ဘောပွဲခန့်မှန်းချက်

ဘရိုက်တန် Vs မန်ယူ [24 Aug 24 - 18:00 hrs]

ဘောပွဲခန့်မှန်းချက် ဒီတစ်ပွဲမှာတော့ ပထမပွဲမှာ အနိုင်ရခဲ့တဲ့ နှစ်သင်းရဲ့တွေ့ဆုံမှုဖြစ်ပါတယ် ဘရိုက်တန်အသင်းက အဲ့ပွဲ အဲဗာတန်အပေါ် ၃-၀ နဲ့ အနိုင်ကောက်ရလာပြီး အဆင့် ၁ မှာရပ်တည်နေတယ် မန်ယူအသင်းလည်း အိမ်ကွင်းနဲ့ ဖူဟမ်အပေါ် ၁-၀ နဲ့ အနိုင်ရပြီး ၃ မှတ်ရသွားပါတယ် ဒီပွဲမှာတော့ အိမ်ရှင်အသင်းက ဘောလုံးကိုင်တွယ်ပြီး ကစားပွဲထိန်းချုပ်ဖို့ကြိုးစားမယ် တစ်ဆင့်ချင်း တိုက်စစ်ဆင်ပြီး ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို အာရုံစိုက်မှုလွဲအောင် အလှည့်ကျ ခံစစ်ပိတ်ကစားဖို့လည်း စီစဉ်ထားလိမ့်မယ် ဧည့်သည်အသင်းကျတော့ တင်းတင်းကျပ်ကျပ် ချဉ်းကပ်မှုဖြင့် ရောက်လာလာလိမ့်မယ် သေချာမှုကို အလေးထားပြီး အသင်းက အသာစီးရနေတော့မှ တိုက်စစ်ဖွင့်ကစားရန် အလားအလာရှိပါတယ် Herselaer လက်ထက်မှ ဘရိုက်တန်အသင်းဟာ De Zerbi နည်းပြလက်ထက်တုန်းကလိုမျိုး ထိရောက်မှုရှိပါတယ် အဲ့ဒီလိုနဲ့ပဲ မန်ယူအတွက် ၃ မှတ်ရဖို့အရေး မလွယ်ကူပါဘူး ဒီပွဲမှာတော့ ဘယ်အသင်းက အခိုက်အတန့်ကို ဆုပ်ကိုင်နိုင်ပြီး ပြိုင်ဘက်ရဲ့ အမှားကို ပိုအခွင့်ကောင်းယူနိုင်တဲ့အပေါ်မှာ မူတည်လိမ့်မယ် ဒါပေမယ့် အချင်းချင်းဆုံခဲ့ဖူးတဲ့ပွဲတွေမှာလို ဘရိုက်တန်ဘက်ကပဲ ဖိအား မကြာခနပေးသွားတာမျိုး မန်ယူပရိသတ်တွေက မမြင်ချင်ကြပါဘူး မန်ယူဘက်က တိုက်စစ်ပြန်ဆင်ကစားဖို့အခွင့်အရေးတောင် မရတာမျိုးပေါ့ အဲ့ဒီတော့ တန်ဟက်က ခေတ်သစ်ဘရိုက်တန်ရဲ့ တိုက်စစ်ဆင်းကစားခြင်းကို ဘယ်လောက်ထိ တုန့်ပြန်နိုင်သလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ် နှစ်သင်းလုံးရဲ့ ကစားပုံနဲ့ စွမ်းဆောင်ရည်ကို တိုင်းတာကြည့်မယ်ဆိုရင် အတော်လေး နီးစပ်တယ်လို့ ဆိုနိုင်ပါတယ် အဲဗာတန်နဲ့ပွဲမှာ ဘရိုက်တန်က ဂိုးတွေ အများကြီးသွင်းခဲ့ပေမယ့်လည်း ဒီပွဲမှာ မန်ယူလို အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရမှာဆိုတော့ အိမ်ရှင်အသင်းအတွက်လည်း မလွယ်ကူပါဘူး ဒီပွဲကတော့ ပျော်စရာကောင်းနေပုံပါပဲ ပြီးတော့ သရေကျဖို့ ရာခိုင်နှုန်းများတယ် အသင်းတစ်သင်းစီတွင် 1 မှတ်ခွဲယူသွားကြလိမ့်မယ်။

Brighton : အိမ်ရှင်ဘရိုက်တန်အသင်း အသက် ၃၁ နှစ်နဲ့ Fabian Herselaer နည်းပြသစ်ပြောင်းလဲပေမယ့် အသင်းရဲ့စွမ်းဆောင်ရည်ကတော့ တက်ကြွနေတုန်းဖြစ်ပြီး အခုမှ အဲဗာတန်ကို ၃-၀ နဲ့ အနိုင်ရရှိလာကာ ပရီးမီးယားလိဂ်အဆင့် ၁ သို့ တက်ရောက်သွားပါတယ် ဘရိုက်တန်အသင်းကစားတွေရဲ့ ကြံ့ခိုင်မှုကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Tariq Lamptey, Purvis Estupian, Evan Ferguson နဲ့ Sulli March တို့ ပါဝင်ကစားလို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်ကြပါတယ် Fabian Herselaer နည်းပြက ဒီပွဲ ၄-၂-၃-၁ စနစ်လေးနဲ့ ခံစစ်ပိုင်းမှာ အရင်တစ်ပွဲကကစားသမားတွေကိုပဲ တာဝန်ပေးထားလိမ့်မယ် အဲ့နေရာမှာ Joel Feltman, Jan Paul van Heck, Lewis Dunk နဲ့ Jack Hinshelwood တို့ဖြစ်ပြီး အလယ်တန်းမှာကျတော့ James Milner, Matt Weaver နဲ့ Jancuba Minte တို့ပဲ ဖြစ်ပါလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းမှာကျတော့ Joao Pedro, Kaoru Mitoma နဲ့ Danny Welbeck တို့ကိုပဲ ကိုင်တွယ်သွားလိမ့်မယ်။

Manchester United : အဲရစ်တန်ဟက်နည်းပြလက်ထဲက မန်ယူအသင်းကျတော့ အရင်တစ်ပွဲ စိတ်တိုင်းမကျပေမယ့် ၃ မှတ်ရအောင်တော့ စွမ်းဆောင်နိုင်ကြပါတယ် အဲ့ပွဲ အိမ်ကွင်းနဲ့ ဖူဟမ်ကို ၁-၀ နဲ့ အနိုင်ရလာတယ် Joshua Cerkes ဆိုတဲ့ ကစားသမားသစ်က သူတို့ကို အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ် အခု အဆင့်ဇယား အဆင့် ၇ မှာရပ်တည်နေတယ် အသင်းရဲ့ ကြံ့ခိုင်ရေးပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Leni Yoro, Tyrell Malasia နဲ့ Rasmus Hojlund တို့ကို အသုံးပြုလို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်ပါတယ် ဒီပွဲ အဲရစ်တန်ဟက်က ၄-၂-၃-၁ စနစ်လေးနဲ့ ခံစစ်ပိုင်းမှာ Nusser Mazrauai, Matthijs de Ligt, Lisandro Martinez နဲ့ Diogo Dalot တို့ကို တာဝန်ပေးပြီး ကွင်းလယ်နေရာမှာ Casemiro, Cobby Menu နဲ့ Ahmad Diallo တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Bruno Fernandes, Marcus Rashford နဲ့ Joshua Cerkes တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Brighton (4-2-3-1) : Steele; Veltman, Van Hecke, Dunk, Hinshelwood; Milner, Wieffer; Minteh, Pedro, Mitoma; Welbeck

Manchester United (4-2-3-1) : Onana; Mazraoui, Maguire, Martinez, Dalot; Casemiro, Mainoo; Amad, Fernandes, Garnacho; Zirkzee

Missing Players

Brighton – Solly March (Knee injury), Evan Ferguson (Ankle injury), Jack Hinshelwood (Foot surgery),P.Esupinan (Ankle Injury), Tariq Lamptey (Muscle Injury), B.Verbruggen (Knock Injury),Julio Enciso (Knee Injury),Yankuba Minteh (Commocion Cerebral)

Manchester United – Tyrell Malacia (Knee injury), Rasmus Højlund (Hamstring injury), Leny Yoro (Ankle injury),Luke Shaw (Calf Injury),Victor Lindelof (Muscle Injury), Jadon Sancho (Illness)

Facebook

ဒီပွဲဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှာ ဒုတိယနေရာရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ရဲ့အသစ်ဖြစ်တဲ့ အစ်ဝစ်ချ်တောင်းနဲ့ ယခင်ချန်ပီယံမန်စီးတီးတို့ရဲ့ တွေ့ဆုံတဲ့ပွဲဖြစ်ပါတယ် ဒီနှစ်သင်း နောက်ဆုံးဆုံတွေ့ခဲ့တဲ့ အချိန်က လွန်ခဲ့တဲ့ ၂၂ နှစ် ၂၀၀၂ ကပါ နှစ်သင်းရဲ့ ထိပ်တိုက်ရင်ဆိုင်မှုကတော့ လွန်ခဲ့တဲ့ ၅ ပွဲ တွေ့ဆုံမှု ၂ သင်းရဲ့ ရလဒ်က အတူတူပါပဲ ဘောပွဲခန့်မှန်းချက် တစ်သင်းကို ၂ ပွဲစီ အနိုင်ရပြီး ၁ ပွဲ သရေကျသွားပါတယ် ဒီပွဲမှာ မန်စီးတီးဟာ နေရာတိုင်းမှာ ပိုကောင်းတဲ့ ကစားသမားတွေရှိနေတယ် ရာသီအဖွင့်ပုံစံကလည်း ကောင်းတယ် အစ်ဝစ်ချ်တောင်းတို့ကျတော့ အခုမှ ဒီအဆင့်ကိုတက်ရောက်လာပါတယ် ပထမပိုင်းတစ်လျှောက်လုံးမှာ အရင်ပွဲတွေလို ကစားနိုင်ရင် အမှတ်ရဖို့ အခွင့်အရေးရှိပါသေးတယ် နှစ်သင်းရဲ့ နောက်ဆုံးတွေ့ဆုံမှု ၅ ကြိမ်ရဲ့ ပုံစံက အတူတူပါပဲ ဒါပေမယ့် အဲဒါက လွန်ခဲ့တဲ့ ၂၂ နှစ်ကပါ မန်ချက်စတာစီးတီးက ယခုအခါ ကမ္ဘာ့ထိပ်တန်းကလပ်များထဲမှ တစ်သင်းဖြစ်လာတဲ့အထိ တိုးတက်ပြောင်းလဲလာခဲ့ပါပြီ ဒီပွဲဟာ ရွက်လှေတပ်အတွက် ခက်ခဲတဲ့ပွဲမဟုတ်ပဲ သုံးမှတ်ကို အလွယ်တကူ စုဆောင်းနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

Man City : အိမ်ရှင်အသင်း ရာသီမစတင်မီ ကွန်မြူနတီဒိုင်းကို ဆွတ်ခူးပြီးနောက် ပက်ဂွာဒီယိုလာရဲ့ မန်စီးတီးအသင်းဟာ ပရီးမီးယားလိဂ်တွင် အကောင်းဆုံးပြေးလွှားနိုင်ခဲ့တယ် ချယ်လ်ဆီးလို သန်မာတဲ့အသင်းကို ၂-၀ နဲ့ အနိုင်ရခဲ့ပါတယ် အဲ့ပွဲ Erling Haaland နဲ့ Mateo Kovacic တို့ရဲ့သွင်းဂိုးကြောင့် ၃ မှတ်ရရှိလာပါတယ် အခုတလော အဆင့် ၄ မှာရပ်တည်နေပါတယ် အသင်းရဲ့ကြံ့ခိုင်ရေးကတော့ ခေါင်းကိုက်စရာအကြောင်း မရှိပါဘူး ဒါပေမယ့် ရိုဒရီရဲ့ ကြံ့ခိုင်မှုကိုတော့ စောင့်ကြည့်ရလိမ့်မယ် Savinho နဲ့တစ်ယောက်မှာလည်း ဒဏ်ရာရသွားလို့ လူစားလဲခံထိသွားသေးတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်ပါတယ် ပက်က ဒီပွဲ ၄-၃-၃ စနစ်လေးနဲ့ ပထမပွဲတုန်းက ကစားသမားတွေကိုပဲ ဆက်ပြီးကိုင်တွယ်သွားလိမ့်မယ် Savinho ရဲ့ Position လောက်ပဲ ပြောင်းလဲလိမ့်မယ် ဒီပွဲ Phil Foden က Erling Haaland နဲ့ Jeremy Dogu တို့နဲ့အတူ တိုက်စစ်ပိုင်းမှာ ဆင်းကစားလိမ့်မယ် ရိုဒရီမှာလည်း ဆင်းကစားနိုင်မယ်လို့ ထင်ပါတယ်။

Ipswich : အသင်းသစ်ဖြစ်တဲ့အစ်ဝစ်ချ်အသင်းကျတော့ ၂၂ နှစ်ကြာပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လည်ရောက်ရှိလာခြင်းကို ဂုဏ်ပြုခြင်းမှာ မလှပခဲ့ပါဘူး ဘာလို့လဲဆိုတော့ အိမ်ကွင်းမှာ လီဗာပူးကို ၀-၂ နဲ့ ရှုံးပြီး ဇယားတွင် အဆင့် ၁၈ နေရာမှာ ရပ်တည်နေရလို့ပါ သို့သော်လည်း Kieran McKenna ရဲ့အသင်းက ကောင်းမွန်စွာကစားနေပြီး အနာဂတ်တစ်ခုရှိပါတယ် ဒီပွဲမှာတော့ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါ ကြံ့ခိုင်မှုရှိကြပါတယ် Kalvin Phillips နဲ့တစ်ယောက်ကတော့ ကြံ့ခိုင်မှုအတွက်နဲ့ အခုမှ အသင်းထဲရောက်လာကြောင့် အရန်ကစားသမားအနေနဲ့ပဲ ရှိနေဦးမယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ Kieran McKenna နည်းပြဟာ အရင်တစ်ပွဲတုန်းက ကောင်းကောင်းစွမ်းဆောင်နိုင်တဲ့ ကစားသမားအဖွဲ့အစုကို ဆက်ပြီး အသုံးချသွားလိမ့်မယ် Sammy Smodics အပြင် အခြားကစားသမားသစ်တွေ အရန်ထိုင်ခုံမှာပဲ ဆင်းထိုင်းခဲ့ရလိမ့်မယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ တိုက်စစ်ပိုင်းမှာ Conor Chaplin, Sammy Smodik နဲ့ Omari Hutchinson တို့ကို တာဝန်ပေးပြီး Striker နေရာမှာကျတော့ Delap ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Man City (4-3-3) : Ederson; Lewis, Akanji, Dias, Gvardiol; Kovacic, De Bruyne; Bernardo, Foden, Doku, Haaland

Ipswich (4-2-3-1) : Walton; Tuanzebe, Woolfenden, Greaves, Davis; Morsy, Luongo; Johnson, Chaplin, Hutchinson; Delap

Missing Players

Man City – Oscar Bobb (Broken leg), Rodri (Leg Injury), Savinho (Knee Injury)

Ipswich – Wes Burns (Hamstring Injury) , George Hirst (Knee Injury), N. Broadhead (Hamstring Injury),Harry Clarke (Achilles tendon Injury)

Facebook

ဒီပွဲကတော့ ပြီးခဲ့တဲ့ရာသီက အဆင့် ၄ နေရာမှာ ပြီးဆုံးခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ ဒုတိယနေရာမှာပြီးဆုံးခဲ့တဲ့ အာဆင်နယ်တို့ရြ့ တွေ့ဆုံမှုဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ အာဆင်နယ်ဘက်က ပိုကြည့်ကောင်းပါတယ် ၄ ပွဲနိုင် ၁ ပွဲရှုံးပြီးဖြစ်ပြီး အိမ်ရှင်အသင်းကျတော့ ၂ ပွဲနိုင် ၃ ပွဲရှုံးဖြစ်ပါတယ် အချင်းချင်း တွေ့ဆုံခဲ့တဲ့ ၅ ပွဲမှာကျတော့ မနိုင်မရှုံးလေးဖြစ်ပါတယ် အာဆင်နယ်ဘက်က ၃ ပွဲနိုင်ပြီး အက်စတွန်ဗီလာဘက်က ၂ ပွဲ နိုင်သွားပါတယ် အာဆင်နယ်ကို အမြဲအာရုံနှောက်တဲ့အသင်းဖြစ်နေတယ် အာဆင်နယ်ရဲ့ နေရာတိုင်းမှာ ပိုကောင်းတဲ့ ကစားသမားတွေ ရှိပါတယ် အဓိက ကစားသမားတွေ ဟာ နေရာတိုင်းမှာ အံဝင်ခွင်ကျဖြစ်ပြီး ပြဿနာလုံးဝမရှိပါဘူး အက်စတွန်ဗီလာတို့ကျတော့ ပြီးခဲ့တဲ့ပွဲစဉ်မှာ ကောင်းကောင်းကစားနိုင်ခဲ့ပါတယ် နောက်ဆုံးစာရင်းဇယားတွေအရတော့ ဒါဟာ ဂန်းနားတို့ လျှော့တွက်လို့မရတဲ့အရာပါ ဒီပွဲ အက်စတွန်ဗီလာအသင်းက အိမ်ကွင်း ဗီလာပါ့ခ်နဲ့ ကစားရမှာဆိုတော့ အာဆင်နယ်အတွက် ပိုခက်ခဲလိမ့်မယ် ဒါပေမယ့် ဂန်းနားတွေရဲ့ ငြိမ်သက်မှုနဲ့အတူ သာလွန်သောအလားအလာကြောင့် ဒီပွဲမှာ ဂန်းနားတွေက သုံးမှတ် စုဆောင်းနိုင်လောက်မယ်ထင်ပါတယ်။ ဘောပွဲခန့်မှန်းချက်

Aston Villa : အိမ်ရှင်အက်စတွန်ဗီလာအသင်း ဒီရာသီရဲ့ အဖွင့်ပွဲမှာ ဝက်စ်ဟမ်းအပေါ် ၁-၂ နဲ့ ကပ်နိုင်လာပါတယ် လောလောဆယ် အဆင့် ၅ မှာရပ်တည်နေပါတယ် ယခုရာသီတွင် သူတို့ဟာ အဲဗာတန်မှ ကွင်းလယ်လူ Amadou Onana ချယ်လ်ဆီးမှ နောက်တန်းတိုက်စစ် Ian Matsen ပြီးတော့ လူတန်တောင်းမှ စျေးပေါသော ထုတ်ကုန်ကောင်း Ross Barkley ကိုလည်း ပိုင်ဆိုင်ထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Boubacar Kamara နဲံ့ Tyrone Mings တို့ကို အသုံးပြုလို့မရသေးပါဘူး ဒါပေမယ့် ပထမပွဲမှာ ဝက်စ်ဟမ်းကိုတောင်နိုင် ၂-၁ နဲ့ နိုင်သွားသေးတာပဲ ဒီပွဲ အသင်းနည်းပြက အရင်ပွဲမှ ကစားသမားတွေကိုပဲ ဆက်ပြီးကိုင်တွယ်သွားမယ်ထင်တယ် ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Emiliano Martinez ဖြစ်ပြီး ကွင်းလယ်ခံစစ်မှူးနှစ်ယောက်ကျတော့ Ezri Konsa နဲ့ Pau Torres တို့ပဲ ဖြစ်ပါလိမ့်မယ် ဘယ်-ညာခံစစ်ကျတော့ Matty Cash နဲ့ Lucas Digne တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းမှာကျတော့ Amadou Onana နဲ့ Youri Tieleman တို့ကို တွဲထားပြီး တိုက်စစ်ပိုင်းမှာ Leon Bailey, Morgan Rogers, John McGinn တို့ကိုပဲ တွဲထားလိမ့်မယ် Striker နေရာမှာကျတော့ Ollie Watkins ကိုပဲ တာဝန်ပေးထားလိမ့်မယ်။ ဘောပွဲခန့်မှန်းချက်

Arsenal : ဧည့်သည်အဆင်နယ်အသင်း ရာသီရဲ့အဖွင့်ပွဲမှာ တောင့်တင်းမှုရှိရှိနဲ့ ၃ မှတ်ဆုဆောင်းနိုင်ခဲ့ပါတယ် သူတို့ရဲ့စွမ်းဆောင်ရည်က တည်မြဲပြီး အိမ်ကွင်းနဲ့ ဝုဗ်ဗာဟန်တန်ကို ၂-၀ နဲ့ အနိုင်ရလာပါတယ် ပထမပတ်ပြီးသွားတော့ အဆင့် ၂ မှာရပ်တည်နေပါတယ် အာတီတာရဲ့ကစားသမားတွေဟာ အရင်က ကစားသမားဟောင်းတွေ ပိုများတယ် ဘာလို့လဲဆိုတော့ ရီကာဒို ကလာဖီရီခိုကစားသမားသစ်က ချိန်ညှိရန် အချိန်ယူရသေးလို့ပါ ဒါပေမယ့် ကိစ္စမရှိပါဘူး ကစားသမားတွေက ရာသီစစလာချင်းကတည်းက ကစားစနစ်ကို နားလည်ပြီး ပုံစံကောင်းတန်းပြနိုင်လို့ပါ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ပြသာနာအနည်းငယ်ရှိပါတယ် Takehiro Tomiyasu နဲ့ Kieran Tierney တို့မှာ ဒဏ်ရာရထားပါတယ် ကြားထဲ Fabio Vieira နဲ့တစ်ယောက်မှာလည်း ကြံ့ခိုင်မှု စစ်ဆေးရဦးမယ် ကျန်တာတော့ အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ အသင်းနည်းပြက ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာ David Raya ကို တာဝန်ပေးပြီး ကွင်းလယ်ခံစစ်နေရာမှာ William Saliba နဲ့ Gabriel Magalhaes တို့နှစ်ယောက်ဖြစ်ပြီူ ဘယ်-ညာခံစစ်ကျတော့ Ben White နဲ့ Oleksandr Zinchenko တို့ပဲ ဖြစ်ပါလိမ့်မယ် အလယ်တန်း ၃ ယောက်ကျတော့ Martin Odegaard, Thomas Partey, Declan Rice တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Bukayo Saka, Kai Havertz, Gabriel Martinelli တို့ ၃ ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

11 Players

Aston Villa (4-2-3-1) : Martinez; Cash, Konsa, Torres, Digne; Bailey, Tielemans, Onana, McGinn; Watkins, Duran

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Partey, Rice; Saka, Havertz, Martinelli

Missing Players

Aston Villa – Robing Olsen (Head Injury), T.Mings (Knee Injury),B. Kamara (Knee Injrury)

Arsenal – K. Tierney (Thigh Injury) , T. Tomiyasu (Knee Injury), Fabio Vieira (Hip Injury)

Facebook