ဘောလုံးပွဲကြည့်မယ် ချယ်လ်ဆီး Vs ဘရန်ဖိုတ့် [ 28 Oct 23 - 18:00 hrs]

ဘောလုံးပွဲကြည့်မယ် ဒီပွဲ ချယ်လ်ဆီးတို့ ဒီပွဲ ပရိစတ်တွေရဲ့ ယုံကြည်မှုကို ပိုပြီးအားဖြည့်ပေးသွားမယ်ထင်ပါတယ် ငါတို့သိသလို ချယ်လ်ဆီးအသင်းက ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပဲ ဂိုးတောင်သွင်းနိုင်တယ် သူတို့တိုက်စစ်ပိုင်းက ပြန်ပြီး အားကောင်းနေပြီဆိုတဲ့သဘောပါ နောက်ပြီး ဒီပွဲ သူတို့ပရိသတ်တွေက သူတို့ရဲ့ခြေစွမ်းကို ခေါ်ပေးနိုင်မယ်ထင်တယ် ဘရန်ဖိုတ့်နဲ့ယှဉ်ကြည့်ရင် ချယ်လ်ဆီူအသင်းဟာ တောင့်တင်းမှုရှိတဲ့အသင်းပါပဲ ချယ်လ်ဆီးအသင်း လန်ဒန်ဒါဘီတိုက်ပွဲ တောက်လျှောက်ကစားဖို့ရှိနေပေမယ့် ဒီပွဲမှာတော့ နည်းနည်းလွယ်မယ်ထင်ပါတယ် ဘာလို့လည်းဆိုတော့ ဘရန်ဖိုတ့်အသင်းဟာ ဒီရာသီမှာ ခြေစွမ်းတွေကျဆင်းသွားနေပါပြီ ဒီရာသီ ပွဲကစားပြီး ပွဲလေးပဲ အနိုင်ရရှိခဲ့တယ် ဒီပွဲ ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးမယ်ထင်တယ် ဒါပေမယ့် ဘရန်ဖိုတ့်မှာလည်း ချယ်လ်ဆီးကို လွယ်လွယ်လေး ကစားခွင့်ပေးမယ်မထင်ပါဘူး အရှေ့တိုးပြီး ဖိအားပေးလိမ့်မယ် ချယ်လ်ဆီးရဲ့ခံစစ်ပိုင်း မှားယွင်းတဲ့အချိန်အထိ စောင့်နေလိမ့်မယ် ဒီအပိုင်း တော်တော်သတိထားဖို့လိုပါတယ် နောက်ပြီး ချယ်လ်ဆီးတို့က ကိုယ့်ဂိုးရှေ့ကနေ တိုက်စစ်ဆင်တာ မှားယွင်းမှုတွေ ခန ခနဖြစ်တတ်တယ် ဘရန်ဖိုတ့်ဘက်က ဘယ်လောက်ထိ အခွင့်ရေးယူတတ်မလဲပဲ စောင့်ကြည့်ရလိမ့်မယ် ဘရန်ဖိုတ့်အသင်းဆိုသာ်မှာ ကိုယ့်အသင်းလောက်ပဲ အရည်သွေးရှိတဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရရင် ဂိုးအမြဲသွင်းနိုင်ပါတယ် အဆင့်ဇယားအလယ်ပိုင်းက အသင်းတွေနဲ့ တွေ့ခဲ့ရတာတောင် သူတို့ကို တော်တော်သတိထားဖို့လိုပါတယ် အဲ့ဒီတော့ ဒီနေရာလေး ပိုချက်တီနိုက သေသေချာချာ စီစဉ်ထားဖို့လိုပါတယ် ဒါပေမယ့်လည်း နောက်ဆုံးမှာတော့ ချယ်လ်ဆီးတို့ ခြေစွမ်းပိုပြနိုင်ပြီး ကပ်နိုင်သွားမယ်လို့ ထင်မြင်ထားပါတယ်။

Chelsea : ချယ်လ်ဆီးအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကောင်းပြီး ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိပဲ ၃ ပွဲတောင် အနိုင်ရရှိခဲ့ပါတယ် အသင်းရဲ့ယုံကြည်မှုတွေကတော့ ပြန်ကောင်းသွားပါပြီ နောက်ဆုံး လန်ဒန်ဒါဘီနဲ့တစ်ပွဲကျမှပဲ အာဆင်နယ်နဲ့ ၂-၂ သရေကျလာပါတယ် ဒီရာသီ ၉ ပွဲကစားပြီး လက်ထဲမှာ ၁၂ မှတ်လေးနဲ့ အဆင့် ၁၀ မှာရပ်တည်နေတယ် ချယ်လ်ဆီးအသင်း လောလောဆယ် ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် Christoph Nkunku, Wesley Fofana, Romeo, Lavia, Trevoh, Chalobah, Carney, Chukwuemeka, Armando Broya နဲ့ Ben Chill. Well တို့အားလုံး ဒဏ်ရာရထားကြတယ် အာဆင်နယ်နဲ့ပွဲတုန်းက ဒုတိယကစားသမားအနေနဲ့ ဆင်းကစားခဲ့တဲ့ Reece James ဟာ ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းရမယ်ထင်တယ် ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး ၃ ယောက်ကတော့ Cole Palmer, Mikhilo Mudrik နဲ့ Raheem Sterling တို့ပဲ ဖြစ်မယ်ထင်ပါတယ်။

 

Brentford : ဘရန်ဖိုတ့်အသင်းကျတော့ ဒီရာသီအတွင်း စွမ်းဆောင်ရည်တွေ ကျဆင်းနေပါတယ် နောက်ဆုံးတစ်ပွဲရောက်တော့မှ ဘန်လေကို ၃-၀ နဲ့ အနိုင်ရရှိလာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့လက်ထဲမှာ အမှတ် ၁၀ ရရှိထားပြီး အဆင့် ၁၄ မှာရပ်တည်နေတယ် ဒီပွဲ ဘရန်ဖိုတ့်မှာ Rico Henry, Kevin Charde, Josh da Silva, Shendon Baptiste, Mikkel Damsgaard နဲ့ Keane Lewis-Potter တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Ivan Toney ကျတော့ အကြာကြီးဘန်းခံထိဖို့ရှိနေတယ် ဒါပေမယ့် Aaron Hickey ကျတော့ ဘန်းစာရင်းမှ လွတ်မြောက်လာပါပြီ အသင်းရဲ့ ရွေးချယ်မှု ဖြစ်သွားပါတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အသင်းရဲ့ဂိုးသွင်းသူဖြစ်တဲ့ Brian Mbumo က ဒီပွဲ ဦးဆောင်မှာဖြစ်ပါတယ်။

11 Players

Chelsea (4-2-3-1) : Sanchez; Gusto, Disasi, Silva, Colwill; Fernandez, Caicedo, Gallagher; Palmer, Sterling, Mudryk

Brentford (4-3-3) : Flekken; Collins, Mee, Pinnock; Roerslev, Jensen, Norgaard, Janelt, Hickey; Mbeumo, Wissa

Missing Players

Chelsea – Marcus Bettinelli (unknown injury), Trevoh Chalobah (Thigh problems), Ben Chilwell (Hamstring injury), Wesley Fofana (Cruciate ligament tear), Christopher Nkunku (Knee injury), Malang Sarr (Red Card), A.Broja (Knee Injury), Romeo Lavia (Ankle Injury)

Brentford – Josh Dasilva (Hamstring injury), Mikkel Damsgaard (Knee surgery), Kevin Schade (Adductor injury), Shandon Baptiste (Shoulder injury),Rico Henry(Knee Injury),K.Lewis-Potter (Calf Injury)

Facebook

အာဆင်နယ်အသင်း ပြင်းထန်တဲ့တိုက်ပွဲတွေ တောက်လျှောက်ဝင်လာပေမယ့် ဒီပွဲမှာတော့ ဖိအားတွေ လျော့ကျသွားပါပြီ ဒီပွဲ အိမ်ကွင်းလေးနဲ့ အောက်ဆုံးအဆင့်ဖြစ်တဲ့ရှက်ဖီးလ်ကို လက်ခံကစားရမှာဖြစ်ပါတယ် ရှက်ဖီးလ်အသင်း အတန်းတက်လာကတည်းက အခုထိ တစ်ပွဲမှမနိုင်သေးပါဘူး အာဆင်နယ်ကျတော့ နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်ပဲ သရေကျလာပါတယ် အဲ့ပွဲ ချယ်လ်ဆီးနဲ့တွေ့ပြီး ၂ ဂိုးအရင်သွင်းခံထိခဲ့တယ် ဒါပေမယ့် ကံ‌ေကောင်းလို့ ၂-၂ ဖြစ်အောင် ဂိုးပြန်သွင်းနိုင်ခဲ့ပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့စွမ်းဆောင်ရည် ၉ ပွဲကစားပြီး ၆ ပွဲနိုင် ၃ ပွဲသရေလေးနဲ့ ၂၁ မှတ် ကိုင်ဆောင်ထားပြီး အဆင့် ၃ မှာရပ်တည်နေပါတယ် အဆင့် ၁ ဖြစ်တဲ့စပါးအသင်းရဲ့ နောက်ကနေ ၂ မှတ်လိုက်နေပါတယ် ဒါပေမယ့် ရှက်ဖီးလ်ရဲ့စွမ်းဆောင်ရည်ကျတော့ အိမ်ရှင်အသင်းနဲ့ လုံးဝကွာခြားမှုရှိတယ် နောက်ဆုံးတစ်ပွဲ  မန်ယူနဲ့တွေ့ပြီး ၁-၂ နဲ့ ရှုံးနိမ့်လာတယ် အဲ့ဒီလိုနဲ့ပဲ သူတို့မှာ အခုထိ နိုင်ပွဲတွေနဲ့ မတိုးသေးပါဘူး လက်ထဲမှာ ၁ မှတ်လေးပဲ ပိုင်ဆိုင်ထားပြီး အောက်ဆုံးအဆင့်မှာရပ်တည်နေတယ် ဒီရာသီ ၉ ပွဲကစားပြီး ၈ ပွဲရှုံး ၁ ပွဲသရေဖြစ်ပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့ဖူးတဲ့စံချိန်တွေမှာကျတော့ ၁၁၈ ပွဲရှိပြီး ဘောလုံးပွဲကြည့်မယ် အာဆင်နယ်ဘက်က ၅၁ ပွဲ နိုင်သွားပါတယ် သရေ ၂၇ ပွဲလေးနဲ့ ရှက်ဖီးလ်ဘက်က ၄၀ ပွဲ အနိုင်ရသွားပါတယ် နောက်ဆုံး ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့တစ်ပွဲတုန်းက ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး အာဆင်နယ်ဘက်က ၃-၀ နဲ့ အနိုင်ကောက်ရသွားပါတယ် ဒီပွဲမှာတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးမှာဖြစ်ပြီး ရှက်ဖီးလ်ဘက်ကကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ဒါပေမယ့် ရှက်ဖီးလ်အသင်းရဲ့ ကစားပုံကစားနည်းနဲ့ အခြေခံခြေစွမ်းတွေ အရမ်းကွာနေတဲ့အတွက် အတိကျယူဆလို့မရသေးပါဘူး အာဆင်နယ်အသင်းကျတော့ ယုံကြည်မှုအပြည့်ရှိနေကြပြီး အိမ်ကွင်းလေးနဲ့ အကျောပိုရထားတယ် ဒါပေမယ့်လည်း ပထမဂိုးကို စောစောစီးစီး မသွင်းနိုင်လို့ကတော့ ဖိအားတွေ အများကြီးရှိသွားလိမ့်မယ် နောက်ဆုံးမှာတော့ အာတီတာအသင်းက ယုံကြည်မှုပိုအားကောင်းအောင် ရှက်ဖီးလ်ကို ထုထောင်းလိမ့်မယ်။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်း အခုမှ ချန်ပီယံလိဂ်ထဲက ဆီဗီလာကို ၁-၂ နဲ့ အနိုင်ရရှိလာပါတယ် လိဂ်ပွဲစဉ်ထဲမှာ ချယ်လ်ဆီးနဲ့ ၂-၂ သရေကျခဲ့တယ် ဒီရာသီ ၉ ပွဲကစားပြီး ၂၁ မှတ်လေးနဲ့ အဆင့် ၃ မှာရောက်ရှိနေတယ် အာတီတာအသင်း ဒီပွဲမှာ ဒဏ်ရာရထားတဲ့ Jurrien Timber ကို အသုံးပြုလို့မရသေးပါဘူး ဒဏ်ရာရထားလို့ အကြာကြီးပဲ အနားယူရဦးမှာဖြစ်ပါတယ် Thomas Partey လည်း ကြွက်သားဒဏ်ရာရထားလို့ ဒီပွဲ မပါနိုင်သေးပါဘူး အရင်တစ်ပွဲကမှ ဒဏ်ရာရသွားတဲ့ Gabriel Jesus ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် အာတီတာရဲ့ ပထမ ၁၁ ယောက်ဟာ ဂိုးသမားနေရာ ပရိသတ်တွက Ramdale ကို အခွင့်ရေးပေးဖို့ အကြံပြုပေမယ့် နည်းပြက David Raya ကိုပဲ တာဝန်ပေးထားမယ်ထင်တယ် နောက်ခံကစားသမားကျတော့ ညာဘက်တွင် White ဖြစ်ပြီး ဘယ်ဘက်ကျတော့ Zinchenko ပဲ ဖြစ်လိမ့်မယ် ပြီးရင် ဗဟိုအတွဲကျတော့ Saliba နဲ့ Gabriel တို့ပဲ ဖြစ်လိမ့်မယ် ကွင်းလယ်ပိုင်းကျတော့ Declan Rice, Odegaard နဲ့ Jorginho တို့ကိုပဲ တာဝန်ပေးထားလောက်တယ် တိုက်စစ်မှူး ၃ ယောက်ကိုကျတော့ ညာဘက်တွင် ဆာကာ၊ ဘယ်ဘက်တွင် မာတီနယ်လီ၊ ပစ်မှတ်တိုက်စစ်မှူးမှာ Nketiah ဖြစ်ပါတယ်။

 

Sheffield united : ရှက်ဖီးလ်အသင်းကျတော့ အခုထိ နိုင်ပွဲတွေပျောက်ဆုံးနေပါတယ် ဒီရာသီ ၉ ပွဲကစားပြီး တစ်ပွဲမှမနိုင်သေးပါဘူး သရေ ၁ ပွဲလေးပဲရထားပြီး ကျန်တာအရှုံးဖြစ်ပါတယ် အမှတ် ၁ မှတ်လေးနဲ့အောက်ဆုံးအဆင့်မှာ ရပ်တည်နေတယ် ရာသီစတင်လာကတည်းက အခုထိ ၂၄ ဂိုးသွင်းခံထိသွားပါပြီ လိဂ်ထဲက သွင်းခံထိတဲ့ဂိုးအရေအတွက် အများဆုံးအသင်း ဖြစ်နေတယ် ဒီပွဲ ရှက်ဖီးလ်အသင်းမှာ Chris Basham၊ Norrington Davis၊ Max Lowe၊ Anel Ahmedhosic၊ Daniel Jebbison၊ John Egan နဲ့ Tom Davey တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် George Baldock၊ Williams Osula နဲ့ Oliver McBurney တို့ကျတော့ အခြေနေစစ်ဆေးဖို့ လိုပါသေးတယ် သူတို့က ဒီပွဲ ၄-၄-၂ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ် ဂိုးသမားနေရာ ဖိုဒါရင်းဟမ်ပဲ တာဝန်ယူထားမှာဖြစ်ပြီး နောက်ခံကွင်းလယ်နှစ်ယောက်ကျတော့ အာဆင်နယ်ကစားသမားဟောင်းဖြစ်တဲ့ Robinson နဲ့ Trusty တို့ကိုပဲ တာဝန်ပေးထားမယ်ထင်ပါတယ် ဘယ်-ညာကျတော့ Bogle နဲ့ Thomas တို့ကို တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Hamer၊ Souza နဲ့ Norwood တို့ပဲ ဖြစ်ပြီး ကစားပွဲဖန်တီးဖို့ McArty ကို တာဝန်ပေးထားလောက်တယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Brewster နဲ့ Archer တို့ပဲ ဖြစ်မယ်ထင်ပါတယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Jorginho, Rice; Saka, Nketiah, Martinelli

Sheffield united (4-3-1-2) : Foderingham; Bogle, Trusty, Robinson, Thomas; McAtee, Souza, Norwood, Hamer; Archer, Brewster

Missing Players

Arsenal – Jurrien Timber (Cruciate ligament tear), Bukayo Saka (Thigh problems),Thomal (Muscle Injury)

Sheffield united – John Egan (Foot injury), Chris Basham (Foot injury),George Baldock (Calf Injury),Max Lowe (Ankle Injury),Tom Davies, I.Coulibaly, R.Norrington-Davies(Hamstring Injury),Daniel Jebbison(Groin injury), William Osula

Facebook