ဘောလုံးပွဲခန့်မှန်းချက်များ လီဗာပူးလ် Vs အက်စတွန်ဗီလာ [ 3 Sep 23 - 19:30 hrs]

ဘောလုံးပွဲခန့်မှန်းချက်များ လီဗာပူးလ်အသင်း လိဂ်ပွဲစဉ် ၃ ပွဲကစားပြီး တစ်ပွဲမှမရှုံးသေးပါဘူး လက်ထဲမှာ ၇ မှတ်ကိုင်ဆောင်ထားပါတယ်။ နောက်ဆုံးတစ်ပွဲတုန်းက သူတို့ဘက်မှာ ၁၀ ယောက်ထဲပဲကျန်ခဲ့တာတောင် နယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရရှိလာပါသေးတယ် ပွဲစစလာချင်း မိနစ် ၃၀ ပဲရှိသေးတာကို ဗန်ဒိုက်က အနီကဒ်ထိသွားလို့ ၁၀ ယောက်နဲ့ တစ်ပွဲလုံး ရုန်းကန်ခဲ့ရပါတယ် အဲ့ပွဲ အသင်းရဲ့ဟီးရိုးဖြစ်တဲ့ နူးနက်ဇ်က ဒီပွဲမှာတော့ ပထမကစားသမားအနေနဲ့ ဆင်းခွင့်ရရှိလိမ့်မယ်။ လီဗာပူးလ်ရဲ့ တန်ပြန်တိုက်စစ်က တော်တော်ထိရောက်မှန်း မြင်ခဲ့ရပါတယ်။ ပြိုင်ဘက်ရဲ့ ခံစစ်စနစ်ကို ကစားသမား ၂ ယောက် ၃ ယောက်လေးနဲ့ ဖျက်ဆီးနိုင်တယ်။ ဒါပေမယ့် လီဗာပူးလ်ရဲ့ အားနည်းချက်ကတော့ ခံစစ်ပိုင်းပါပဲ Ibrahima Konate နဲ့ Virgil van Dijk တို့ မဆင်းနိုင်သေးတဲ့အတွက် သူတို့နေရာ Matip နဲ့ Gomez တို့ကိုပဲ အစားထိုး ဆင်းခိုင်းလိမ့်မယ်။ ဒီနှစ်ယောက် အတူတူဆင်းပြီဆိုတာနဲ့ အမြဲရင်ခုန်ခဲ့ရပါတယ်။ ဒီနေရာလောက်ပဲ ပြုပြင်ဖို့လိုနေတယ် ကျန်တဲ့အပိုင်းတွေမှာကတော့ အဆင်ပြေပြီးသားပါ။ တိုက်စစ်ပိုင်းဟာ အားကိုလို့ရနေပါတယ် မှားယွင်းမှုကိုပဲ ထိန်းသိမ်းရမယ် အက်စတွန်ဗီလာအသင်းကျတော့ စွမ်းဆောင်ရည်တွေ တက်ကြွနေပြီး ပွဲစုံထဲက ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ်။ ဒီ ၄ ပွဲထဲက ၂ ပွဲကတော့ ဥရောပတိုက်ပွဲဖြစ်ပြီး ဒီအပတ်အတွင်း ကစားခဲ့ရတဲ့အတွက် ပင်ပန်းနွမ်းနယ်မှုတွေ ဖြစ်နေကြလိမ့်မယ်။ အဲ့ဒီပြိုင်ပွဲတွေမှာ အဓိက ကစားသမားတွေချည်းပဲ အသုံးပြုထားတော့ အဆင်သင့်ပိုင်း အားနည်းလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာ လီဗာပူးလ်လိုမျိုး ကောင်းနေပါတယ်။ ဒါပေမယ့် ခံစစ်ပိုင်းကျတော့ အသင်းကြီးတွေနဲ့ တွေ့ခဲ့ရရင် အမြဲပြသာနာတက်ပါတယ်။ ဒီပွဲမှာတော့ ဘယ်အသင်းက ပိုပြီးမှားယွင်းမှုကင်းစင်နိုင်မလဲပဲ ကြည့်ရလိမ့်မယ်။ ဒါပေမယ့် လီဗာပူးလ်အသင်းက ကိုယ့်အိမ်ကွင်းနဲ့ပွဲတွေဖြစ်ရင် ကစားသမားအသီးသီးက ယုံကြည်မှုရှိပြီး တောင့်တင်းမှုရှိတတ်ကြတယ်။ အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ ၂၀၁ ပွဲထဲမှာ လီဗာပူးလ်ဘက်က ၁၀၁ ပွဲ အနိုင်ရရှိသွားပါတယ် သရေ ၄၁ ပွဲနဲ့ အက်စတွန်ဗီလာ ၅၉ ပွဲနိုင်သွားခဲ့ဖူးပါတယ်။ ဒီပွဲ နောက်ဆုံးအချိန် ကျရောက်လာရင် လီဗာပူးလ်ဘက်က ၃ မှတ်ကောက်သိမ်းသွားနိုင်မယ်ထင်တယ်။ တော်တော်တော့ ရုန်းခဲ့ရမှာဆိုပေမယ့် အစစအရာရာကြည့်ပြီး အနိုင်ရသွားလောက်ပါတယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း အခုမှနယူးကာဆယ်ကို ၂-၁ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲ သူတို့ဘက်က ၁၀ ယောက်ထဲပဲကျန်ခဲ့တာတောင် ခြေစွမ်းပြပြီး အနိုင်ကောက်ရလာတယ်။ အနိုင်ဂိုးသွင်းပေးတဲ့သူကတော့ နူးနက်ဇ်ပဲဖြစ်ပါတယ်။ အဲ့တာနဲ့ လီဗာပူးလ်ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲ အရှုံးဖြစ်ပါတယ်။ လိဂ်ပွဲစဉ်ထဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး ဒီပွဲမှာတော့ အသင်းကပ္ပတိန်ဖြစ်တဲ့ Virgil van Dijk ကို အသုံးပြုလို့မရသေးပါဘူး။ Trent Alexander-Arnold ရဲ့မှားယွင်းမှုကိုလည်း သေသေချာချာထိန်းချုပ်ဖို့ လိုနေတယ်။ လီဗာပူးလ်ရဲ့အားသာချက်ကတော့ သူတို့မှာ အတတ်နိုင်ဆုံး ဂိုးပြေးလုတတ်တယ် စည်းကမ်းလိုက်နာမှု တော်တော်အားကောင်းနေကြပါတယ်။ နောက်ပြီး အခွင့်ရေးကောင်းတွေကိုလည်း အလကားမဖြုန်းပစ်ဘူး သူတို့တိုက်စစ်မှူးတွေ အားကိုးလို့ရနေပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Thiago Alcantara နဲ့ Curtis Jones တို့ရဲ့အခြေနေကို ကြည့်ဖို့လိုပါသေးတယ်။ Ibrahima Konate ရောပဲ ပါနိုင်မလားမသိသေးပါဘူး။ Virgil van Dijk နဲ့တစ်ယောက်ကတော့ မပါနိုင်မှန်းသေချာသွားပါပြီ။ အရင်တစ်ပွဲကမှ အနီကဒ်ထိသွားလို့ ဘန်းခံထိသွားတာဖြစ်ပါတယ်။ ကလော့ပ်က ဒီပွဲ ၄-၃-၃ စနစ်ပဲ စီစဉ်ထားမယ်ထင်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Mohamed Salah, Darwin Nuñez နဲ့ Luis Diaz တို့ ၃ ယောက်ကိုပဲ အားကိုးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Alexis Mac Allister ကိုပဲ အဓိကတာဝန် ပေးထားလောက်တယ်။

 

Aston Villa : အက်စတွန်ဗီလာအသင်းကျတော့ အခုမှ Europa Conference League ပွဲစဉ်ထဲကနေ Hibernian ကို ၃-၀ နဲ့ အနိုင်ရရှိလာပါတယ်။ လိဂ်ပွဲစဉ်ဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းကလည်း ဘန်လေကို ၁-၃ နဲ့ အနိုင်ရရှိလာပါတယ်။ အက်စတွန်ဗီလာရဲ့ကစားစတိုင်လ်က တောင့်တင်းမှုရှိတယ်။ ခံစစ်ပိုင်း ပိုမိုအားကောင်းလာတယ်။ ကွင်းလယ်ကစားသမားတွေ အားကောင်းပြီး ဘောလုံးဖြတ်ယူတဲ့နေရာ တော်တော်ကောင်းတယ်။ ခံစစ်ပိတ်ကစားခြင်းကနေ တိုက်စစ်ဆင်ကစားတဲ့နေရာ လျင်မြန်စွာစီစဉ်နိုင်တယ်။ တိုက်စစ်မှူးဖြစ်တဲ့ John McGinn က ကစားပွဲကြိုတင်ခန့်မှန်းမှု တော်တော်တိကျတယ်။ ကျန်တဲ့ Moussa Diaby နဲ့ Ollie Watkins တို့ကျတော့ အခွင့်ရေးကြုံရင်ကြုံသလို ဂိုးသွင်းပေးနိုင်တယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒူးခေါင်းဒဏ်ရာရထားတဲ့ Amy Buendia နဲ့ Tyrone Mings တို့ မရှိသေးပါဘူး။ Philippe Coutinho နဲ့ Leander Dendoncker တို့ကျတော့ ကြွက်သားဒဏ်ရာရထားကြလို့ မပါနိုင်သေးပါဘူး။ Jacob Ramsey နဲ့ Alex Moreno မှာလည်း အဆင်သင့်မဖြစ်သေးလို့ ပါဝင်ကစားဖို့မရှိလောက်ဘူးထင်တယ်။ Amy Martinez ဆိုတဲ့ဂိုးသမားလည်း ဒဏ်ရာရထားလို့ ဒီပွဲ ဆင်းနိုင်မလားမသေချာသေးပါ။ အက်စတွန်ဗီလာအသင်း ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ ကစားကြမယ်ထင်တယ်။ Striker အဖြစ် ဂိုးသွင်းဖို့တာဝန်ယူထားမယ့်ကစားသမားကတော့ Ollie Watkins ပဲဖြစ်ပြီး သူ့အနောက်မှာ John McGinn နဲ့ Moussa Diaby တို့ ၂ ယောက် ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခဲ့ကြလိမ့်မယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Gomez, Matip, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz

Aston Villa (3-4-2-1) : Martinez; Konsa, Carlos, Torres; Cash, Kamara, Luiz, Digne; McGinn, Diaby; Watkins

 

Missing Players

Liverpool – Thiago (Hip Injury), V.Van Dijk (Red Card), I.Konate (Muscle Injury),Curtis Jones (Ankle Injury)

Aston Villa – Emiliano Buendía (Knee Injury), Tyrone Mings (Cruciate Ligament Rupture),P.Coutinho(Hamstring Injury),Alex Moreno (Hamstring Injury),Emiliano Martinez (Calf Injury), Tim Iroegbunam

Facebook

ဒီပွဲ အာဆင်နယ်ဘက်က အစစအရာရာပိုသာပါတယ်။ ကိုယ့်အိမ်ကွင်းနဲ့လည်း ကစားရမယ် ပြီးတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ တော်တော်တက်ကြွနေပါတယ်။ နောက်ဆုံးတစ်ပွဲကမှ ဖူဟမ်နဲ့ ၂-၂ သရေကျလာပေမယ့် သူတို့တိုက်စစ်ပိုင်းက အခွင့်ရေးဖန်တီးနိုင်ပြီး ထိရောက်နေတယ်။ ပြီးတော့ အသင်းရဲ့အခြေနေကလည်း တဖြည်းဖြည်းနဲ့ ပြည့်စုံလာတယ်။ ဒီပွဲ ဂျေဆူးပြန်လာပြီဖြစ်တဲ့အတွက် တိုက်စစ်ပိုင်းနေရာ ကစားနည်းတွေ ပိုစုံလာလိမ့်မယ်။ မန်ယူအသင်းကျတော့ သိပ်ပြီး အဆင်သင့်မဖြစ်သေးပါဘူး။ ဘောလုံးပွဲခန့်မှန်းချက်များ  ဘာကြောင့်လဲဆိုတော့ ခံစစ်ပိုင်းနေရာ အဓိကခံစစ်မှူးဖြစ်တဲ့ လုရောနဲ့ ဝါရန်းတို့ ဒဏ်ရာရထားနေကြတုန်းဖြစ်ပါတယ်။ တိုက်စစ်ပိုင်းနေရာ Rasmus Hoylund နဲ့ Mason Mount တို့ကိုလည်း အသုံးမပြုနိုင်သေးဘူး။ အဲ့တာနဲ့ အသင်းအတွက် ဆိုးကျိုးတော်တော်ပေးနေတယ်။ အဲ့ဒီလိုနဲ့ မန်ယူအသင်းက ၄-၂-၃-၁ စနစ်ကိုပဲ အပိုင်ကစားရတော့မလားမသိတော့ပါဘူး။ အဆင်သင့်သိပ်မဖြစ်ပဲ အရမ်းကြမ်းတဲ့ အသင်းရဲ့အိမ်ကွင်းကို ခရီးစဉ်ရမှာဆိုတော့ ရှုံးဖို့တော်တော်များပါတယ်။ နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီး အထက်ကြေးဖြစ်တဲ့ အာဆင်နယ်အသင်းနဲ့ လက်တွဲရင် ပိုပျော်ရလောက်တယ်။ အချင်းချင်းတွေ့ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ မန်ယူဘက်က ၃ ပွဲနိုင်ပြီး အာဆင်နယ်ဘက်က ၂ ပွဲနိုင်သွားပါတယ် ကိုယ့်အိမ်ကွင်းနဲ့ အနိုင်ရသွားတတ်ကြတယ်။ အာဆင်နယ်ရဲ့အိမ်ကွင်းဖြစ်ပြီး နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်လည်း အာဆင်နယ်ဘက်က ၃-၂ နဲ့ အနိုင်ကောက်ရသွားပါတယ်။ ဒီပွဲမှာတော့ အတော်ကြည့်ကောင်းမှာဖြစ်ပြီး မန်ယူဘက်က အဆင်သင့်သိပ်မဖြစ်ပေမယ့် အာဆင်နယ်ဘက်ကလည်း အရင်နှစ်တွေလို စွမ်းဆောင်ရည် ကောင်းမနေသေးပါဘူး။ ဒီပွဲ သရေကျဖို့ရှိပါတယ်။ အာဆင်နယ်အသင်း အိမ်ကွင်းနဲ့ နောက်ဆုံးတစ်ပွဲတုန်းက Clean sheet မရလိုက်တဲ့အတွက် ပရိသတ်တွေကို ကောင်းကောင်းပြန်ကစားပေးလိမ့်မယ်။ ဒီကြားထဲ မန်ယူအသင်းရဲ့ ခံစစ်ပိုင်းက အားနည်းနေတာဆိုတော့ အာဆင်နယ်ဘက်က စောစောစီးစီး ဂိုးအရင်သွင်းနိုင်လို့ရှိရင် ဂိုးအပြတ်နဲ့တောင် အနိုင်ရသွားနိုင်ပါတယ်။

Arsenal – အာဆင်နယ်အသင်း လိဂ်ပွဲပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်နဲ့ ၂-၂ သရေကျလာခဲ့ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Gabriel Jesus ကို ပြန်ရလာပါပြီ Kai Havertz နဲ့ Eddie Nketiah တို့လည်း အာတီတာရဲ့ရွေးချယ်မှု ဖြစ်နိုင်နေပါပြီ။ နောက်ပြီး ဘန်းစာရင်းကနေ လွတ်မြောက်လာတဲ့ Takehiro Tomiyasu လည်း အဆင်သင့်ဖြစ်နေပါတယ်။ Mohamed Elneny နဲ့ Yerrian Timber တို့ကျတော့ အခုထိ ဒဏ်ရာမသက်သာသေးပါဘူး။ အာတီတာက ဒီပွဲ ၄-၃-၃ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ်။ ဂိုးသမားနေရာ Aaron Ramdale ကိုပဲ တာဝန်ပေးပြီး Ben White, William Saliba, Oleksandr Zinchenko နဲ့ Gabriel Magalhaes တို့ကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ယူထားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ကစားသမား ၃ ယောက် ကျတော့ Declan Rice, Thomas Partey နဲ့ Martin Odegaard တို့ပဲ ဖြစ်လိမ့်မယ် ပြီးရင် အရှေ့ဆုံးမှာ Bukayo Saka, Gabriel Martinelli နဲ့ Leandro Trossard တို့ပဲ ဂိုးသွင်းဖို့ တာဝန်ယူထားလိမ့်မယ်။

 

Manchester United – မန်ယူအသင်းကျတော့ အရင်အပတ်တုန်းက ဖောရက်စ်နဲ့တွေ့ပြီး ၃-၂ နဲ့ အနိုင်ရရှိလာပါတယ်။ အဲ့ပွဲ မနည်းရုန်းပြီး တကျော့ပြန်တိုက်ပွဲတွေဖြစ်လာတယ်။ မန်ယူအသင်းက ဒီပွဲအတွက် အဆင်သင့် သိပ်မဖြစ်သေးပါဘူး။ အဲ့တာနဲ့ တန်ဟက်အတွက် တော်တော်စိတ်ညစ်နေလောက်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ကြွက်သားဒဏ်ရာရထားတဲ့ လုရှောမရှိသေးပါဘူး။ Tyrell Malacia မှာလည်း ကြွက်သားဒဏ်ရာရထားတယ်။ Mason Mount ကျတော့ ပေါင်ဒဏ်ရာရထားပြီး Cobbie Mainu ကျတော့ ခြေထောက်ဒဏ်ရာရထားတယ်။ AhmadAhmad Diallo နဲ့တစ်ယောက်က ဒူးခေါင်းဒဏ်ရာရထားပါတယ်။ နောက်ဆုံး Tom Heaton နဲ့ Raphael Varane တို့မှာလည်း ဒဏ်ရာရထားကြပါတယ်။ Rasmus Hoilund ဆိုတဲ့ တိုက်စစ်မှူးအသစ်ကတော့ လေ့ကျင့်ခန်းပြန်လုပ်နိုင်ပါပြီ။ တန်ဟက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ပဲ ကစားခိုင်းမယ်ထင်တယ်။ ဂိုးသမားနေရာ အိုနာနာပဲဖြစ်ပြီး Aaron Wanbis-Saka, Lisandro Martinez, Victor Lindelof နဲ့ Diogo Dalot တို့ကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ယူထားခဲ့ကြလိမ့်မယ်။ ကွင်းလယ်ပိုင်းမှာ Casemiro, Christian Eriksen နဲ့ Bruno Fernandes တို့ ၃ ယောက်ပဲ တာဝန်ယူသွားခဲ့ကြလိမ့်မယ်။ တိုက်စစ်ပိုင်းနေရာကျတော့ Rasmus Hoilund ဆိုတဲ့ တိုက်စစ်မှူးအသစ် ဆင်းကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ။ သူ့ဘေးနှစ်ယောက် Marcus Rashford နဲ့ Anthony တို့နှစ်ယောက်ကို ချထားလိမ့်မယ်။

11 Players

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Partey; Saka, Jesus, Martinelli

Manchester United (4-2-3-1) : Onana; Wan-Bissaka, Lindelof, Martinez, Dalot; Casemiro, Eriksen; Antony, Fernandes, Rashford; Hojlund

Missing Players

Arsenal – Gabriel Jesus (Knee Injury), Jurrien Timber (Cruciate Ligament Rupture), Mohamed Elneny (Knee Injury)

Manchester United – Luke Shaw (Muscle Injury), Kobbie Mainoo (Ankle Injury), Amad Diallo (Knee Injury), Tyrell Malacia (Unknown Injury), Tom Heaton (Calf Injury), Mason Mount (Unknown Injury), Rasmus Højlund (Back Injury), R. Varane

Facebook