ဘောလုံးပွဲကြိုတင်ခန့်မှန်းခြင်း ခရစ်စတယ်ပဲလေစ့် Vs အာဆင်နယ် [21 Aug 23 - 01:30 hrs]

ဘောလုံးပွဲကြိုတင်ခန့်မှန်းခြင်း ဒီအပတ်အတွင်းထဲက လန်ဒန်ဒါဘီတိုက်ပွဲတစ်ပွဲဖြစ်ပါတယ်။ ဒီပွဲ ခရစ်စတယ်ပဲလေစ့်ဘက်က အိမ်ကွင်းနဲ့ အာဆင်နယ်အသင်းကို လက်ခံကစားရမှာဖြစ်ပါတယ်။ နှစ်သင်းစလုံး အခုမှ ၃ မှတ်ရလာတာချင်းတူတူပဲ။ စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ ဒီပွဲ ပဲလေစ့်မှာ Wilfried Zaha မရှိသေးပါဘူး။ သူက Galatasaray အသင်းနဲ့ ရွှေ့ပြောင်းသွားနေခဲ့ပြီဖြစ်ပါတယ်။ Michael Olise နဲ့ Matheus Franca ဆိုတဲ့ အားကိုးရာတိုက်စစ်မှူးနှစ်ယောက်က ဒီပွဲမပါနိုင်သေးပါဘူး။ အရင်ရာသီတုန်းက အာဆင်နယ်အသင်း ပဲလေစ့်ကို ပိုးစိုးပက်စက်ထောင်းလွတ်ခဲ့ဖူးပါတယ်။ ဒီနှစ်မှာလည်း အဲ့လိုမျိုးထပ်ခံရဖို့ရှိပါတယ်။ အိမ်ရှင်ပဲလေစ့်အသင်းဝင် ဒီပွဲ သိပ်အဆင်သင့်မဖြစ်ကြသေးပါဘူး။  ပထမတစ်ပွဲတုန်းက အသင်းသစ်နဲ့တွေ့ခဲ့ရလို့သာ အဆင်ပြေနေတယ်။ ဒီပွဲမှာတော့ တကယ့်ဟာကြီးဖြစ်တဲ့ အာဆင်နယ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်း လောလောဆယ် ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေပေမယ့် အသင်းကြီးဖြစ်တဲ့အတွက် အရန်ကစားသမားတွေရဲ့ အရည်အသွေးက အဓိကကစားသမားတွေထက် အရမ်းမညံ့ပါဘူး။ အေးအေးဆေးဆေး အစားထိုးကစားနိုင်ပါတယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အာဆင်နယ်ဘက်က ပိုသာပါတယ်။ စနစ်တကျပိုဖြစ်တယ်။ တိုက်စစ်ပိုင်းက အန္တရာယ်တော်တော်ရှိပါတယ်။ အိမ်ရှင်ဘက်ကကျတော့ ဘာတိကျမှုမှမရှိပါဘူး။ တစ်ပွဲလုံး ခံနိုင်မယ့်ပုံလဲမပေါ်ဘူး။ ပြီးတော့ အာဆင်နယ်အသင်းက အမှတ်တွေ တောက်လျှောက်ကောက်သိမ်းတော့မှာဖြစ်ပါတယ်။ ဒီပွဲ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်တဲ့အတွက် အာဆင်နယ်ဘက်က အပီကစားဖို့ရှိပါတယ်။ ရာသီရဲ့အစတုန်းက တိုက်စစ်ပိုင်းကောင်းပေမယ့် ခံစစ်ပိုင်း အားနည်းတာမြင်ခဲ့ရပါတယ်။ အဲ့ပိုင်း နည်းနည်းပြန်ပြင်ရမယ်။ အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းက အာဆင်နယ်တို့ ၃ ပွဲအနိုင်ရရှိသွားပါတယ်။ သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲဖြစ်ပါတယ်။ ဒီပွဲ အာဆင်နယ်ဘက်က ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ်။ ပဲလေစ့်တို့ကျတော့ အသေချာဆုံး ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ကြိုးစားလိမ့်မယ်။ အာဆင်နယ်အသင်းက အစစအရာရာပိုသာပေမယ့် ပဲလေစ့်ရဲ့လက်ရှိနည်းပြက ပဲလေစ့်ရဲ့အရည်သွေးကို မြှင့်ပေးနိုင်နေပါတယ်။ အာတာတီဘက်က ဒီပွဲ မဖောက်နိုင်ဘူးဆိုရင်တော့ ဖိအားတွေအသက်ကုန် ထိုးတက်လာလိမ့်မယ်။ အိမ်ရှင်အသင်းရဲ့ ခံစစ်ပိုင်းကလည်း အခုနောက်ပိုင်း တော်တော်တောင့်တင်းမှု ရှိနေပါတယ်။ ဒါပေမယ့်လည်း အချင်းချင်းရင်ဆိုင်ခဲ့ကြတဲ့ အခုနောက်ပိုင်းတွေမှာ ပိုးစိုးပက်စက်ရှုံးသွားတာများပါတယ်။ ပြောမယ်ဆိုရင် အာဆင်နယ်က ပဲလေစ့်ရဲ့ငယ်နိုင်လိုမျိုးဖြစ်နေတယ်။ ဒီပွဲမှာတော့ ပေါက်ကြေးနေရာ အာဆင်နယ်ဘက်က အထက်ကြေးဖြစ်နေပေမယ့် သူတို့နဲ့ပဲလက်တွဲဖို့အကြံပြုချင်ပါတယ်။

အိမ်ရှင်ခရစ်စတယ်ပဲလေစ့်အသင်း ပထမပွဲတုန်းက ရှက်ဖီးလ်ကို ၀-၁ နဲ့ အနိုင်ရလာတဲ့အတွက် ပထမဦးဆုံး ၃ မှတ်ကို ပိုင်ဆိုင်သွားပြီဖြစ်ပါတယ်။ အဲ့ပွဲ အနိုင်ဂိုးသွင်းပေးတဲ့ကစားသမားက Odsonne Edouard ဆိုတဲ့ အရေးကြီးတိုက်စစ်မှူးပဲဖြစ်ပါတယ်။ အခုတလော အဆင့် ၇ မှာရပ်တည်နေပါတယ်။ နွေရာသီဈေးကာလအတွင်း ခြေစွမ်းကောင်း Wilfried Zaha ကို ဆုံးရှုံးသွားပေမယ့် သူ့နေရာအစား Matheus Franca နဲ့ Jefferson Lerma တို့နှစ်ယောက်ကိုတော့ ဝယ်ယူထားနိုင်ပါတယ်။ ပဲလေစ့်ရဲ့ကစားပုံကစားနည်းက မဆိုးပါဘူး။ ရှက်ဖီးလ်နဲ့ပွဲတုန်းက ဘောလုံးပိုင်ဆိုင်မှု ပိုကောင်းပြီး ဂိုးသွင်းခွင့်တွေလည်း တော်တော်ဖန်တီးနိုင် ကြတယ်။ အဲ့တစ်ပွဲ ဂိုးသွင်းခွင့် ၂၄ ကြိမ်တောင် ဖန်တီးနိုင်ခဲ့ပါတယ်။ နောက်ဆုံးပိတ်နေရာလောက်ပဲ ပြုပြင်ဖို့လိုနေပါတယ်။ လက်ရှိအင်အားဟာ တည်ငြိမ်မှုမရှိသေးပါဘူး။ အသင်းထဲက ခြေစွမ်းကောင်း ကစားသမားတွေ အခြားအသင်းဆီက စိတ်ဝင်စားမှု ခံနေကြရတယ်။ ဥပမာ Michael Olise နဲ့ Shaq Doucoure တို့ပဲဖြစ်ပါတယ်။ အကယ်၍ သူတို့နှစ်ယောက်ကို ဆုံးရှုံးသွားလို့ကတော့ အသင်းနဲ့ အရမ်းထိခိုက်သွားလိမ့်မယ်။ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ မဆင်းနိုင်သေးတဲ့ကစားသမား ၃ ယောက်ရှိပါတယ်။ ပထမတစ်ယောက်မှာ ကျောကုန်းဒဏ်ရာရထားတဲ့ Matheus Franca ဖြစ်ပြီး နောက်တစ်ယောက်ကဒူးခေါင်းဒဏ်ရာရထားတဲ့ Will Hughes ဖြစ်ပါတယ်။ Michael Olise နဲ့တစ်ယောက်ကျတော့ ပေါင်ဒဏ်ရာရထားပါတယ်။ ဒီပွဲ ပဲလေစ့်ဘက်က ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ်။ အရှေ့ဆုံးမှာနေပြီး ဂိုးသွင်းဖို့နေရာ Oddsonne Edouard ကိုပဲ တာဝန်ပေးပြီး Eberechi Eze ကိုကျတော့ Playmaker အနေနဲ့ ဆင်းကစားခိုင်းမှာဖြစ်ပါတယ်။

ဘောလုံးပွဲကြိုတင်ခန့်မှန်းခြင်း အာဆင်နယ်အသင်းကျတော့ ဖောရက်စ်နဲ့တွေ့ပြီး ပထမဦးဆုံး ၃ မှတ်ရသွားပေမယ့် အဲ့ပွဲထဲက နောက်ဆုံးအပိုင်းရောက်တော့ နည်းနည်းရုန်းကန်ခဲ့ရပါတယ်။ အခုတလော အဆင့် ၄ မှာရပ်တည်နေပါတယ်။ ပွဲပြီးခါနီးမှ ဂိုးသွင်းခံထိသွားတော့ ရင်တော်တော်ခုန်ခဲ့ရပါတယ်။ သူတို့အင်အားက ပြိုင်ဘက်ထက် တောင့်တင်းမှုရှိပါတယ်။ စောစောစီးစီး ဂိုးအရင်သွင်းနိုင်တဲ့အတွက် တင်ကြပ်မှုတွေ သိပ်မဖြစ်ခဲ့ကြပါဘူး။ သွင်းခံထိတဲ့ဂိုးတစ်လုံးကျတော့ သူတို့ဘက်က ပေါ့ဆမိလို့ ပေးခဲ့ရတာဖြစ်ပါတယ်။ သူတို့အားနည်းချက်တော့ မဟုတ်သေးပါဘူး။ ကစားသမားသစ်တွေ ကောင်းကောင်းလေးနှုတ်ဆက်နိုင်ခဲ့ကြပါတယ်။ ဒီဂရန်ရိုက်စ်နဲ့တစ်ယောက်ဆိုရင် အာဆင်နယ်ရဲ့ကွင်းလယ်ပိုင်းကို ပိုပြီးတောင့်တင်းမှုရှိလာစေပါတယ်။ Kai Havertz က ကစားပွဲနဲ့ပါဝင်မှု အများကြီးမရှိပေမယ့် ဖိအားပေးတဲ့နေရာကတော့ တော်တော်ကောင်းပါတယ်။ Yurian Timber နဲ့တစ်ယောက်က ဒဏ်ရာရသွားလို့ နှမြောစရာကောင်းပါတယ်။ မြန်မြန်ပြန်လာမယ်လို့ မျှော်လင့်ထားပါတယ်။ အသင်းထဲက စိတ်ဝင်စားစရာကောင်းတဲ့ကစားသမားကတော့ Martin Odegaard ပဲဖြစ်ပါတယ်။ သူက တကယ့် ကမ္ဘာ့ထိပ်တန်း Playmaker ကြီးပါ။ အာဆင်နယ်အသင်း အခုမှ ဂိုးသမားသစ်ရလာပါတယ်။ David Raya က အသင်းထဲ အခုမှ ပါဝင်သွားပြီဖြစ်ပါတယ်။ မိုက်ကယ်အာတီတာရဲ့အသင်း ဒီပွဲမှာ ဒူးခေါင်းဒဏ်ရာရထားတဲ့ Gabriel Jesus မရှိသေးပါဘူး။ Urrian Timber နဲ့တစ်ယောက်မှာလည်း ဇက်ကျောဒဏ်ရာရထားတဲ့အတွက် တော်တော်ကြာကြာ အနားယူခဲ့ရလိမ့်မယ်။ Mohamed Elneny လည်း ဒီပွဲ မပါနိုင်သေးပါဘူး။ Oleksandr Zinchenko, Zambi Lokonga နဲ့ Folarin Balokan တို့ကျတော့ အခြေနေစစ်ဆေးပြီးမှ ဆင်းလို့ရမှာဖြစ်ပါတယ်။ အာဆင်နယ်အသင်း ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ်။ Bukayo Saka, Edward Nketiah နဲ့ Gabriel Martinelli တို့က ဂိုးသွင်းဖို့နေရာ တာဝန်ယူထားခဲ့ကြလိမ့်မယ်။

11 Players

Crystal Palace (4-2-3-1) : Johnstone; Ward, Andersen, Guehi, Mitchell; Doucoure, Lerma; Ayew, Eze, Schlupp; Edouard

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Partey; Saka, Nketiah, Martinelli

Missing Players

Crystal Palace – Michael Olise (Hamstring Injury),Nathan Ferguson (Muscle Injury), William Huges

Arsenal – Mohamed Elneny (Knee Injury), Gabriel Jesus (Knee Injury), Jurrien Timber (Cruciate Ligament Rupture), F. Balogun (Foot Injury)

Facebook