ဘောပွဲအပိုင်ခန့်မှန်းမယ်

စပါး Vs အက်စတွန်ဗီလာ [26 Nov 2 - 20:30 hrs]

ဘောပွဲအပိုင်ခန့်မှန်းမယ် အိမ်ရှင်စပါးအသင်း အခုအချိန်မှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် ကြားထဲမှာ ဘန်းခံထိသွားတဲ့သူတွေလည်းရှိသေးတယ် အဲ့ဒီတော့ သူတို့ဘက်က တိုက်စစ်ဆင်ပြီး အပီဝင်လုံးမယ်မထင်ပါဘူး အခွင့်ရေးစောင့်ပြီး တန်ပြန်တိုက်စစ်ဆင်မယ်ထင်တယ် သူတို့ဘက်က ဂိုးသွင်းတဲ့နေရာ ပြတ်သားမှုရှိရင်တော့ အနိုင်ရသွားတဲ့အထိ ဖြစ်နိုင်ချေရှိပါတယ် အက်စတွန်ဗီလာအသင်းကျတော့ ခြေစွမ်းတွေ စိတ်ဓာတ်တွေ တက်ကြွနေပါတယ် အသင်းထဲမှာ ပြည့်စုံမှုရှိပြီး ဆင်းကစားဖို့ အရမ်းပဲ အဆင်သင့်ဖြစ်နေတယ် အဲ့ဒီတော့ သူတို့ဘက်က ဒီအာသားချက်ကို အသုံးချပြီး တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ် နှစ်သင်းစလုံးရဲ့ ကစားသမားအင်အားနဲ့ အခြေခံအသီးသီးကို ယှဉ်ကြည့်ရင် အက်စတွန်ဗီလာက ပိုပြီး ကြည့်ကောင်းနေပါတယ် ဒီနှစ်သင်း မနိုင်မရှုံးလေးဖြစ်တတ်ပေမယ့် အစစအရာရာယှဉ်ကြည့်ရင်တော့ အက်စတွန်ဗီလာဘက်က ပိုကြည့်လို့ကောင်းပါတယ် စပါးတို့ကလည်း လွယ်လွယ်လေးနဲ့ အရှုံးပေးမယ်မထင်ပါဘူး တော်တော်ကြည့်လို့ကောင်းမယ်ထင်တယ် နောက်ဆုံးမှာတော့ သရေကျဖို့များပေမယ့် ကစားသမားပြည့်စုံမှုရှိတဲ့ Unai Emery အသင်းကပဲ အနိုင်ရချင်ရင် ရသွားနိုင်ပါတယ်။

Tottenham Hotspur : အိမ်ရှင်စပါးအသင်း အခြေနေမကောင်းပဲ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဝုဗ်ဗာဟန်တန်ကို ၂-၁ နဲ့ရှုံးလာတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် အဲ့ဒီတော့ သူတို့ ဒီပွဲကို သေသေချာချာဂရုစိုက်ပြီး ကစားခဲ့ကြလိမ့်မယ် ဒီပွဲ သူတို့ရဲ့ အဓိကဖြစ်တဲ့ Matty Cash ကို ပြန်ရလာပြီထင်တယ် သူက ဒဏ်ရာရထားလို့ တစ်လကျော်ကျော်တောင် ပျောက်ကွယ်သွားလို့ပါ ကျန်တဲ့ Emiliano Martinez, Ashley Young, Douglas Luiz, John McGinn, Emiliano Buendia, Jacob Ramsey နဲ့ Ollie Watkins တို့အားလုံး အဆင်သင့်ပဲ ဖြစ်နေပါတယ် ဒီပွဲ စပါးအသင်း ခံစစ်ပိုင်းနေရာ Pedro Porro, Ben Davies, Eric Dier နဲ့ Emerson Royal တို့ကိုပဲ တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Brennan Johnson, Pierre-Emile Hojbierg, Papp Sarr နဲ့ Rodrigo Bentancur တို့ကိုပဲ တာဝန်ပေးထား လောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Dejan Kulusevski နဲ့ Son Heung-min တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်တယ်။

Aston Villa : အက်စတွန်ဗီလာအသင်းကျတော့ အခုတလော လိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းတွေတက်ပြပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်ကို ၃-၁ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၄ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် ခြေစွမ်းတွေ တက်ကြွနေမှန်း ကောင်းကောင်းမြင်ရတယ် ဒဏ်ရာရထားတဲ့ Rodrigo Bentancur အပြင် သူတို့မှာ Hugo Lloris, Clement Lenglet နဲ့ Ryan Sessegnon တို့ကိုလည်း အသုံးပြုလို့မရသေးပါဘူး ကျန်တဲ့ Christian Romero, Pedro Porro, Ivan Perisic နဲ့ Oliver Skipp တို့ကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အက်စတွန်ဗီလာအသင်း ဒီပွဲ ခံစစ်ပိုင်းနေရာ Cash, Esri Konsa, Pau Torres နဲ့ Lucas Digne တို့ကိုပဲတာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ John McGinn, Douglas Luiz, Boubacar Kamara နဲ့ Nicolo Zaniolo တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် ဂိုးသွင်းဖို့နေရာ Moussa Diaby နဲ့ Ollie Watkins တို့ကိုပဲ အားကိုးလိမ့်မယ်။

11 Players

Tottenham Hotspur (4-2-3-1) : Vicario; Porro, Dier, Davies, Udogie; Hojbjerg, Skipp, Bentancur; Kulusevski, Son, Johnson

Aston Villa (4-2-2-2) : Martinez; Cash, Konsa, Torres, Digne; McGinn, Kamara, Luiz, Bailey; Diaby, Watkins

 

Missing Players

Tottenham Hotspur – Alfie Whiteman (Ankle injury), Destiny Udogie (muscular problems), Ryan Sessegnon (surgery), Ivan Perisic (Cruciate ligament tear), Manor Solomon (Meniscus injury), Richarlison (Groin surgery), James Maddison (Ankle injury), Micky van de Ven (Hamstring injury)

Aston Villa – Álex Moreno (Hamstring injury), Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Facebook

မန်ယူအသင်းဟာ လောလောဆယ် အမှတ်တွေတောက်လျှောက်ကောက်သိမ်းနိုင်နေပါတယ် ဒါပေမယ့်လည်း သူတို့စွမ်းဆောင်ရည်က ပွဲရလဒ်နဲ့ ကွာခြားမှုရှိတယ် ပွဲတိုင်းပဲ ရုန်းကန်နေရလို့ပါ သူတို့က အသင်းသေးတွေနဲ့တွေ့ရင် အမြဲနိုင်အောင်လုပ်နိုင်ကြပါတယ် အဲဗာတန်အသင်းကျတော့ အခုနောက်ပိုင်း အခြေနေပြန်ကောင်းလာပါတယ် ဒါပေမယ့် ကံဆိုးလို့ ၁၀ မှတ်ဖြတ်ခံထိခဲ့တယ် အဲ့တာနဲ့ပဲ သူတို့အတန်းဆင်းမယ့်ဇုန်ထဲ ပါသွားခဲ့ပါပြီ ဒီပွဲမှာတော့ မန်ယူဘက်က တိုက်စစ်ဆင်ပြီး ဂိုးဝင်သွင်းဖို့ ကြိုးစားလိမ့်မယ် အဲဗာတန်တို့ကျတော့ ခံစစ်ပိတ်ပြီး မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလောက်တယ် မန်ယူအသင်းဟာ ဘောပွဲအပိုင်ခန့်မှန်းမယ် ခံစစ်ပိတ်စနစ်နဲ့ ကစားတဲ့အသင်းကို ရင်ဆိုင်ခဲ့ရရင် အမြဲပြသာနာတက်တယ်ဆိုတာ ခန ခနမြင်ရတယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲ မန်ယူအတွက် မလွယ်သေးပါဘူး အဲ့ထက်ဆိုးတာ သူတို့ဆီမှာ ဒဏ်ရာရထားတဲ့အဓိကကစားသမားတွေလည်းရှိနေတယ် နှစ်သင်းစလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၂၁၁ ပွဲထဲမှာ အဲဗာတန်ဘက်က ၇၁ ပွဲ နိုင်သွားခဲ့ဖူးပါတယ် သရေ ၄၇ ပွဲကျပြီး မန်ယူဘက်က ၉၃ ပွဲ နိုင်သွားတယ် အခုနောက်ပိုင်း အချင်းချင်းရင်ဆိုင်ခဲ့တဲ့စံချိန်တွေမှာကျတော့ မန်ယူဘက်က ပိုကြည့်လို့ကောင်းတယ် ၅ ပွဲတုန်းကဆိုရင် မန်ယူဘက်က ၃ ပွဲတောင် အနိုင်ရရှိသွားပါတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးက ၃ မှတ်ရဖို့အရေး ရုန်းကန်ခဲ့ကြလိမ့်မယ် တော်တော်လေးကြည့်ကောင်းမှာဖြစ်ပြီး နောက်ဆုံးမှာတော့ အမှတ်ခွဲယူသွားကြမယ်လို့ ထင်မြင်ထားပါတယ်။

Everton : အဲဗာတန်အသင်း ဒီရာသီမှာ ခြေစွမ်းမဆိုးပါဘူး အမှန်တကယ်တော့ သူတို့ဟာ အဆင့်ဇယားထဲက အလယ်ပိုင်းလောက်မှာရောက်ရှိနေသင့်ပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး တစ်ပွဲလေးပဲရှုံးထားတယ် နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်ကိုနိုင်လာခဲ့ပါတယ် ကံဆိုးလို့သာ ၁၀ မှတ်ဖြတ်ခံထိတဲ့ ပြစ်ဒဏ်ကို ခံရသွားပါတယ် အဲ့တာနဲ့ပဲ သူတို့ အဆင့်ဇယားရဲ့ အောက်ပိုင်းနေရာ တန်းကျသွားလေရော ကစားသမားရဲ့စိတ်ပိုင်းဆိုင်ရာကို အမြန်ဆုံးကုသပေးဖို့တော့လိုလိမ့်မယ် ကွင်းပြင်ပြသာနာကို ရှင်းထုတ်ပြီး ကွင်းထဲမှာ အပီကြိုးစားရမယ် အဓိက သူတို့ရဲ့တိုက်စစ်ပိုင်းဆိုရင် ဂိုးတွေ တောက်လျှောက်သွင်းနိုင်နေတယ် ခံစစ်ပိုင်းကျတော့ ပြန်ပြင်စရာရှိနေသေးတယ် အသင်းရဲ့အဆင်သင့်ပိုင်း ဒီပွဲ Dele Alli နဲ့ Andre Gomes တို့နှစ်ယောက်လောက်ပဲ ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး Amadou Onana နဲ့ Seamus Colman တို့နှစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ အဲဗာတန်အသင်း ၄-၄-၁-၁ စန်စနဲ့ ကစားကြမယ်ထင်တယ် Dominic Calvert-Lewin ကို ဂိုးသွင်းဖို့တာဝန်ပေးပြီး သူ့ရဲ့အနောက်မှာ အထောက်အကူလုပ်ပေးဖို့ Abdoulaye Doucouré ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Manchester United : မန်ယူအသင်းကျတော့ အခုတလော စွမ်းဆောင်ရည်တွေသိပ်မကောင်းပေမယ့် အစစအရာရာ နည်းနည်းပါးပါး ပြန်ပြီးအဆင်ပြေလာခဲ့ပါပြီ နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းကို ၁-၀ နဲ့ ကပ်နိုင်လာတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အမှတ်တော်တော်များများ ကောက်သိမ်းနိုင်တဲ့အသင်းတစ်သင်း ဖြစ်သွားတယ် ဟယ်ရီမက်ဂွိုင်းယားမှာ ခြေစွမ်းပြန်ပြနိုင်တော့ အသင်းရဲ့ခံစစ်ပိုင်းကို ပိုပြီးအားကောင်းစေတယ် သူတို့ရဲ့ အဓိကအားနည်းချက်ကတော့ ကွင်းလယ်နေရာပဲ ကစားပွဲဖန်တီးသူမရှိဘူးဖြစ်နေတယ် တော်တော်များများက အခြေခံထက်နိမ့်နေကြတယ် အဲ့ဒီလိုနဲ့ပဲ သွင်းဂိုးအရေအတွက်က အလိုလိုနည်းပါးသွားတယ် တစ်ယောက်နဲ့တစ်ယောက် ချိတ်ဆက်မှုမရှိပဲ ကိုယ့်ဟာနဲ့ကိုယ် ကစားနေကြတာများတယ် အခွင့်ရေးကြုံလာတော့လည်း အလကားဖြုန်းပစ်တယ် ကွင်းလယ်ပိုင်းနဲ့ တိုက်စစ်ပိုင်းတွေမှာ ချိတ်ဆက်မှုသိပ်မရှိဘူး ပြန်ပြင်ဖို့လိုအပ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ahmad Diallo Casemiro Christian Eriksen နဲ့ Tyrell Malasia တို့ကို အသုံးချလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Luke Shaw, Lisandro Martinez, Jonny Evans, Rasmus Hoylund, Aaron Wan-Bissaka နဲ့ Andre Onana တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုနေသေးတယ် ဆန်ချိုကျတော့ ကိုယ်ရေးကိုယ်သာပြသာနာရှိနေလို့ မပါနိုင်မှန်းသေချာသွားပါပြီ တန်ဟက်က ဒီပွဲ ၄-၂-၃-၁ နဲ့ ကစားခိုင်းမယ်ထင်တယ် ဂိုးသွင်းဖို့နေရာ Marcus Rashford ကိုပဲ အဓိကတာဝန်ပေးထားမယ် ပြီးရင် Anthony, Bruno Fernandes နဲ့ Alejandro Carnacho တို့ ၃ ယောက်ကို ကစားပွဲနဲ့ အခွင့်ရေးဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 players

Everton (4-4-1-1) : Pickford; Young, Tarkowski, Branthwaite, Mykolenko; Harrison, Garner, Gueye, McNeil; Doucoure; Calvert-Lewin

 

Manchester United (4-2-3-1) : Onana; Wan-Bissaka, Maguire, Lindelof, Reguilon; Amrabat, McTominay; Antony, Fernandes, Mount; Rashford

Missing Players

Everton – Seamus Coleman (Knee injury), Dele Alli (Partial muscle tear), André Gomes (Fitness)

Manchester United – Jadon Sancho (Suspended), Casemiro (Knock), Lisandro Martínez (Foot injury), Luke Shaw (Muscle injury), Jonny Evans (Hamstring strain), Amad Diallo (Knee injury), Tyrell Malacia (unknown injury), Rasmus Højlund (Hamstring strain), Christian Eriksen (Knee injury)

Facebook