ဘောလုံးပွဲသုံးသပ်ချက် လီဗာပူးလ် Vs ဘုန်းမောက် [19 Aug 23 - 20:30 hrs]

ဘောလုံးပွဲသုံးသပ်ချက် လီဗာပူးလ်အသင်း ပြီးခဲ့တဲ့တစ်ပွဲတုန်းက ပြိုင်ဘက်နဲ့ အမှတ်ခွဲယူလာပါတယ်။ အဲ့ပွဲ ချယ်လ်ဆီးနဲ့တွေ့ပြီး ၁-၁ သရေကျလာပါတယ်။ အဲ့ဒီတော့ ဒီပွဲ ၃ မှတ်ရအောင် ခြေစွမ်းပြနိုင်ဖို့လိုပါတယ်။ ဘုန်းမောက်တို့မှာလည်း အရင်တစ်ပွဲတုန်းက ဝက်စ်ဟမ်းနဲ့တွေ့ပြီး ၁-၁ သရေကျလာတာချင်းတူပါတယ်။ ဒီပွဲမှာတော့ အစစအရာရာ လီဗာပူးလ်ဘက်က ပိုသာပါတယ်။ အန်ဖီးလ်ကွင်းကစ အကျောရထားတယ်။ နောက်ပြီး အနိုင်ပါ အရမ်းလိုချင်နေပါတယ်။ ကစားသမားချင်း ယှဉ်ကြည့်တဲ့အခါမှာလည်း လီဗာပူးလ်ဘက်က ပိုသာတယ်။ ဒီလိုအခြေနေမျိုးနဲ့ဆိုရင် ဘုန်းမောက်တို့ ဘယ်လိုမှယှဉ်လို့မမီတော့ပါဘူး။ ဒီပွဲ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးမှာသေချာတယ်။ ဒါပေမယ့် ပေါ့ဆလို့တော့မဖြစ်သေးပါဘူး။ နည်းပြအသစ်နဲ့ ဘုန်းမောက်အသင်းဟာ ဘောလုံးပိုင်ဆိုင်ပြီး နည်းလမ်းအစုံ တိုက်စစ်ဆင်ကစားတတ်လာပါတယ်။ ဘုန်းမောက်ရဲ့ လက်ရှိအရည်အချင်းနဲ့ တောင့်တင်းမှုအရမ်းရှိတဲ့ လီဗာပူးလ်ကို ဘယ်လောက်ထိ တိုက်ခိုက်နိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ်။ စပရိုက်လေးဘာလေး တိုက်သွားမလားမသိသေးပါဘူး။ ဒါပေမယ့် လီဗာပူးလ်ဘက်က ရာသီသစ်ဖြစ်ပြီး အိမ်ကွင်းနဲ့ ပထမပွဲဖြစ်တဲ့အတွက် ဖန်တွေကို စိတ်ပျက်အောင်မလုပ်မိလောက်ပါဘူး။ ၃ မှတ်ရသွားမှာ တော်တော်သေချာပါတယ်။

အိမ်ရှင်လီဗာပူးလ်အသင်း ပရီးမီးယားလိဂ်ပွဲဦးတုန်းက ချယ်လ်ဆီးနဲ့တွေ့ပြီး မနည်းရုန်းခဲ့ရပါတယ်။ အဲ့ပွဲ ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။ ပထမပိုင်းတုန်းက တိုက်စစ်ဆင်ပြီးကစားခွင့်ရပေမယ့် ဒုတိယပိုင်းရောက်တော့ အခြေနေဆိုးပြီး ရှုံးခါနီးဖြစ်သွားသေးတယ်။ အဲ့ပွဲ မနိုင်မရှုံးလေးနဲ့ပြီးလာပါတယ်။ အဲ့ဒီလိုနဲ့ပဲ ပရီးမီးယားလိဂ် ပထမအပတ်အတွင်း ၁ မှတ်ထဲ ကောက်သိမ်းနိုင်တဲ့အသင်း ၆ သင်းထဲက တစ်သင်းဖြစ်သွားပါတယ်။ အခုလက်ရှိ အဆင့် ၁၁ မှာရပ်တည်နေတယ်။ ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ပြန်ကစားရမှာဖြစ်တဲ့အတွက် ထိပ်တန်းအသင်းတွေကို နောက်ကနေလိုက်ဖို့ ၃ မှတ်လိုချင်နေကြလောက်တယ်။ ယာဂင်ကလော့ပ်ရဲ့ ကစားသမားတွေမှာ Thiago Alcantara က တင်ပါးဒဏ်ရာရရှိထားပြီး Stefan Bajcetic နဲ့တစ်ယောက်မှာလည်း ဒီပွဲ ပါဖို့မရှိသေးပါဘူး။ ကျန်တဲ့အဓိကကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။ ဂိုးသမားနေရာ ကလော့ပ်က Alisson Becker ကိုယုံကြည်နေတုန်းဖြစ်ပြီး နောက်ခံကစားသမား Ibrahima Konate နဲ့ Virgil van Dijk တို့ကိုပဲ နောက်ခံကွင်းလယ်တာဝန် တွဲယူခိုင်းထားလောက်တယ်။ အနောက်တန်းကနေ ကစားပွဲဖန်တီးဖို့ အာနိုးကိုတာဝန်ပေးထားလောက်တယ်။ ကွင်းလယ်ပိုင်းမှာကျတော့ Alexis Mac Allister နဲ့ Dominic Soboszlai တို့ကိုပဲ အဓိကတာဝန်ပေးထားလောက်တယ်။ ဒီကစားသမားနှစ်ယောက်ဟာ မဆိုးပါဘူး ဒါပေမယ့် ခံစစ်ပိတ်ကစားတဲ့အခါကျတော့ နည်းနည်းလိုသေးတယ်။ ဒါပေမယ့် အသင်းက သူတို့ရဲ့ ဘောလုံးဖြတ်ချုပ်မှု အရည်အချင်းကို လိုအပ်နေတယ်။ ဒီကြားထဲမှာ Cody Gakpo ရှိနေတော့ အခွင့်ရေးဖန်တီးပြီး ဂိုးပါဝင်သွင်းပေးသွားနိုင်တယ်။ တိုက်စစ်ပိုင်းနေရာ Luis Diaz နဲ့ Mohamed Salah တို့ကို တာဝန်ပေးပြီး Striker နေရာ Diogo Jota ကို တာဝန်ပေးသွားလောက်ပါတယ်။ ဒါ့အပြင် ဒါဝင်နူးနက်ဇ်လည်းရှိနေသေးတယ်။ သွက်လက်မှုလိုချင်ရင်တော့ သူ့ကိုအသုံးပြုလိမ့်မယ်။

 

ဘုန်းမောက်အသင်းကျတော့ Andoni Iraola နည်းပြသစ်နဲ့ အရည်အချင်းပြသနေပါတယ်။ နည်းပြသစ်ရဲ့ ပထမပွဲတုန်းက ဝက်စ်ဟမ်းနဲ့တွေ့ပြီး ၁-၁ သရေကျလာပါတယ်။ အဲ့ပွဲ ကိုယ့်အိမ်ကွင်းလေးနဲ့ မနည်းရုန်းခဲ့ရပါတယ်။ အခုလက်ရှိ အဆင့် ၁၃ မှာရပ်တည်နေပါတယ်။ နွေရာသီဈေးထဲကအခြေနေကျတော့ Hamed Traore၊ Alex Scott၊ Justin Kluivert နဲ့ Max Aaron တို့ကို ဝယ်ယူထားနိုင်ပြီး အခြားကစားသမားသစ်အပါအဝင် ပေါင်သန်း ၁၀၀ အသုံးပြုခဲ့ကြပါတယ်။ ဒီဒုတိယပွဲမှာ အရင်ရာသီကမှ သူတို့ကို ၉-၀ နဲ့ အနိုင်ရသွားဖူးတဲ့အသင်းနဲ့ရင်ဆိုင်ရမှာဆိုတော့ ခံစစ်ပိုင်း သေသေချာချာ ပြင်ဆင်ထားလောက်ပါတယ်။ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ပဲ စောင့်နေလိမ့်မယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Alex Scott ဆိုတဲ့ကွင်းလယ်ကစားသမားသစ်နဲ့ Markan Tavernier, Lewis Cook, Danyo Ottara နဲ့ Ryan Frederick တို့က ဒဏ်ရာရထားကြတဲ့အတွက် ဒီပွဲ မပါနိုင်သေးပါဘူး။ Adam Smith နဲ့ Lloyd Kelly တို့မှာလည်း အခြေနေစစ်ဆေးပြီးမှ ဆင်းရလိမ့်မယ်။ ဒီပွဲ ဂိုးသမားနေရာ နေတိုကိုပဲ တာဝန်ပေးပြီး နောက်ခံကွင်းလယ်နှစ်ယောက်ကိုကျတော့ Ilia Sabarni နဲ့ Marcos Senesi တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ အနောက်တန်းကနေ ကစားပွဲဖန်တီးဖို့ Milos Kerkez ကို တာဝန်ပေးထားလောက်ပါတယ်။ ကွင်းလယ်ပိုင်းနေရာကျတော့ Philip Billing ရဲ့ ကစားပွဲဖန်တီးမှုကို လိုအပ်လိမ့်မယ်။ Joe Rothwell နဲ့ Ryan Christie တို့နှစ်ယောက်ကျတော့ ကွင်းလယ်ပိုင်းကို အသက်ဝင်အောင် လှုပ်ရှားမှုလုပ်ပေးလိမ့်မယ်။ ဂိုးသွင်းဖို့နေရာကျတော့ Dominic Solanke နဲ့ Antoine Semaylo တို့ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ သွက်လက်တဲ့ Gidon Anthony တော့ အရန်ထိုင်ခုံမှာရှိပါတယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Jones, Szoboszlai; Salah, Nunez, Diaz

Bournemouth (4-2-3-1) : Neto; Aarons, Zabarnyi, Senesi, Kerkez; Billing, Rothwell; Brooks, Christie, Kluivert; Solanke

Missing Players

Liverpool – Thiago (Hip Injury), S.Bajectic (Muscle Injury)

Bournemouth – R.Ferdericks (Calf Injury), Adam Smith (Muscle Injury), M.Tavernier ( Knock Injury), Lloyd Kelly (Knock Injury), Alex Scott (Knee Injury)

Facebook

ဘောလုံးပွဲသုံးသပ်ချက် ဒီပွဲမှာလည်း ကြီးမားတဲ့တိုက်ပွဲဖြစ်ပါတယ်။ မန်ယူအသင်းဟာ စပါးအိမ်ကွင်းကို ခရီးစဉ်ရမှာဖြစ်ပါတယ်။ အစစအရာရာ မန်ယူဘက်က နည်းနည်းပိုသာပါတယ်။ အရင်နှစ်တုန်းက စွမ်ဆောင်ရည်နဲ့ ကစားသမားသစ် ဝယ်ယူလိုက်တဲ့ဟာတွေကြည့်ပြီး မန်ယူနည်းနည်းပိုသာပါတယ်။ ဒါပေမယ့် စပါးဘက်က ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဖြစ်တဲ့အတွက် နောက်ပြီး နည်းပြအသစ်လည်း ရလာပြီဆိုတော့ တန်ဟက်အတွက်မလွယ်ပါဘူး။ Ange Postecoglu နည်းပြလက်ထဲကစပါးအသင်း ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေပြီး ကြားထဲမှာ ကိန်းကိုပါ ဆုံးရှုံးသွားတော့ ဂိုးသွင်းတဲ့အပိုင်း အားနည်းနေပါတယ်။ အသင်းဝင်တွေရဲ့ ရင်းနှီးမှုကို ပြန်စတင်နေရပါတယ်။ မန်ယူအသင်းကျတော့ ရာသီရဲ့ပထမဆုံးပြိုင်ပွဲတုန်းက ၃ မှတ်ရသွားပေမယ့် အဲ့ပွဲ စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး။ အဲ့ပွဲပြီးသွားတော့ တန်ဟက်က ပြုပြင်စရာတွေ အများကြီးပဲ မြင်သွားပါတယ်။ တိုက်စစ်ပိုင်းရော ခံစစ်ပိုင်းပါ သိပ်အဆင်မပြေမှန်း မြင်သွားပါတယ်။ ဒီပွဲမှာတော့ နှစ်ဘက်စလုံး အခွင့်ရေးကြုံရင်ကြုံသလို တိုက်စစ်ဆင်ပြီးကစားခဲ့ကြလိမ့်မယ်။ ကစားပွဲဖန်တီးမှုနဲ့ ပြတ်သားမှု ပြီးတော့ မှားယွင်းမှုအပေါ် မူတည်လိမ့်မယ်။ ဒါပေမယ့် မန်ယူရဲ့ အရင်တစ်ပွဲ တိုက်စစ်ပိုင်းကိုကြည့်ပြီးပြောရင် အဆင်မပြေသေးတာ အမှန်ကန်ဆုံးဖြစ်ပါတယ်။ ဒါပေမယ့်လည်း စပါးတို့ရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုမရှိသေးပါဘူး။ ဒီအပိုင်း အချိန်မှီ ပြန်ပြင်ရမှာဖြစ်ပါတယ်။ နစ်သင်းစလုံးရဲ့ ကစားသမားချင်း ယှဉ်ကြည့်ရင် မန်ယူဘက်က ပိုကြည့်ကောင်းပါတယ်။ သူတို့ဆီမှာ ကစားပွဲအခြေနေ ကောင်းအောင်ဖန်တီးပေးနိုင်တဲ့ တိုက်စစ်ကစားသမားရှိနေပါတယ်။ ဒီပွဲ မန်ယူဘက်က အခွင့်ရေးပိုကောင်းပါတယ်။

စပါးအသင်း နည်းပြအသစ်ရဲ့နှုတ်ဆက်ပွဲတုန်းက အဆင်သိပ်မပြေခဲ့ကြပါဘူး။ အဲ့ပွဲ ဘရန့်ဖိုဒ့်နဲ့တွေ့ပြီး ၂-၂ သရေကျလာပါတယ်။ အခုတလော အဆင့် ၈ မှာရပ်တည်နေတယ်။ နွေရာသီဈေးကာလအတွင်း ဟယ်ရီကိန်းကို ဆုံးရှုံးသွားတဲ့အတွက် ကြီးကြီးမားမားနစ်နာသွားတယ်လို့ ယူဆထားပါတယ်။ ဒါပေမယ့် အသစ်ဝယ်ယူလိုက်တဲ့ ကစားသမားသစ်ကလည်း James Maddison ဆိုတဲ့ Playmaker ကို ရလာတာ စိတ်ဝင်စားစရာ တော်တော်ကောင်းပါတယ်။ Wolfsburg အသင်းမှ Mickey van der Ven ဆိုတဲ့ နောက်ခံကစားသမားကိုပါ ရထားပါတယ်။ ဒီပွဲ စပါးအသင်း Ryan Sessegnon with a thigh injury, Brian Gil with a hip injury နဲ့ Rodrigo Bentancur တို့ကို အသုံးမပြုနိုင်သေးပါဘူး။ အားလုံးဒဏ်ရာရထားကြပါတယ်။ Fraser Forster Tanguy Ndombele နဲ့ Christian Romero တို့ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရလိမ့်မယ်။ အကယ်၍ Christian Romero မဆင်းနိုင်ဘူးဆိုရင် အသင်နည်းပြက သူ့နေရာ Davinson Sanchez သို့မဟုတ် Eric Dier တို့ထဲက တစ်ယောက်ယောက်ကို ရွေးသုံးရလိမ့်မယ်။ ကျန်တဲ့ Position တွေကျတော့ အရင်အတိုင်းပဲ စီစဉ်ထားလောက်ပါတယ်။ ဥပမာ ကွင်းလယ်နှစ်ယောက်ကို Oliver Skipp နဲ့ Yves Bissouma တို့ဖြစ်မယ်။ တိုက်စစ်ပိုင်းနေရာကျတော့ အရင်တစ်ပွဲတုန်းက အခွင့်ရေးနှစ်ခါဖန်တီးနိုင်တဲ့ James Maddison ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။ သရဲနီရဲ့ ခံစစ်ပိုင်းကို ဖောက်ထွင်းဖို့ Dejan Kulusevski, Richarlison နဲ့ အသင်းကပ္ပတိန်ဖြစ်တဲ့ ဆွန်ဟောင်မင်တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

ဘောလုံးပွဲသုံးသပ်ချက် မန်ယူအသင်းကျတော့ အခုတလော အဆင့် ၆ မှာရပ်တည်နေပါတယ်။ အရင်တစ်ပွဲတုန်းက အခြေနေမကောင်းပေမယ့် ဝုဗ်ဗာဟန်တန်ကိုတော့ နိုင်လာပါတယ်။ ဒါပေမယ့်အဲ့ပွဲမနည်းရုန်းပြီး အနိုင်ရရှိလာပါတယ်။ ပြောမယ်ဆိုရင် ကွင်းလယ်ပိုင်းရဲ့စွမ်းဆောင်ရည် ဝုဗ်ဘက်က ပိုတောင်ကြည့်လို့ကောင်းသေးတယ်။ မန်ယူအသင်းမှာလည်း ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ်။ ကြွက်သားဒဏ်ရာရထားတဲ့ Tyrell Malacia ကစ Tom Heaton, Ahmad Diallo နဲ့ Kobbie Mainu, ပြီးတော့ အတ္တလန္တာမှ အသစ်ရောက်လာတဲ့ Rasmus Hoijlund အပါအဝင် ဒဏ်ရာရရှိထားတုန်းဖြစ်ပါတယ်။ ဒဏ်ရာရထားတဲ့ကစားသမားအားလုံးထဲမှာ တန်ဟက်ရဲ့ စိတ်အပူဆုံးကစားသမားကတော့ Lisandro Martinez ပဲ ဖြစ်လိမ့်မယ်။ ဝုဗ်ကို ၁-၀ နဲ့ နိုင်သွားတဲ့ပွဲကမှ ခြေဆစ်နာသွားတာဖြစ်ပါတယ်။ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမရ ကြည့်ရပါသေးတယ်။ ဒီပွဲ မာတီနက်ဇ်မဆင်းနိုင်လို့ရှိရင် နောက်ခံကွင်းလယ်မှာ Raphael Varane နဲ့အတူ Victor Lindelof ပဲ ဆင်းကစားခဲ့ရလိမ့်မယ်။ ကျန်တဲ့ Position တွေကျတော့ နည်းနည်းပါးပါးပဲ ပြောင်းလဲမယ်ထင်တယ်။ ကွင်းလယ်ပိုင်းနေရာ ထိန်းချုပ်ဖို့ ကာစီမီရိုနဲ့ Christian Eriksen တို့ကိုတာဝန်ပေးထားပြီး တိုက်စစ်ပိုင်းနေရာ အလက်ဂျန်ဒရို ကာနာချိုအစား Jadon Sancho ကိုပဲ အသုံးပြုထားမယ်ထင်တယ်။ Bruno Fernandes၊ Anthony ပြီးတော့ Marcus Rashford တို့နဲ့အတူ အလုပ်တွဲလုပ်ခဲ့ရလိမ့်မယ်။

11 Players

Tottenham hotspur (4-3-3) : Vicario; Emerson, Sanchez, Van de Ven, Udogie; Bissouma, Skipp, Maddison; Kulusevski, Richarlison, Son

Manchester United (4-1-4-1) : Onana; Wan-Bissaka, Varane, Martinez, Shaw; Fernandes, Casemiro, Eriksen; Antony, Rashford, Sancho

Missing Players

Tottenham hotspur – Fraser Forster (Back trouble), Ryan Sessegnon (Surgery), Alfie Whiteman (Ankle Injury), Bryan Gil (Pubitis), Rodrigo Bentancur (Cruciate Ligament Rupture) Hugo Lloris (Hip Injury)

Manchester United – Amad Diallo (Knee Injury), Kobbie Mainoo (Ankle Injury), Rasmus Højlund (Back Injury),Tom Heaton, Tyrell Malacia

Facebook

ဘောလုံးပွဲသုံးသပ်ချက် ဒီပွဲမှာလည်း ကြီးမားတဲ့တိုက်ပွဲဖြစ်ပါတယ်။ မဖြစ်မနေ ကြည့်ဖြစ်အောင်ကြည့်ကြပါနော်။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးနဲ့ နယူးကာဆယ်အသင်းက လောလောဆယ် စွမ်းဆောင်ရည်တက်ကြွတာချင်း တူနေကြလို့ပါ။ မန်စီးတီးအသင်းက အရင်တစ်ပတ်ကမှ ဆီဗီလာနဲ့ ၁-၁ သရေကျလာပါတယ်။ အဲ့ပွဲ ပင်နယ်တီသွင်းပြီး ဆုံးဖြတ်ရတဲ့အထိ ကစားခဲ့ရပါတယ်။ နိုင်ငံခြားတွေအထိ ခရီးစဉ်ခဲ့ရတဲ့အတွက် သူတို့အင်အားက လျော့ကျသွားမှာသေချာတယ်။ ဒီပွဲမတိုင်ခင် နည်းနည်းပဲအနားယူခဲ့ရပါတယ်။ နောက်ပြီး ကြားထဲ Kevin De Bruyne ကိုပါ အသုံးပြုလို့မရဘူးဆိုတော့ ကွင်းလယ်ပိုင်းနေရာ အာကျသွားမှန်းသေချာပါတယ်။ နယူးကာဆယ်တို့ကျတော့ အခုမှ အက်စတွန်ဗီလာကို ၅-၁ နဲ့ အနိုင်ရရှိလာတဲ့အတွက် တက်ကြွမှုတွေ တော်တော်များနေပါတယ်။ သူတို့အသင်းထဲမှာ Position တိုင်းပဲ တောင့်တင်းမှုရှိပါတယ်။ ဒီပွဲ မန်စီးတီးရဲ့ ကွင်းလယ်ပိုင်း တောင့်တင်းမှုအားနည်းသွားမှာဖြစ်တဲ့အတွက် နယူးကာဆယ်နဲ့ တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ်။ နှစ်သင်းစလုံးရဲ့ လက်ရှိကွင်းလယ်ပိုင်းက အရည်သွေးတူနေကြတာဆိုတော့ သွင်းဂိုးတွေ တော်တော်များများဖြစ်ပေါ်လိမ့်မယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အိမ်ကွင်းနဲ့ အကျောရထားပြီး ပြတ်သားမှုပိုရှိတဲ့မန်စီးတီးတို့ပဲ အနိုင်ကောက်ရသွားမယ်ထင်တယ်။ ဒီပွဲ မန်စီးတီးဘက်က ဂိုးပိုသွင်းနိုင်မယ်ထင်တယ်။ ဒါ့အပြင် အချင်းချင်းတွေ့ခဲ့ဖူးတဲ့ ၁၀ ပွဲစံချိန်ထဲမှာ မန်စီးတီးဘက်က ၇ ပွဲ အနိုင်ရရှိသွားပါတယ်။ သရေ ၂ ပွဲလေးနဲ့ ကျန်တဲ့တစ်ပွဲ နယူးကာဆယ်နိုင်သွားပါတယ်။ ဒီပွဲ မန်စီးတီးဘက်ကအနိုင်ရသွားလိမ့်မယ်။

ပက်လက်အောက်ကမန်စီးတီးအသင်း ယူဖာစူပါဖလားတုန်းက ဆီဗီလာကို ပင်နယ်တီနဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ အသင်းရဲ့ သမိုင်းသစ်ဖြစ်သွားပြီး ကစားသမားအသီးသီး ယုံကြည်မှုအပြည့် ရရှိသွားကြပါတယ်။ ဒါပေမယ့်လည်း ပြိုင်ပွဲတွေ ဆက်တိုက်ဖြစ်နေတော့ လူတော်တော်ပင်ပန်းနေကြလောက်တယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Kevin De Bruyne မရှိမှန်းသေချာသွားပါပြီ။ သူဟာ ဘန်လေနဲ့ပွဲတုန်းက ခြေထောက်ဒဏ်ရာရသွားပါတယ်။ အနည်းဆုံး ၄ လလောက်တော့ အနားယူရမယ်ထင်တယ်။ ဘာနာဒိုဆေးလ်ဗားနဲ့တစ်ယောက်ကျတော့ နေကောင်းပြီး ပြန်လာနိုင်မလားမသိသေးပါဘူး။ Ruben Dias က ဒီပွဲ ပထမကစားသမားအနေနဲ့ ပြန်ဆင်းနိုင်ပါပြီ။ အဲ့ဒီတော့ နောက်ခံကစားသမားသစ်ဖြစ်တဲ့ Yosco Guardiol က အရန်ထိုင်ခုံသို့ ပြန်ထိုင်ခဲ့ရလိမ့်မယ်။ Dias ရဲ့ဘေးနားမှာ Manuel Akanji ပဲ ဆင်းရမယ်ထင်တယ်။ ဒီပွဲ Phil Foden၊ Jack Grealish နဲ့ Erling Haaland တို့ ဦးဆောင်သွားမှာဖြစ်ပြီး ပက်က ၄-၂-၃-၁ စနစ်နဲ့ ကစားခိုင်းမယ်ထင်ပါတယ်။ Striker နေရာ ဟာလန်းကိုပဲ တာဝန်ပေးပြီး Phil Foden, Julian Alvarez နဲ့ Jack Grealish တို့ကို ဟာလန်းရဲ့အနောက်ကနေ တိုက်စစ်ဆင်ကစားဖို့ စီစဉ်ထားလောက်ပါတယ်။

 

နယူးကာဆယ်အသင်းကျတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဆုံးပြိုင်ပွဲတုန်းက ကောင်းကောင်းလေး ခြေစွမ်းပြနိုင်ပြီး အက်စတွန်ဗီလာကို ၅-၁ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ဒီလိုနဲ့ သူတို့ အဆင့် ၁ မှာ ရပ်တည်နေပါတယ်။ နယူးကာဆယ်တို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ရှုံးပွဲမရှိပဲ ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Emil Kraft နဲ့ Javier Manquillo ဆိုတဲ့ ခံစစ်ကစားသမားနှစ်ယောက် မရှိသေးပါဘူး။ တိုက်စစ်မှူးဖြစ်တဲ့ Joe Willock မှာလည်း ဒီပွဲ မပါနိုင်သေးဘူးဖြစ်ပါတယ်။ ကျန်တဲ့ Nick Pope၊ Kieran Trippier၊ Bruno Guimaraes၊ Harvey Barnes၊ Sandro Tonali နဲ့ Alexander Isak တို့အားလုံး ဆင်းကစားခွင့် ရရှိသွားမှာဖြစ်ပါတယ်။ နယူးကာဆယ်အသင်းရဲ့ ဦးဆောင်သူကတော့ Sandro Tonali ပဲဖြစ်လိမ့်မယ်။ သူဟာ ပထမပွဲတုန်းက ခုန်ထပြီးလှပတဲ့ဂိုး ပိတ်သွင်းပေးတဲ့သူဖြစ်ပါတယ်။ ဒီအီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားက Guimaraes ပြီးတော့ Joelinton တို့နဲ့အတူ ဆင်းရလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Alexander Isak က ဂိုးသွင်းပေးဖို့ အဆင်သင့်ပဲ ဖြစ်နေပါတယ်။ ဒီပွဲ နယူးကာဆယ်ဘက်က ၄-၃-၃ စနစ်နဲ့ ရောက်လာမယ်ထင်တယ်။ ဂိုးသွင်းဖို့ အရှေ့ဆုံးမှာ တာဝန်ယူထားတဲ့ကစားသမားတွေကတော့ Miguel Almiron၊ Alexander Isak နဲ့ Harvey Barnes တို့ပဲ ဖြစ်လိမ့်မယ်။ Guimaraes က ကွင်းလယ်ပိုင်းကို သေသေချာချာအုပ်ချုပ်ပေးပါလိမ့်မယ်။

11 Players

Manchester City (4-2-3-1) : Ederson; Stones, Dias, Gvardiol, Lewis; Rodri, Kovacic; Silva, Alvarez, Grealish; Haaland

Newcastle United (4-3-3) : Pope; Trippier, Schar, Botman, Burn; Tonali, Guimaraes, Joelinton; Almiron, Isak, Barnes

Missing Players

Manchester City – Kevin De Bruyne (Muscle partial avulsion), Zack Steffen (Knee Surgery), Bernardo Silva (Muscular problems)

Newcastle United – E. Krafth, Joe Willock (Hamstring Injury)

Facebook