ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဒ်

ပရီးမီးယားလိဒ် မန်ယူ Vs ဖူဟမ် [ 24 Feb 24 - 21:30 hrs]

ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဒ် မန်ယူအသင်းဟာ top4 နေရာအတွက် ရင်ခုန်ဖို့ အနိုင်ပွဲတွေ တောက်လျှောက်ရလာနေပါတယ် ဖူဟမ်အသင်းကျတော့ ဘာမှရင်ခုန်စရာမရှိတော့ပါဘူး အတန်းမဆင်းချင်ရင်တော့ ရာသီကုန်အထိ ထိန်းကစားရုံပဲလိုပါတယ် ဒီပွဲ အိမ်ရှင်ဘက်က ပွဲစစလာချင်း တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ကြာလာတော့ နည်းနည်းလျှော့ချလိမ့်မယ် ဒါပေမယ့်လည်း ဧည့်သည်အသင်းရဲ့အနေအထားပေါ်မူတည်ပြီး လုပ်ဆောင်လိမ့်မယ် ဖူဟမ်အသင်းက ပုံမှန်ဆိုရင် ကွင်းအလယ်ပိုင်းကို ဦးစားပေးပြီး ဘောလုံးဘယ်နှချက်မှမတို့ပဲ ပြိုင်ဘက်ရဲ့ နောက်ဆုံးဧရိယာကို ထိုးတက်နိုင်တယ် ဖူဟမ်ရဲ့ ထူးခြားမှုအရှိဆုံးကစားသမားကတော့ Rodrigo Muniz ပါပဲ သူ့မှာ ပွဲတိုင်းလိုလို ဂိုးသွင်းနိုင်ပြီး အခြေနေအရမ်းကောင်းနေတယ် ဒါပေမယ့်လည်း မန်ယူရဲ့တိုက်စစ်ပိုင်းက ဘယ်လောက်ထိခြေစွမ်းပြနိုင်မလဲဆိုတာကို ကြည့်ရသေးတယ် ပထမဂိုး စောစောစီးစီးသွင်းနိုင်လို့ရှိရင်တော့ သူတို့အားသာတဲ့ တန်ပြန်တိုက်စစ်စနစ်ကိုပဲ ပြန်ပြောင်းကစားလို့ရပါတယ် ဖူဟမ်ကို ဂိုးအရင်ပေးသွင်း သွားရင်တော့ ဖူဟမ်ရဲ့အပိုင်းလည်း ပြန်ဖြစ်သွားနိုင်တယ် ဒါပေမယ့် ဖူဟမ်အသင်းမှာ သူတို့ရဲ့ အရေးကြီးသော ကွင်းလယ်ကစားသမား Joao Palinha မရှိသေးတဲ့အတွက် ကွင်းလယ်ပိုင်းရဲ့တောင့်တင်းမှုကလည်း အလိုလိုကျဆင်းလိမ့်မယ် အဲ့ထက်ဆိုးတာ မန်ယူအသင်းက လောလောဆယ် ၅ ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် ယုံကြည်မှုအပြည့်ပဲရှိနေကြတယ် အရင်ပွဲတွေလို အခြေခံခြေစွမ်းမျိုး ထုတ်ပြနိုင်လို့ကတော့ အသာလေးနဲ့ အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

Manchester United : မန်ယူအသင်းဟာ အခုနောက်ပိုင်း ခြေစွမ်းတွေပြန်ကောင်းနေတယ် တအားကြီးပြန်မကောင်းပေမယ့် ကြည့်လို့တော့ကောင်းပါတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း လူတန်တောင်းကို ၁-၂ နဲ့ အနိုင်ရရှိလာပြီး လောလောဆယ် ၅ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် ၂၅ ပွဲကစားပြီး လက်ထဲမှာ ၄၄ မှတ်လေးနဲ့ အဆင့် ၆ မှာရပ်တည်နေတယ် Top 4 ရဲ့နောက်ကနေ ၅ မှတ်လိုက်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Aaron Wan-Bissaka, Lisandro Martinez, Anthony Martial, Mason Mount, Tyrell Malacia နဲ့ Luke Shaw တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြလို့ပါ Luke Shaw မရှိသေးတဲ့အတွက် သူ့နေရာ Victor Lindelof က အစားထိုး ဆင်းပေးမှာဖြစ်ပြီး Diogo Dalot, Raphael Varane နဲ့ Harry Maguire တို့နဲ့အတူ ခံစစ်ပိုင်းနေရာ အတူတူဆင်းကစားလိမ့်မယ် တိုက်စစ်ပိုင်းနေရာမှာကျတော့ Bruno Fernandes က ၆ ပွဲဆက်တိုက် ဂိုးသွင်းနိုင်တဲ့ Rasmus Hojlund နဲ့အတူ တာဝန်ထမ်းဆောင်လိမ့်မယ်။

 

Fulham : ဖူဟမ်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး နောက်ဆုံး ၈ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရရှိခဲ့တယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း အက်စတွန်ဗီလာကို အိမ်ကွင်းနဲ့ ၁-၂ ရှုံးလာတယ် ၂၅ ပွဲကစားပြီး လက်ထဲမှာ ၂၉ မှတ်လေးနဲ့ အဆင့် ၁၂ မှာရပ်တည်နေတယ် အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဝါ ၁၀ ကဒ်ပြည့်သွားတဲ့ Joao Palinha ကို အသုံးပြုလို့မရသေးပါဘူး Raul Jimenez ကျတော့ ဒဏ်ရာရထားလို့ အနားယူနေပါတယ် Kenny Tete နဲ့ Armando Broja တို့လည်း အခြေနေစစ်ဆေးဖို့လိုနေသေးတယ် Joao Palinha က မဆင်းနိုင်သေးတဲ့အတွက် သူ့နေရာ Harrison Reed က တာဝန်ယူသွားမှာဖြစ်ပြီး အသင်းကပ္ပတိန်ဖြစ်တဲ့ Tom Cairney နဲ့အတူ တွဲဆင်းသွားမှာဖြစ်ပါတယ် Andreas Pereira နဲ့တစ်ယောက်က Playmaker အနေနဲ့ ကစားပွဲဖန်တီးပြီး နောက်ဆုံး ၃ ပွဲမှာ ၄ ဂိုးသွင်းနိုင်တဲ့ Rodrigo Muniz ရဲ့အနောက်ကနေ အထောက်အကူ လုပ်ပေးသွားလိမ့်မယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Maguire, Lindelof; Casemiro, Mainoo; Garnacho, Fernandes, Rashford; Hojlund

Fulham (4-2-3-1) : Leno; Castagne, Diop, Ream, Robinson; Cairney, Iwobi; De Cordova-Reid, Pereira, Willian; Muniz

 

Missing Players

Manchester United – Tyrell Malacia (unknown injury), Mason Mount (unknown injury), Anthony Martial (Groin surgery),A.Wan Bissaka (Leg Injury),Luke Shaw(Muscle Injury)

Fulham – João Palhinha (Yellow card suspension), Raúl Jiménez (Hamstring injury)

Facebook

ဘုန်းမောက်အသင်းက အနိုင်ပွဲတွေတောက်လျှောက်ကောက်သိမ်းနိုင်ခဲ့ဖူးပြီး စိတ်ဝင်စားစရာကောင်းတဲ့ အသင်းဖြစ်လာပေမယ့် ၂၀၂၄ ခုနှစ် စတင်လာကတည်းက ပရီးမီးယားလိဂ်မှာ တစ်ပွဲမှမနိုင်သေးပါဘူး ဒီနှစ်သင်း အချင်းချင်း ၅ ပွဲဆုံခဲ့ဖူးပြီး မန်စီးတီးဘက်ကပဲ ဆက်တိုက် အနိုင်ရရှိသွားတယ် ဒီရာသီ ပထမပွဲတုန်းကလည်း ၆-၁ နဲ့ အနိုင်ရသွားတယ် ဒီပွဲမှာလည်း အရင်ပွဲထက် ကွဲပြားသွားမယ်မထင်ပါဘူး ဘုန်းမောက်အသင်းက လောလောဆယ် စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး လိဂ်ပွဲတွေမှာလည်း အနိုင်ပွဲပျောက်ဆုံးနေတယ် ဒီလိုအခြေနေမျိုးဖြစ်ပြီး မန်စီးတီးကို လက်ခံကစားရမှာဆိုတော့ အရမ်းပင်ပန်ူလွန်းပါတယ် ပက်ရဲ့ကစားသမားတိုင်းမှာ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဒ် အန္တရာယ်ရှိတယ် အဆင့် ၁ အသင်းရဲ့နောက်ကနေလည်း ဓါးထောက်ထားတယ် တက်ရောက်ဖို့ပဲ ရှိနေတဲ့အတွက် ပိုပြီးကြိုးစားလိမ့်မယ် ဘုန်းမောက်မှာ တန်ပြန်တိုက်စစ်အားကောင်းပေမယ့် ဒီပွဲ အဲ့စနစ်ကို ဆင်ကစားဖို့ အခွင့်ရေးကို ခန ခနကြုံပါ့မလားမသေချာပါဘူး မန်စီးတီးဘက်က ဒီပွဲ ပွဲစစလာချင်းကတည်းက တိုက်စစ်ဆင်ကစားမယ် စောစောစီးစီး ဂိုးသွင်းနိုင်လို့ရှိရင် ပွဲမြန်မြန်သိမ်းလိမ့်မယ် ၃ မှတ်ကို မရရအောင်လုပ်ယူမှာသေချာတယ် ဒီပွဲက မန်စီးတီးအတွက် မလွယ်ပေမယ့် ယုံကြည်မှုအားကောင်းနေတဲ့အတွက် ၃ မှတ်လေးတော့ ရသွားမှာသေချာပါတယ်။

Bournemouth : အိမ်ရှင်ဘုန်းမောက်အသင်း နောက်ဆုံးတစ်ပွဲတုန်းက နယူးကာဆယ်နဲ့ ၂-၂ သရေကျလာခဲ့ပါတယ် အဲ့ပွဲ အနိုင်ရသွားတော့မလို့ ဖြဟ်သွားသေးတယ် ဒါပေမယ့် အချိန်ပိုအတွင်း ဂိုးသွင်းခံထိသွားလို့ နှမြောစရာအရမ်းကောင်းတယ် အဲ့ဒီလိုနဲ့ပဲ သူတို့မှာ ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါပြီ အနိုင်ရခဲ့တဲ့ပွုဆိုရင် ပြီးခဲ့တဲ့ နှစ်ကုန်တုန်းကပြန်ကြည့်မှမြင်ရပါတယ် အသင်းရဲ့တိုက်စစ်ပိုင်းက ကောင်းပါတယ် အဓိက Dominic Solanke နဲ့တစ်ယောက်ဆိုရင် ၁၄ ဂိုးတောင် သွင်းပြီးပြီ အသင်းရဲ့အားနည်းချက်ကတော့ ခံစစ်ပိုင်းပါပဲ လွယ်လွယ်လေးနဲ့ ဂိုးသွင်းခံထိတတ်တယ် နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၁၁ ဂိုးတောင် သွင်းခံထိသွားတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Ryan Fredericks, Tyler Adams, Max Aarons, James Hill နဲ့ Romain Favre တို့ကို အသုံးပြုလို့မရသေးပါဘူး Phillip Billing နဲ့တစ်ယောက်က ဘန်းစရာင်းထဲ ပါနေတုန်းပါ Alex Scott နဲ့တစ်ယောက်ကတော့ ဒီပွဲ ပြန်ဆင်းနိုင်ပါပြီ သူက Lewis Cook နဲ့ အတူ ဆင်းကစားမယ် ပြီးရင် အသင်းကပ္ပတိန်ဖြစ်တဲ့ Ryan Christie က Marcus Tavernier နဲ့ Antoine Semenyo တို့နဲ့အတူ တိုက်စစ်ပိုင်းမှာ တွဲဆင်းလိမ့်မယ် နောက်ဆုံး Striker နေရာ Dominic Solanke ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

Manchester City : မန်စီးတီးအသင်းကျတော့ ပြီးခဲ့တဲ့တစ်ပွဲတုန်းက ဘရန့်ဖိုတ့်အပေါ် ၁-၀ နဲ့ ကပ်နိုင်လာပါတယ် အဲ့ပွဲ မနည်းရုန်းကန်ပြီး ဟာလန်းရဲ့ဂိုးသွင်းချက်နဲ့ အနိုင်ရလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ဟာ အဆင့် ၂ နေရာမှာ ရပ်တည်ပြီး အဆင့် ၁ အသင်းရဲ့အနောက်ကနေ ၁ မှတ်ထဲပဲ လိုက်နေပါတော့တယ် ချန်ပီယံဖြစ်မယ့်ထဲ ရှိနေတုန်းပါ စီးတီးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ပွဲတိုင်းလိုလို ပြိုင်ဘက်ထက် ဘောလုံးကို ပိုပြီးကိုင်တွယ်နိုင်ပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက ဂိုးသွင်းဖို့အခွင့်အရေးတွေ တောက်လောက်ဖန်တီးနိုင်တယ် ဒါပေမယ့် အခုနောက်ပိုင်း ခံစစ်ပိတ်ကစားတဲ့အသင်းနဲ့တွေ့ရင် သိပ်မဖောက်နိုင်ကြပါဘူး ခံစစ်ပိုင်းကျတော့ စိတ်ချလို့ရနေတုန်းပါ ပြိုင်ဘက်က တန်ပြန်တိုက်စစ်တွေဘာညာ သိပ်ဆင်ခွင့်မရခဲ့ပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Jack Grealish နဲ့ Yosco Guardiol တို့အပြင် Kevin de Bruyne ရဲ့အခြေနေကိုလည်း စောင့်ကြည့်နေရပါတယ် KDB ကြီးမှာ မဆင်းနိုင်သေးပေမယ့် Bernardo Silva နဲ့ Julian Alvarez တို့ ရှိနေပါသေးတယ် သူတို့ဘေးနားမှာ Phil Foden နဲ့ Jeremy Doku တို့လည်း ရှိနေတယ် Oscar Bobb ကလည်း ရွေးချယ်မှုအနေနဲ့ ရှိနေတယ် ဂိုးသွင်းဖို့ အဓိကနေရာကျတော့ ဟာလန်းပါပဲ။

11 Players

Bournemouth (4-2-3-1) : Neto; Smith, Zabarnyi, Senesi, Kelly; Christie, Cook; Semenyo, Kluivert, Sinisterra; Solanke

Manchester City (4-1-4-1) : Ederson; Walker, Dias, Akanji, Ake; Rodri, Kovacic; Foden, Alvarez, Doku; Haaland

 

Missing Players

Bournemouth – Ryan Fredericks (Calf injury), Tyler Adams (Hamstring injury),P.Billing ,Romain Faivre (Illness), Max Aarons (Hamstring Injury)

Manchester City – Josko Gvardiol (Ankle ligament tear),Jack Grealish (Groin Injury)

Facebook

ဒီပွဲမှာတော့ နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ် အာဆင်နယ်အသင်းက လောလောဆယ် အဆင့် ၃ မှာရပ်တည်ပြီး လီဗာပူးလ်ကို ဖိအားပေးချင်နေတယ် နယူးကာဆယ်တို့ကျတော့ အမှတ်ဇယားရှိ အဆင့် ၈ မှာရပ်တည်နေတယ် သူတို့လည်း ဥရောပတိုက်ပွဲတွေထဲ ပါချင်တဲ့အတွက် အနိုင်လိုချင်နေတယ် ဒီပွဲ အာဆင်နယ်ဘက်က အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် အခုမှ ယူဖာချန်ပီယံလိဂ်ပွဲစဉ် ဆင်းကစားထားတဲ့အတွက် ကစားသမားတွေရဲ့ခန္ဓာကိုယ်က အင်အားတွေ အကုန်ပြန်မလာလောက်သေးပါဘူး နောက်ပြီး အဲ့ပွဲတုန်းက တစ်ယောက်ထဲပဲ လူစားလဲခဲ့တယ် အဆင်သင့်မဖြစ်ပဲ ရှုံးနိမ့်မှုကြောင့် ယုံကြည်မှုပါ လျော့ကျနေတာဆိုတော့ ဒီပွဲနဲ့ တော်တော်ထိခိုက်လိမ့်မယ် ဒီပွဲ အရေးကြီးသော ၃ မှတ်ရဖို့မရှိပဲ သရေကျရုံနဲ့ပြီးဖို့ တော်တော်များပါတယ်။ ပြိုင်ဆိုင်မှုပြင်းထန်လာတဲ့ ပရီးမီးယားလိဒ်

Arsenal : အိမ်ရှင်အာဆင်နယ်အသင်းဟာ ကွင်းလယ်ကစားသမားနှစ်ယောက် Fabio Vieira နဲ့ Thomas Partey တို့ လေ့ကျင့်ခန်းပြန်လုပ်နိုင်ပြီဖြစ်တဲ့အတွက် သတင်းကောင်းတွေ ရရှိနေပါတယ် ဒါပေမယ့် Gabriel Jesus, Oleksandr Zinchenko နဲ့ Takehiro Tomiyasu တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုသေးတယ် ဒီပွဲမှာတော့ ဒီသုံးယောက်က မပါနိုင်လောက်သေးပါဘူး ချန်ပီယံလိဂ်နဲ့ နောက်ဆုံးတစ်ပွဲတုန်းက ပေါ်တိုနဲ့ ရင်ဆိုင်လာတယ် ဒါပေမယ့်လည်း အာတီတာက အဲ့ဒီကစားသမားအဖွဲ့အစုကိုပဲ ဆက်လက်ကိုင်တွယ်မယ်ထင်တယ် ခံစစ်ပိုင်းနေရာမှာ Ben White, William Saliba, Gabriel Magalhaes နဲ့ Jakub Kivior တို့ကိုပဲ တာဝန်ပေးပြီး David Raya ဆိုတဲ့ဂိုးသမားအရှေ့မှာ ကာကွယ်လိမ့်မယ် ကွင်းလယ်ပိုင်းနေရာကျတော့ Declan Rice နဲ့ Martin Odegaard တို့ကိုပဲ တာဝန်ပေးပြီး Kai Havertz အစား Jorginho ပဲ ဆင်းကစားရမယ်ထင်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Leandro Trossard က အလယ်မှာရှိပြီး သူ့ဘေးနှစ်ဖက်က Bukayo Saka နဲ့ Gabriel Martinelli တို့နှစ်ယောက် ရှိနေလိမ့်မယ်။

 

Newcastle United : နယူးကာဆယ်အသင်းကျတော့ ရာသီရဲ့အစကတည်းက ဒဏ်ရာရထားတဲ့ကစားသမားပြသာနာ ရှိနေတယ် ကစားသမားအသီးသီးက အလှည့်ကျ ဒဏ်ရာရသွားကြတယ် အသင်းနည်းပြက သူ့အသင်းကို ကောင်းကောင်းလေး မကိုင်တွယ်ရသေးပါဘူး နယူးကာဆယ်ရဲ့ ဒဏ်ရာရထားတဲ့ကစားသမားတွေကတော့ Callum Wilson, Nick Pope, Matt Targett, Elliott Anderson, Jacob Murphy, Cholinton, Joe Willock နဲ့ Alexander Isak တို့ပဲဖြစ်ပါတယ် Sandro Tonali နဲ့တစ်ယောက်ကျတော့ အလောင်းကစားလုပ်မိတာကြောင့် ဘန်းခံထိထားပါတယ် ဒီပွဲ အသင်းနည်းပြက သူ့ရဲ့ခံစစ်ပိုင်းမှာ Fabian shared ကို Sven Botman နဲ့အတူ ကွင်းလယ်ခံစစ် တာဝန်ပေးထားလိမ့်မယ် သူတို့ရဲ့ဘေးနားမှာကျတော့ Kieran Trippier နဲ့ Dan Burn တို့ကိုပဲ တာဝန်ပေးထားမယ် ကွင်းလယ်ပိုင်းနေရာကျတော့ Sean Longstaff, Louis Miley နဲ့ Bruno Guimarães တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာကျတော့ Harvey Barnes, Miguel Almiron နဲ့ Anthony Gordon တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Kiwior; Odegaard, Rice, Jorginho; Saka, Havertz, Martinelli

 

Newcastle United (4-3-3) : Dubravka; Trippier, Schar, Botman, Burn; Longstaff, Guimaraes, Miley; Almiron, Gordon, Barnes

 

Missing Players

Arsenal – Oleksandr Zinchenko (Calf problems), Gabriel Jesus (Knee injury), Thomas Partey (Hamstring injury), Takehiro Tomiyasu (Calf injury)

Newcastle United – Callum Wilson (Chest injury), Alexander Isak (Groin injury), Nick Pope (Shoulder injury), Joe Willock (Achilles tendon problems), Matt Targett (Hamstring injury), Joelinton (Groin surgery)

Facebook