ဘောလုံးပွဲလောင်းမယ် အာဆင်နယ် Vs မန်စီးတီး [06 Aug 23 - 21:30 hrs]

ဘောလုံးပွဲလောင်းမယ် ပရီးမီးယားလိဂ်စတင်ခါနီးပြီဖြစ်တဲ့အတွက် ယဉ်ကျေးမှုအတိုင်း Community Shield တိုက်ပွဲကို အရင်ကျင်းပဖို့လိုပါတယ်။ ရိုးရာအတိုင်းဆိုရင် ပရီးမီးယားလိဂ်ချန်ပီယံနဲ့ FA ဖလားချန်ပီယံ တိုက်ခိုက်ရမယ့်ပွဲဖြစ်ပါတယ်။ ဒါပေမယ့် အရင်နှစ်တုန်းက မန်စီးတီးတစ်သင်းထဲနဲ့ အဲ့ဒီအစီစဉ်နှစ်ခုလုံးကို ချန်ပီယံဖြစ်သွားတဲ့အတွက် ဒုချန်ပီယံနဲ့ပဲ တိုက်ခိုက်ရမှာဖြစ်ပါတယ်။ မန်စီးတီးအသင်း ဒီပွဲအတွက် တော်တော်ပဲအဆင်သင့်ဖြစ်ပါတယ်။ အဓိကကစားသမားတွေ တော်တော်ပြည့်စုံနေတယ်။ အသင်းအခြေနေက တောင့်တင်းမှုရှိနေတုန်းဖြစ်ပါတယ်။ ပြီးတော့ ပက်က ကစားနည်းအသစ်တွေပါ ရထားရင်ရထားလိမ့်မယ်။ အာဆင်နယ်တို့ကျတော့ အခုတလော ကစားသမားသစ်တွေကို နေသားကျအောင် လုပ်ဆောင်နေပါတယ်။ အချိန်တော့ လိုပါလိမ့်မယ်။ အဓိက ဂျေဆူးပါမရှိတော့ ကစားနည်းအသစ်ကို ပြောင်းကစားခဲ့ရလိမ့်မယ်။ ကစားသမားပိုင်းကိုကြည့်ပြီးပြောရင် အာဆင်နယ်ဘက်က ပိုကြည့်ကောင်းပါတယ်။ သူတို့က တစ်ပွဲလုံး ပတ်ပြေးနိုင်လောက်ပါတယ်။ ဒါပေမယ့် ကစားပုံကစားနည်းပိုင်းကျတော့ မန်စီးတီးဘက်က ပိုပြီး တောင့်တင်းမှုရှိပါတယ်။ ကစားသမားအသီးသီးက ပေါင်းကစားကြတာလည်းကြာပြီ မျက်လုံးချင်းဆိုင်လိုက်တာနဲ့ တန်းပြီးသဘောပေါက်တယ်။ ပြီးတော့ တိုက်စစ်ပိုင်းကလည်း ပြတ်သားမှုရှိတယ်။ ပရော်ဖက်ရှင်နယ်ဆန်တယ်။ အာဆင်နယ်တို့ကျတော့ တစ်ပွဲလုံး အာရုံစိုက်နိုင်ရမယ်။ အခွင့်ရေးကြုံလာပြီး မလုပ်နိုင်လို့ရှိရင်တော့ မလွယ်ပါဘူး။ ဒီပွဲ တော်တော်ကြည့်ကောင်းမယ်ထင်ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ အတွေ့ကြုံပိုများတဲ့မန်စီးတီးဘက်က ပိုပြီးသာတယ်လို့ထင်မြင်ထားပါတယ်။ မန်စီးတီးဘက်က ပိုပြီးစိတ်ချရပါတယ်။ နောက်ပြီး အဓိကကစားသမား အားလုံးနီးပါး ပြန်ရောက်လာပြီဖြစ်တဲ့အတွက် အနိုင်ရသွားတဲ့အထိ မျှော်လင့်နိုင်ပါတယ်။ ဒီဘရိုင်းလောက်ပဲမရှိသေးပါဘူး။ ကျန်တာ ဟာလန်းရော ဖိုဒန်းရော ရိုဒရီဂိုရောပြီးတော့ Jack Grealish တို့လည်း အဆင့်သင့်ဖြစ်နေကြပါတယ်။ ဒီလိုမျိုး စုံလင်နေတဲ့အတွက် ကြည့်တာမမှားလောက်ပါဘူး။ အာဆင်နယ်တို့မှာက Declan Rice လောက်ပဲ လူသစ်ဖြစ်နေတယ် သူက အသင်းနဲ့ ချက်ချင်းခြေစွမ်းပြနိုင်မလားမသိသေးပါဘူး။ ဒီပွဲ အရမ်းကြည့်ကောင်းလိမ့်မယ်။ နောက်ဆုံးမှာတော့ အရင်နှစ်ချန်ပီယံဖြစ်ခဲ့တဲ့မန်စီးတီးတို့ပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

အိမ်ရှင်အာဆင်နယ်အသင်း နှမြောစရာကောင်းတဲ့ချန်ပီယံမရခဲ့တဲ့အတွက် အောင်မြင်မှုရအောင်ယူဖို့ အခုပဲကြိုးစားနေတုန်းဖြစ်ပါတယ်။ အဓိကကစားသမားအချို့နဲ့ စာချုပ်သက်တမ်းအရင်တိုးခဲ့ပါတယ်။ ပြီးတော့ အသက်ငယ်သေးတဲ့ကစားသမားတွေကို အသင်းနဲ့ ဆက်ရှိအောင်ထိန်းတယ်။ ချာကာတစ်ယောက်လောက်ပဲ ဆုံးရှုံးသွားပါတယ်။ အဲ့ကနေပြီးတော့ ကြီးမားတဲ့လက်တွဲမှု Kai Havertz၊ Yurian Timber ပြီးတော့ Declan Rice တို့ကို ခေါ်ထားနိုင်ပါတယ်။ အခု အသင်းရဲ့အရွယ်အားစားက ပိုမိုကြီးမားသွားပါပြီ။ ရာသီကြို ခြေစမ်းပွဲတုန်းကအခြေနေ ၅ ပွဲကစားကစားပြီး ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံး လုပ်ထားနိုင်ပါတယ်။ ကစားသမားတွေ တစ်သားထဲဖြစ်အောင် လုပ်ဖို့ပဲလိုပါတော့တယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Gabriel Jesus နဲ့ Oleksandr Zinchenko တို့ မရှိသေးပါဘူး။ သူတို့နှစ်ယောက်စလုံးက ဒဏ်ရာရရှိထားလို့ပါ။ Folarin Balogun ဆိုတဲ့ ကွင်းလယ်ကစားသမားလည်း အခြေနေစစ်ဆေးဖို့လိုပါသေးတယ်။ အဲ့ဒီတော့ ဒီပွဲ Kai Havertz က Fasle 9 အနေနဲ့ ဆင်းကစားရမယ်ထင်ပါတယ်။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားခိုင်းမယ်ထင်ပါတယ်။ Bukayo Saka, Edward Nketiah နဲ့ Gabriel Martinelli တို့ ၃ ယောက်ကို ဂိုးသွင်းသူအနေနဲ့ စီစဉ်ထားလောက်ပါတယ်။

 

မန်စီးတီးတို့ကျတော့ အရင်နှစ်တုန်းကချန်ပီယံအသင်းဖြစ်ပြီး အဓိကကစားသမားအဖွဲ့အစုက အရင်အတိုင်းဖြစ်နေတုန်းဖြစ်ပါတယ်။ အဓိကထဲမှာ Ilkay Gundogan တစ်ယောက်လောက်ပဲ ရွှေ့ပြောင်းသွားတာဖြစ်ပါတယ်။ အဲ့နေရာ ပက်က အချိန်စောင့်မနေတော့ပဲ Mateo Kovacic နဲ့ ချက်ချင်း အစားထိုးလိုက်ပါတယ်။ ဂိုးပြေးသွင်းတဲ့စကေး ဆုံးရှုံးသွားပေမယ့် ကွင်းလယ်ပိုင်း ပိုမိုတောင့်တင်းမှုရှိလာပါတယ်။ ဒါ့အပြင် ခံစစ်ပိုင်းနေရာ Yosco Guardiol ကို ကြိုဆိုဖို့ရှိနေပါတယ်။ ရာသီကြိုခြေစမ်းပွဲတုန်းက အာရှတွင် ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံး ဖြစ်ပါတယ်။ ရှုံးသွားတဲ့ပွဲက အက်သလက်တီကိုနဲ့တွေ့ပြီး ရှုံးလာပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဘာပြသာနာမှမရှိပါဘူး။ ဒဏ်ရာရထားတဲ့ကစားသမားတွေ မရှိပါဘူး။ Nathan Ake နဲ့ Kevin De Bruyne တို့လောက်ပဲ အခြေနေစစ်ဆေးဖို့လိုပါတော့တယ်။ ဒီပွဲ ပက်က ၃-၄-၂-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ်။ ဂိုးသွင်းမယ့်အပိုင်း ဟာလန်းကိုတာဝန်ပေးထားပြီး Julian Alvarez နဲ့ Phil Foden တို့နှစ်ယောက်ကိုကျတော့ ဟာလန်းရဲ့အနောက်ကနေ တိုက်စစ်ကူဆင်ခဲ့ကြလိမ့်မယ်။

11 Players

Arsenal (4-3-3): Ramsdale; Timber, Saliba, Gabriel, Tomiyasu; Odegaard, Rice, Partey; Saka, Nketiah, Martinelli

Manchester City (3-4-2-1): Ederson; Walker, Dias, Akanji; Stones, Rodri; Silva, Kovacic, Foden, Grealish; Haaland

Missing Players

Arsenal – O.Zinchenko (Calf Injury), Gabriel Jesus (Knee Injury), Reiss Nelson (Finger Injury),B.Saka (Illness)

Manchester City – ဒဏ်ရာရရှိထားတဲ့ကစားသမားမရှိပါ။

Facebook