ဘောပွဲသုံးသပ်ချက်

ချယ်လ်ဆီး vs ဖူဟမ် [13 Jan 24 - 19:00 hrs]

ဘောပွဲသုံးသပ်ချက် ချယ်လ်ဆီးအသင်းဟာ ကာရာဘောင်းဖလားဖြစ်တဲ့ နောက်ဆုံးတစ်ပွဲတုန်းက Middlesbrough ကို ၁-၀ နဲ့ ရှုံးနိမ့်လာပါတယ် ဒီပွဲမှာတော့ ကိုယ့်အိမ်ကွင်းလေး အရှက်တွေပြန်ယူရမှာဖြစ်ပြီး ၃ မှတ်ရအောင် ကြိုးစားခဲ့ကြလိမ့်မယ် ဖူဟမ်အသင်းကျတော့ ကာရာဘောင်းဖလားထဲက လီဗာပူးလ်ကို ၂-၁ ရှုံးနိမ့်လာပါတယ် ဖူဟမ်တို့ကလည်း ဒီပွဲ အမှတ်ရပြီးပြန်ဖို့အထိ မျှော်လင့်ထားကြပါတယ် နှစ်သင်းစလုံးမှာ ဒဏ်ရာရထားတဲ့ ကစားသမားနဲ့ နိုင်ငံအသင်းအတွက် သွားရောက်ကစားပေးတဲ့သူတွေ အများကြီးရှိနေကြပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းက ချယ်လ်ဆီးဘက်က ပိုမိုခြေစွမ်းပြသနိုင်ခဲ့ပြီး ၃ ပွဲ အနိုင်ကောက်ရထားပါတယ် ကျန်တဲ့ ၂ ပွဲကျတော့ ၁ ပွဲသရေ ၁ ပွဲအရှုံးဖြစ်ပါတယ် ဒီရာသီအတွင်း ပထမတစ်ပွဲတုန်းကကျတော့ ဖူဟမ်အိမ်ကွင်းနဲ့ ချယ်လ်ဆီးဘက်က ၀-၂ နဲ့ အနိုင်ကောက်ရလာပါတယ် ဒါပေမယ့် လက်ရှိစွမ်းဆောင်ရည်ကတော့ အတူတူလောက်ပါပဲ ဒီတစ်ပတ်အတွင်း ပြိုင်ပွဲဝင်ထားတာချင်းလည်း တူတော့ ဘယ်အသင်းမှ နစ်နာမနေပါဘူး အိမ်ရှင်အသင်းမှာ အဓိကကစားသမားတွေ တော်တော်များများ မရှိသေးပါဘူး စွမ်းဆောင်ရည်ကလည်း အတိကျယူလို့မရဘူး တိုက်စစ်ပိုင်းက အားရစရာလည်းမကောင်းဘူး ပွဲတိုင်းလိုလို ရင်တုန်ပန်းတုန်နေရပါတယ် ဖူဟမ်အသင်းကျတော့ အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရရင် အလိုလို ပုံစံကောင်းပြသတတ်တယ် ဒီပွဲမှာတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ် ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းက ဘယ်လောက်ထိအစွမ်းပြနိုင်မလဲပဲ စောင့်ကြည့်ရလိမ့်မယ် ဂိုးပြတ်သားမှုမရှိပဲ အခွင့်အရေးကို အလကားဖြုန်းပစ်ရင်တော့ ဖူဟမ်ရဲ့ တိုက်ခိုက်မှုကို ပြန်ခံရလိမ့်မယ် နှစ်သင်းစလုံးရဲ့အစစအရာရာကတော့ မနိုင်မရှုံးလေးဖြစ်တယ် ဒါပေမယ့် ချယ်လ်ဆီးဘက်က အင်အားတွေက ပိုကောင်းပြီး အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ အနည်းဆုံး ကပ်နိုင်သွားမယ်ထင်ပါတယ်။

Chelsea : ချယ်လ်ဆီးအသင်းဟာ ဖလားပွဲ ၂ ပွဲကို ဆက်တိုက်ပဲဆင်းကစားခဲ့ရပါတယ် ပထမတစ်ပွဲ ကာရာဘောင်းဖလားဖြစ်ပြီး Middlesbrough ကို ၁-၀ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့တော့ ဒုတိယအကျော့မှာ ထပ်ပြီးရုန်းကန်ခဲ့ရလိမ့်မယ် လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲထဲမှာကျတော့ ၃ ပွဲနိုင် ၂ ပွဲရှုံးနဲ့ အဆင့် ၁၀ မှာ ရပ်တည်နေတယ် အသင်းရဲ့စွမ်းဆောင်ရည်ကျဆင်းနေသလို ကစားသမားတွေကလည်း ကောင်သောခြေစွမ်းကို မထိန်းသိမ်းနိုင်ခဲ့ပါဘူး အဓိက နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် Cole Palmer ကြီးက အရေးကြီးတဲ့အခွင့်အရေး အကြိမ်ကြိမ်ရခဲ့တာတောင် ခန ခန လွဲချော်ခဲ့တယ် နောက်ပြီး ခံစစ်ပိုင်းကလည်း ဂိုးလွယ်လွယ်လေးနဲ့ သွင်းခံထိနေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Nicholas Jackson မရှိသေးပါဘူး Christopher Nkunku နဲ့တစ်ယောက်လည်း အခြေနေမကောင်းလို့ မပါနိုင်သေးဘူးထင်တယ် ပိုချက်တီနိုက ဒီပွဲ Malo Gusto, Axel Disasi, Thiago Silva နဲ့ Levi Colwill  တို့ကို ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးပြီး Moises Caicedo, Conor Gallagher နဲ့ Noni Madueke တို့ကိုကျတော့ ကွင်းလယ်ပိုင်းမှာ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာကျတော့ Cole Palmer, Raheem Sterling နဲ့ Armando Broja တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Fulham : ဖူဟမ်အသင်းကျတော့ FA ဖလားပွဲတုန်းက Rotherham ကိုအနိုင်ရရှိလာပါတယ် ဒါပေမယ့် ကာရာဘောင်းဖလားထဲ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ လီဗာပူးလ်ကို ၂-၁ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ပွဲအစီစဉ် ဒုတိယအကျော့မှာလည်း တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ် ပရီးမီးယားလိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲထဲမှာကျတော့ ၂ ပွဲနိုင် ၃ ပွဲရှုံးဖြစ်ပြီး အဆင့် ၁၂ မှာရပ်တည်နေပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက မထင်မှတ်ပဲ အာဆင်နယ်ကိုနိုင်လာပေမယ့် သူတို့ရဲ့အခြေခံအရည်အချင်းကတော့ အရင်းထက်ပိုပြီး တိုးတက်မလာသေးပါဘူး တန်ပြန်တိုက်စစ်ဆင်ကစားတဲ့နေရာ ကောင်းပေမယ့် ဂိုးပြတ်သားမှုမရှိဘူး ဂိုးသွင်းတဲ့နေရာ အခွင့်ရေးအတော်ဖြုန်းတီးနေတုန်းပါ ခံစစ်ပိုင်းကလည်း ပွဲတိုင်းလိုလို ဂိုးသွင်းခံထိနေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကျတော့ ဒီပွဲ Calvin Bassey, Alex Iwobi နဲ့ Fode Balo-Ture တို့ကို အသုံးပြုလို့မရသေးပါဘူး အသင်းနည်းပြဖြစ်တဲ့ Marco Silva က ဒီပွဲ Timothy Castagne, Tosin Adarabioyo, Issa Diop နဲ့ Anthony Robinson တို့ကို ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးပြီး Joao Palinha နဲ့ Tom Cairney ကွင်းလယ်နေရာမှာ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Bobby de Cordova-Reid, Andreas Pereira နဲ့ Willian တို့ကိုပဲ ကစားပွဲဖန်တီးဖို့တာဝန်ပေးပြီး :kd;oGif;zkdh Striker ကျတော့ Jimenez ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Chelsea (4-2-3-1) : Petrovic; Gusto, Disasi, Silva, Colwill; Gallagher, Fernandez; Sterling, Palmer, Mudryk; Broja

Fulham (4-2-3-1) : Leno; Castagne, Adarabioyo, Diop, Robinson; Palhinha, Cairney; Decordova-Reid, Pereira, Willian; Jimenez

Missing Players

Chelsea – Wesley Fofana (Cruciate ligament tear), Roméo Lavia (unknown injury), Lesley Ugochukwu (Hamstring injury), Robert Sánchez (muscular problems), Christopher Nkunku (Hip injury), Reece James (Hamstring injury), Marc Cucurella (Ankle surgery)

Fulham – Tim Ream (Calf injury), Adama Traoré (Hamstring injury)

Facebook

Tyne-Wear Derby တိုက်ပွဲကြောင့် နယူးကာဆယ်အသင်းက ယုံကြည်မှုတွေ ပြည့်လျှံနေကြလောက်တယ် အဲ့ပွဲမတိုင်ခင် ၄ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ် အခုမှ ယုံကြည်မှုပြန်ရခါစဖြစ်ပြီ မန်စီးတီးကြီးနဲ့ တန်းတွေ့ရတာဆိုတော့ တော်တော်ကံဆိုးပါတယ် ဘာလို့လဲဆိုတော့ ဒီပွဲ သူတို့အားသာတဲ့ အိမ်ကွင်းနဲ့ ကစားခဲ့ရရင်တောင် အသင်းစီမံခန့်ခွဲမှုနဲ့ အဆင်သင့်ပိုင်း ပြီးတော့ ဧည့်သည်အသင်းရဲ့တက်ကြွမှုတွေကြောင့် ရှုံးသွားနိုင်ပါတယ် အချင်းချင်း ဘောပွဲသုံးသပ်ချက် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၁၉၀ ပွဲထဲမှာ နယူးကာဆယ်ဘက်က ၇၃ ပွဲနိုင်ပြီး ၄၁ ပွဲ သရေကျသွားပါတယ် မန်စီးတီးဘက်က ၇၆ ပွဲ ပြန်နိုင်ထားပါတယ် ဒီရာသီအတွင်း ၂ ကြိမ် တွေ့ခဲ့ဖူးကြပြီး တစ်ယောက်တစ်လှည့် အနိုင်ကောက်ရသွားကြတယ် ပထမတစ်ပွဲ ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်ပြီး မန်စီးတီးဘက်က Alvarez ရဲ့ဂိုးသွင်းချက်ကြောင့် ၁-၀နဲ့ ကပ်နိုင်ထားတယ် အဲ့ကနေပြီးတော့ ကာရာဘောင်းဖလားမှာ ပြန်ဆုံပြီး နယူးကာဆယ်ဘက်က Isak ရဲ့ဂိုးသွင်းချက်ကြောင့် ၁-၀ နဲ့ ပြန်နိုင်သွားပါတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးပဲ အရမ်းကြိုးစားလိမ့်မယ် နောက်ဆုံးမှာတော့ မန်စီးဝိးတို့ပဲ ကပ်နိုင်သွားလိမ့်မယ်။

Newcastle United : အိမ်ရှင်နယူးကာဆယ်အသင်း နောက်ဆုံးတစ်ပွဲကမှ FA ဖလားပွဲဖြစ်ပြီး ဆန်းဒါးလန်းကို ၃-၀ နဲ့ အနိုင်ရရှိလာပါတယ် ဒါပေမယ့် လိဂ်ပွဲထဲကစွမ်းဆောင်ရည်ကျတော့ ညံ့တဲ့ထဲရှိပါတယ် လိဂ်ပွဲစဉ် နောက်ဆုံး ၆ ပွဲကစားပြီး ၅ ပွဲတောင်ရှုံးနိမ့်သွားပါတယ် ဒီပွဲ အရမ်းခက်တဲ့ မန်စီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် သူတို့ရဲ့ ကစားသမားတွေက အာဖရိကနိုင်ငံများဖလားပွဲနဲ့ အာရှဖလားတွေမှာ ပါတင်ကစားတဲ့သူတွေမရှိပေမယ့် ဒဏ်ရာရထားတဲ့ကစားသမားတွေကျတော့ အများကြီးပဲရှိနေတယ် Nick Pope, Matt Targett, Harvey Barnes, Callum Wilson ကစ ဒဏ်ရာရထားကြတယ် နောက်ဆုံး Joelinton လည်း FA ဖလားပွဲတုန်းကမှ ဒဏ်ရရှိလာတယ် ဒီပွဲ Joelinton ကြီးက မဆင်းနိုင်သေးဘူးဆိုရင် သူ့နေရာအစားထိုးဆင်းကစားဖို့ Louis Miley ရဲ့အခွင့်အရေး ဖြစ်သွားလိမ့်မယ် Bruno Guimarães, Sean Longstaff တို့နဲ့အတူ ကွင်းလယ်နေရာမှာ ဆင်းကစားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Miguel Almiron, Anthony Gordon နဲ့ Tyne-Wear Derby တုန်းက ၂ ဂိုးသွင်းထားတဲ့ Alexander Isak တို့ပဲ ဂိုးသွင်းဖို့ တာဝန်ယူထားလိမ့်မယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ စွမ်းဆောင်ရည်အတွေ တက်ကြွနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲထဲမှာ Huddersfield ကို ၅-၀ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲ အနိုင်ရသွားတဲ့အတွက် လောလောဆယ် ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ပရီးမီးယားလိဂ် အဆင့် ၃ မှာရပ်တည်နေတယ် ဒီရာသီ ၁၉ ပွဲကစားပြီး အမှတ် ၄၀ ကိုင်ဆောင်ထားပါတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ရဲ့နောက်ကနေ ၅ မှတ်လိုက်နေတယ် ဒါပေမယ့် လီဗာပူးလ်ဘက်က သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ် မန်စီးတီးအသင်းမှာလည်း နိုင်ငံအသင်းအတွက် သွားရောက်ကစားရမယ့်ကစားသမားတွေမရှိပါဘူး အဲ့ထက်သတင်းကောင်းတာ Kevin De Bruyne နဲ့ Jeremy Dogu တို့က ဒဏ်ရာပြန်သက်သာသွားပါပြီ ဟာလန်းနဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ် ဒီပွဲမှာ Kevin De Bruyne နဲ့ Jeremy Dogu တို့က ဒီတစ်ပွဲလည်း အရန်ထိုင်ခုံမှာပဲ ဆင်းထိုင်ရမယ်ထင်တယ် အဲ့ဒီတော့ စီးတီးရဲ့တိုက်စစ်ပိုင်းမှာ Phil Foden, Bernardo Silva နဲ့ Jack Grealish တို့ကိုပဲ အားကိုးရမှာဖြစ်ပြီး Striker နေရာကျတော့ Alvarez ကိုပဲ အားကိုးခဲ့ရလိမ့်မယ်။

11 Players

Newcastle United (4-3-3) : Dubravka; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Miley; Almiron, Isak, Gordon

Manchester City (4-2-3-1) : Ederson; Walker, Dias, Ake, Gvardiol; Rodri, Kovacic; Bernardo, Foden, Grealish; Alvarez

Missing Players

Newcastle United – Callum Wilson (Calf injury), Joe Willock (Achilles tendon problems), Matt Targett (Hamstring injury), Nick Pope (Shoulder injury), Harvey Barnes (Foot injury), Joelinton (Thigh problems), Jacob Murphy (Shoulder injury), Elliot Anderson (Back injury)

Manchester City – Zack Steffen (Knee surgery), Erling Haaland (Stress reaction of the bone)

Facebook