ဘောလုံးပေါက်ကြေးနှင့် ဘောလုံးသတင်း

အင်္ဂလန် Vs ဆလိုဗက်ကီးယား [ 30 Jun 24 - 22: 30 hrs]

ဘောလုံးပေါက်ကြေးနှင့် ဘောလုံးသတင်း ဒီပွဲမှာတော့ စွမ်းဆောင်ရည် နီးစပ်တဲ့အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် နောက်ဆုံး ၅ ပွဲသီးသန့်စံချိန်ယူကြည့်ရင် ဆလိုဗက်ကီးယားဘက်က ပိုကြည့်ကောင်းတယ် ၃ ပွဲနိုင် ၁ ပွဲ သရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အင်္ဂလန်အသင်းကျတော့ ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၆ ပွဲ တုန်းကကျတော့ အင်္ဂလန်ဘက်က ပိုသာပြီး ၅ ပွဲ နိုင်သွားပါတယ် ၁ ပွဲသရေလေးနဲ့ ဆလိုဗက်ကီးယားဘက်က တစ်ပွဲမှ ပြန်မနိုင်ခဲ့ပါဘူး ဒီပွဲမှာတော့ အင်္ဂလန်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဆလိုဗက်ကီးယားတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားလိမ့်မယ် သူတို့က အချိန်ပိုရတဲ့အထိ သို့မဟုတ် ပင်နယ်တီနဲ့ ဆုံးဖြတ်ရတဲ့အထိ အချိန်ဆွဲလိမ့်မယ် ဒီပွဲ မိနစ် ၉၀ လုံးလုံး ပရိသတ်တွေရဲ့ စိတ်တိုင်းကျကျ ဖြစ်မယ်မထင်ပါဘူး အင်္ဂလန်အသင်းက ဘောလုံးကို ဟိုပို့ဒီပို့ အပေါက်ရှာမယ် လွှတ်ပေါက်မတွေ့ရင် အရင်တစ်ပွဲတွေလို ဘောလုံးကို အနောက်ပြန်ပို့လိမ့်မယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့စံချိန်မှာတော့ အင်္ဂလန်ဘက်က တော်တော်ပဲပိုသာပါတယ် ဒါပေမယ့် ပြီးခဲ့တဲ့ပွဲတွေရဲ့ စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် အင်္ဂလန်ဘက်က အနိုင်ရသွားမယ့်နည်းလမ်းမတွေ့သေးပါဘူး သူတို့ရဲ့ အခါင့်အရေးဖန်တီးမှုနဲ့ ဂိုးပြတ်သားမှု အားနည်းနေတယ် ခံစစ်ပိုင်းကလည်း အာရုံမထိန်းနိုင်ကြဘူး ဆလိုဗက်ကီးယားတို့ကျတော့ ခံစစ်အားကောင်းတယ် Transition နဲ့ မြောက်ဘောကို ကောင်းကောင်းလေး ကိုင်တွယ်နိုင်ရင်တော့ အနိုင်ရသွားတဲ့အထိ မျှော်လင့်လို့ရပါတယ် ဒီပွဲ အင်္ဂလန်အတွက် ပြောင်းလဲမှုရှိလာမယ်လို့ ယုံကြည်ထားပါတယ် ကွင်းလယ်ပိုင်းကို ကောင်းကောင်းပြင်ထားရင်တော့ အနိုင်ရတဲ့အထိ ရည်ရွယ်လို့ရပါတယ် အရင်အတိုင်းပဲဆိုရင်တော့ ပင်ပန်းလိမ့်မယ်။

England – အင်္ဂလန်အသင်း အုပ်စုစီရဲ့ အဆင့် ၁ အနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် သူတို့ရဲ့စွမ်းဆောင်ရည်ကတော့ သိပ်မကောင်းသေးပါဘူး ဆလိုဗေးနီးယားနဲ့ပွဲတုန်းကတောင် ၀-၀ နဲ့ပဲ သရေကျလာပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် နောက်တစ်ဆင့် တက်လှမ်းဖို့ ဒီပွဲ အကောင်းဆုံးကစားသမားတွေကို အသုံးချသွားလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ခြေစွမ်းကောင်းခံစစ်မှူး လုရှောကို ကိုင်တွယ်လို့မရသေးပါဘူး အခြေနေစစ်ဆေးဖို့လိုနေပါသေးတယ် Phil Foden နဲ့တစ်ယောက်လည်း အရန်ထိုင်ခုံမှာ အရင်ဆင်းထိုင်ရမယ်ထင်တယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ အဆင်ပြေဆုံး ကစားသမားအဖွဲ့အစု မတွေ့သေးပါဘူး သတင်းကောင်တစ်ခုကတော့ ဒီပွဲ လုရှောက အရန်ထိုင်ခုံမှာ ရှိနေလိမ့်မယ် ကွင်းလယ်နေရာမှာ Codnor Gallagher အစား မန်ယူမှ Kobby Mainoo ဆင်းရမယ်ထင်တယ် Phil Foden ကျတော့ သူ့ဇနီး မီးဖွားတာကိုကြည့်ပြီး ပြန်လာပြီဆိုတော့ ပထမကစားသမားအနေနဲ့ ဆင်းဖို့အဆင်သင့်ဖြစ်နေပါပြီ လျှပ်စစ်စက်ဘီးစီးပြီး မတော်မဆ ဒဏ်ရာရသွားတဲ့ အန်တိုနီဂေါ်ဒွန်က ဒဏ်ရာပြင်းထံမှုမရှိတဲ့အတွက် ဒီပွဲ ပါဝင်ကစားနိုင်မယ်ထင်ပါတယ် Cole Palmer ရောပဲ ကွင်းဘေးမှာရှိနေမယ် အသင်းကပ္ပတိန်ဖြစ်တဲ့ ဟယ်ရီကိန်းက Striker နေရာမှာ တာဝန်ယူးထားလိမ့်မယ်။

Slovakia – ဆလိုဗက်ကီးယားအသင်းကျတော့ အကောင်းဆုံး ၃ သင်းထဲကအသင်းအဖြစ် ဒီအဆင့်ကို တက်ရောက်လာပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ရိုမေးနီးယားနဲ့ ၁-၁ သရေကျပြီး အုပ်စုအီရဲ့ အဆင့် ၃ အနေနဲ့ ဒီအဆင့်ကို ရောက်ရှိလာတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ဒီပွဲ သူတို့ဆီမှာ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိထားတဲ့ကစားသမားတွေ မရှိပါဘူး ကစားသမားအားလုံးပဲ အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Martin Dubavka ကို တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာမှာ Peter Pekaric, Denis Vavro, Milan Skriniar နဲ့ David Hanschko တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာကျတော့ Yurai Kuchka, Stanislav Lobotka, Ondrej Duda တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာမှာ Use Ivan Schranz, Robert Bocenik နဲ့ Lukas Haraslin တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

England (4-2-3-1) : Pickford; Walker, Stones, Guehi, Trippier; Mainoo, Rice; Saka, Bellingham, Foden; Kane

Slovakia (4-3-3) : Dubravka; Pekarik, Vavro, Skriniar, Hancko; Kucka, Lobotka, Duda; Schranz, Bozenik, Haraslin

Missing Players

England – Phil Foden (Doubtful), Luke Shaw

Slovakia

Facebook

Spain –စပိန်အသင်း အုပ်စုအဆင့်ပြိုင်ပွဲတုန်းက ကောင်းကောင်းလေး စွမ်းဆောင်နိုင်တယ် ၃ ပွဲကစားပြီး ၉ မှတ်အပြည့် သိမ်းစည်းနိုင်ပါတယ် ၅ ဂိုးသွင်းနိုင်ပြီး တစ်ဂိုးမှ ပြန်သွင်းခံမထိခဲ့ပါဘူး သူတို့မှာလည်း ချန်ပီယံဖြစ်မယ့်ထဲကတစ်သင်းဖြစ်ပါတယ် စပိန်အသင်းက ဘောလုံးကိုင်တွယ်မှုအားနည်းတယ် ဒါပေမယ့် ဘောလုံးအပေးအယူကောင်းတယ် သွက်တယ် အဓိက တောင်ပံနှစ်ဖက်မှာရှိနေတဲ့ Lamine Yamal နဲ့ Nico Williams တို့က ဘောလုံးကိုင်တွယ်တတ်တယ် ဂိုးလည်း ပြတ်သားတယ် စပိန်ရဲ့ အဓိကလက်နက်လို့တောင် ယူဆလို့ရပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ မန်စီးတီးမှ ကွင်းလယ်ခံစစ်မှူး ရိုဒရီကို ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ အခုတလော ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိထားတဲ့ကစားသမားတွေ မရှိတော့ပါဘူး အဓိကကစားသမားအားလုံး အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ စပိန်အသင်းက ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Unai Simons ဖြစ်ပြီး ခံစစ်ပိုင်းနေရာမှာ Dani Carvajal, Robin Le Normand, Emmerich Laporte နဲ့ Marc Cucurella တိုပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာမှာ Pedri, Rodri, Fabian Ruiz တို့ သုံးယောက်ဖြစ်ပြီး တိုက်စစ်ပိုင်းနေရာမှာကျတော့ Lamine Yamal, Alvaro Morata, Nico Williams တို့ပဲ ဖြစ်ပါလိမ့်မယ်။

Georgia – ဂျော်ဂျီယာအသင်းကျတော့ အုပ်စု F မှာ အဆင့် ၃ အနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် မထင်မှတ်ပဲ ရောက်လာတာဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်ပဲ ပေါ်တူဂီကို နိုင်သွားတယ် အဲ့ဒီလိုနဲ့ပဲ သူတို့လက်ထဲ ၄ မှတ်ရှိပြီး ၄ သင်းထဲက အကောင်းဆုံး ၃ သင်းထဲ ပါသွားခဲ့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ စပိန်နည်းပြရဲ့ ကစားသမားမှာ ဒဏ်ရာရသွားတဲ့သူမရှိသလို ဘန်းခံထိထားတဲ့သူလည်း မရှိပါဘူး ဒီပွဲ အဓိက ၁၁ ယောက်ကို ကိုင်တွယ်လို့ရနေပါတယ် ဒီပွဲ သူတို့ ၃-၅-၂ စနစ်နဲ့ ဂိုးသမားနေရာ Mamardashvili ကို တာဝန်ပေးပြီး ခံစစ်နေရာမှာ Tsitaishvili, Dvali, Kashia, Kverkvelia နဲ့ Kakabadze တို့ငါးယောက်ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာ ကစားပွဲဖန်တီးဖို့ Kochorashvili, Kiteishvili, Chakvetadze တို့ကိုပဲ တာဝန်ပေးထားပြီး တိုက်စစ်ပိုင်းမှာ Kvaratskhelia, Mikautadze တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

ဒီပွဲ မျှော်လင့်ချက်ကွားခြားတဲ့ အသင်းနှစ်သင်းရဲ့ ပြိုင်ပွဲဖြစ်ပါတယ် စပိန်အသင်းက ခြေစွမ်းကောင်းကောင်းပြပြီး အုပ်စုချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာတယ် ဂျော်ဂျီယာတို့ကျတော့ မထင်မှတ်ပဲ ဒီအဆင့်ကို တက်ရောက်လာတယ် နှစ်သင်းစလုံးရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ စပိန်ဘက်က ပိုကြည့်ကောင်းပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၅ ပွဲလုံး အနိုင်ရသွားပါတယ် ဂျော်ဂျီယာတို့ကျတော့ ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲမရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၇ ပွဲမှာ စပိန်ဘက်က ၆ ပွဲတောင် အနိုင်ရသွားပါ ဘောလုံးပေါက်ကြေးနှင့် ဘောလုံးသတင်း  တယ် ကျန်တဲ့တစ်ပွဲကတော့ ဂျော်ဂျီယာဘက်က နိုင်သွားပါတယ် ဂျော်ဂျီယာအသင်း ဒီပွဲ ခံစစ်မှူး ၅ ယောက်နဲ့ ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ် သူတို့ရဲ့ တိုက်စစ်မှူးနှစ်ယောက်က အတွေ့အကြုံရှိတယ် ဂိုးဘောင်နဲ့တည့်အောင် ဂိုးသွင်းတတ်တယ် ဒါပေမယ့် စပိန်ရဲ့ တိုက်စစ်ပိုင်းကို ခံနိုင်မှ အဲ့လိုအခွင့်အရေးမျိုး ရမှာဖြစ်ပါတယ် ကွင်းလယ်နေရာမှာ အပေါက်သေသေချာချာ ပိတ်ထားဖို့လိုတယ် ဒီလိုကစားပွဲအဆင့်မှာ စပိန်အသင်းက ဂိုးအရင်ဦးအောင် စွမ်းဆောင်တတ်တယ် အဲ့ဒီတော့ သူတို့ တိုက်စစ်ဆင်တဲ့အခါ သူတို့ဂိုးရှေ့မှာ အပေါက်တော်တော်ကျယ်လိမ့်မယ် အဲ့ခါကျရင် ပေါ်တူဂီနဲ့ပွဲတုန်းကလို ဂျော်ဂျီယာတို့ရဲ့ အခွင့်အရေး ပြန်ဖြစ်သွားလိမ့်မယ် ဂျော်ဂျီယာက စပိန်တို့ရဲ့ သွက်လက်ချက်ကို တားဆီးဖို့ စီစဉ်ထားမှာသေချာတယ် ဒီပွဲ ဂျော်ဂျီယာဘက်က တစ်ဂိုးလောက်တော့ သွင်းနိုင်မယ်ထင်တယ် ဒါပေမယ့် တစ်ပွဲလုံး တိုက်စစ်ဆင်ကစားနည်း စုံလင်တဲ့စပိန်ကိုတော့ မခံနိုင်လောက်ပါဘူး ဒီပွဲ စပိန်ဘက်က နိုင်မှာတော့ သေချာပေမယ့် တော်တော်ပင်ပန်းလိမ့်မယ်။

11 Players 

Spain (4-3-3) : Simon; Carvajal, Le Normand, Laporte, Cucurella; Pedri, Rodri, Ruiz; Yamal, Morata, Williams

Georgia (5-3-2) : Mamardashvili; Tsitaishvili, Dvali, Kashia, Kverkvelia, Kakabadze; Kochorashvili, Kiteishvili, Chakvetadze; Kvaratskhelia, Mikautadze

Missing Players

Spain – Nacho (Muscle Injury),Ayoze (Pulled Muscle)

Georgia – Anzor Mekvabishvili (Yellow card suspension)

Facebook