ဘောလုံးလောင်းကစားအွန်လိုင် ဘုန်းမောက် Vs စပါး [ 26 Aug 23 - 18:30 hrs]

ဘောလုံးလောင်းကစားအွန်လိုင် ဘုန်းမောက်အသင်း ဒီရာသီထဲက အိမ်ကွင်းနဲ့ပထမဦးဆုံးအကြိမ် ကစားခွင့်ရသွားမှာဖြစ်ပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်က အဆင်မပြေပါဘူး။ ၂ ပွဲကစားပြီး တစ်ပွဲမှမနိုင်သေးပါဘူး။ စပါးအသင်းကျတော့ ကစားလေကောင်းလေဖြစ်နေပါတယ်။ ကစားသမားအသီးသီးတွေက နည်းပြရဲ့နည်းဗျူဟာအတိုင်း ကစားနိုင်နေကြပါတယ်။ ဒါပေမယ့်လည်း ပေါ့ဆလို့တော့မဖြစ်သေးပါဘူး ဘာကြောင့်လဲဆိုတော့ ဘုန်းမောက်အသင်းက အသင်းကြီးနဲ့တွေ့ရင် ခြေစွမ်းတွေ အလိုလိုကောင်းတတ်တာကြောင့်ဖြစ်ပါတယ်။ ဒီပွဲမှာတော့ စပါးဘက်ကအနိုင်ရဖို့အခြေနေများပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဘက်က အခုမှမန်ယူကို ၂-၀ နဲ့ အနိုင်ရရှိခဲ့ပြီး ယုံကြည်မှုအပြည့် ရှိနေကြလို့ပါ ပြီးတော့ စပါးနည်းပြရဲ့နည်းစနစ်ဟာ မန်ယူထက်တော်တော်ကောင်းခဲ့ပါတယ်။ ဆယ်လ်တစ်မှာနေတုန်းကနည်းစနစ်အတိုင်း စီစဉ်ပါတယ်။ စပါးအသင်းရဲ့တိုက်စစ်ပိုင်းက အခုတလော တော်တော်ကြမ်းနေပြီး နည်းလမ်းပိုစုံလာပါပြီ ဘုန်းမောက်အသင်းကျတော့ အခုမှ လီဗာပူးလ်ကို ၁-၃ နဲ့ ရှုံးနိမ့်လာပါတယ်။ အဲ့ပွဲ သူတို့ဘက်က ကစားသမားပိုများပေမယ့် ဖိအားမပေးနိုင်ခဲ့ပါဘူး။ နောက်ပြီး ခံစစ်ပိုင်းကလည်း တော်တော် အားနည်းနေပါတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် တိုက်စစ်ပိုင်းတော်တော်အဆင်ပြေတဲ့စပါးကို ခံခဲ့ရလိမ့်မယ်။ ဒီပွဲမှာတော့ စပါးနဲ့ပျော်ရွှင်ကြမယ်။

Bournemouth : Andoni Iraola နည်းပြလက်အောက်က အိမ်ရှင်ဘုန်းမောက်အသင်း ပထမ ၂ ပွဲကစားပြီး ၁ ပွဲသရေ ၁ ပွဲအရှုံးဖြစ်ပါတယ်။ နောက်ဆုံးတစ်ပွဲကမှ လိဂ်ပွဲစဉ်ဖြစ်ပြီး လီဗာပူးလ်ကို ၁-၃ ရှုံးလာတယ်။ အခုအချိန် အဆင့် ၁၄ မှာရပ်တည်နေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ngo Ottara, Marcus Tavernier, Ryan Fredericks, Alex Scott နဲ့ Emiliano Marcondes တို့နာမည်မရှိပါဘူး။ အားလုံး ဒဏ်ရာရထားကြပါတယ်။ Lewis Cook နဲ့ Adam Smith တို့ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းကစားလို့ရမှာဖြစ်ပါတယ်။ ဒီပွဲ ဘုန်းမောက်ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားကြမယ်ထင်တယ်။ ဂိုးသမားနေရာ Neto ပဲဖြစ်ပြီး နောက်ခံကစားသမား ၄ ယောက်ကျတော့ Max Aarons, Ilia Sabarney, Marcos Senesi နဲ့ Milos Kerkez တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းလယ်နှစ်ယောက်နေရာမှာ Philip Billing နဲ့ Joe Rothwell တို့နှစ်ယောက် တာဝန်ယူထားခဲ့ကြလိမ့်မယ်။ တိုက်စစ်ပိုင်းကျတော့ Anton Semenio, Ryan Christie နဲ့ Jaydon Anthony တို့ကိုအားကိုးပြီး Striker နေရာ Dominic Solanke ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Tottenham Hotspur : Ange Postecoglu နည်းပြလက်အောက်က စပါးအသင်းကျတော့ အခုမှအိမ်ကွင်းနဲ့ မန်ယူကိုနိုင်လာခဲ့ပါတယ်။ သူတို့ရဲ့စွမ်းဆောင်ရည်အခြေနေကောင်းပြီး ၄ မှတ်ကောက်သိမ်းထားနိုင်တယ်။ ရာသီသစ်အတွက် ၂ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ အဆင့် ၆ မှာရပ်တည်နေပါတယ်။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ryan Sessions, Rodrigo Bentancur, Brian Gil နဲ့ Alfie Whiteman တို့ရဲ့နာမည်မရှိပါဘူး။ အားလုံး ဒဏ်ရာရထားကြပါတယ်။ James Maddison နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ စပါးအသင်း ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Guillermo Vicario ပဲဖြစ်ပြီး နောက်ခံကစားသမား ၄ ယောက်မှာကျတော့ Emerson Royal, Christian Romero, Mickey Van der Feane နဲ့ Destiny Audoki တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းလယ်ပိုင်းမှာကျတော့ Pepe Sarr နဲ့ Yves Bissouma တို့ကို တွဲပြီးတာဝန်ယူခိုင်းလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ Dejan Kulusevski, James Maddison နဲ့ Son Heung-min တို့ပဲ တာဝန်ယူသွားမှာဖြစ်ပြီး Striker နေရာ Richarlison Spurs ပဲ တာဝန်ယူသွားမှာဖြစ်ပါတယ်။

11 Players

Bournemouth (4-2-3-1) : Neto; Aarons, Zabarnyi, Senesi, Kerkez; Rothwell, Billing; Semenyo, Traore, Anthony; Solanke

Tottenham Hotspur (4-2-3-1) : Vicario; Porro, Romero, Van de Ven, Udogie; Maddison, Bissouma, Sarr; Kulusevski, Richarlison, Son

Missing Players

Bournemouth – Tyler Adams (Hamstring Injury),R.Fredericks (Calf Injury), Adam Smith (Muscle Injury), Lewis Cook (Hip Injury), M.Tavernier (Knock Injury), D.Ouattara (Ankle Injury), Alex Scott (Knee Injury)

Tottenham Hotspur – Fraser Forster (Back trouble), Ryan Sessegnon (Surgery), Alfie Whiteman (Ankle Injury), Bryan Gil (Pubitis), Rodrigo Bentancur (Cruciate Ligament Rupture),J. Maddison (Foot Injury), Hugo Lloris (Hip Injury),R.Sessegnon (Hamstring Injury)

Facebook

ဒီလန်ဒန်ဒါဘီပွဲဟာ အာဆင်နယ်အသင်း ကိုယ့်အိမ်ကွင်းနဲ့ကစားရမှာဖြစ်ပါတယ်။ သူတို့ရဲ့ ၂ ပွဲတုန်းကအခြေနေ ၂ ပွဲစလုံး အနိုင်ရရှိသွားပေမယ့် စွမ်းဆောင်ရည်သိပ်ပြီး မထိရောက်သေးပါဘူး။ ဘာကြောင့်လဲဆိုတော့ ၂ ပွဲစလုံးက ကပ်ပြီးနိုင်လာတာတွေချည်းဖြစ်နေလို့ပါ။ ဖူဟမ်အသင်းကျတော့ ပထမတစ်ပွဲ အဲဗာတန်ကိုနိုင်သွားတဲ့အတွက် အခြေနေကောင်းမလိုလိုနဲ့ နောက်တစ်ပွဲရောက်တော့ ဘရန့်ဖိုတ့်ကို ရှုံးနိမ့်လာပါတယ်။ အဲ့ပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားပုံကစားနည်း ပိုညံ့တာမဟုတ်ပါဘူး အခွင့်အရေး ဖြုန်းပစ်တာများလို့ ရှုံးလာခဲ့တာပါ။ ဒီပွဲမှာတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ကစားမှာသေချာပြီး ဖူဟမ်ဘက်က ခံစစ်ပိတ်ကစားသွားမှာသေချာပါတယ်။ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ပိုင်းအခြေနေ အရင်နှစ်ပွဲကိုကြည့်ပြီးပြောရင် အားရစရာမကောင်းပါဘူး။ ဘောလုံးလောင်းကစားအွန်လိုင်  ဘတ်စ်ကားပုံစံမျိုးနဲ့ ခံစစ်ပိတ်ကစားခြင်းကို မဖောက်နိုင်ဘူးဖြစ်နေတယ်။ ပြီးတော့ တန်ပြန်တိုက်စစ်ခံခဲ့ရရင်လည်း ကိုင်တွယ်ဖြေရှင်းရာမှာ အခက်အခဲရှိတယ်။ ဒါပေမယ့်လည်း ဖူဟမ်တို့ရဲ့စွမ်းဆောင်ရည်ကို အတိကျယူဆလို့မရသေးပါဘူး။ ဒီပွဲမှာတော့ အာတီတာအသင်းက အနိုင်ရသွားတဲ့အထိ ခြေစွမ်းပြနိုင်မယ်လို့ထင်ထားပါတယ်။ ဂိုးအပြတ်နဲ့ နိုင်မလားတော့မသေချာသေးပါဘူး။ ဖူဟမ်လိုအသင်းမျိုးနဲ့ တွေ့ပြီး ကပ်နိုင်ရုံနဲ့ ကျေနပ်နိုင်ပါတယ်။ ပေါက်ဈေးနေရာ ဈေးကြီးတာမှန်ပေမယ့် အာဆင်နယ်ဘက်က ကိုယ့်ဖန်တွေကို စိတ်ပျက်အောင်မလုပ်လောက်ဘူးလို့ ယုံကြည်ထားပါတယ်။ ဒီလို လန်ဒန်ဒါဘီပွဲကြီးဖြစ်တဲ့အတွက် ဘယ်အသင်းနဲ့ပဲတွေ့တွေ့ အကောင်းဆုံးကြိုးစားကြမှာပါပဲ။ နောက်ပြီး ကိုယ့်အိမ်ကွင်းပါဖြစ်တဲ့အတွက် ပိုတောင်ကြမ်းပြမယ်ထင်ပါတယ်။ ဒီပွဲမှာတော့ အာဆင်နယ်တို့ ၁ ဂိုးလေးနဲ့ မကျေနပ်လောက်ဘူးထင်ပါတယ်။ ဖူဟမ်တို့က အခုမှ ဘရန့်ဖိုတ့်ကို ၀-၃ နဲ့ ရှုံးနိမ့်လာတော့ အားနည်းချက်ကို ချက်ချင်းဖုံးကွယ်နိုင်မယ်မထင်သေးပါဘူး။ ၁၀ ယောက်ထဲပဲကစားခဲ့ရတာကြောင့်လဲပါတယ်။ အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် အာဆင်နယ်ဘက်က ၀-၃ နဲ့ အနိုင်ရရှိသွားပါတယ်။ အဲ့ဒီလိုနဲ့ပဲ ဒီပွဲ အာဆင်နယ်ကိုအားပေးမယ်ဆိုရင် ဘယ်သူမှ မငြင်းကြလောက်ပါဘူး။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေတောက်လျှောက်ကောင်းနေပါတယ်။ ရာသီသစ်အတွက် ၂ ပွဲကစားပြီး ၂ ပွဲစလုံး အနိုင်ရရှိသွားတဲ့အသင်းတစ်သင်းဖြစ်ပါတယ်။ သူတို့လို ၂ ပွဲစလုံးနိုင်သွားတဲ့အသင်းက မန်စီးတီးနဲ့ ဘရိုက်တန်တို့ပဲဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ ပထမတစ်ပွဲ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နိုင်သွားပြီး နောက်တစ်ပွဲ ခရစ်စတယ်ပဲလေစ့်ကို ၀-၁ နဲ့ နိုင်သွားတာဖြစ်ပါတယ်။ လက်ထဲမှာ ၆ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၃ မှာရပ်တည်နေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အရင်ကတည်းက ဒူးခေါင်းဒဏ်ရာရထားတဲ့ ဂါဗြေလ ဂျေဆူး မပါနိုင်သေးပါဘူး။ Urrian Timber နဲ့တစ်ယောက်မှာလည်း ဒဏ်ရာပြင်းထံစွာရရှိထားလို့ မပါနိုင်မှန်းသေချာသွားပါပြီ။ Mohamed Elneny နဲ့တစ်ယောက်လည်း ဒီပွဲအတွက် အဆင်သင့်မဖြစ်သေးပါဘူး။ Takehiro Tomiyasu နဲ့တစ်ယောက်ကျတော့ အဝါ ၂ ကဒ်ရသွားလို့ ဘန်းခံထိသွားခဲ့ပါပြီ။ Sambi Lokonga နဲ့ Folarin Balogun တို့နှစ်ယောက်ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ ဂိုးသမားနေရာ Aaron Ramsdale ကိုပဲတာဝန်ပေးပြီး နောက်ခံလေးယောက်ကျတော့ Thomas Partey, Ben White, William Saliba နဲ့ Oleksandr Zinchenko တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းလယ်ပိုင်းမှာဆိုရင် Martin Odegaard, Declan Rice နဲ့ Kai Havertz တို့ကိုပဲအားကိုးရမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာ Kayo Saka, Eddie Nketiah နဲ့ Gabriel Martinelli တို့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

Fullham : ဖူဟမ်အသင်းကျတော့ အခုမှဘရန့်ဖိုတ့်ကိုရှုံးနိမ့်လာပါတယ်။ ဒါပေမယ့် ပထမတစ်ပွဲတုန်းက အဲဗာတန်ကို နိုင်ထားလို့ လက်ထဲမှာ ၃ မှတ်တော့ရှိပါတယ်။ အခုအချိန် အဆင့် ၁၃ မှာရပ်တည်နေပါတယ်။ ရာသီဈေးထဲက လှုပ်ရှားမှုကတော့ ဒီနှစ်ထဲမှာ ခြေစွမ်းကောင်း Alexander Mitrovic ကို ဆုံးရှုံးသွားပါတယ်။ ဒါပေမယ့် Calvin Bassey, Raul Jimenez နဲ့ Adama Traore တို့ ၃ ယောက်ကို ပြန်ရသွားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်း ဒီပွဲမှာတော့ အဝါကဒ် ၂ ကဒ်ထိသွားတဲ့ Tim Ream ကို အသုံးပြုလို့မရသေးပါဘူး။ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ကစားမယ်ထင်ပါတယ်။ ဂိုးသမားနေရာ Leno ကိုပဲတာဝန်ပေးပြီး နောက်ခံလေးယောက်ကျတော့ Tete, Diop, Bassey နဲ့ Robinson တို့ပဲ ဖြစ်ပါလိမ့်မယ်။ ကွင်းလယ်ပိုင်းမှာဆိုရင် Zaza Lukic နဲ့ Harrison Reid တို့ကိုပဲအားကိုးရမှာဖြစ်ပြီး တိုက်စစ်ပိုင်းနေရာ Harry Wilson, Andes Pereira နဲ့ Bobby de Cordova-Reed တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ ပြီးရင် Striker နေရာ Jimenez ကိုပဲ အားကိုးခဲ့ကြလိမ့်မယ်။

11 Players

Arsenal (4-3-3-) : Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Nketiah, Martinelli

Fullham (4-2-3-1) : Leno; Tete, Diop, Bassey, Robinson; Reed, Palhinha; Traore, Pereira, Decordova-Reid; Jimenez

Missing Players

Arsenal – Takehiro Tomiyasu (Red card suspension), Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury), Jurrien Timber (Cruciate Ligament Rupture), F.Balogun (Foot Injury)

Fullham – Tim Ream (Red card suspension)

Facebook

ပထမ ၂ ပွဲတုန်းက ၃ မှတ်ကောက်နိုင်တဲ့အသင်းတွေ့ရဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ ဖောရက်စ်အသင်း အခုမှ အသင်းသစ်ဖြစ်တဲ့ ရှက်ဖီးလ်ကိုနိုင်လာပါတယ်။ မန်ယူတို့ကျတော့ ဝုဗ်အသင်းကိုနိုင်ပြီး ၃ မှတ်ရသွားတယ်။ မန်ယူအသင်း ၂ ပွဲကစားပြီး စွမ်းဆောင်ရည်ကျဆင်းနေတဲ့ တိုက်စစ်ပိုင်းနဲ့ ကွင်းလယ်ပိုင်းပြသာနာ မဖြေရှင်းနိုင်သေးပါဘူး။ ပထမ ၂ ပွဲကစားပြီး ၁ ဂိုးထဲပဲ သွင်းထားနိုင်ပါတယ်။ အဲ့ထက်ဆိုးတာ ဂိုးသွင်းသူက ခံစစ်ကစားသမားဖြစ်နေတယ်။ ဒီကြားထဲ ဒဏ်ရာရထားတဲ့ကစားသမားတွေလည်း များနေတယ်။ ဒါပေမယ့် ဘယ်လိုပဲနေနေ ဒီပွဲမှာတော့ တန်ဟက်က ဖန်တွေရဲ့ယုံကြည်မှုကို ပြန်ခေါ်ဆောင်ဖို့ ကြိုးစားလိမ့်မယ်။ ဖောရက်စ်အသင်းကျတော့ အခုမှရှက်ဖီးလ်ကိုနိုင်သွားတဲ့အတွက် ယုံကြည်အား တော်တော်ကောင်း နေကြလောက်တယ်။ ပထမတစ်ပွဲ အာဆင်နယ်နဲ့တွေ့ပြီး ၂-၁ နဲ့ ရှုံးသွားပေမယ့် ကောင်းကောင်းလေးတော့ တိုက်ခိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီတော့ ဒီပွဲ အိုထရက်ဖိုဒ်ကွင်းမှာတိုက်ခိုက်ဖို့ ကောင်းကောင်းလေး စီစဉ်ထားကြလောက်တယ်။ ဒီပွဲမှာတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီး ကစားမှာသေချာတယ်။ ဖောရက်စ်တို့ကျတော့ မဖြစ်မနေ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ စောင့်ခဲ့ရလိမ့်မယ်။ မန်ယူရဲ့ပြတ်သားမှုနဲ့ အခွင့်အရေးတွေ ဘယ်လောက်ထိအားကောင်းမလဲပဲ ကြည့်ရလိမ့်မယ်။ ဖောရက်စ်အသင်းရဲ့ တန်ပြန်တိုက်စစ်က တော်တော်ထိရောက်ပါတယ်။ Brennan Johnson က အပြေးမြန်ပြီး သွက်လက်တယ်။ Taiwo Avoniyi နဲ့တစ်ယောက်မှာလည်း တောင့်တင်းမှုရှိပြီး လျင်မြန်တယ်။ အဲ့နေရာ မန်ယူရဲ့ခံစစ်ပိုင်းကို တိုင်ပတ်အောင်လုပ်နိုင်လိမ့်မယ်။ ဘောလုံးလောင်းကစားအွန်လိုင် မန်ယူအသင်းက ဖောရက်စ်ကို လက်ခံကစားရမှာဖြစ်တဲ့အတွက် ၃ မှတ်ရဖို့ အခွင့်ကောင်းတစ်ခုဖြစ်ပါတယ်။ မန်ယူအသင်းရဲ့ အခြေခံအရည်သွေး ပိုသာပေမယ့် စပါးကို ၀-၂ ရှုံးသွားတဲ့ပွဲကိုကြည့်ပြီး နိုင်မယ်ဆိုရင်တောင် ကပ်နိုင်ရုံပဲ ရှိလောက်ပါတယ်။ အလျော်အစားနဲ့ကြည့်ရင်တော့ ဖောရက်စ်နဲ့လက်တွဲရင် ပိုအဆင်ပြေပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း အရင်တစ်ပတ်တုန်းကမှားပြီး စပါးကို ၂-၀ နဲ့ရှုံးနိမ့်လာပါတယ်။ သူတို့စွမ်းဆောင်ရည်က စိတ်ပျက်စရာကောင်းပါတယ်။ ကြိုးစားမှုနဲ့ပတ်သက်ပြီး ပြောဆိုခံထိသွားတယ်။ ကစားချင်စိတ်နဲ့ ပစ်မှတ်ပျောက်ဆုံးနေကြတာဖြစ်ပါတယ်။ နောက်ပြီး ကွင်းလယ်ပိုင်းက ဘောလုံးမပိုင်နိုင်ဘူး။ ခန ခန ရှုံးသွားပါတယ် တိုက်စစ်ပိုင်းကျတော့လည်း ပြိုငဘက်ကို ဖိအားမပေးနိုင်ဘူး။ အဲ့ဒီလိုနဲ့ သူတို့လက်ထဲမှာ ၃ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁၂ မှာ ရပ်တည်နေပါတယ်။ အရင်အပတ်တွေတုန်းက ကစားသမားအသီးသီး တွေနဲ့သတင်းချိတ်ဆက်မှုရှိခဲ့ပေမယ့် အသစ်တစ်ယောက်မှရောက်လာတာမရှိသေးပါဘူး။ အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ တိုက်စစ်မှူးဖြစ်တဲ့ Rasmus Hoilund က နောက်ကြောဒဏ်ရာရရှိထားပါတယ်။ Ahmad Traore က ဒူးခေါင်းဒဏ်ရာရထားပြီး Cobbie Mainu ကျတော့ ခြေထောက်ဒဏ်ရာရထားပါတယ်။ Tyrell Malacia နဲ့တစ်ယောက်ကျတော့ ကြွက်သားဒဏ်ရာရထားပြီး နောက်ဆုံး Mason Mount က အတော်ကြာအနားယူဖို့ ရှိနေပါတယ်။ Harry Maguire ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ ဒီပွဲ တန်ဟက်က ၄-၁-၄-၁ စနစ်နဲ့ ကစားခိုင်းမယ်ထင်ပါတယ်။ ဂိုးသွင်းဖို့ Striker နေရာ Marcus Rashford ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းကနေ ဘောလုံးဖြတ်ချုပ်ဖို့ ကာစီမီရိုကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

Nottingham Forest : သစ်တောဘုရင်ဖောရက်စ်အသင်းကျတော့ မထင်မှတ်ပဲ စွမ်းဆောင်ရည်တော်တော်ကောင်းပါတယ်။ ပထမ ၂ ပွဲတုန်းက အာဆင်နယ်ကိုတစ်ပွဲအရင်ရှုံးပေမယ့် နောက်လာတဲ့တစ်ပွဲရောက်တော့ ရှက်ဖီးလ်ကို ပြန်နိုင်သွားပါတယ်။ အဲ့ပွဲ ဖောရက်စ်ဘက်က ခြေစွမ်းတော်တော်ပြနိုင်ကြပါတယ်။ ရာသီဈေးထဲက အခြေနေမှာတော့ ဆီဗီလာအသင်းမှ ကမ္ဘာ့ချန်ပီယံဒီဂရီရှိတဲ့ Gonzalo Montiel ကို ပိုင်ဆိုင်သွားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ တင်ပါးဒဏ်ရာရထားတဲ့ Omar Richards မပါနိုင်သေးပါဘူး။ Wayne Hennessey နဲ့တစ်ယောက်မှာလည်း ဒူးခေါင်းဒဏ်ရာရထားလို့ မပါနိုင်မှန်းသေချာသွားပါပြီ။ Ola Aina လည်း တင်ပါးဒဏ်ရာရသွားပေမယ့် အခြေနေစစ်ဆေးပြီး ဆင်းခွင့်ရချင်ရလိမ့်မယ်။ ဘောလုံးလောင်းကစားအွန်လိုင် ဖောရက်စ်အသင်း ဒီပွဲ ၃-၄-၁-၂ စနစ်နဲ့ကစားမယ်ထင်ပါတယ်။ Brennan Johnson နဲ့ Taiwo Awoniyi တို့ ၃ ယောက် ပူးပေါင်းပြီး ဂိုးသွင်းဖို့တာဝန် ယူထားခဲ့ကြလိမ့်မယ်။ ပြီးရင် Morgan Gibbs-White က ကွင်းလယ်ပိုင်းကနေ တိုက်စစ်ဆင်ကစားဖို့ ဖန်တီးပေးလိမ့်မယ်။

11 Players

Manchester United (4-1-4-1) : Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho

Nottingham Forest (3-4-1-2) : Turner; Boly, Worrall, McKenna; Aurier, Danilo, Yates, Williams; Johnson, Gibbs-White; Awoniyi

Missing Players

Manchester United – Tom Heaton (Calf Injury), Kobbie Mainoo (Ankle Injury), Amad Diallo (Knee Injury), Tyrell Malacia (Unknown Injury), Mason Mount (Unknown Injury), Rasmus Højlund (Back Injury), Harry Maguier (Muscle Injury)

Nottingham Forest – W.Hennessey, Felipe (Knee Injury), Ola Aina (Groin Injury),Omar Richards(Leg Injury)

Facebook