲ့တယ် နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းတွေပြပြီး ချယ်လ်ဆီးကို ၄-၁ နဲ့တောင် အနိုင်ရရှိလာတယ် သူတို့တိုက်စစ်ပိုင်းက ထိရောက်မှုရှိပြီး အခွင့်အရေးကို အကျိုးရှိရှိ အသုံးချနိုင်တယ် နယူးကာဆယ်မှာလည်း ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် Sven Botman, Harvey Barnes, Elliott Anderson, Dan Byrne, Callum Wilson နဲ့ Joe Willock ကစ အကုန်လုံးပဲ ဒဏ်ရာရထားကြပါတယ် Sean Longstaff နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် အကယ်၍ ဒီပွဲ Sean Longstaff မှာ မဆင်းနိုင်သေးဘူးဆိုရင်တော့ သူ့နေရာ လူငယ်ကြယ်ပွင့်ဖြစ်တဲ့ Louis Miley က အစားထိုးဆင်းသွားလိမ့်မယ် Bruno Guimarães နဲ့ Joelinton တို့နဲ့အတူ ကွင်းလယ်ပိုင်းနေရာ ဆင်းထိန်းကြရလိမ့်မယ် ဒီပွဲ Miguel Almiron, Alexander Isak နဲ့ Anthony Gordon တို့ ဦးဆောင်းပြီ တိုက်ခိုက်သွားမှာဖြစ်ပါတယ်။

11 Players

PSG (4-3-3) : Donnarumma; Hakimi, Skriniar, Hernandez, Mukiele; Ruiz, Ugarte, Vitinha; Dembele, Ramos, Mbappe

Newcastle United (4-3-3) : Pope; Trippier, Lascelles, Schar, Hall; Longstaff, Guimaraes, Joelinton; Almiron, Isak, Gordon

Missing Players

PSG – Keylor Navas (Hairline crack in the lumbar region), Presnel Kimpembe (Achilles tendon rupture), Sergio Rico (Cerebral hemorrhage), Marquinhos (Hamstring injury), Warren Zaïre-Emery (Ankle sprain), Nuno Mendes (Hamstring injury)

Newcastle United – Matt Ritchie (No eligibility), Javier Manquillo (No eligibility), Mark Gillespie (No eligibility), Emil Krafth (No eligibility), Jacob Murphy (Shoulder injury), Elliot Anderson (Back injury), Callum Wilson (Hamstring injury), Sven Botman (Knee injury), Matt Targett (Hamstring injury), Dan Burn (Back injury), Harvey Barnes (Foot injury), Joe Willock (Achilles tendon problems)

Facebook

နှစ်သင်းစလုံးမှာ ဆန်ကာတင်သွားပြီဆိုပေမယ့် Group G ရဲ့ချန်ပီယံနေရာကိုတော့ လိုချင်တာချင်း တူနေကြလောက်တယ် အဲ့ဒီတော့ သူတို့မှာ အတတ်နိုင်ဆုံး ကြိုးစားမယ်ထင်တယ် လိုက်ပ်ဇစ်တို့ လောလောဆယ် စွမ်းဆောင်ရည်ကောင်းပြီး မန်စီးတီးအတွက် အန္တရာယ်ရှိတဲ့ပြိုင်ဘက်ဖြစ်နေတုန်းပါ ပြီးခဲ့တဲ့ ၁၀ လပိုင်းတုန်းကတောင် လိုက်ပ်ဇစ်ကိုနိုင်ဖို့ မနည်းရုန်းကန်ပြီး ၃-၁ နဲ့ နိုင်အောင် ကစားခဲ့ရပါတယ် အဲ့ပွဲ ၃ မှတ်ရဖို့အရေး ဘောလုံးဝါသနာရှင် နောက်ဆုံးအခွင့်အရေးအထိတောင် စောင့်လိုက်ရတယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲ မန်စီးတီးတို့ရဲ့ စိတ်ခေါ်မှုတော့ ဖြစ်နေသေးတယ် လိုက်ပ်ဇစ်တို့ရဲ့တိုက်စစ်ပိုင်းက မဆိုးပါဘူး ဒါပေမယ့် မန်စီးတီးအသင်းက ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေမှာ အခြေနေကောင်းပါတယ် တိုက်စစ်ပိုင်းမှာ ဟာလန်းရှိနေတယ် သူက ကစားပွဲကို ထင်ရှားအောင်လုပ်ပေးနိုင်တယ် အနိုင်ထပ်ပြီး ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Manchester City : မန်စီးတီးအသင်းဟာ လီဗာပူးလ်နဲ့ ၁-၁ သရေကျသွားတဲ့ပွဲ ပြီးသွားတော့ ဘာပြသာနာမှမဖြစ်ခဲ့သေးပါဘူး အရင်ကတည်း ဒဏ်ရာရထားတဲ့ Kevin De Bruyne, Mateo Kovacic နဲ့ Mateus Nunes တို့လောက်ပဲရှိပါတယ် Jack Grealish နဲ့တစ်ယောက်ကတော့ နေပြန်ကောင်းသွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက ဘယ်ကစားသမားကိုမှ လူစားမလဲဖြစ်တဲ့အတွက် အချို့နေရာ Rotation ရှိလောက်တယ် Stefan Ortega, Rico Luis ပြီးတော့ လိုက်ပ်ဇစ်လူဟောင်းဖြစ်တဲ့ Yosko Guardiol တို့ကို အသုံးချမယ်ထင်ပါတယ် အရင်တစ်ပွဲတုန်းက အရန်စာရင်းထဲပါတဲ့ Sergio Gomez ဒီပွဲ ဆင်းကစားရလောက်တယ် ဒီပွဲမှာတော့ John Stones နဲ့တစ်ယောက်က ပထမကစားသမားအနေနဲ့ ဆင်းကစားခွင့်ရလောက်တယ် ကွင်းလယ်ပိုင်းမှာ ရိုဒရီနဲ့အတူ ဆင်းရမယ်ထင်တယ် Phil Foden နဲ့ Jeremy Doku တို့ကိုကျတော့ စည်းဘေးနှစ်ဖက် တာဝန်ပေးထားလောက်တယ် တိုက်စစ်ပိုင်းနေရာကတော့ Julian Alvarez နဲ့ Bernardo Silva တို့က ဟာလန်းရဲ့နောက်ကနေ ကစားပွဲဖန်တီးဖို့ တာဝန်ယူထားခဲ့ကြလောက်တယ်။

 

RB Lipzig : လိုက်ပ်ဇစ်အသင်းကျတော့ ဒီပွဲ El Shadai Bitshiabou နဲ့ Willy Orban တို့နှစ်ယောက်ကို အသုံးချလို့မရသေးပါဘူး Dani Olmo နဲ့ Timo Werner တို့နှစ်ယောက်မှာလည်း မဆင်းနိုင်မှန်း သေချာပါတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ လိုက်ပ်ဇစ်ဟာ လိဂ်ပွဲစဉ်မှာ အသုံးချတဲ့ကစားသမားတွေကိုပဲ အသုံးပြုသွားမယ်ထင်တယ် နောက်ဆုံးတစ်ပွဲတုန်းက ဂိုးသွင်းခဲ့တဲ့ Lois Openda က ဦးဆောင်ခဲ့ပြီး Yussuf Poulsen နဲ့အတူ အရှေ့ဆုံးမှာ တွဲဆင်းလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Xaver Schlager နဲ့ Nicholas Seiwald တု့နှစ်ယောက်ပဲ အဓိကတာဝန်ယူထားမှာဖြစ်ပြီး စည်းဘေးကနေ ကစားပွဲဖန်တီးဖို့ Emil Forsberg နဲ့ Xabi Simons တို့နှစ်ယောက်ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Manchester City (3-4-2-1-) : Ederson; Walker, Dias, Gvardiol; Rodri, Akanji; Foden, Alvarez, B Silva, Doku; Haaland

 

RB Lipzig (4-2-2-2-) : Blaswich; Henrichs, Simakan, Lukeba, Raum; Simons, Schlager, Haidara, Forsberg; Openda, Poulsen

Missing Players

Manchester City –  Zack Steffen (Knee surgery), Sergio Gómez (Knock), Kevin De Bruyne (Partial muscle tear)

RB Lipzig – Willi Orbán (Torn lateral knee ligament), Timo Werner (Adductor pain), Dani Olmo (Acromioclavicular joint dislocation)

Facebook