ဘောပွဲကြည့်ပရိတ်သက် လီဗာပူးလ် Vs ဘရန်ဖိုတ့် [12 Nov 23 - 20:30 hrs]

ဘောပွဲကြည့်ပရိတ်သက် စိတ်ဝင်စားစရာကောင်းတဲ့နေရာကတော့ နှစ်သင်းရဲ့ ကွာဟမှုရှိတဲ့စွမ်းဆောင်ရည်ပဲ ဖြစ်ပါတယ် အိမ်ရှင်လီဗာပူးလ်အသင်းက ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် ဒါပေမယ့် အိမ်ကွင်းနဲ့ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ဘရန်ဖိုတ့်အသင်းကျတော့ လောလောဆယ် ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး ၄ ပွဲဆက်တိုက်ဖြစ်အောင် မျှော်လင့်နေပါတယ် အဲ့လိုမျိုး ၄ ပွဲဆက်တိုက်အနိုင်မရတာ နှစ်ပေါင်း ၅၀ ရှိသွားပါပြီ အဲ့ထက်ကောင်းတာ သူတို့အတို့အနိုင်ရခဲ့တဲ့ ၃ ပွဲမှာ ၃ ပွဲလုံး ၂ ဂိုးစီသွင်းပြီးနိုင်ထားတယ် လီဗာပူးလ်အသင်းက အခုတလော အမှားတွေမကင်းပေမယ့် အစစအရာရာကြည့်ပြီးပြောရင်တော့ ချန်ပီယံလုမယ့်ထဲ ပါနေတုန်းဖြစ်ပါတယ် ဘရန်ဖိုတ့်တို့ကတော့ တိတ်တိတ်ဆိတ်ဆိတ်လေးနဲ့ ခိုးကြမ်းနေတယ် နောက်ဆုံး ၃ ပွဲဆက်တိုက် အနိုင်ရထားပြီး ချယ်လ်ဆီးကိုတောင် ခေါင်းတက်နှင်းပြီးပြီ ဒီပွဲမှာတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးကစားမယ် ဧည့်သည်အသင်းကျတော့ ခံစစ်ပိတ်ပြီး ကွင်းလယ်ပိုင်းကို ဘောလုံးဖြတ်ချုပ်နိုင်အောင်ကြိုးစားကြမယ် ပြီးရင် သွက်လက်မှုရှိတဲ့ တန်ပြန်တိုက်စစ်နဲ့ လုပ်ဆောင်လိမ့်မယ် ဘရန်ဖိုတ့်ရဲ့ နောက်အားသာချက်တစ်ခုက မြောက်ဘောဖြစ်ပါတယ် အဲ့ကနေ အခွင့်ရေးဖန်တီးတတ်တယ် အဲ့နေရာ ကလော့ပ်ရဲ့အလုပ်တစ်ခုဖြစ်သွားလိမ့်မယ် ဒီပွဲ အတော်ကြည့်ကောင်းမယ်ထင်တယ် ပြတ်သားမှုနဲ့ ခံစစ်ပိုင်းရဲ့မှားယွင်းမှုတွေရဲ့အပေါ်ပဲ မူတည်လိမ့်မယ် သေသေချာချာတွက်ကြည့်ရင်တော့ လီဗာပူးလ်ဘက်က မနိုင်ပဲမနေလောက်ပါဘူး ပိုးစိုးပက်စက်တောင် နိုင်ချင်နိုင်လိမ့်မယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်းရဲ့ ဇယားထိပ်ပိုင်းနေရာအတွက် မသေချာသေးပါဘူး အရင်တစ်ပွဲတုန်းက လူတန်တောင်းနဲ့တောင် ၁-၁ သရေကျလာသေးတယ် Luis Diaz ရဲ့ခြေစွမ်းကြောင့် မရှုံးပဲလွတ်လာတယ် New Andy Carroll နဲ့တစ်ချက်တုန်းကလည်း ကံကောင်းလို့ ဂိုးမပေးခဲ့ရပါဘူး နို့မို့ဆို ရှုံးပြီး တစ်ရာသီလုံးရဲ့ အထိန်းအမှတ်ကြီးဖြစ်သွားလိမ့်မယ် ဒါပေမယ့်လည်း အန်ဖီးလ်ကွင်းနဲ့ကစားရမှာဆိုတော့ သူတို့ကိုစိတ်ချလို့ရပါတယ် ဘာလို့လဲဆိုတော့ အန်ဖီးလ်ကွင်းနဲ့ ၈ ပွဲကစားပြီး ၈ ပွဲလုံးအနိုင်ရထားလို့ပါ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Thiago Alcantara, Andy Robertson, Curtis Jones နဲ့ Stefan Bijcetic တို့ကို အသုံးပြုလို့မရသေးပါဘူး Virgil van Dijk က နေမကောင်းဖြစ်နေပြီး Ryan Gravenburch နဲ့တစ်ယောက်ကျတော့ ဒူးခေါင်းဒဏ်ရာရထားလို့ အခြေနေစစ်ဆေးဖို့လိုသေးတယ် Alexis Mac Allister နဲ့တစ်ယောက်က အဝါကဒ် ၅ ကဒ်ပြည့်သွားလို့ ဘန်းခံထိထားတယ် ယာဂင်ကလော့ပ်က ဒီပွဲ ဂိုးသမားနေရာ Alisson Becker ကိုပဲ ဆင်းခိုင်းမယ် နောက်ခံကွင်းလယ်နှစ်ယောက်နေရာကျတော့ Virgil van Dijk နဲ့ Ibrahima Konate ကိုပဲ တာဝန်ပေးထားလောက်တယ် ပြီးရင် အခြေနေပြန်ကောင်းပြီဖြစ်တဲ့ Trent Alexander Arnold ကို ညာဘက်နောက်ခံနေရာ ဆင်းထိန်းခိုင်းလိမ့်မယ် ညာဘက်ခြမ်းကျတော့ ပုခုံးဒဏ်ရာရထားတဲ့ Andrew Robertson အစား Joe Gomez ကိုပဲ ဆင်းခိုင်းလောက်တယ် ခံစစ်ပိုင်းအတွက် အရံကစားသမားကတော့ Costas Tsimikas ရှိနေပါတယ် တူးလော့စ်ကိုရှုံးသွားတုန်းကလည်း သူ့အမှားကြောင့် ဂိုးပေးလိုက်ရတာဖြစ်ပါတယ် ကွင်းလယ်ပိုင်းနေရာ Dominik Szoboszlai, Harvey Elliott နဲ့ Ryan Grafenberg တို့ကိုပဲ တာဝန်ပေးထားလောက်တယ် ကြားထဲ Wataru Endo ဆိုတဲ့ အရံကစားသမားကလည်း အဆင်သင့်ဖြစ်နေတယ် Alexis Mac Allister ကိုတော့ အသုံးချလို့မရသေးပါဘူး သူ့မှာ အဝါကဒ် ၅ ကဒ်ပြည့်သွားလို့ ဘန်းစာရင်းထဲပါသွားပါပြီ တိုက်စစ်ပိုင်းနေရာကျတော့ Luis Diaz, Mohamed Salah နဲ့ Diogo Jota တို့ကိုပဲ တာဝန်ပေးထားလောက်တယ် ကြားထဲ ဒါဝင်နူးနက်ဇ်နဲ့ Gakpo တို့ကလည်း အဆင်သင့်ဖြစ်နေတယ်။

Brentford : ဘရန်ဖိုတ့်အသင်းကျတော့ အရေးကြီးတဲ့တိုက်စစ်မှူးမရှိတဲ့နောက်ပိုင်း အခြေနေကောင်းလိုက် ဆိုးလိုက်ဖြစ်နေတယ် ဒါပေမယ့်လည်း သူတို့ ခြေစွမ်းပြပြီး ၃ ပွဲဆက်တိုက်အနိုင်ရရှိအောင် ကြိုးစားနိုင်ကြပါတယ် ဒီပွဲ အနိုင်ရသွားလို့ကတော့ ၄ ပွဲဆက်တိုက် အနိုင်ရရှိမှုဖြစ်သွားလိမ့်မယ် အဲ့လိုမျိုး ၁၉၃၉ ခုနှစ်ကတည်းက တစ်ခါမှမလုပ်နိုင်သေးပါဘူး ဒါပေမယ့်လည်း လီဗာပူးလ်ရဲ့ Clean Sheet စံချိန်ကိုကြည့်ပြီး အဲ့လိုမျိုးလုပ်နိုင်ဖို့မလွယ်တော့ပါဘူး ၂၀၂၁ ခုနှစ် ပရီးမီးယားလိဂ်အဆင့်ထဲ‌ရောက်လာကတည်းက လီဗာပူးလ်နဲ့ ၂ ပွဲရင်ဆိုင်ပြီး တစ်ပွဲက ၃-၀ တစ်ပွဲက ၁-၀ နဲ့ ရှုံးနိမ့်ခဲ့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Rico Henry နဲ့ Mikkel Dams Guard တို့ကို အသုံးပြုလို့မရသေးပါဘူး ခြေထောက်ဒဏ်ရာရထားတဲ့ Aaron Hickey နဲ့ Josh Da Silva တို့လည်း ဒီပွဲ မပါနိုင်သေးပါဘူး Kevin Schade နဲ့တစ်ယောက်လည်း တင်ပါးဒဏ်ရာရထားတယ် Mark Flecken, Shandon Batiste နဲ့ Keane Lewis Potter တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဘန်းစာရင်းထဲမှာကျတော့ Ivan Toney တစ်ယောက်ထဲပဲရှိပါတယ် ဒီပွဲ အသင်းနည်းပြက ဂိုးသမားနေရာ Mark Flecken ကိုပဲ တာဝန်ပေးပြီး Kristoffer Ayer, Nathan Collins, Ethan Pinnock နဲ့ Vitaly Janelt တို့ကိုကျတော့ ခံစစ်ပိုင်းအတွက် တာဝန်ပေးထားလောက်ပါတယ် ကြားထဲမှာ ဘန်မီနဲ့တစ်ယောက်လည်း အဆင်သင့်ဖြစ်နေတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Christian Norgaard, Frank Onyega, Matthias Jensen နဲ့ Brian Mbeumo တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် အဲ့အပိုင်း ကစားနည်းပြောင်းလဲဖို့ Yehor Yarmolik လည်း အဆင်သင့်ဖြစ်နေတယ် တိုက်စစ်ပိုင်းနေရာကျတော့ Joan Wissa နဲ့ Neil Maupay တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Gravenberch, Endo, Szoboszlai; Salah, Nunez, Jota

Brentford (3-5-2) :  Flekken; Ajer, Collins, Pinnock; Roerslev, Jensen, Norgaard, Onyeka, Janelt; Mbeumo, Wissa

Missing Players

Liverpool – Alexis Mac Allister (Yellow card suspension), Conor Bradley (Back injury), Thiago (Fitness), Andrew Robertson (Shoulder injury),V.Van Dijk (Illness),Curtis Jones (Knock Injury),Ryan Gravenberch (Knee Injury),S.Bajcitic (Calf Injury)

Brentford – Shandon Baptiste (Shoulder injury), Josh Dasilva (Hamstring injury), Mikkel Damsgaard (Knee surgery), Kevin Schade (Adductor injury),Rico Henry(Knee Injury),Kevin Schade (Hip Injury),K. Lewis- Potter (Calf Injury), Aaron Hickey (Hamstring Injury)

Facebook

နိုင်ငံအသင်းပြိုင်ပွဲမစခင် ကြီးမားတဲ့ပရီးမီးယားလိဂ်တိုက်ပွဲတစ်ပွဲဖြစ်ပါတယ် ချယ်လ်ဆီးအသင်းရဲံစွမ်းဆောင်ရည်က အခုမှစပါးကို တက်ကြိတ်ထားပေမယ့် အဲ့ပွဲ စပါးဘက်က ၉ ယောက်ထဲသာကျန်ခဲ့လို့ပါ မန်စီးတီးတို့ကျတော့ ငါတို့သိတဲ့အတိုင်းပါပဲ တစ်နေ့တစ်ခြား ပိုကောင်းနေတယ် ဒီပွဲ နည်းဗျူဟာနဲ့တိုက်ခိုက်ရမှာဖြစ်ပါတယ် ချယ်လ်ဆီး vs အာဆင်နယ်ပွဲလိုမျိုး တင်းကြပ်လိမ့်မယ် အဲ့ပွဲ ချယ်လ်ဆီးဘက်က အာဆင်နယ်ကိုဖိအားတော်တော်ပေးနိုင်တယ် ဘောပွဲကြည့်ပရိတ်သက် မန်စီးတီးလည်း အဲ့လိုစတိုင်လ်မျိုးပါပဲ ဒါပေမယ့် အရည်သွေးပိုကောင်းပါတယ် ဒီပွဲ ချယ်လ်ဆီးဘက်က ခံစစ်ပိတ်ပြီးကစားလောက်တယ် မန်စီးတီးတို့ကျတော့ တိုက်စစ်ဆင်ပြီး ဝင်လုံးမှာသေချာတယ် သူတို့ရဲ့နောက်ဆုံးပြတ်သားမှုကို စောင့်ကြည့်ရလိမ့်မယ် ဒီပွဲ ချယ်လ်ဆီးရဲ့အိမ်ကွင်းဖြစ်နေပေမယ့် သူတို့ခံစစ်ပိုင်းက အဲ့လောက်ထိ အားကောင်းမနေပါဘူး အချိန်မရွေးဂိုးသွင်းခံထိသွားနိုင်ပါတယ် တိုက်စစ်ပိုင်းကလည်း ကစားနည်းတွေ အဲ့လောက်မစုံလင်ဘူး ပြိုင်ဘက်ကခံစစ်ပိုင်းကို မဖောက်နိုင်လို့ကတော့ အလိုလိုနဲ့ ဘောလုံးဆုံးရှုံးသွားလိမ့်မယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲ မန်စီးတီးဘက်က အနိုင်ကောက်ရသွားမယ်ထင်တယ် ဂိုးအပြတ်နဲ့ နိုင်မလားဆိုတာကိုတော့ မပြောတတ်သေးဘူး ပထမဂိုး မြန်မြန်လာရင်တော့ ဖြစ်နိုင်ချေရှိပါတယ် နှစ်သင်းစလုံးက အခုမှ ပြိုင်ဘက်တွေကို ထုထောင်းလာတာချင်းတူပေမယ့် အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲထဲမှာကျတော့ သွင်းဂိုးစံနှုန်းက ၁.၂၃ ပဲရှိပါတယ် နောက်ပြီး မန်စီးတီးက အိမ်ကွင်းနဲ့ပွဲတွေမှာ အရမ်းကောင်းပေမယ့် အဝေးကွင်းနဲ့ပွဲတွေမှာကျတော့ ထင်သလောက်မကောင်းသေးပါဘူး အဲ့တာနဲ့ပဲ အနိုင်ရမယ်ဆိုရင်တောင် ဂိုးအပြတ်နဲ့နိုင်ဖို့ ခဲယဉ်းပါတယ်။

Chelsea : အိမ်ရှင်ချယ်လ်ဆီးအသင်း နောက်ဆုံး လန်ဒန်ဒါဘီတိုက်ပွဲဖြစ်တဲ့ ဆယ်လပိုင်းတုန်းက တစ်မှတ်လေးပဲကောက်သိမ်းနိုင်ပါတယ် ဒါပေမယ့် ၁၁ လပိုင်းထဲရောက်လာတော့ အသင်းသစ်လို့တောင်ထင်ရတယ် ဥပမာ ဘက်ဘန်းကိုထောင်းပြီး စပါးကိုပါ ထောင်းခဲ့တယ် နောက်ဆုံး ၂ ပွဲတုန်းက ၂ ပွဲလုံးပဲ အနိုင်ရရှိခဲ့ပါတယ် သူတို့ရဲ့ကစားပုံကစားနည်းက သိပ်ကြည့်မကောင်းပေမယ့် ကြိုးစားမှုတော့ တွေ့ရပါတယ် လတ်တလော ၁၅ မှတ်ကိုင်ဆောင်ထားပြီး ပရီးမီးယားလိဂ်အဆင့် ၁၀ မှာရပ်တည်နေတယ် Top4 ဇုန်ထက် ၉ မှတ်နည်းနေသေးတယ် ချယ်လ်ဆီးတို့က သတင်းအလယ်ပတ်တုန်းက ပြိုင်ပွဲမရှိတဲ့အတွက် ဒီပွဲ အပီကစားခဲ့ကြလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Christoph Nkunku, Wesley Fofana, Romeo, Lavia, Trevoh Chalobah, Carney Chukwuemeka နဲ့ Ben Chilwell တို့အားလုံး ဒဏ်ရာရထားကြပါတယ် Armando Broya နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ အခုတလော ခြေစွမ်းတွေတက်ကြွနေပြီး ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် သတင်းအလယ်ပတ်တုန်းက Young Boy အသင်းကို ၃-၀ နဲ့ အေးအေးဆေးဆေး အနိုင်ရရှိလာပါတယ် လိဂ်ပွဲစဉ်ထဲမှာဆိုရင် အခုမှ ဘုန်းမောက်ကို ၆-၁ နဲ့ အနိုင်ကောက်ရထားတယ် အဲ့ ၂ ပွဲထဲနဲ့ ၉ ဂိုးတောင်သွင်းနိုင်တယ် အာဆင်နယ်ကိုရှုံးသွားကတည်းကဆိုရင် သူတို့ ၁၇ ဂိုးတောင် သွင်းနိုင်ကြတယ် လက်ထဲမှာ ၂၇ မှတ်ဆုပ်ကိုင်ထားပြီး အဆင့် ၁ နေရာ ပြန်တက်သွားပါပြီ အဆင့် ၂ မှာရှိတဲ့စပါးထက် ၂ မှတ်သာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Kevin de Bruyne မရှိသေးပါဘူး သူ့မှာ အကြာကြီးပဲ အနားယူဖို့အခြေနေရှိနေတယ် John Stones နဲ့တစ်ယောက်မှာလည်း ကြွက်သားဒဏ်ရာရထားတယ် Manuel Akanji နဲ့တစ်ယောက်ဆိုရင် သွေးပူလေ့ကျင့်ခန်းလုပ်တုန်းက နေရာအတိကျမသိတဲ့ဒဏ်ရာမျိုးရသွားတယ် ဘယ်ဘက်နောက်ခံ ဒုတိယကစားသမားဖြစ်တဲ့ Sergio Gomez လည်း ခြေထောက်ခေါက်သွားလို့ အနားယူနေရပါတယ် နိုင်ငံအသင်းပြိုင်ပွဲပြီးတော့မှ ပြန်လာနိုင်မယ်ထင်တယ် အဲ့ဒီတော့ အဲ့ Position အတွက် Nathan Ake ကိုပဲ အားကိုးခဲ့ရလိမ့်မယ် Manuel Akanji နဲ့တစ်ယောက်ကျတော့ ကျောကုန်းဒဏ်ရာရထားလို့ ပြန်လာနိုင်ပြီလားမသေချာသေးပါဘူး ဒါပေမယ့် ခြေဆစ်ဒဏ်ရာရသွားတဲ့ဟာလန်းကတော့ ဒီပွဲ ပြန်ဆင်းနိုင်ပြီထင်ပါတယ်။

11 Players

Chelsea (4-2-3-1) : Sanchez; James, Disasi, Silva, Colwill; Caicedo, Fernandez; Palmer, Gallagher, Sterling; Jackson

Manchester City (3-5-2) : Ederson; Dias, Ake, Gvardiol; Walker, Rodri, Kovacic, Doku; Silva, Alvarez; Haaland

Missing Players

Chelsea – Marcus Bettinelli (unknown injury), Carney Chukwuemeka (Knee injury), Wesley Fofana (Cruciate ligament tear), Ben Chilwell (Hamstring injury), Armando Broja (Knee problems), Trevoh Chalobah (Thigh problems), C.Nkunku (Knee Injury),Malang Sarr (Red Card), Romeo Lavia (Ankle Injury)

Manchester City – Kevin De Bruyne (Partial muscle tear), Zack Steffen (Knee surgery),John Stones (Thigh Injury),Sergio Gomez (Ankle Injury)

Facebook