ဘောလုံးပေါက်ကြေး

အဲဗာတန် Vs ချယ်လ်ဆီး [ 9 Dec 23 - 20:30 hrs]

ဘောလုံးပေါက်ကြေး အဲဗာတန်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ကောင်းအောင်ပုံစံကောင်းထုတ်ပြနိုင်ပြီး အမှတ်တွေ တောက်လျှောက်ကောက်သိမ်းနိုင်နေပါတယ် ကံဆိုးသွားလို့သာ အမှတ်ဖြတ်ခံထိပြီး အတန်းမဆင်းအောင် ရုန်းကန်နေရပါတယ် ချယ်လ်ဆီးအသင်းကျတော့ နိုင်ချင်လည်းနိုင်မယ် ရှုံးချင်လည်း အလကားနေရှုံးသွားတယ် အဲ့ဒီအခြေနေကြောင့် ဒီရာသီ အဆင့် ၁၀ မှာ တစ်နေတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးကပဲ တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် အဲဗာတန်အသင်းဟာ အိမ်ကွင်းနဲ့ တောင့်တင်းမှုရှိပါတယ် ခံစစ်ပိုင်း အရင်ထက်မာလာပြီး တိုက်စစ်ပိုင်းကလည်း ပိုမိုထိရောက်လာပါတယ် ချယ်လ်ဆီးအသင်းကျတော့ နက်ရှိုင်းစွာခံစစ်ပိတ်တဲ့အသင်းနဲ့ ရင်ဆိုင်ခဲ့ရရင် ခြေစွမ်းလုံးဝမပြနိုင်တော့ပဲဖြစ်သွားတတ်တယ် နောက်ပြီး သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ ကစားသမားတွေလည်း အများကြီးရှိနေတဲ့အတွက် ရွေးစရာတွေက သိပ်မရှိပါဘူး အဲ့ဒီအတွက်ကြောင့် ဒီပွဲ ချယ်လ်ဆီးတို့အတွက် ၃ မှတ်ရဖို့အရေး မလွယ်သေးပါဘူး ၁ မှတ်လေးရပြီးပြန်သွားရရင် တော်တော်ကောင်းနေပါပြီ။

Everton : အဲဗာတန်အသင်း အတန်းဆင်းမယ့်ဇုန်ထဲရောက်အောင် အမှတ်ဖြတ်ခံခဲ့ရပေမယ့် သူတို့ရဲ့ စွမ်းဆောင်ရည်ကတော့ အရမ်းပဲကောင်းနေတယ် နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းတွေပြပြီး နယူးကာဆယ်ကို ၃-၀ နဲ့ အနိုင်ရလာတဲ့အတွက် အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်နိုင်ခဲ့ပါပြီ အခုတလော အဆင့် ၁၇ မှာရပ်တည်ပြီး လက်ထဲမှာ ၁၀ မှတ် ကိုင်ဆောင်ထားပါတယ် အဆင့် ၁၈ ထက် ၁ မှတ်သာပါတယ် ဒီပွဲ သူတို့အသင်းမှာ Dele Alli မရှိသေးပါဘူး သူ့မှာ ဒဏ်ရာရထားပါတယ် Andre Gomes နဲ့ Amadou Onana တို့ကျတော့ အခြေနေစစဆေးဖို့ လိုပါသေးတယ် ဒီပွဲပါနိုင်မလားမသေချာသေးပါဘူး။

 

Chelsea : ချယ်လ်ဆီးအသင်းကျတော့ စွမ်းဆောင်ရည်တွေ တက်လိုက်ဆင်းလိုက်ဖြစ်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက မန်ယူကို ၂-၁ နဲ့ ရှုံးနိမ့်လာပါတယ် အမှတ်ပေးဇယားထဲ အဆင့် ၁၀ မှာရပ်တည်ပြီး လက်ထဲမှာ ၁၉ မှတ် ကိုင်ဆောင်ထားပါတယ် Top4 ထက် ၁၁ မှတ်တောင် ကွာဟနေတယ် ပိုချက်တီနိုအသင်းဟာ ဒီပွဲ Wesley Fofana Ben Chilwell Trevoh Chalobah Noni Madueke Malo Gusto Christoph Nkunku Lesley Ugochuk Wu နဲ့ Carney Chukwuemeka တို့မရှိသေးပါဘူး အားလုံး ဆေးကုသမှုခံယူနေကြပါတယ် Romeo Lavia နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ လိုပါသေးတယ် ပါဖို့မသေချာသေးပါဘူး ဘန်းစာရင်းမှာ လွတ်မြောက်လာတဲ့ Corner Gallagher ကိုကျတော့ ပြန်လည်အသုံးချနိုင်သွားပါပြီ။

11 Players

Everton (4-4-1-1) : Pickford; Patterson, Tarkowski, Keane, Mykolenko; Young, Gueye, Doucoure, McNeil; Harrison; Calvert-Lewin

Chelsea (4-2-3-1) : Sanchez; James, Disasi, Silva, Colwill; Caicedo, Fernandez; Sterling, Gallagher, Palmer; Jackson

Missing Players

Everton – Dele Alli (Partial muscle tear), Amadou Onana (Calf injury)

Chelsea – Trevoh Chalobah (Thigh problems), Ben Chilwell (Hamstring injury), Carney Chukwuemeka (Knee injury), Wesley Fofana (Cruciate ligament tear), Christopher Nkunku (Fitness), Roméo Lavia (Fitness)

Facebook

လူတန်တောင်းအသင်း အခုနောက်ပိုင်းခြေစွမ်းတွေလုံးဝမပြနိုင်ခဲ့ပါဘူး လိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အဆင့် ၁ ဖြစ်တဲ့ အာဆင်နယ်ကို အတတ်နိုင်ဆုံးတိုက်ခိုက်ပြီး ရှုံးနိမ့်လာပါတယ် ဘောလုံးပေါက်ကြေး  ရှုံးပေမယ့် ထိရောက်မှုရှိတယ် ဒီပွဲကျတော့ အရမ်းကောင်းတဲ့ ပရီးမီးယားလိဂ်ထိပ်တန်း မန်စီးတီးအသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် မန်စီးတီးနဲ့တိုက်ခိုက်ဖို့လည်း တော်တော်ပြင်ဆင်ထားလောက်တယ် ခံစစ်ပိုင်းကို ပိုပြီးဦးစားပေးလိမ့်မယ် အမှတ်လေးဘာလေး ရမလားပေါ့ မန်စီးတီးအသင်းကျတော့ လိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ ၄ ပွဲစလုံး သရေကျသွားတယ် ဒီပွဲ အဓိကကစားသမားအားလုံးနီးပါး ပြန်ရလာပြီဆိုတော့ ပက်က အမှတ်ရအောင် တိုက်ခိုက်ဖို့တိုက်တွန်းလိမ့်မယ် မန်စီးတီးဘက်က အပီကစားဖို့ ရှိပါတယ် နှစ်သင်းစလုံးရဲ့ အရည်အချင်းနဲ့ အစစအရာရာယှဉ်ကြည့်ရင် မန်စီးတီးဘက်က အရမ်းပဲပိုသာပါတယ် အနိုင်ပွဲတွေ တအားပျောက်ဆုံးနေတဲ့အတွက် ဒီပွဲမှာပဲ ပေါက်ကွဲပြမယ်ထင်ပါတယ် အပီခံရမယ့်အသင်းကတော့ လူတန်တောင်းကြီးဖြစ်နေတယ် ပြန်ခုခံဖို့လည်း မရှိလောက်ပါဘူး ကိုယ့်အိမ်ကွင်းဆိုပေမယ့် ခံပဲခံနေရလိမ့်မယ်

Luton Town : အိမ်ရှင်လူတန်တောင်းအသင်းဟာ စွမ်းဆောင်ရည်တွေ အသက်ရှူကြပ်နေတုန်းဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းလေးနဲ့ အာဆင်နယ်ကို ၃-၄ ရှုံးလာတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲ စံချိန်ထဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်ဖို့ အခုကတည်းက စလုပ်မှရတော့မယ် နို့မို့ဆို ဒီထက်ခက်လိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ ကစားသမားတွေ အများကြီးပဲရှိနေတယ် Dan Potts, Mads Andersen, Reece Berg, Marvelous Nakamba, Alfie Doughty, Tom Lockyer နဲ့ Cauley Woodrow တို့ကစတဲ့ကစားသမားအားလုံး ဒဏ်ရာရထားကြပါတယ် ဘန်းခံထိသွားတဲ့ကစားသမားကတော့ လူဦးရေတိုးမလာခဲ့ပါဘူး ဒီပွဲ သူတို့အသင်းနည်းပြက ခံစစ်ပိုင်းနေရာ Gabriel Ocho, Amari Bell, Teden Mengi နဲ့ Issa Cabore တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာ Pele Reddock Mpansu, Ross Barkley, Alfie Doughty နဲ့ Andros Townsend တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Jacob Brown နဲ့ Elijah Adebayo တို့ကိုပဲ ပြိုင်ဘက်ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်တယ်။

Manchester City : မန်စီးတီးအသင်းကျတော့ လတ်တလော စွမ်းဆောင်ရည်ထစ်ခနဲဖြစ်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာကို ၀-၁ နဲ့ ကပ်ရှုံးလာတယ် အဲ့ဒီတော့ ပမှတ်ပေးဇယားထဲ အဆင့် ၄ မှာရပ်တည်နေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် ဒီရာသီ ချန်ပီယံလမ်းခရီးကို ဆက်စဉ်ချင်သေးတယ်ဆိုရင်တော့ ပုံစံကောင်းပြန်ရအောင် ကြိုးစားဖို့လိုပါတယ် ဒီပွဲ သူတို့မှာ Kevin de Bruyne နဲ့ Matheus Nunes တို့ကို အသုံးမပြုနိုင်သေးပါဘူး နှစ်ယောက်လုံး ဒဏ်ရာရထားကြပါတယ် ကြားထဲမှာ Jeremy Dogu ရဲ့အခြေနေကိုလည်း စစ်ဆေးရဦးမယ် ဘန်းခံထိသွားတဲ့ကစားသမားကတော့ မရှိပါဘူး ဒီပွဲ ပက်က သူ့ရဲ့ခံစစ်ပိုင်းနေရာ Kyle Walker, Ruben Dias, John Stones နဲ့ Manuel Akanji တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာ Rodri, Phil Foden, Bernardo Silva နဲ့ Julian Alvarez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ဂိုးသွင်းဖို့ တိုက်စစ်ပိုင်းနေရာကျတော့ Jack Grealish နဲ့ Erling Haaland တို့ကိုပဲ တာဝန်ပေးထားလောက်တယ်။

11 Players

Luton Town (4-2-3-1-) : Kaminski; Bell, Osho, Mengi; Ogbene, Barkley, Mpanzu, Doughty; Townsend, Adebayo, Morris

Manchester City (3-4-2-1) : Ederson; Walker, Dias, Ake; Stones, Rodri; Silva, Alvarez, Foden, Grealish; Haaland

Missing Players

Luton Town – Daniel Potts(Knock Injury), Tom Lockyer (Back Injury),C.Woodrow (Calf Injury),M.Nakamba (Knee Injury), Reece Burke, A.Lokonga

Manchester City – Kevin De Bruyne (Partial muscle tear), Zack Steffen (Knee surgery)

Facebook

စပါးအသင်း ရာသီစစလာခြင်းတုန်းက ခြေစွမ်းတော်တော်ပြနိုင်ခဲ့ပါတယ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိအောင်ပြနိုင်တယ် ဒါပေမယ့်ပဲ ဒဏ်ရာရထားမှုပြသာနာ ဖြစ်ပေါ်ပြီးနောက် ၃ ပွဲဆက်တိုက် တန်းရှုံးသွားပါတယ် အဲ့ကနေပြီးတော့ ပုံစံကောင်းရဖို့ မန်စီးတီးနဲ့ ၃-၃ သရေကျအောင် ကြိုးစားနိုင်လို့ ယုံကြည်မှု နည်းနည်းပါးပါး ပြန်ရလာလောက်ကြတယ် နယူးကာဆယ်အသင်းမှာလည်း ဒဏ်ရာရထားတဲ့ကစားသမားတွေ များများလာလို့ အချို့ပွဲတွေမှာ ခြေစွမ်းမပြနိုင်ခဲ့ပါဘူး ဒါပေမယ့် အမှတ်ပေးဇယားထဲက အဆင့်တွေကတော့ အဆင်ပြေနေတုန်းဖြစ်ပါတယ် ထိပ်ပိုင်းမှာပဲ ရပ်တည်နေတယ် ပြီးတော့ အမှတ်တွေလည်း အရမ်းကွာဟမှုမရှိအောင် ထိန်းနိုင်ကြတယ် ဒါပေမယ့် ချန်ပီယံလမ်းခရီး ဆက်စဉ်ချင်သေးတယ်ဆိုရင်တော့ ဒီကနေစပြီး ဘောလုံးပေါက်ကြေး ရာသီကုန်တဲ့အထိ ပုံစံကောင်းပြနိုင်အောင် ကြိုးစားဖို့လိုပါတယ် နှစ်သင်းစလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၁၆၈ ပွဲထဲမှာ စပါးဘက်က ၇၃ ပွဲနိုင်သွားပါတယ် ၃၄ ပွဲသရေကျပြီး နယူးကာဆယ်ဘက်က ၆၁ ပွဲ အနိုင်ရရှိခဲ့ပါတယ် အရင်ရာသီတုန်းကကျတော့ ၂ ပွဲတွေ့ခဲ့ကြပြီး န
ယူးကာဆယ်ဘက်ကပဲ ၂ ပွဲစလုံး အနိုင်ရရှိခဲ့တယ် အသင်းရဲ့အဆင်သင့်ပိုင်းမှာ နယူးကာဆယ်ဘက်က ပိုနစ်နာပေမယ့် ယုံကြည်မှုနဲ့ စွမ်းဆောင်ရည်တွေကျတော့ စပါးထက် တော်တော်ကြည့်ကောင်းပါတယ် နောက်ဆုံး ၄ ပွဲကစားပြီး ၁ ပွဲလေးပဲရှုံးထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်ပဲ အဲဗာတန်ကို ၀-၃ နဲ့ရှုံးနိမ့်ခဲ့ပေမယ့် ပွဲပြီးခါနီးမှသာ ခံခဲ့ရတာပါ ကိုယ်ချင်းစာပါတယ် စပါးအသင်းကျတော့ အခြေနေဆိုးပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် အမှတ်ပေးဇယားထဲ အဆင့် ၅ မှာရပ်တည်နေပေမယ့် အမှန်တိုင်းပြောင်ရင် Top3 ထဲ ပါသင့်တာကြာပြီ ဒါပေမယ့် သူတို့မှာ မှားယွင်းမှုကို မထိန်းချုပ်နိုင်လို့ အဲ့ ၅ ပွဲထဲနဲ့ ၁၃ ဂိုးတောင် သွင်းခံထိသွားတယ် အခုနောက်ပိုင်း အခြေခံခြေစွမ်း ပိုထိန်းနိုင်တဲ့နယူးကာဆယ်အသင်း အနည်းဆုံးတစ်မှတ်လောက်တော့ ရပြီးပြန်သွားနိုင်မှာသေချာတယ်။

Tottenham Hotspur : စပါးအသင်းဟာ အဆင့် ၁ အသင်းရဲ့နောက်ကနေ ၉ မှတ်တောင်လိုက်နေရပါတယ် အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ဆိုးနေတယ် အိမ်ကွင်းနဲ့နောက်ဆုံးတစ်ပွဲတုန်းကလည်း ဂိုးအရင်သွင်းနိုင်ခဲ့တာတောင် ၁-၂ နဲ့ ပြန်ရှုံးခဲ့တယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့စံချိန်က ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ အဲ့ထက်ဆိုးတာ အိမ်ကွင်းနဲ့ ၃ ပွဲဆက်တိုက် ရှုံးနိမ့်သွားပြီဖြစ်ပါတယ် သူတို့ရဲ့ အချို့အဓိကကစားသမားတွေ ဒဏ်ရာရထားလို့ အသင်းရဲ့ အရည်သွေးနဲ့ ထိခိုက်သွားတာလည်းပါတယ် ခံစစ်ပိုင်းကလည်း ဂိုးသွင်းခံထိနေတယ် နောက်ဆုံး ၆ ပွဲတုန်းကဆိုရင် ၁၄ ဂိုးတောင် သွင်းခံထိသွားပါတယ် ကိုယ့်အမှားနဲ့ကိုယ် ဂိုးသွင်းခံထိသွားတာဖြစ်ပါတယ် တိုက်စစ်ပိုင်းကျတော့ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်ပေမယ့် မလုံလောက်သေးပါဘူး အခွင့်ရေးဖြုန်းတီးတဲ့ထဲ ရှိနေတုန်းပါ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့သူနဲ့ ဘန်းခံထိသွားတဲ့သူတွေ လူဦးရေ တိုးမလားသေးပါဘူး Son Heung Min နဲ့တစ်ယောက်လောက်ပဲ အခြေနေစစ်ဆေးဖို့လိုတယ် ဒီပွဲ စပါးအသင်း ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ် Son က Striker အနေနဲ့ ဂိုးသွင်းဖို့ ဆင်းလိမ့်မယ် Johnson, Dejan Kulusevski နဲ့ Richarlison တို့ကျတော့ တိုက်စစ်ပိုင်းကနေ ပံ့ပိုးဖို့ ဆင်းကစားလိမ့်မယ်။

 

Newcastle United : နယူးကာဆယ်အသင်းမှာလည်း အဓိကကစားသမားအချို့ ဒဏ်ရာရသွားကြပါတယ် အဲ့ဒီလိုနဲ့ပဲ ကွင်းထဲကအခြေနေနဲ့ အရမ်းထိခိုက်သွားတယ် နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်ကို ၀-၃ နဲ့ ရှုံးနိမ့်လာပါတယ် ဂိုးသွင်းခံထိသွားအောင် ကိုယ့်အမှားကြောင့်လည်းဖြစ်တယ် နောက်ပြီး တိုက်စစ်မှူးတွေကလည်း ဂိုးပြတ်သားမှုမရှိဘူး အခွင့်ရေးအကြိမ်ကြိမ်ရတာတောင် ဂိုးမသွင်းနိုင်ဘူး အဲ့တာနဲ့ပဲ ပွဲပြီးခါနီးအချိန်မှာ စိတ်ဖိအားတွေနဲ့ တန်းပြီးရင်ဆိုင်ခဲ့ရပါတယ် လတ်တလော Top4 နေရာနဲ့ ၅ မှတ်ကွာဟနေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်း အရေးကြီးပါတယ် Eddie Howe အသုံးချတဲ့ ကစားသမားအဖွဲ့အစုကျတော့ ဒီ ၁၅ ရက်အတွင်းမှာ တစ်စုထဲကိုပဲ အသုံးပြုလာတာ ၄ ပွဲဆက်တိုက်ရှိသွားပါပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမား ၁၁ ယောက်ကိုတောင် အသုံးပြုလို့မရသေးပါဘူး ဒီပွဲ Howe က ၄-၃-၃ စနစ်စီစဉ်ထားမယ်ထင်တယ် တိုက်စစ်ပိုင်းကနေ ဂိုးသွင်းဖို့နေရာ Miguel Almiron, Alexander Isak နဲ့ Anthony Gordon တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Bruno Guimaraes ကိုပဲ အဓိကတာဝန်ပေးထားလောက်တယ်။

11 Players

Tothemhot Spurs (4-2-3-1-) : Vicario; Porro, Romero, Davies, Udogie; Sarr, Bissouma; Kulusevski, Lo Celso, Richarlison; Son

Newcastle United (4-3-3) : Dubravka; Trippier, Lascelles, Schar, Livramento; Joelinton, Guimaraes, Miley; Almiron, Isak, Gordon

Missing Players

Tottenham Hotspur – Ashley Phillips (Ankle injury), Ivan Perisic (Cruciate ligament tear), Manor Solomon (Meniscus injury), Rodrigo Bentancur (Torn ankle ligaments), Alfie Whiteman (Ankle injury), Ryan Sessegnon (surgery), James Maddison (Ankle injury), Micky van de Ven (Hamstring injury)

 

Newcastle United – Nick Pope (Shoulder injury), Sven Botman (Knee injury), Callum Wilson (Hamstring injury), Joe Willock (Achilles tendon problems), Jacob Murphy (Shoulder injury), Harvey Barnes (Foot injury), Dan Burn (Back injury), Sean Longstaff (Ankle injury), Matt Targett (Hamstring injury), Elliot Anderson (Back injury)

Facebook