ဘောပွဲရလဒ်

ရှက်ဖီးလ် Vs လီဗာပူးလ် [ 6 Dec 23 - 02:00 hrs]

ဘောပွဲရလဒ် လီဗာပူးလ်အသင်း ဒီပွဲ တော်တော်ပိုသာမှန်းကောင်းကောင်းမြင်ရပါတယ် အချို့ Position ကို ဒုတိယကစားသမားနဲ့ ခံထားပေမယ့် အရည်သွေးကတော့ ကျဆင်းမသွားပါဘူး ရှက်ဖီးလ်အသင်းကျတော့ အိမ်ရှင်အသင်းဆိုပေမယ့် စွမ်းဆောင်ရည်အရမ်းညံ့နေပါတယ် ဒီရာသီမှာ အိမ်ကွင်းနဲ့ ၅ ပွဲရှုံးနိမ့်သွားပါပြီ အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရရင် ပိုဆိုးတယ် သူတို့ခံစစ်ပိုင်းက သွက်လက်မှုရှိတဲ့တိုက်စစ်မှူးနဲ့တွေ့ရင် အမြဲခံရတတ်တယ် ကြိုးကြာနီရဲ့တိုက်စစ်မှူးတွေက သွက်လက်မှုရှိပြိး ထိရောက်မှုရှိကြတယ် ကစားပွဲအခြေနေကတော့ ဒီပွဲ လီဗာပူးလ်ဘက်ကပဲ တိုက်စစ်ဆင်ကစားခွင့်ရလိမ့်မယ် ဘောပွဲရလဒ်အိမ်ရှင်အသင်းကျတော့ အနောက်တွေဆုတ်ထားပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စီစဉ်ထားလောက်တယ် လီဗာပူးလ်ရဲ့ခံစစ်ပိုင်းတုန်းက သူတို့ရဲ့ခံစစ်ပိုင်းဟာ အားနည်းနေမှန်း မြင်ခဲ့ရပါတယ် မြောက်ဘောကို သိပ်ပြီး မကာကွယ်နိုင်ဘူး ဒါပေမယ့် ဒီပွဲ ရှက်ဖီးလ်ဘက်က အဲ့ဒီအားနည်းချက်ကို အသုံးချနိုင်မလားဆိုတာ မသိသေးပါဘူး ဘာကြောင့်လဲဆိုတော့ သူတို့အခြေနေကလည်း ဆိုးနေလို့ပါ သေချာတာကတော့ ရှက်ဖီးလ်ရဲ့ခံစစ်ပိုင်းက လီဗာပူးလ်ရဲ့တိုက်စစ်ပိုင်းကို အပီတိုက်ခံရမှာကျိန်းသေတယ် ဒီပွဲ မထင်မှတ်တဲ့အံ့ဖွယ်ရာတွေ မဖြစ်ပေါလောက်ပါဘူး လီဗာပူးလ်ဘက်ကပဲ အသာလေးနဲ့ အနိုင်ကောက်ရသွားလိမ့်မယ်။

Sheffield United : ရှက်ဖီးလ်အသင်းရဲ့အခြေနေက ဒီရာသီမှာ အသင်သစ်တွေထဲက အဆိုးဆုံးဖြစ်ချင်နေပါတယ် ရာသီစတင်လာကတည်းက တစ်ပွဲလေးပဲနိုင်ထားတယ် လက်ရှိစွမ်းဆောင်ရည် ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီး အောက်ဆုံးအဆင့်မှာရပ်တည်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘန်လေနဲ့တွေ့ခဲ့တာတောင် ၅-၀ နဲ့ ပိုးစိုးပက်စက်ရှုံးလာတယ် Oliver McBurnie ဆိုတဲ့ကစားသမားမှာဟာ ပထမပိုင်းမပြီးခင် အနီကဒ်ထိသွားတယ် သူ့ရဲ့ပထမဆုံးအနီကဒ်ခည်းဖြစ်တယ် ရှက်ဖီးလ်တို့ရဲ့စွမ်းဆောင်ရည်က အမြင့်ဆုံးလိဂ်မှာ အဆင်မပြေသေးပါဘူး စံချိန်အသီးသီးကလည်း အညံ့ဆုံးဖြစ်တယ် နိုင်ပွဲအနည်းဆုံး၊ အရှုံးပွဲအများဆုံး၊ သွင်းဂိုးအနည်းဆုံး၊ ပြီးတော့ သွင်းခံထိတဲ့ဂိုးအရေအတွက်အများဆုံးအသင်းလည်းဖြစ်တယ် ရှက်ဖီးလ်အသင်းမှာ ဒီပွဲ George Baldock, Chris Basham, Rhian Brewter, Tom Davies, John Egan နဲ့ Norrington Davis တို့ မရှိသေးပါဘူး အားလုံးမှာ ဒဏ်ရာရထားကြပါတယ် Oliver McBurnie ကတော့ အခုမှအနီကဒ်ရသွားလို့ မပါနိုင်သေးပါဘူး ဒီပွဲ ရှက်ဖီးလ်ရဲ့ခံစစ်ပိုင်းနေရာ Jayden Bogle, Austin Trusty, Jack Robinson နဲ့ John Fleck တို့ပဲ တာဝန်ယူထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Luke Thomas, Anel Ahmedhodzic, Oliver Norwood နဲ့ Gustavo Hamer တို့ပဲ တာဝန်ယူထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Benny Traore နဲ့ Cameron Archer တို့ကိုပဲ အားကိုးလိမ့်မယ်။

Liverpool : လီဗာပူးလ်အသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ဖူဟမ်နဲ့တွေပြီး အနည်းရုန်ကန်လိုက်ရပါတယ် ပွဲပြီးခါနီးမှ ဂိုးထပ်သွင်းခံထိပေမယ့် ၂ ဂိုးဆက်တိုက် ပြန်သွင်းနိုင်လို့ အနိုင်ရရှိလာတယ် အိမ်ကွင်းလေးနဲ့ ၃ မှတ်ရပြီး အဆင့် ၂ နေရာ တက်ရောက်သွားပါပြီ အာဆင်နယ်ထက် ၂ မှတ်ပဲနည်းနေတယ် လိဂ်ပွဲစဉ်မှာ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းသွားပြီး ခံစစ်ပိုင်းတွေ မှားယွင်းမှုဖြစ်ပေါ်ပေမယ့် သူတို့တိုက်စစ်ပိုင်းကတော့ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်တယ် တိုက်စစ်ဒုတိယလှိုင်းရဲ့ အဝေးဂိုးသွင်းခြင်း လက်နက်လည်း ပေါ်လာတယ် ခံစစ်ပိတ်ကစားတဲ့အသင်းကို တုံ့ပြန်ဖို့အရမ်းအဆင်ပြေတယ် ကလော့ပ်အသင်းမှာ ဒီပွဲ Stefan Bijcetic, Thiago Alcantara, Andy Robertson, Alisson Becker နဲ့ Diogo Jota တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးဆေးကုသမှုခံယူနေကြလို့ပါ ကြာထဲ မာတစ်ကိုလည်း အသုံးချလု့်မရသေးပါဘူး သူ့မှာ နောက်ဆုံးတစ်ပွဲကမှ ဒဏ်ရာရသွားလို့ အနားယူနေရပါတယ် ဒီပွဲ ကလော့ပ်ရဲ့အစီစဉ်ကတော့ ခံစစ်ပိုင်းနေရာ Trent Alexander Arnold, Virgil van Dijk, Ibrahima Konate နဲ့ Costas Tsimikas တို့ကို အသုံးပြုထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းကျတော့ Alexis Mac Allister, Dominic Szoboszlai နဲ့ Harvey Elliott တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Darwin Nuñez, Mohamed Salah နဲ့ Luis Diaz တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်တယ်။

11 Players

Sheffield United (3-4-2-1) : Foderingham; Ahmedhodzic, Trusty, Robinson; Bogle, Souza, Norwood, Larouci; Hamer, McAtee; Archer

Liverpool (4-3-3) : Kelleher; Alexander-Arnold, Konate, Van Dijk, Gomez; Szoboszlai, Mac Allister, Jones; Salah, Gakpo, Diaz

Missing Player

Sheffield United – Oli McBurnie (Indirect card suspension), John Egan (Foot injury), Tom Davies (unknown injury), Chris Basham (Leg injury), Anel Ahmedhodzic (unknown injury)

Liverpool – Stefan Bajcetic (Calf injury), Joel Matip (Knee injury), Thiago (Fitness), Andrew Robertson (Shoulder injury)

Facebook

အက်စတွန်ဗီလာအသင်း နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲတောင် အနိုင်ရရှိခဲ့ပါတယ် ကျန်တာ ၁ ပွဲသရေ ၁ ပွဲအရှုံးဖြစ်ပါတယ် အခြေနေတော်တော်ကောင်းတဲ့ထဲရှိတယ် ဒီပွဲ သူတို့ရဲ့သတင်းကောင်းတစ်ခုကတော့ Bakar Kamara က ဘန်းစာရင်းမှ လွန်မြှောက်လာပါပြီ သူတို့ရဲ့တိုက်စစ်ပိုင်းက ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်တယ် ဥပမာ Ollie Watkins နဲ့ Moussa Diaby တို့ပေါ့ မန်စီးတီးအသင်းကျတော့ လိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် အဲ့ဒီ ၃ ပွဲလုံး သရေကျသွားပါတယ် အဲ့ဒီလိုနဲ့ပဲ အာဆင်နယ်အသင်းက သူတို့ထက် ၃ မှတ်သာသွားခဲ့ပါပြီ နောက်ပြီး Jeremy Dogu ရဲ့အခြေနေကိုလည်းစောင့်ကြည့်ရဦးမယ် Rodri နဲ့ Jack Grealish တို့ကတော့ မပါနိုင်မှန်း သေချာသွားပါပြီ သူတို့နှစ်ယောက်မှာ အဝါကဒ် ၅ ကဒ်ပြည့်သွားလို့ပါ ဒီပွဲ တော်တော်လေး မနိုင်မရှုံးဖြစ်လိမ့်မယ် အက်စတွန်ဗီလာအသင်းဆိုသည်မှာ အရင်လိုပျော့မနေတော့ပါဘူး သူတို့က ဒီရာသီမှာ Top4 ထဲပါအောင် ခြေစွမ်းမြှင်တင်နိုင်တယ် သူတို့ရဲ့တန်ပြန်တိုက်စစ်က တော်တော်ထိရောက်မှုရှိတယ် စီးတီးရဲ့ခံစစ်ပိုင်းကို ထိုးဖောက်နိုင်လောက်တယ် စီးတီးတို့ရဲ့ခံစစ်ပိုင်းက နောက်ဆုံး ၃ ပွဲကစားပြီး ၈ ဂိုးတောင်သွင်းခံထိခဲ့တယ် မန်စီးတီးလို့အဆင့်မျိုးဖြစ်ပြီး ၃ ပွဲဆက်တိုက် သရေကျထားတော့ ခေါင်းတွေပူပြီး ဒီပွဲမှာပဲ ပေါက်ကွဲပြမယ်ထင်ပါတယ် ဒါပေမယ့် Rodri နဲ့ Jack Grealish တို့မရှိသေးတဲ့အတွက် အသင်းရဲ့အရည်သွေးက ဘောပွဲရလဒ် တော်တော်ကျဆင်းသွားလောက်တယ် အက်စတွန်ဗီလာအသင်း ဟာလန်းကို သေသေချာချာထိန်းချုပ်ထားနိုင်ရင်တော့ စီးတီးအတွက် ဂိုးသွင်းဖို့အခွင့်ရေး တော်တော်နည်းပါးသွားလိမ့်မယ် Unai Emery ဆိုတဲ့နည်းပြက ပက်ရဲ့ကစားနည်းကိုသိထားလောက်တယ် သူတို့နှစ်ယောက်က အချင်းချင်းရင်ဆိုင်ရပေါင်း မနည်းတော့ပါဘူး အစစအရာရာကြည့်ပြီး အောက်ကြေးဖြစ်တဲ့အက်စတွန်ဗီလာနဲ့လက်တွဲတာ အကောင်းဆုံးပါ။

Aston Villa : ပရီးမီးယားလိဂ်မှာ အဆင့် ၄ နေရာ ရပ်တည်နေတဲ့အိမ်ရှင်အက်စတွန်ဗီလာအသင်း ဒီရာသီ ၁၄ ပွဲကစားပြီး ၉ ပွဲနိုင် ၂ ပွဲသရေနဲ့ ၃ ပွဲအရှုံး လုပ်ထားနိုင်ခဲ့ပါတယ် ၂၉ မှတ် ကိုင်ဆောင်ထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်နဲ့ ၂-၂ သရေကျလာတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Emiliano Buendia, Tyrol Mings နဲ့ Bertran Traore တို့ကို အသုံးပြုလို့မရသေးပါဘူး ဒဏ်ရာရထားကြလို့ပါ ဒါပေမယ့် ဘန်းခံထိသွားပြီး အချိန်ပြည့်သွားတဲ့ Boubacar Kamara ကိုတော့ ပြန်လည်အသုံးပြုနိုင်ခဲ့ပါပြီ ကျန်တဲ့ကစားသမားအားလုံး အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ အက်စတွန်ဗီလာအသင်းက ၄-၄-၂ စနစ်နဲ့ ကစားကြမယ်ထင်တယ် ဂိုးသမားနေရာ Emiliano Martinez ပဲ တာဝန်ယူထားမှာဖြစ်ပြီး ခံစစ်ပိုင်းနေရာ Eric Konsa, Diego Carlos, Pao Torres နဲ့ Luca Digne တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ကွင်းလယ်ပိုင်းနေရာ Matty Cash, Boubacar Kamara, Douglas Louis နဲ့ John McGinn တို့ပဲ တာဝန်ယူပြီး ဂိုးသွင်းဖို့တာဝန်ကျတော့ Ollie Watkins က Moussa Diaby နဲ့အတူ တွဲဆင်းလောက်တယ်။

Manchester City : ပရီးမီယားလိဂ်မှာ အဆင့် ၃ နေရ ရပ်တည်နေတဲ့ မန်စီးတီးအသင်းကျတော့ ဒီရာသီ ၁၄ ပွဲကစားပြီး ၉ ပွဲနိုင် ၃ ပွဲသရေနဲ့ ၂ ပွဲရှုံးသွားပါတယ် အမှတ် ၃၀ ကိုင်ဆောင်ထားပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက စပါးနဲ့ ၃-၃ သရေကျလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အရင်ကတည်းက ဒဏ်ရာရထားတဲ့ Kevin De Bruyne နဲ့ Mateus Nuñez တို့ကို အသုံးမပြုနိုင်သေးပါဘူး ဆိုးရင်းနဲ့ဆိုးတာကတော့ Jeremy Dogu မှာလည်း အခြေနေသိပ်မကောင်းပါဘူး စပါးနဲ့ပွဲတုန်းက ဒဏ်ရာရသွားလို့ လူစားလဲပေးလိုက်ရသေးတယ် အဲ့တာနဲ့ ဒီပွဲအတတွက် ဆင်းနိုင်မလားမသေချာသေးပါဘူး ကြားထဲမှာ Rodri နဲ့ Jack Grealish တို့ကိုလည်း အသုံးမချနိုင်သေးပါဘူး နှစ်ယောက်စလုံးမှာ အဝါကဒ် ၅ ခုပြည့်သွားလို့ ဘန်းခံထိသွားခဲ့ပါပြီ ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ် ပက်က ဒီပွဲ ၃-၄-၂-၁ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် ဂိုးသမားနေရာ Ederson ကိုပဲ တာဝန်ပေးမယ် ခံစစ်ပိုင်းနေရာ Kyle Walker, Ruben Diaz နဲ့ Nathan Ake တို့ကိုပဲ တာဝန်ပေးပြီး Jeremy Dogu နဲ့ Phil Foden တို့ကိုကျတော့ တောင်ပံခံစစ်အနေနဲ့ ဆင်းခိုင်းလိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ John Stones က Rico Lewis နဲ့အတူ တွဲဆင်းထိန်းရလိမ့်မယ် တိုက်စစ်ပိုင်းကျတော့ Alvarez နဲ့ Bernardo ဖြစ်မယ် Striker နေရာ ဟာလန်းကိုပဲ ချလောက်ပါတယ်။

11 Players

Aston Villa (4-4-2) : Martinez; Konsa, Carlos, Torres, Digne; Bailey, Kamara, Luiz, McGinn; Diaby, Watkins

Manchester City (3-4-2-1) : Ederson; Walker, Dias, Ake; Akanji, Kovacic; Foden, Alvarez, Bernardo, Doku; Haaland

Missing Player

Aston Villa – Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Manchester City – Jack Grealish (Yellow card suspension), Rodri (Yellow card suspension), Zack Steffen (Knee surgery), Kevin De Bruyne (Partial muscle tear)

Facebook

မန်ယူအသင်း ဒီပွဲအိမ်ကွင်းနဲ့ကစားရမှာဖြစ်ပါတယ် ဒါပေမယ့် အိမ်ကွင်းစံချိန်ကတော့ တည်ငြိမ်မှုပိုင်း စိတ်ပူစရာကောင်းပါတယ် သူတို့ရဲ့စွမ်းဆောင်ရည်က  အနိုင်ပွဲတွေများပေမယ့် ကစားပုံကစားနည်းက အဲ့လောက်မကောင်းပါဘူး သူတို့လိုအဆင့်မျိုးနဲ့အသင်းကို ရင်ဆိုင်ခဲ့ရရင် အမြဲမှားတယ် နောက်ပြီး အိမ်ကွင်းစံချန်ကိုကြည့်ပြီး အားပေးချင်စရာမကောင်းပါဘူး နောက်ဆုံး ၅ ပွဲကစားပြီ ၃ ပွဲတောင်ရှုံးနိမ့်ခဲ့တယ် ချယ်လ်ဆီးအသင်းကျတော့ ဘောပွဲရလဒ် နောက်ဆုံးတစ်ပွဲတုန်းက ၁၀ ယောက်ထဲကျန်ခဲ့တာတောင် ဘရိုက်တန်ကို ၃-၂ နဲ့ နိုင်လာသေးတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲတောင် အနိုင်ရရှိခဲ့တယ် ဂိုး၉ လုံးသွင်းနိုင်ပြီး ၂ လုံးထဲပဲ ပြန်သွင်းခံထိတယ် ကစားပုံကစားနည်းတွေကလည်း အကောင်အထည်ဖြစ်လာပါပြီ အဓိက ဂိုးဝင်သွင်းတြ့နေရာ ပိုကောင်းလာတယ် မန်ယူနဲ့ယှဉ်ကြည့်ရင် ပိုကြည့်ကောင်းတယ် ဒီပွဲ အသင်းကြီးတွေရဲ့ပြိုင်ပွဲဆိုပေမယ့် စွမ်းဆောင်ရည်ကတော့ သိပ်ပြီးအဆင်မပြေသေးပါဘူး မန်ယူအသင်းဟာ အခုတလော အမှတ်တွေ တောက်လျှောက်ကောက်နိုင်ပေမယ့် ကစားပုံကစားနည်းကျတော့ ဘယ်လိုမှအဆင်မပြေပါဘူး အသင်းသေးတွေနဲ့တွေ့ရင်တောင် နိုင်ချင်မှနိုင်မယ် ပြိုင်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးရင် တန်းခံရုံလေးပဲဖြစ်နေတယ် ချယ်လ်ဆီးအသင်းမှာလည်း အခြေနေကောင်းမလိုလိုနဲ့ တိုက်စစ်ပိုင်းတွေက သိပ်ပြီး ထူးခြားမှုမရှိဘူး ခံစစ်ပိုင်းနေရာကလည်း အမှားတွေမကင်းနိုင်သေးဘူး ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ် ဆင်ဖို့စောင့်နေတဲ့အသင်းနဲ့ရင်ဆိုင်ခဲ့ရရင် ပိုဆိုးတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးကပဲ အခါင့်ရေးကြုံရင် ကြုံသလိုတိုက်စစ်ဆင်မယ် ပွဲစစလာချင်းကတော့ အခြေနေအရင်ကြည့်မယ်ဘာညာပေါ့ သူတို့နှစ်သင်းစလုံးရဲ့ အားသာချက်က ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားတာမျိုးပါ သူတို့ပြိုင်ဘက်တွေက ခံစစ်ပိုင်းကို နေရာအလွတ် အရမ်းချန်ထားရင် သူတို့ဆီမှာရှိတဲ့ အသွက်လက်ဆုံးတိုက်စစ်မှူးနဲ့ ပြန်တိုက်ခိုက်လိမ့်မယ် ဒီပွဲ မနိုင်မရှုံးလေး တော်တော်ဖြစ်လောက်တယ် မှားယွင်းမှုတွေလည်း အများကြီးတွေ့ရမယ် ညံ့တာချင်းတူနေတာဆိုတော့ ဘယ်အသင်းက အနိုင်ရသွားမယ်လို့တောင် မခန့်မှန်းနိုင်ပါဘူး သရေကျရုံနဲ့သာ ပြီးဖို့များတယ်။

Manchaster United : အိမ်ရှင်မန်ယူအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေသိပ်မကောင်းပေမယ့် ရမှတ်တွေတော့ တော်တော်များများ ကောက်သိမ်းနိုင်နေပါတယ် နောက်ဆုံးတစ်ပွဲရောက်တော့မှ အရမ်းကောင်းတဲ့ နယူးကာဆယ်ကို ၁-၀ နဲ့ ကပ်ရှုံးလာတယ် အဲ့ပွဲ ဘယ်လိုမှမတိုက်ခိုက်နိုင်ခဲ့ပါဘူး အဲ့တာကိုကြည့်ပြီး သူတို့မှာ ပြုပြင်စရာတွေ အများကြီးရှိနေသေးတယ်လို့ ယူဆနိုင်ပါတယ် မန်ယူအသင်း လက်ရှိအချိန် အဆင့် ၇ မှာရပ်တည်နေပြီး လက်ထဲမှာ ၂၄ မှတ် ကိုင်ဆောင်ထားတယ် Top4 ထက် ၅ မှတ်နည်းနေတယ် တန်ဟက်ရဲ့အသင်းက ဒီပွဲ Ahmad Diallo, Casemiro, Christian Eriksen, Lisandro Martinez, Mason Mount, Jonny Evans နဲ့ Tyrell Malacia တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ဆန်ချိုနဲ့တစ်ယောက်ကတော့ အခုထိ ပြသာနာတက်နေတုန်းဆိုတော့ ပါဖို့မရှိလောက်ပါဘူး Cobby Mainu နဲ့တစ်ယောက်က ပွဲတိုင်းပဲအခြေနေကောင်းနေတော့ ဒီပွဲလည်း ဆင်းခွင့်ရသွားမယ်ထင်တယ် Scott McTominay နဲ့အတူ ကွင်းလယ်ခံစစ်အတွက် ဆင်းခွင့်ရလောက်တယ် Rasmus Hoylund ကို အရှေ့ဆုံးမှာထားပြီး ဘရူနိုကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းကစားခိုင်းလောက်တယ်။

Chelsea : ချယ်လ်ဆီးအသင်းကျတော့ အခုနောက်ပိုင်း နိုင်လိုက်ရှုံးလိုက်အလှည့်ကျဖြစ်နေတဲ့အတွက် သူတို့ရဲ့စွမ်းဆောင်ရည်ကို အတိကျယူဆလို့မရသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက သူတို့မှာ ၁၀ ယောက်ထဲပဲကျန်ခဲ့ပေမယ့် ဘရိုက်တန်ကို ၃-၂ နိုင်သွားသေးတယ် အဆင့် ၁၀ ကို ကောင်းကောင်း ရပ်တည်နိုင်တယ် ဒီရာသီ ၁၄ ပွဲကစားပြီး လက်ထဲမှာ ၁၉ မှတ်ကိုင်ဆောင်ထားပါတယ် ပိုချက်တီနိုအသင်းမှာ ဒီပွဲ ဘန်းစာရင်းမှ လွတ်မြှောက်လာတဲ့ Mark Gugureya နဲ့ Reece James တို့ကို ပြန်အသုံးချနိုင်ခဲ့ပါပြီ ဒါပေမယ့် အရံထိုင်ခုန်မှာပဲ အရင်နေရလောက်တယ် ဘာလို့လည်းဆိုတော့ ဘရိုက်တန်ကို နိုင်သွားတဲ့ ကစားသမားအဖွဲ့အစုက တော်တော်အဆင်ပြေနေလို့ပါ Christopher Nkunku, Carney Chukwuemeka, Romeo Lavia, Wesley Fofana, Ben Chilwell နဲ့ Trevoh Chalobah တို့ကျတော့ ဒဏ်ရာရထားလို့ အနားယူနေရလောက်တယ် ကွင်းလယ်တိုက်စစ်ဖြစ်တဲ့ Conor Gallagher လည်း အနီကဒ်ရသွားလို့ မပါနိုင်သေးပါဘူး ကျန်တာကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် Nicholas Jackson ရဲ့အနောက်မှာ Cole Palmer ကိုပဲ ကွင်းလယ်တိုက်စစ်အနေနဲ့ ဆင်းခိုင်းလောက်တယ်။

11 Players

Manchaster United (4-2-3-1) : Onana; Dalot, Maguire, Lindelof, Shaw; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund

Chelsea (4-2-3-1) :  Sanchez; James, Disasi, Badiashile, Colwill; Fernandez, Caicedo; Sterling, Palmer, Mudryk; Jackson

Missing Players

Manchaster United – Jadon Sancho (Suspended), Tyrell Malacia (unknown injury), Jonny Evans (Hamstring strain), Amad Diallo (Knee injury), Mason Mount (unknown injury), Casemiro (Knock), Lisandro Martínez (Foot injury), Christian Eriksen (Knee injury)

Chelsea – Conor Gallagher (Indirect card suspension), Roméo Lavia (Fitness), Trevoh Chalobah (Thigh problems), Ben Chilwell (Hamstring injury), Carney Chukwuemeka (Knee injury), Wesley Fofana (Cruciate ligament tear), Christopher Nkunku (Fitness)

Facebook