အွန်လိုင်းဘောလုံးလောင်းကစား အက်စတွန်ဗီလာ Vs အဲဗာတန် [27 Aug 23 - 19:30 hrs]

အွန်လိုင်းဘောလုံးလောင်းကစား  မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံကာကွယ်ဖို့လမ်းခရီးကို ကောင်းကောင်းစတင်နိုင်ခဲ့ပါတယ်။ ဒီရာသီအတွက် နှစ်ပွဲကစားပြီး နှစ်ပွဲစလုံးနိုင်သွားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက တောင့်တင်းမှုရှိတဲ့ နယူးကာဆယ်ကို ကပ်နိုင်လာပါတယ်။ ဒီပွဲ အဝေးကွင်းဖြစ်ပြီး ကွင်းဘေးနားမှာ ပက်မရှိပဲ ပြိုင်ကစားရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ပက်က နောက်ကျောခွဲစိတ်မှုခံယူနေလို့ပါ။ ဒါပေမယ့် ကစားသမားအသီးသီးရဲ့ အတွေ့အကြုံနဲ့ အရည်သွေးကြောင့် ပြီးတော့ Team work လည်းဖြစ်တဲ့အတွက် ပြိုင်ဘက်ကို အန္တရာယ်ပြုနိုင်တုန်းဖြစ်ပါတယ်။ နောက်ပြီး ဒီပွဲ သူတို့အတွက်သိပ်မခက်ပါဘူး။ အသင်းသစ်ဖြစ်တဲ့ ရှက်ဖီးလ်အသင်းက အခုထိတစ်မှတ်မှမရသေးပါဘူး။ မန်စီးတီးနဲ့ တိုက်ခိုက်ခဲ့ဖူးတဲ့စံချိန်ထဲမှာ မန်စီးတီးဘက်က Clean Sheet နဲ့ ၅ ပွဲဆက်တိုက် အနိုင်ရရှိသွားပါတယ်။ မန်စီးတီးဘက်က တော်တော်ပဲပိုသာနေတယ်။ စံချိန်မီအသင်းဖြစ်ပြီး အသင်းဝင်ကစားသမားတွေ အဆင်သင့်တော်တော်ဖြစ်နေကြပါတယ်။ အရင်ကတည်းက ဒဏ်ရာရထားတဲ့ Kevin De Bruyne နဲ့ John Stones တို့ကို ထည့်မတွက်ရင် တော်တော်အဆင်သင့် ဖြစ်ပါတယ်။ ပြောမယ်ဆိုရင် Erling Haaland, Julian Alvarez ရော Rodrigo Hernandez တို့အပါ အကုန်လုံးပဲ အဆင်သင့်အရမ်းဖြစ်နေကြပါတယ်။ ရှက်ဖီးလ်တို့ကျတော့ လိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး ဖောရက်စ်နဲ့တွေ့ခဲ့ရတာတောင် အဆင်မပြေခဲ့ပါဘူး။ အဲ့ဒီတော့ အရင်က ချန်ပီယံဟောင်းဖြစ်တဲ့မန်စီးတီးနဲ့ တွေ့ရမှာဆိုတော့ မထင်မှတ်တဲ့အံ့ဖွယ်အရာအကြောင်းတွေ ဖြစ်မပေါ်မှန်းသေချာတယ်။ အစစအရာရာကြည့်ပြီး ဒီပွဲ မန်စီးတီးနဲ့လက်တွဲရင် ပိုစိတ်ချရပါတယ်။

Sheffield united : အိမ်ရှင်ရှက်ဖီးလ်အသင်း အခုမှဖောရက်စ်ကို ၁-၂ နဲ့ ရှုံးနိမ့်လာပါတယ်။ ဒီရာသီအတွက် ၂ ပွဲကစားပြီး ၂ ပွဲစလုံးပဲရှုံးသွားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ryan Brewster, John Fleck, Ismaila Koulibaly, Anis Ben Slimane, Jayden Bogle နဲ့ Reese Norrington-Davie တို့ မပါနိုင်သေးပါဘူး အားလုံးဒဏ်ရာရထားကြပါတယ်။ အရင်ကတည်းက ဒဏ်ရာရထားတဲ့ကစားသမားအပြင် မနေ့တစ်နေ့ကမှ ဒဏ်ရာရသွားတဲ့ကစားသမားတွေလည်း ရှိပါတယ်။ အဆိုပါ ကစားသမားတွေဟာ Max Lowe, Vinicius Souza နဲ့ Beni Traore တို့ ၃ ယောက်ပဲဖြစ်ပါတယ်။ George Baldock နဲ့ Oliver McBurnie တို့နှစ်ယောက်ကျတော့ လေ့ကျင့်ခန်းပြန်လုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ George Baldock က ညာဘက်တောင်ပံခံစစ်နေရာ ချက်ချင်းတာဝန်ယူသွားမယ်ထင်ပါတယ်။ ဘယ်ဘက်ခြမ်းမှာ ပုံမှန်တာဝန်ယူနေကျ Max Lowe ကို Yasser Larouci နဲ့အစားထိုးထားလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Tom Davis က ဒီပွဲ ပထမကစားသမား အနေနဲ့ Oliver Norwood ပြီးတော့ Gustavo Hamer တို့နဲ့အတူ ဆင်းကစားခဲ့ရလိမ့်မယ်။ ရှက်ဖီးလ်အသင်း ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ Striker နေရာ William Osula ကိုတာဝန်ပေးထားပြီး Gustavo Hamer နဲ့ Beni Traore တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းမယ်ထင်ပါတယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ အခုမှနယူးကာဆယ်ကို ၁-၀ နဲ့ နိုင်လာခဲ့ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အခုတလော သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမား ၂ ယောက်ရှိပါတယ်။ အဆိုပါကစားသမား နှစ်ယောက်ဟာ Kevin De Bruyne နဲ့ John Stones တို့ပဲဖြစ်ပါတယ်။ ပက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်ပါတယ်။ အဓိကဂိုးသွင်းဖို့နေရာ Erling Haaland ကိုပဲ တာဝန်ပေးထားပြီး Phil Foden, Julian Alvarez နဲ့ Jack Grealish တို့ ၃ ယောက်ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းမယ် ထင်ပါတယ်။ အရင်တစ်ပွဲတုန်းက မပါလိုက်ရတဲ့ Bernardo Silva ဒီပွဲ စာချုပ်သစ်ကို အောင်ပွဲခံတဲ့အနေနဲ့ ဆင်းကစားခွင့်ရသွားမယ်ထင်ပါတယ်။ သူက ကျန်းမာရေးပြန်ကောင်းသွားပြီဖြစ်တဲ့အတွက် ဒီပွဲ ညာဘက်နောက်ခံနေရာအတွက် ဆင်းကိုဆင်းရမှာသေချာတယ်။ Phil Foden ကို ဘယ်ဘက်တိုက်စစ်ပိုင်းမှာ နေခိုင်းပြီး Julian Alvarez ကိုကျတော့ အရင်တစ်ပွဲကမှ အနိုင်ဂိုးသွင်းပေးခဲ့လို့ ကျောနံပါတ် ၁၀ အနေနဲ့ ဆင်းကစားခဲ့ရလိမ့်မယ်။ Striker နေရာကတော့ ဟာလန်းပဲ တာဝန်ယူသွားလိမ့်မယ်။

11 Players

Sheffield united (3-4-2-1) : Foderingham; Robinson, Egan, Ahmedhodzic; Baldock, Norwood, Souza, Larouci; Hamer, Traore; Osula

Manchester City (4-2-3-1): Ederson; Walker, Akanji, Dias, Gvardiol; Rodri, Kovacic; Silva, Alvarez, Foden; Haaland

 

Missing Players

Sheffield united – Rhian Brewster (Hamstring Injury), Anis Slimane (Hamstring Injury),J.Fleck, Oliver Mcburnie (Foot Injury),Jayden Bogle (Knee Injury), I.Coulibaly(Knee Injury),R.Norrington-Davies (Hamstring Injury), Daniel Jebbison (Groin Injury)

Manchester City – Kevin De Bruyne (Muscle partial avulsion), Bernardo Silva (Muscular problems), Zack Steffen (Knee Surgery), John Stones (Hip Injury)

Facebook

အွန်လိုင်းဘောလုံးလောင်းကစား  နယူးကာဆယ်အသင်း အိမ်ကွင်းလေးနဲ့ လီဗာပူးလ်ကိုလက်ခံကစားရမှာဖြစ်ပါတယ်။ ဒီပွဲ နှစ်သင်းစလုံးပဲ အနိုင်ရယူလိုပါတယ်။ ဒီအပတ်အတွင်းရဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ပြိုင်ပွဲကြီးတစ်ပွဲ ဖြစ်ပါတယ်။ နယူးကာဆယ်အသင်းက အသင်းအရွယ်အစားကို ကြီးမားအောင်တည်ထောင်ပြီး ချန်ပီယံလုယက်မှုထဲ ပါဝင်သွားခဲ့ပါပြီ။ လီဗာပူးလ်အသင်းကျတော့ ကွင်းလယ်ပိုင်းကို အသစ်ပြောင်းလိုက်ပြီဖြစ်တဲ့အတွက် နယူးကာဆယ်တို့ရဲ့ တောင့်တင်းမှုကို ဘယ်လိုမျိုးချိုးဖောက်နိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ ဒီပွဲမှာတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာတယ်။ လီဗာပူးလ်ဘက်က ဒီပွဲ ဘောလုံးအနည်းငယ် ပိုပိုင်ထားနိုင်မယ်ထင်ပါတယ်။ နယူးကာဆယ်အသင်းကျတော့ သေသေချာချာထိန်းချုပ်ပြီး အခွင့်ရေးကြုံလာတော့မှ တိုက်စစ်ပိုင်းရဲ့ သွက်လက်ချက်ကို တန်ပြတ်တိုက်စစ်ဆင်ဖို့ အသုံးချခဲ့ကြလိမ့်မယ်။ ဒီပွဲမှာတော့ အတော်လေးကြည့်ကောင်းမှာဖြစ်ပြီး နည်းနည်းမှားမိတဲ့ဘက်က ရှုံးဖို့များသွားလိမ့်မယ်။ အဲ့ဒီတော့ နှစ်သင်းစလုံး အတတ်နိုင်ဆုံး ကြိုးစားပြီးကစားခဲ့ကြလိမ့်မယ်။ သရေကျရုံနဲ့ ပြီးဖို့တော်တော်များပါတယ်။ ပြောမယ်ဆိုရင် ဒီပွဲ ဖန်တွေအတွက် ကြယ် ၅ ပွင့်တိုက်ပွဲလို့တောင် ယူဆနိုင်ပါတယ်။ အနည်းဆုံးလီဗာပူးလ်ဘက်က ရှုံးပြီးပြန်မသွားရလောက်ပါဘူး။ ပထမ ၂ ပွဲတုန်းက တည်ငြိမ်မှုမရှိပေမယ့် နှစ်သင်းစလုံးရဲ့ ကစားသမားအသီးသီး တစ်ယောက်ချင်းစီယှဉ်ကြည့်တဲ့အခါမှာ လီဗာပူးလ်ဘက်က နည်းနည်းပိုသာပါတယ်။ နောက်ပြီး အချင်းချင်းတွေ့ဖူးတဲ့စံချိန်ထဲမှာဆိုရင် လီဗာပူးလ်ဘက်က နိုင်သွားတာများတယ်။ အဲ့တာကြောင့် အနည်းဆုံးတစ်မှတ်လောက်တော့ ပါသွားမယ်ထင်ပါတယ်။ နယူးကာဆယ်တို့က အခုမှ မန်စီးတီးကို ရှုံးထားတော့ သိပ်ပြီးကစားရဲကြမှာမဟုတ်သေးပါဘူး။ နောက်ပြီး Eddie Howe ရဲ့နည်းဗျူဟာက ကလော့ပ်လောက် မစုံပါဘူး။ နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီး ဒီပွဲ အောက်ကြေးဖြစ်တဲ့ ကြိုးကြာနီနဲ့လက်တွဲရင် ပိုပျော်ရလောက်ပါတယ်။

Newcastle United : နယူးကာဆယ်အသင်း အခုမှမန်စီးတီးကို ၁-၀ ကပ်ရှုံးလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က ခြေစွမ်းတော်တော်ပြန်ုနိုင်ခဲ့ပါတယ်။ ဒီပွဲ တိုက်စစ်ပိုင်းရဲ့ ပြတ်သားမှုကို ထိန်းချုပ်နိုင်လို့ရှိရင်တော့ အနိုင်ရသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဒီနားမတိုင်ခင် အက်စတွန်ဗီလာကို ၅-၁ နဲ့ ထောင်းလွတ်ခဲ့တယ်။ အခုလက်ရှိ လက်ထဲမှာ ၃ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၈ မှာရပ်တည်နေပါတယ်။ ရာသီဈေးထဲကအခြေနေ ချယ်လ်ဆီးအသင်းမှ Lewis Hall ကို အငှါးစာချုပ်နဲ့ ခေါ်ထားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ပေါင်ဒဏ်ရာရထားတဲ့ Joe Willock ကို အသုံးချလို့မရသေးပါဘူး။ Javier Manquillo နဲ့တစ်ယောက်မှာလည်း တင်ပါးဒဏ်ရာရထားတယ်။ Emil Kraft နဲ့တစ်ယောက်လည်း ဒူးခေါင်းဒဏ်ရာရထားခဲ့ပါတယ်။ ဒါ့အပြင် Jolinton နဲ့တစ်ယောက်က ဒဏ်ရာအနည်းငယ်ပဲရထားတဲ့အတွက် ဒီပွဲ ပြန်ဆင်းနိုင်မယ်ထင်ပါတယ်။ နယူးကာဆယ်အသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Nick Pope ကိုပဲ ယုံကြည်စိတ်ချပြီး တာဝန်ယူခိုင်းမယ်ထင်ပါတယ်။ နောက်ခံကစားသမားတွေကျတော့ Fabian Shar နဲ့ Sven Botman တို့နှစ်ယောက်က အဓိကနောက်ခံကွင်းလယ်နေရာ အတူတူပေါင်းပြီးတာဝန်ယူခဲ့ရလိမ့်မယ်။ Dan Byrne နဲ့ Kieran Trippier တို့နှစ်ယောက်ကျတော့ အနောက်တန်းကနေ ဘောလုံးထိုးတက်ဖို့ တာဝန်ယူထားလိမ့်မယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Sandro Tonali ကိုပဲ ဘောလုံးဖြတ်ချုပ်ဖို့တာဝန် ပေးထားလိမ့်မယ်။ Bruno Guimaraes ကတော့ ကွင်းလယ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့တာဝန်ရရှိ ထားလိမ့်မယ်။ Cholinton ဆိုတဲ့ကစားသမားကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Alexander Isak ကိုပဲ ဂိုးသွင်းဖို့အဓိကတာဝန်ပေးထားလိမ့်မယ်။ Miguel Almiron နဲ့ Anthony Gordon တို့နှစ်ယောက်ကတော့ တိုက်စစ်ပိုင်းကို ပိုမိုအားကောင်းစေရန် အထောက်အကူ လုပ်ပေးလိမ့်မယ်။ ဒီကြားထဲမှာ တိုက်စစ်ကစားနည်းပြောင်းချင်တယ်ဆိုရင် Callum Wilson နဲ့ Harvey Barnes ဆိုတဲ့ ဒုတိယတိုက်စစ်မှူးတွေလည်း အဆင်သင့်ပဲဖြစ်နေကြပါတယ်။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ စွမ်းဆောင်ရည်တွေမဆိုးပါဘူး။ ပထမ ၂ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေ လုပ်ထားနိုင်ခဲ့ပါတယ်။ ပထမတစ်ပွဲ ချယ်လ်ဆီးနဲ့သရေကျသွားပြီး နောက်ဆုံးတစ်ပွဲ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ သူတို့ဘက်က ၁၀ ယောက်ထဲပဲကျန်ခဲ့တာတောင် ရုန်းကန်ပြီး အနိုင်ရလာတယ်။ လက်ထဲမှာ ၄ မှတ်ရှိပြီး အဆင့် ၅ မှာရပ်တည်နေပါတယ်။ အဲ့ပွဲ Alexis Mac Allister က အနီကဒ်တိုက်ရိုက်ထိသွားပြီး ၃ ပွဲတိတိ ဘန်းခံထိတော့မလို့ပါပဲ ဒါပေမယ့် နောက်ဆုံးမှာတော့ အသင်းအဖွဲ့ချုပ်က အယူခံဝင်ချက်တင်ပြပြီး အောင်မြင်ခဲ့လို့သာ ဘန်းခံမထိတော့ပဲ ဒီပွဲ ပါဝင်ကစားနိုင်သွားပါပြီ။ ဒါပေမယ့်လည်း လီဗာပူးလ်အသင်းက ခံစစ်ပိုင်းနေရာ စိတ်ပူနေရတုန်းဖြစ်ပါတယ်။ သူတို့ရဲ့အားနည်းချက်က ခံစစ်ပိုင်းဖြစ်နေတယ်။ သူတို့ရဲ့ နောက်ဆုံးရောက်လာတဲ့ ကစားသမားသစ်ကတော့ Wataru Endo ဆိုတဲ့ကွင်းလယ်ကစားသမားပဲဖြစ်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ တင်ပါးဒဏ်ရာရထားတဲ့ Thiago Alcantara မပါနိုင်သေးပါဘူး။ Curtis Jones နဲ့တစ်ယောက်မှာလည်း ခြေထောက်ဒဏ်ရာရထားတယ်။ မဆင်းနိုင်မှန်း သေချာသွားပါပြီ။ Trent Alexander Arnold နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ ကလော့ပ်က ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ်။ ဂိုးသမားနေရာ Alisson Becker ပဲဖြစ်ပြီး နောက်ခံကစားသမားတွေကျတော့ အတွေ့အကြုံများတဲ့ Virgil Van Dijk က Ibrahima Konate နဲ့အတူ နောက်ခံကွင်းလယ်နေရာ ပေါင်းပြီးတာဝန်ယူထားခဲ့ကြလိမ့်မယ်။ Trent Alexander Arnold နဲ့တစ်ယောက်ကတော့ ဒီပွဲ ပါနိုင်မလားမသေချာသေးပါဘူး။ ကွင်းလယ်ပိုင်းနေရာ အခုမှဘန်းစာရင်းကနေ လွတ်မြောက်လာတဲ့ Alexis Mac Allister ပဲ အဓိကတာဝန်ယူသွားလိမ့်မယ်။ Dominic Soboszlai ဆိုတဲ့ကစားသမားသစ်ကလည်း အရင်ပွဲတွေတုန်းက ခြေစွမ်းတော်တော်ပြနိုင်တဲ့အတွက် ဒီပွဲမှာလည်း ဆင်းခွင့်ရသွားလောက်ပါတယ်။ Wataru Endo နဲ့တစ်ယောက်ကျတော့ ကွင်းလယ်ခံစစ်အနေနဲ့ ပြိုင်ဘက်ရဲ့ တိုက်စစ်ပိုင်းကိုဖြတ်ချုပ်ဖို့ တာဝန်ယူထားလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Cody Gakpo က ဒုတိယလိုင်းကနေ ဂိုးသွင်းဖို့အဆင်သင့်ပဲ ဖြစ်နေလောက်တယ်။ အဓိကဂိုးသွင်းဖို့တာဝန်ကျတော့ Luis Diaz နဲ့ Mohamed Salah တို့ပဲဖြစ်ပါလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ Striker အနေနဲ့ ဆင်းကစားဖို့ Diogo Jota နဲ့ Darwin Nunez တို့ ရှိနေပါသေးတယ်။ သွက်လက်မှုလိုချင်ရင်တော့ ဒီနှစ်ယောက်ကို မဖြစ်မနေ အသုံးချရလိမ့်မယ်။

11 Players

Newcastle United (4-3-3) : Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Longstaff; Almiron, Isak, Barnes

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Jota, Diaz

 

Missing Players

Newcastle United – Joe Willock (Hamstring Injury),Emil Krafth, J.Manquilo (Groin Injury)

Liverpool – Thiago (Hip Injury), Curtis Jones(Ankle Injury)

Facebook