ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့်ပွဲစဉ်

စပိန် Vs ဂျာမနီ [ 5 Jul 24 - 22:30 hrs]

ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့်ပွဲစဉ် ဒီနှစ် ယူရိုပြိုင်ပွဲမှာ စွမ်းဆောင်ရည်ကောင်းတာချင်းတူတဲ့ အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် စပိန်အသင်းက ၄ ပွဲစလုံး အနိုင်ရရှိထားပြီး ဂျာမနီဘက်ကကျတော့ ၃ ပွဲ နိုင်ထားပါတယ် နှစ်သင်းစလုံးက အရမ်းရုန်းကန်စရာမလိုပဲ ဒီအဆင့်ကို တက်ရောက်လာပါတယ် ဒီပွဲမှာတော့ မနိုင်မရှုံး‌လေးနဲ့ အပြန်အလှန် တိုက်စစ်ဆင်ကစားလိမ့်မယ် နှစ်သင်းစလုံးမှာ ထူးခြားမှုရှီပြီး တိုက်စစ်ပိုင်း အားကောင်းနေကြပါတယ် သွင်းဂိုးစံချိန်ကိုကြည့်မယ်ဆိုရင် ဂျာမနီဘက်က ၁၀ ဂိုးသွင်းနိုင်ပြီး စပိန်ဘက်က ၉ ဂိုး သွင်းထားနိုင်ပါတယ် ဒီနှစ်ယူရိုမှာ သွင်းဂိုးအရေအတွက် အများဆုံး နံပါတ် ၁ နဲ့ နံပါတ် ၂ အသင်းတွေဖြစ်နေတယ် အခုနောက်ပိုင်း စွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ စပိန်ဘက်က ပိုသာပါတယ် အဓိက ဒီပြိုင်ပွဲမှာဆိုရင် တော်တော်ကောင်းနေတယ် ဂျာမနီတို့ကျတော့ ပွဲရှင်ဖြစ်တဲ့အနေနဲ့ အကျောပိုရထားပါတယ် စွမ်းဆောင်ရည်ကလည်း မဆိုးဘူး ၁ ပွဲလေးပဲ သရေကျသွားတယ် အဲ့ပွဲ ဘာအကျိုးမှမရှိတာလည်းပါတယ် သူတို့ရဲ့ ကစားသမားအသီးသီးကလည်း နာမည်ကြီးကစားသမားတွေဖြစ်တယ် ဒီပွဲ ကြီးမားတဲ့အသင်းတွေရဲ့ ပြိုင်ပွဲဆိုတော့ အရမ်းကြည့်လို့ကောင်းလိမ့်မယ် တကယ့် ကမ္ဘာ့အဆင့် ပြိုင်ပွဲကြီးဖြစ်နေတယ် နည်းဗျူဟာအမျိုးမျိုးနဲ့ တိုက်ခိုက်ပြီး ပျော်ဖို့ကောင်းမယ် ဒီပွဲ ခန့်မှန်းရခက်ပါတယ် ဒါပေမယ့် စပိန်အသင်းက Pressing ဆွဲပြီး ဂျာမနီကို ကပ်နိုင်သွားမယ်ထင်ပါတယ်။

Spain – စပိန်အသင်း ၁၆ သင်းအဆင့်တုန်းက ဂျော်ဂျီယာကို အေးအေးဆေးဆေးပဲ အနိုင်ရရှိလာပါတယ် သူတို့က ကစားလေ ပိုကောင်းလေဖြစ်နေတယ် ယူရို ၂၀၂၄ မှာ ၄ ပွဲကစားပြီး တစ်ပွဲမှမရှုံးသေးပါဘူး ၉ ဂိုးသွင်းနိုင်ပြီး  ၁ ဂိုးသာ ပြန်သွင်းခံထိခဲ့ပါတယ် သွင်းခံထိတဲ့ဂိုးကလည်း ကိုယ့်ဂိုးကို ပြန်သွင်းမိသွားတာဖြစ်ပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ တော်တော်ပြည့်စုံပါတယ် ဒဏ်ရာရထားနဲ့ကစားသမားမရှိပါဘူး Nacho Fernandez နဲ့ Ayoze Perez တို့ကလည်း အဆင်သင့် ဖြစ်နေကြပါတယ် ကျန်တဲ့ အဓိကကစားသမားတွေ ကလည်း အဆင်သင့်ဖြစ်နေကြပါတယ် ဒီပွဲစပိန်နည်းပြဟာ အရင် အသုံးပြုတဲ့ ကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီး ကိုင်တွယ်သွားလိမ့်မယ် ၄-၃-၃ စနစ်လေးနဲ့ Striker နေရာမှာ Alvaro Morata ကိုပဲ တာဝန်ပေးပြီး သူ့ဘေးနှစ်ဖက်ကျတော့ Yamin Lamal နဲ့ Nico Williams တို့ကိုပဲ ချထားလိမ့်မယ် ကွင်းလယ်နေရာမှာ Pedri နဲ့ Rodri တို့ကို ကစားပွဲလှုပ်ရှားဖို့ ထားထားပြီး ခံစစ်နေရာမှာ Dani Carvajal နဲ့ Aymeric Laporte တို့ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ်။

Germany – ချန်ပီယံလောင်းတွေထဲက ဂျာမနီအသင်းမှာလည်း စွမ်းဆောင်ရည်တော်တော်ကောင်းတယ် ပထမအဆင့်တုန်းက ၂ ပွဲနိုင် ၁ ပွဲသရေလေးနဲ့ ၇ မှတ် ကောက်သိမ်းနိုင်တယ် အုပ်စုအေရဲ့ ချန်ပီယံအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တယ် အဲ့ဒီ ၁၆ သင်းအဆင့်မှာ ဒိန်းမတ်နဲ့ရင်ဆိုင်ပြီး ၂-၀ နဲ့ အနိုင်ရလာတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Jonathan Tah က ဘန်းစာရင်းကနေ လွှတ်မြောက်လာပါပြီ သူ့ကိုပဲ ချက်ချင်းကိုင်တွယ်မလား Nico Schlotterbeck ကိုပဲ အသုံးပြုမလားဆိုတာစောင့်ကြည့်ရလိမ့်မယ် သူတို့နှစ်ယောက်က တစ်ယောက်ဟာ Antonio Rudiger နဲ့အတူ ကွင်းလယ်ခံစစ်နေရာမှာ တွဲကစားခဲ့ရလိမ့်မယ် အရှေ့ပိုင်းမှာကျတော့ Florian Wirtz က Leeloy Sane အစား ညာတောင်ပံနေရာမှာ တာဝန်ဆင်းယူလိမ့်မယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ ဘိုင်ယန်အသင်းမှ Manuel Neuer ဖြစ်ပြီး ခံစစ်ပိုင်းမှာကျတော့ Joshua Kimmich, Antonio Rudiger, Jonathan Tah နဲ့ Maximilian Mittelstadt တို့ ၄ ယောက်ကိုပဲ ချထားမယ်ထင်ပါတယ် ကွင်းလယ်နေရာမှာကျတော့ Robert Andrich နဲ့Toni Kroos တို့ကို တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာကျတော့ Florian Wirtz, Ilkay Gundogan, Jamal Musiala တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် Striker နေရာမှာတော့ Havertz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Spain (4-3-3) : Simon; Carvajal, Le Normand, Laporte, Cucurella; Pedri, Rodri, Ruiz; Yamal, Morata, Williams

Germany (4-2-3-1) : Neuer; Kimmich, Tah, Rudiger, Raum; Kroos, Andrich; Musiala, Gundogan, Wirtz; Havertz

Missing Players

Spain –  ဒဏ်ရာရထားသောကစားသမားမရှိပါ။

Germany – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

Portugal – ပေါ်တူဂီအသင်း နည်းနည်းကြောင်ပျောက်နေတယ် နောက်ဆုံး ၂ ပွဲတုန်းက ၁ ပွဲရှုံး ၁ ပွဲသရေဖြစ်တယ် ဆလိုဗေးနီးယားနဲ့သရေကျပြီး ပင်နယ်တီနဲ့ အနိုင်ရရှိလာတယ် ဒါပေမယ့်လည်း မိနစ် ၉၀ အတွင်းမှာ ပေါ်တူဂီဘက်က ဂိုးသွင်းခွင့်တွေ အများကြီးရခဲ့ပေမယ့် ပြတ်သားမှုမရှိလို့ပါ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ကွင်းထဲက နေရာတိုင်းမှာ အဆင်သင့်ဖြစ်နေကြပါတယ် ပေါ်တူဂီအသင်း ဒီပွဲ ၄-၃-၃ စနစ်လေးနဲ့ ခံစစ်နေရာမှာ Joao Cancelo, Pepe, Ruben Dias နဲ့ Nuno Mendes တို့ကို တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Vitinha, Joao Palinha နဲ့ Bruno Fernandes တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Bernardo Silva, Cristiano Ronaldo နဲ့ Rafael Leao တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

France – ပြင်သစ်အသင်းကျတော့ ယူရိုတိုက်ပွဲမှာ ခြေစွမ်းသိပ်မပြနိုင်သေးပါဘူး ဒီအစီစဉ်မှာ ၄ ပွဲကစားပြီး ၃ ဂိုးထဲပဲ သွင်းနိုင်တယ် ၁၆ သင်းအဆင့်တုန်းက တောင့်တင်းမှုရှိတဲ့ ဘယ်လ်ဂျီယံကို ၁-၀ နဲ့ ကပ်နိုင်လာပါတယ် အဲ့ပွဲ သူတို့ဘက်က ဂိုးသွင်းခွင့်တွေ အများကြီးပဲ ဖန်တီးနိုင်ကြပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘန်းခံထိထားတဲ့ Adrien Rabiot ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ ပြင်သစ်အသင်း ၄-၃-၁-၂ စနစ်လေးနဲ့ ခံစစ်ပိုင်းမှာ Jules Kounde, Dayot Upamecano, William Saliba နဲ့ Theo Hernandez တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Eduardo Camavinga, Aurelien Jouameny နဲ့ N’Golo Kante တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာ ကစားပွဲဖန်တီးဖို့ Antoine Griezmann ကို တာဝန်ပေးပြီး ဂိုးသွင်းဖို့နေရာကျတော့ Marcus Thuram နဲ့ Kylian Mbappe တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

ပြိုင်ဆိုင်မှုပြင်းထန်ဦးမယ့်ပွဲစဉ် ပြီးခဲ့တဲ့ ၄ ပွဲတုန်းကဟာကိုကြည့်ပြီးပြောရင် ပေါ်တူဂီဘက်က ပိုသာပါတယ် ဒါပေမယ့် အတွေ့အကြုံပိုင်းကိုကြည့်မယ်ဆိုရင်တော့ အတူတူလောက်ပါပဲ ပြင်သစ်ရဲ့ ဒီအစီစဉ်ထဲကစတိုင်လ်ဟာ သူတို့ရဲ့ ခံစစ်ပိုင်းက တောင့်တင်းမှုအရမ်းရှိပါတယ် သူတို့ရဲ့ကွင်းလယ်ကစားသမားတွေက ခံစစ်ပိတ်ကစားတဲ့နေရာမှာ အရမ်းအားသာနေကြတယ် ဒါပေမယ့် အရမ်းထိရောက်ပုံရှိတဲ့တိုက်စစ်ပိုင်းကတော့ ဒီနှစ်မှာ စိတ်ပျက်ဖို့ တော်တော်ကောင်းပါတယ် ပေါ်တူဂီနဲ့တခြားစီဖြစ်နေတယ် ရော်နယ်ဒိုက အသက် ၃၉ နှစ်ရှိသွားပြီဆိုပေမယ့် တိုက်စစ်ပိုင်းအတွက် ထိရောက်မှုရှိအောင် လုပ်ပေးနိုင်နေသေးတယ် နှစ်သင်းစလုံးရဲ့ အစစအရာရာနဲ့ အခြေခံအရည်အသွေးကို ယှဉ်ကြည့်ရင် မနိုင်မရှုံးလေးဖြစ်ပါတယ် အဲ့ဒီလိုနဲ့ပဲ မိနစ် ၉၀ အတွင်း အပြီးသတ်နိုင်ကြမယ်မထင်ပါဘူး မိနစ် ၁၂၀ အထိ ကစားရမှာ တော်တော်သေချာတယ် အဲ့လိုသာဖြစ်ခဲ့ရင်တော့ ပေါ်တူဂီဘက်က နစ်နာလိမ့်မယ် ဘာလို့လဲဆိုတော့ အရင်တစ်ပွဲကမှ အကြာကြီးပဲ ကစားလိုက်ရလို့ပါ ဒီပွဲပါ အကြာကြီးကစားခဲ့ရရင်တော့ အရမ်းပဲ ပင်ပန်းသွားလိမ့်မယ် ဒီလိုအနေအထားကြောင့် ပြင်သစ်ဘက်က အနိုင်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

11 Players

Portugal (4-3-3) : Costa; Cancelo, Dias, Pepe, Mendes; Palhinha, Vitinha; Silva, Fernandes, Leao; Ronaldo

France (4-3-1-2) : Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Camavinga; Griezmann; Mbappe, Kolo Muani

Missing Players

Portugal – ဒဏ်ရာရထားသောကစားသမားမရှိပါ။

France – Adrien Rabiot (Yellow card suspension)

Facebook