ဘောလုံးချစ်ပရိတ်သက်များ

အာဆင်နယ် Vs ဘရိုက်တန် [17 Dec 23 - 20:30 hrs]

ဘောလုံးချစ်ပရိတ်သက်များ နှစ်သင်းစလုံးက ထိုးစစ်ပိုင်းဦးစားပေးတဲ့အသင်းမျိုး ဖြစ်နေကြတဲ့အတွက် တော်တော်စိတ်ဝင်စားစရာကောင်းပါတယ် အာဆင်နယ်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည် ကျဆင်းသွားပေမယ့် ချန်ပီယံလမ်းခရီးပေါ်မှာတော့ ရောက်ရှိနေတုန်းပါ ဘရိုက်တန်အသင်းကျတော့ တိတ်တိတ်လေးဆိုပေမယ့် ဥရောပဇုန်ထဲတော့ ပါနေတုန်းဖြစ်ပါတယ် သူတို့အခြေနေက ပြန်ကောင်းနေပါတယ် နောက်ဆုံး ၃ ပွဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး ဒီပွဲမှာတော့ သူတို့ဘက်က တိုက်စစ်ဆင်ပြီး ဝင်လုံးမှာထက် ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် ဘာကြောင့်လဲဆိုတော့ သူတို့ရဲ့အင်အားတွေက အဲ့လောက်ထိမပြည့်စုံသေးလို့ပါ မထင်မှတ်ပဲ ဒဏ်ရာထပ်ရသွားရင် ပိုဆိုးနိုင်ပါတယ် နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် အာဆင်နယ်ဘက်က ပိုသာပါတယ် ဒါပေမယ့်လည်း ဂိုးပြတ်သားမှုကျတော့ ဘရိုက်တန်ထက် ကောင်းနိုင်မလားမသိပါဘူး ဘရိုက်တန်အသင်းကျတော့ လောလောဆယ် တက်ကြွနေတယ် ဒီပွဲ တော်တော်ကြည့်ကောင်းလောက်တယ် အချင်းချင်း အခွင့်ရေးကြုံရင် ကြုံသလို တိုက်စစ်ဆင်ပြီး ဝင်လုံးလိမ့်မယ် အလှည့်ကျ ခုခံသွားလိမ့်မယ် အာကြီးတို့က ကိုယ့်အိမ်ကွင်းမို့လို့ အားပေးသံကြောင့် ပိုပြီးခွန်းအားကောင်းလိမ့်မယ် ဒါပေမယ့် ဘရိုက်တန်က ဘာကိုဘာမှဂရုစိုက်မနေပဲ ဝင်လုံးမယ် အဲ့တာနဲ့ အာရုံစိုက်မှု၊ ပြတ်သားမှုနဲ့ မှားယွင်းမှုချင်း ယှဉ်ပြိုင်ရလိမ့်မယ် ဘရိုက်တန်တို့က တိုက်စစ်ဆင်းပြီး အမှားပေါ်လာလို့ ဂိုးပြန်သွင်းခံထိတာမျိုး ခန ခန မြင်ရတယ် အဲ့အားနည်းချက်က အာတီတာအတွက် အခွင့်ကောင်းတစ်ခု ဖြစ်လိမ့်မယ် ဂိုးမြန်မြန်သွင်းပြီး ခံစစ်ပြေးပိတ်တာမျိုး စီစဉ်ထားကြလောက်တယ် ဒီပွဲမှာတော့ သွင်းဂိုးများများနဲ့ ပြီးဖို့ရှိပါတယ် အနိုင်ရရှိသူကတော့ အာဆင်နယ်ဖြစ်ဖို့ ပိုများပါတယ်။

Aresenal : အိမ်ရှင်အာဆင်နယ်အသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက အက်စတွန်ဗီလာကို ၁-၀ နဲ့ရှုံးပြီး ယူဖာချန်ပီယံလိဂ်ပွဲစဉ်မှာ PSV နဲ့ ၁-၁ သရေကျခဲ့ပါတယ် အဲ့ဒီလိုနဲ့ပဲ အမှတ်ပေးဇယား အဆင့် ၂ မှာရပ်တည်နေပြီး လက်ထဲမှာ ၃၆ မှတ် ကိုင်ဆောင်ထားပါတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ထက် ၁ မှတ်ထဲပဲ နည်းပါတယ် အာတီတာရဲ့အသင်းမှာ ဒီပွဲ Jurrien Timber မရှိသေးပါဘူး ဒဏ်ရာရထားလို့ အကြာကြီးပဲ အနားယူနေရတယ် သောမတ်စ်ပါတေးက ခြေထောက်ဒဏ်ရာ Takehiro Tomiyasu လည်း အတူတူပဲ ဒဏ်ရာရထားတယ် Fabio Vieira နဲ့တစ်ယောက်လည်း အခုမှဒဏ်ရာသက်သာခါစမို့လို့ မဆင်းနိုင်လောက်သေးပါဘူး အဲ့တာနဲ့ အာတီတာက အသုံးပြုနေကြကစားသမားအဖွဲ့အစုကိုပဲ ဆက်လက်အသုံးပြုဖို့ရှိပါတယ် ခံစစ်ပိုင်းနေရာ Ben White, William Saliba, Gabriel Magalhaes နဲ့ Oleksandr Zinchenko ကို တာဝန်ပေးထားပြီး Martin Odegaard, Declan Rice နဲ့ Kai Havertz တို့ကိုကျတော့ ကစားပွဲဖန်တီးဖို့ ကွင်းလယ်နေရာမှာ တာဝန်ပေးထားလောက်ပါတယ် အရှေ့ဆုံးတိုက်စစ်ပိုင်းကျတော့ They are Gabriel Jesus, Bukayo Saka နဲ့ Gabriel Martinelli တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Brighton : ဘရိုက်တန်အသင်းကျတော့ ခြေစွမ်းကောင်းလိုက်ဆိုးလိုက်ဆိုပေမယ့် ဥရောပဇုန်ထဲတော့ ပါဖို့ရှိနေသေးတယ် အရင်တစ်ပွဲတုန်းက ယူရိုပါလိဂ်ပွဲစဉ်ဖြစ်ပြီး မာဆေးလ်ကို ၁-၀ နဲ့ အနိုင်ကောက်ရလာတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဘန်လေနဲ့ ၁-၁ သရေကျလာတယ် အမှတ်ပေးဇယား အဆင့် ၈ မှာရပ်တည်နေပြီး လက်ထဲမှာ ၂၆ မှတ် ပိုင်ဆိုင်ထားပါတယ် Roberto de Zerbi နည်းပြမှာ ဒီပွဲ Julio Enciso, Pervis Estupian, Ansu Fati, Tariq Lamptey, Solly March နဲ့ Danny Welbeck တို့ကို အသုံးချလို့မရသေးပါဘူး Adam Webster နဲ့တစ်‌ယောက်ကျတော့ ဒဏ်ရာနည်းနည်းပဲရထားတော့ ဒီပွဲ ပါနိုင်မယ့်အနေအထား ရှိပါတယ် de Zerbi နည်းပြက ဒီပွဲ ခံစစ်ပိုင်းနေရာ Pascal Gross, Jan Paul van Hecke, Lewis Dunk နဲ့ James Milner တို့ကိုတာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာ Mahmoud Dahoud, Carlos Baleba, Simon Adinkra နဲ့ Kaoru Mitoma တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Joao Pedro နဲ့ Evan Ferguson တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Aresenal (4-3-3) :  Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli

Brighton (4-2-3-1) : Verbruggen; Veltman, Van Hecke, Dunk, Milner; Baleba, Gross; Adingra, Lallana, Mitoma; Ferguson

Missing Players

Aresenal – Jurrien Timber (Cruciate ligament tear), Thomas Partey (Hamstring injury)

Brighton – Danny Welbeck (Hamstring injury), Tariq Lamptey (unknown injury), Pervis Estupiñán (Muscle injury), Solly March (Knee injury), Julio Enciso (Meniscus tear), Adam Webster (unknown injury), Ansu Fati (unknown injury)

Facebook

ဒီအပတ်ရဲ့ အကြီးမားဆုံးကတော့ ဒီအနီရောင်တိုက်ပွဲပါပဲ ရာသီစစလာချင်းကတည်းက စောင့်ကြည့်နေကြပါတယ် လီဗာပူးလ်အသင်း လောလောဆယ် စွမ်းဆောင်ရည်တွေကောင်းပြီး အဆင့် ၁ မှာရပ်တည်နေတယ် မန်ယူအသင်းကျတော့ အမှတ်တွေတောက်လျှောက် ကောက်သိမ်းနိုင်ပေမယ့် ကစားပုံကစားနည်းကတော့ ဖန်တွေရဲ့စိတ်တိုင်းမကျပါဘူး ကစားပွဲအခြေနေကတော့ ဒီပွဲ လီဗာပူးလ်ဘက်က ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားလိမ့်မယ် သရဲနီတို့ကျတော့ အရှေ့ထိုးတက်ပြီး ဖိအားပေးမယ် ပြီးရင် တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်ပါတယ် ချယ်လ်ဆီးတို့နဲ့ရင်ဆိုင်ခဲ့တဲ့ပွဲသလိုမျိုးပေါ့ ဒါပေမယ့် တန်ဟက်ရဲ့ ကစားသမားက ဘောလုံးချစ်ပရိတ်သက်များ  ဒဏ်ရာတော်တော်ရထားနေတော့ ရွေးစရာတွေက နည်းပါးပါတယ် နောက်ပြီး အရင်တစ်ပွဲတုန်းက လီဗာပူးလ်ဘက်က အဓိကကစားသမားတွေကို ကောင်းကောင်းလေး အနားပေးထားပြီးပြီ ဒီထာဝရရန်သူနဲ့တိုက်ခိုက်ဖို့ အသင့်ပုင်ဆင်ထားပြီးသားပါ အစစအရာရာကြည့်ပြီးပြောရင် လီဗာပူးလ်ဘက်က ပိုသာပါတယ် အင်အားတွေကစ ယုံကြည်မှုတွေ စွမ်းဆောင်ရည်တွေ အကုန်လုံးပဲ ပိုသာပါတယ် မနှစ်တုန်းက အန်ဖီးလ်ကွင်းနဲ့ ၇-၀ ဆိုတဲ့သမိုင်း ရှိခဲ့ဖူးပါတယ် ဒီပွဲမှာလည်း အဲ့ပွဲနဲ့ ကွဲပြားမယ်မထင်ပါဘူး ဒါပေမယ့် အရင်ရာသီတုန်းကလို ဆိုးရွားမသွားလောက်ပါဘူး တန်ဟက်က ကလော့ပ်နဲ့ ဘယ်လိုတိုက်ခိုက်မလဲပဲ စောင့်ကြည့်ရလိမ့်မယ် မတိုက်ခိုက်နိုင်ဘူးဆိုရင်တော့ သွားပြီ။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း ယူရိုပါအစီစဉ်ထဲက ဂရုအဆင့်ရဲ့ နောက်ဆုံးပြိုင်ပွဲဖြစ်ပြီး Union Saint Chilois ကို ၁-၂ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် ဒါပေမယ့် သူတို့က နောက်တစ်ဆင့် ဆန်ကာတင်သွားပြီဖြစ်တဲ့အတွက် ဘာထူးခြားမှုမှ မရှိခဲ့ပါဘူး လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်ကို ၁-၂ နဲ့ နိုင်လာခဲ့တယ် အဆင့် ၁ နေရာရပ်တည်ပြီး လက်ထဲ ၃၇ မှတ် ကိုင်ဆောင်ထားတယ် အဆင့်မှာရှိတဲ့ အာဆင်န ဘောလုံးချစ်ပရိတ်သက်များ ယ်ထက် ၁ မှတ်သာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားနဲ့ ဘန်းခံထိသွားတဲ့ကစားသမားတွေ အများကြီးရှိပါတယ် ဥပမာ Joel Matip, Thiago Acantara, Andrew Roberson, Diego Jota, Stefan Bisetic တို့မှစတဲ့ကစားသမားတွေဖြစ်တယ် ကြားထဲမှာ Alexis McAllister ရဲ့အခြေနေကိုလည်း စောင့်ကြည့်ရဦးမယ် ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

Manchester United : မန်ယူအသင်းကျတော့ အခုတလော စိတ်ပျက်ဖို့ကောင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ဘိုင်ယန်ကို ၀-၁ နဲ့ ရှုံးနိမ့်လာတဲ့အတွက် အဲ့အစီစဉ်ကနေ အပယ်ခံထိသွားခဲ့ပါပြီ လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ဘုန်းမောက်ကို ၀-၃ နဲ့ ရှုံးလာတယ် လောလောဆယ် အဆင့် ၆ မှာရပ်တည်နေတယ် Top4 ရဲ့နောက်ကနေ ၆ မှတ်လိုက်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ် Tyler Lamasia, Casemiro, Lisandro Martinez, Christian Eriksen, Ahmad Diaro ကစ အကုန်လုံး ဒဏ်ရာရထားကြတယ် ကြားထဲမှာ အသင်းကပ္ပတိန်ဖြစ်တဲ့ဘရူနိုင်လည်း ဘန်းခံထိထားတယ် အဝါကဒ် ၅ ကဒ်ပြည့်သွားလို့ ဘန်းခံထိသွားခဲ့ပါပြီ နောက်ပြီး ဒီပွဲ Victor Lindelof, Harry Maguire, Luke Shaw, Mason Mount တို့ဟာလည်း အခြေနေစစ်ဆေးဖို့လိုနေသေးတယ် ပြောမယ်ဆိုရင် အဓိကကစားသမား ၁၀ ယောက်ကြီးတောင် အသုံးမပြုနိုင်ဘူးဖြစ်နေတယ် ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြတယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Szoboszlai, Endo, Gravenberch; Salah, Nunez, Diaz

Manchester United (4-3-3) :  Onana; Wan-Bissaka, Evans, Varane, Shaw; McTominay, Amrabat, Mainoo; Antony, Hojlund, Rashford

Missing Players

Liverpool – Stefan Bajcetic (Calf injury), Diogo Jota (Muscle injury), Alexis Mac Allister (Knee injury), Andrew Robertson (Shoulder injury), Thiago (Hip injury), Joel Matip (Cruciate ligament tear)

Manchester United – Jadon Sancho (Suspended), Bruno Fernandes (Yellow card suspension), Amad Diallo (Knee injury), Mason Mount (unknown injury), Casemiro (Knock), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury)

Facebook