ဘောလုံးပွဲအထူးခန့်မှန်းချက်များ

ဘောလုံးပွဲအထူးခန့်မှန်းချက်များ စပိန် Vs ပြင်သစ် [ 09 Jul 24 - 01:30 hrs]

ဘောလုံးပွဲအထူးခန့်မှန်းချက်များ စပိန်အသင်းက လက်ရှိယူရိုပြိုင်ပွဲမှာ အကောင်းဆုံးအသင်းဖြစ်နေတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက သွက်လက်မှုရှိပြီး ထိရောက်မှုရှိတယ် ဂိုးသွင်းဖို့ နည်းလမ်းတွေလည်း အစုံရှိနေတယ် ကွင်းလယ်ပိုင်းနဲ့ ခံစစ်ပိုင်းက တောင့်တင်းမှုရှိတယ် ပြင်သစ်အသင်းကျတော့ ဒီအဆင့်ရောက်ဖို့အတွက် မနည်းရုန်းကန်ခဲ့ရပါတယ် ဒါပေမယ့် သူတို့ရဲ့ အတွေ့အကြုံကြောင့် စပိန်ထက် တအားမညံ့လောက်ပါဘူး ဒီနှစ်သင်း အချင်းချင်းဆုံခဲ့တဲ့ပွဲတွေမှာ မနိုင်မရှုံးလေးဖြစ်တတ်ပါတယ် ဒါပေမယ့် ဒီပွဲမှာတော့ အရင်လိုမဟုတ်တော့ပါဘူး သူတို့အသင်းက ဒီအစီစဉ်မှာ စတုတ္ထအဆင့်ထဲမှာ ရှိမယ်လို့ လူတော်တော်များများက ထင်ထားကြတယ် ပြင်သစ်အသင်းကျတော့ Top 2 ထဲမှာ ရှိနေမယ်လို့ ထင်ထားကြပါတယ် ဒါပေမယ့် တကယ့်ကစားလိုက်တော့မှ ပုံမှန်အရည်အသွေးထက် ပိုနိမ့်နေတယ် အဓိက သူတို့ရဲ့တိုက်စစ်ပိုင်းဆိုရင် အရမ်းညံ့လို့ ပင်နယ်တီကနေ တစ်ဂိုးပဲသွင်းနိုင်တယ် ကျန်တာ ပြိုင်ဘက်က ကိုယ့်ဂိုးကို ပြန်သွင်းသွားတာတွေချည်းဖြစ်ပါတယ် ဒီပွဲမှာတော့ နှစ်သင်းမှာ အခြေနေအရ ဘောလုံးထိန်းချုပ်ပြီးကစားလိမ့်မယ် ပြင်သစ်အသင်းရဲ့ ခံစစ်ပိုင်းက တောင့်တင်းမှုရှိပေမယ့် သေသေချာချာ ဝင်ကြည့်ရင်တော့ မှားယွင်းမှုတွေရှိနေတယ် ပြီးတော့ သူတို့ရဲ့ပြိုင်ဘက်ကလည်း ပြတ်သားမှုမရှိလို့ အဆင်ပြေနေတာ ဒီပွဲမှာတော့ စပိန်လို တိုက်စစ်အားကောင်းတဲ့အသင်းနဲ့ ကြုံရမှာဆိုတော့ ရှုံးသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Spain – စပိန်အသင်း ကျွဲရိုင်းစစ်တပ်ဆိုတဲ့ နာမည်အတိုင်းပဲ အရမ်းကောင်းနေပါတယ် အသင်းမှာ ကစားသမားသစ်နဲ့ ကစားသမားဟောင်းတွေ ဆက်စပ်မှုရှိပြီး ခြေစွမ်းအတူပြနိုင်နေကြပါတယ် ပြောမယ်ဆိုရင် စပိန်ရဲ့စွမ်းဆောင်ရည်က ပြင်သစ်ထက်တောင် ကောင်းသေးတယ် ၅ ပွဲနိုင်ဆက်တိုက် အနိုင်ရပြီး ၁၁ ဂိုးတောင် သွင်းနိုင်တယ် ၂ ဂိုးလေးပဲ ပြန်သွင်းခံထိခဲ့ပါတယ် ဒီပွဲမှာတော့ အဓိကဖြစ်တဲ့ Dani Carvajal နဲ့ Robin Le Normand တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ပွဲပယ်စာရင်းထဲ ပါသွားလို့ပါ သူတို့နေရာ Jesus Navas နဲ့ Nacho Fernandez တို့ပဲ အစားထိုးဆင်းပေးသွားလိမ့်ယ် ဒဏ်ရာရထားတဲ့ Pedri လည်း ဒီပွဲ မပါနိုင်လောက်သေးပါဘူး စပိန်နည်းပြကသူ့အသင်းကို ၄-၃-၃ စနစ်ပဲ ဆက်ပြီး ကစားခိုင်းလိမ့်မယ် ဂိုးသမားနေရာကတော့ နောက်ဆုံးတစ်ပွဲကမှ ဆင်းကစားတဲ့ Unai Simon ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ အဓိကခံစစ်မှူးနှစ်ယောက် ဘန်းခံထိထားတဲ့အတွက် စိတ်ညစ်စရာကောင်းပါတယ် အဲ့ဒီတော့ သူထင်ထားတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ အသုံးပြုသွားလိမ့်မယ် Jesus Navas, Nacho Fernandez, Aymeric Laporte နဲ့ Marc Cugureya တို့ပါပဲ ဒီခံစစ်မှူးတွေက မဆိုးပါဘူး ပြင်သစ်လိုမျိုး တောင့်တင်းမှုရှိပါတယ် ကွင်းလယ်နေရာမှာကျတော့ သူ့မှာရှိတဲ့ အတွေ့အကြုံရှိ Rodri ကို ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးပြီး Dani Olmo ကိုကျတော့ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် Fabian Ruiz နဲ့တစ်ယောက်လည်း တိုက်စစ်ပိုင်းကို အထောက်အကူလုပ်ပေးဖို့ တာဝန်ရှိလိမ့်မယ် တိုက်စစ်ပိုင်းမှာ အခုမှ အသက် ၁၆ နှစ်ပဲရှိသေးတဲ့ Yamin Lamal ကို Nico Williams နဲ့ Alvaro Morata တို့နဲ့အတူ တွဲဆင်းလိမ့်မယ် စပိန်အသင်းမှာ ဂိုးသွင်းနိုင်စွမ်းရှိတဲ့ အရန်တိုက်စစ်မှူးတွေကလည်း တော်တော်များများ အဆင်သင့် ဖြစ်နေကြပါတယ်။

France – ပြင်သစ်အသင်းကျတော့ ဒီနှစ် ယူရိုအစီစဉ်မှာ ကျဆင်းနေပါတယ် ကမ္ဘာ့ဘောလုံးပွဲတုန်းက ဒီလောက်ထိ ကျမသွားသေးပါဘူး တိုက်စစ်ပိုင်းကလည်း အားကျလာတယ် သူတို့ဆီမှာ ကမ္ဘာ့အဆင့်ရှိ ကစားသမားအသီးသီး ရှိနေပေမယ့် open play ပြီး ဂိုးသိပ်မသွင်းနိုင်ပါဘူး ပြိုင်ပွဲရဲ့ ကိုယ့်ဂိုးကို ပြန်သွင်းတဲ့ဟာနဲ့ ပင်နယ်တီပဲရှိပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း မိနစ် ၁၂၀ အထိကစားပြီး ၀-၀ သရေကျတဲ့အတွက် ပေါ်တူဂီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ပဲ အနိုင်ရရှိလာတယ် ပြင်သစ်အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားမရှိသလို ဘန်းခံထိထားတဲ့ ကစားသမားတွေလည်းမရှိပါဘူး နောက်ဆုံးတစ်ပွဲမှာ လူစားလဲခံထိသွားတဲ့ အမ်ဘတ်ပီက အနားယူဖို့သက်သက်ပါပဲ ဒဏ်ရာကြောင့်မဟုတ်ပါဘူး Kingsley Coman နဲ့တစ်ယောက်လည်း ဒီပွဲအတွက် အဆင်သင့်ဖြစ်နေတယ် Adrien Rabiot ဆိုတဲ့ ကွင်လယ်ကစားသမားလည်း ဘန်းကာလပြည့်သွားပါပြီ ဒီပွဲ အသင်းနည်းပြက သူ့အသင်းကို ၄-၃-၁-၂ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ် ဂိုးသမားနေရာ Mike Meignon ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာကျတော့ သူ့မှာရှိတဲ့ အကောင်းဆုံး Jules Kounde, Dayot Upamecano, William Saliba နဲ့ Theo Hernandez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် လက်ရှိခံစစ်ပိုင်းက တောင့်တင်းမှုရှိတယ် ကွင်းလယ်နေရာမှာလည်း အကောင်းဆုံးဖြစ်တဲ့ N’Golo Kante ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် သူက အတွေ့အကြုံရှိပြီး ပြိုင်ဘက်ကို ကျော်တက်လို့မရအောင် ထိန်းပေးထားလိမ့်မယ် Aurelien Jouameni နဲ့ Eduardo Camavinga တို့ကျတော့ ကွင်းလယ်နေရာနဲ့ တိုက်စစ်နေရာအတွက် အင်အားဖြည့်ပေးလိမ့်မယ် တိုက်စစ်ပိုင်း ၃ ယောက်မှာကျတော့ Randall Kolo Mouani, Antoine Griezmann နဲ့ Kylian Mbappe တို့ကိုပဲ ဂိုးသွင်းဖို့တာဝန် ပေးထားလိမ့်မယ် သူတို့ဆီမှာရှိတဲ့ ခြေစွမ်းကောင်း အရန်တိုက်စစ်မှူးတွေလည်း အပြည့်အဝ ရှိနေပါတယ်။

11 Players

Spain (4-3-3) : Simon: Navas, Nacho, Laporte, Cucurella; Olmo, Rodri, Ruiz: Yamal, Morata, Williams

France (4-3-1-2) : Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Rabiot; Griezmann; Kolo Muani, Mbappe

 

Missing Players

Spain – Daniel Carvajal (Indirect card suspension), Robin Le Normand (Yellow card suspension), Pedri (Inner ligament stretch of the knee)

France – ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ။

Facebook