ပြင်းထန်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ

အာဆင်နယ် Vs လူတန်တောင်း [3 Apr 24 - 01:00 hrs]

ပြင်းထန်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ ဒီပွဲမှာတော့ နှစ်သင်းစလုံးအတွက် အဓိပ္ပါယ်ရှိပါတယ် တစ်သင်းက ချန်ပီယံအတွက်နဲ့ နောက်တစ်သင်းက အတန်းမဆင်းအောင် ရုန်းကန်နေတယ် အခုနောက်ပိုင်း စွမ်းဆောင်ရည်ပိုင်းကတော့ အာဆင်နယ်ဘက်က ပိုသာမှန်းကောင်းကောင်းမြင်ရတယ် နောက်ဆုံး ၁၁ ပွဲကစားပြီး ၉ ပွဲတောင် အနိုင်ရရှိသွားပါတယ် သရေ ၁ ပွဲနဲ့ အရှုံး ၁ ပွဲသာ ရရှိခဲ့တယ် လူတန်တောင်းအသင်းကျတော့ ၁၀ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့တစ်ပွဲတုန်းက အာဆင်နယ်အသင်း ၃-၄ နဲ့ ကပ်နိုင်သွားပါတယ် ပြီးတော့ အာဆင်နယ်အသင်းရဲ့ အနေအထားက ဒဏ်ရာရထားတဲ့ကစားသမား တစ်ယောက်လေးပဲရှိနေတော့ အဆင်သင့် တော်တော်ဖြစ်နေတယ် လူတန်တို့ကျတော့ ၁၃ ယောက်တောင် ဒဏ်ရာရထားတယ် ဘယ်နေရာမဆို အာဆင်နယ်ဘက်က ပိုသာနေတယ် လက်ရှိစွမ်းဆောင်ရည်ကစ ထိပ်တိုက်ရင်ဆိုင်ခဲ့ကြတဲ့စံချိန်ရောပါ ပိုသာပါတယ် နောက်ပြီး ကိုယ့်အိမ်ကွင်းနဲ့ပါကစားရမှာဖြစ်ပါတယ် ဒီရာသီမှာ လူတန်အသင်းက မထင်မှတ်တဲ့ဂိုးတွေ သွင်းတတ်ပေမယ့် အာဆင်နယ်ရဲ့ခံစစ်ပိုင်းကလည်း လိဂ်ထဲမှာ သွင်းခံထိတဲ့ဂိုးအရေအတွက် အနည်းဆုံးဖြစ်နေတယ် လွယ်လွယ်လေးနဲ့ မှားယွင်းမယ်မထင်ပါဘူး ဒီပွဲမှာတော့ အာဆင်နယ်အသင်း ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားမယ် လူတန်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ကစားလိမ့်မယ် လူတန်အသင်းက အရင်တစ်ပွဲ စပါးနဲ့သရေကျအောင် လုပ်နိုင်ခါနီးဖြစ်သွားသေးတော့ ခြေစွမ်းမဆိုးပါဘူး ဒါပေမယ့် ဒီပွဲမှာတော့ နှစ်သင်းစလုံးရဲ့ အရည်အသွေးက အရမ်းကွာဟနေတယ် ဒါပေမယ့်လည်း နောက်ဆုတ်လို့မရတော့တဲ့လူတန်အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ လွယ်မယ်မထင်ပါဘူး ဂန်နားဘက်က ပေါ့ဆရင် ပြစ်ဒဏ်ပေးခံထိလိမ့်မယ် ဒီပွဲ အနိုင်မရလို့ကတော့ ချန်ပီယံဆုကို စွန့်ပစ်သလိုမျိုးဖြစ်သွားလိမ့်မယ် အဲ့ဒီတော့ လူတန်တို့ရဲ့ တန်ပြန်ုတိုက်စစ်ကို သတိထားဖို့လိုပါတယ် ဒီပွဲ ဘယ်လိုပဲနေနေ အာဆင်နယ်ဘက်ကပဲ အနိုင်ရသွားမှာပါ။

Arsenal : ပရီးမီးယားလိဂ် ဒုတိယအဆင့်မှာရှိတဲ့ အိမ်ရှင်အာဆင်နယ်အသင်း အရင်တစ်ပတ်ကမှ ချန်ပီယံဖြစ်မယ့်စာရင်းထဲ နာမည်ပါနေတဲ့မန်စီးတီးအသင်းနဲ့ သရေကျလာတဲ့အတွက် အဆင့် ၁ နေရာ လီဗာပူးလ်ကို ပေးလိုက်ရပါတယ် ဒီရာသီ ၂၉ ပွဲကစားပြီး လက်ထဲ ၆၅ မှတ်ကိုင်ဆောင်ထားကာ အဆင့် ၂ မှာရပ်တည်နေတယ် အခုမှ ဘရိုက်တန်ကို ၂-၁ နဲ့ အနိုင်ရပြီး အဆင့် ၁ နေရာတက်သွားပြီဖြစ်တဲ့လီဗာပူးလ်ရဲ့ အနောက်ကနေ ၂ မှတ် လိုက်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရပြီး လုံးဝဆင်းမကစားနိုင်တဲ့ ကစားသမားကတော့ Julian Timber တစ်ယောက်ထဲပဲရှိပါတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ အာဆင်နယ်အသင်း ၄-၃-၃ စနစ်နဲ့ကစားပြီး ဂိုးသမားနေရာ David Raya ပဲဖြစ်လိမ့်မယ် အခြား position ကျတော့ Jorginho က ကွင်းလယ်နေရာမှာ Declan Rice နဲ့ Martin Odegaard တို့နဲ့အတူ တာဝန်ထမ်းဆောင်လိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Bukayo Saka, Kai Havertz နဲ့ Gabriel Jesus တို့ပဲ တာဝန်ယူသွားလိမ့်မယ်။

 

Luton Town : လူတန်တောင်းအသင်းကျတော့ အခုမှ စပါးအသင်းကိုရှုံးနိမ့်လာပါတယ် အဲ့ပွဲ သရေကျရုံနဲ့ပြီးခါနီး ဖြစ်သွားသေးတယ် ဒါပေမယ့် ပွဲပြီးခါနီးမှ ဂိုးသွင်းခံထိသွားလို့ ရှုံးလာခဲ့ပါတယ် လက်ထဲမှာ ၂၂ မှတ်ရှိပြီး အဆင့် ၁၈ မှာရပ်တည်နေတယ် အဆင့် ၁၇ မှာရှိတဲ့ဖောရက်စ်နဲ့ ရမှတ်ချင်းတူပါတယ် သွင်းဂိုးစံချိန်ကျ ၃ လုံးကွာနေတာပဲရှိတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ကစားသမား ၁၃ ယောက်တောင်ရှိတယ် အချို့ကစားသမားတွေ ဒဏ်ရာသက်သာပြီဆိုပေမယ့် Marvelous Nakamba, Tom Lockyer, Dan Potts, Amari Bell, Chiosi Ogbene, Elijah Adebayo, Albert Zambi Lokonga, Gabriel Osho, Tahid Chong, Mads Andersen, Reece Burke, Alfie Doughty, Jacob Brown တို့အားလုံး ဒဏ်ရာရရှိထားတုန်းဖြစ်ပါတယ် ဒီပွဲမှာလည်း အရင်တစ်ပွဲလို ၄-၃-၃ စနစ်စီစဉ်ထားလိမ့်မယ် ဂိုးသမားနေရာ Tomas Kaminsky ဖြစ်ပြီး Issa Cabore, Daiki Hashioka, Teden Main Ji, Alfie Doughty တို့ကိုကျတော့ ခံစစ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် အလယ်ပိုင်းနေရာမှာကျတော့ Pelly Ruddock Mpansu, Luke Berry, Ross Barkley တို့ကိုပဲ တာဝန်ပေးထားပြီး တိုက်စစ်ပိုင်းနေရာမှာ Andros Townsend, Carlton Morris နဲ့ Jordan Clark တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Arsenal (4-3-3) : Raya; Tomiyasu, Saliba, Kiwior, Zinchenko; Odegaard, Partey, Rice; Martinelli, Havertz, Trossard

 

Luton Town (4-3-3) : Kaminski; Kabore, Hashioka, Mengi, Johnson; Mpanzu, Barkley, Clark; Townsend, Morris, Woodrow

 

Missing Players

Arsenal – Jurrien Timber (Cruciate ligament tear), Bukayo Saka (unknown injury)

Luton Town – Tom Lockyer (heart problems),Dan Potts ,Amari Bell (Hamstring Injury),C.Ogbene (Hamstring Injury) E.Adebayo (Thigh Injury),A.Lokonag (Hamstring) , Gabriel Osho (Knee Injury), Jacob Bronw (Knee Injury)

Facebook

အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ပွဲမှာ မန်စီးတီးဘက်က အရင်မှားခဲ့ပါတယ် ဒီပွဲမှာတော့ ကိုယ့်အိမ်ကွင်းဖြစ်ပြီး ချန်ပီယံလမ်းခရီးပေါ် ဆက်ရှိနေချင်သေးတဲ့အတွက် အနိုင်အရမ်းလိုချင်နေပါတယ် အက်စတွန်ဗီလာတို့ရောပါပဲ ပြင်းထန်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ သူတို့ကျတော့ ဖလားအကြီးပြိုင်ပွဲထဲ ပါဝင်ဖို့ခွဲတမ်းလိုချင်ကြတယ် ဒါပေမယ့် Ollie Watkins မရှိသေးတော့ တိုက်စစ်ပိုင်းက အရည်အသွေး တော်တော်ကျဆင်းလိမ့်မယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ မန်စီးတီးဘက်က ပိုသာပါတယ် ဒီပွဲ မန်စီးတီးဘက်ကပဲ အနိုင်ရသွားမယ်ထင်တယ် ဘာလို့လဲဆိုတော့ အက်စတွန်ဗီလာအသင်းက အဝေးကွင်းနဲ့ ကစားခဲ့ရရင် သိပ်ပြီး ခြေစွမ်းမပြနိုင်ပါဘူး မန်စီးတီးမှားကျတော့ ၃ မှတ် မရရအောင်လုပ်ယူဖို့လိုပါတယ် လီဗာပူးလ်ကို နီးနိုင်သလောက် မနီးထားလို့ကတော့ ချန်ပီယံဆုအတွက် ပိုဝေးသွားလိမ့်မယ် ဗီလာအသင်းလည်း Top4 နေရာမှာ အပြတ်လိုချင်နေတော့ အရမ်းကြိုးစားလောက်ပါတယ် ဒီပွဲ မန်စီးတီးဘက်က ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားမယ် ဗီလာတို့ကျတော့ စီးတီးရဲ့အမှားကနေ ကစားပွဲဖန်တီးဘိမ့်မယ် Bailey သို့မဟုတ် Diaby တို့ရဲ့ သွက်လက်မှုကို အားကိုးလိမ့်မယ် ဒါပေမယ့်လည်း Ollie Watkins မရှိသေးတော့ အက်စတွန်ဗီလာရဲ့ထိရောက်မှုကလည်း အရင်လို ကြောက်ဖို့မကောင်းပါဘူး ဒီပွဲ မန်စီးတီးဘက်ကပဲ ၃ မှတ်ရသွားမယ်ထင်တယ်။

Manchester City : မန်စီးတီးအသင်း ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်ချေရှိပါတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ရဲ့နောက်ကနေ ၃ မှတ်လိုက်နေတယ် ဒါပေမယ့် သူတို့ အခုနောက်ပိုင်း တောင့်တင်းမှုရှိတဲ့ပြိုင်ဘက်နဲ့တိုးနေတယ် မန်စီးတီးရဲ့စွမ်းဆောင်ရည်ကတော့ မဆိုးပါဘူး ရမှတ်တွေ တောက်လျှောက်ကောက်သိမ်းနိုင်ပါတယ် ဇယားထိပ်ပိုင်းကနေလည်း ကျဆင်းမသွားခဲ့ပါဘူး အသင်းရဲ့အနေအထားကတော့ အရင်တစ်ပွဲ ၂၇ မိနစ်ထဲကစားလိုက်ရတဲ့ Nathan Ake ကို ကိုင်တွယ်လို့မရေသေးပါဘူး Kyle Walker လည်း ဆင်းမကစားနိုင်သေးပါဘူး Ederson ကျတော့ အခြေနေစစ်ဆေးဖို့သာ လိုပါတော့တယ် ပြီးတော့ အချို့ Position တွေ Rotation ရှိလိမ့်မယ် Jeremy Dogu နဲ့ Jack Grealish တို့က Bernardo Silva နဲ့ Phil Foden တို့နေရာကို အစားထိုး ဆင်းကစားပြီး အရှေ့ဆုံးမှာရှိတဲ့ ဟာလန်းကို အခွင့်အရေးဖန်တီးပေးလိမ့်မယ်။

Aston Villa : အက်စတွန်ဗီလာအသင်း စွမ်းဆောင်ရည်တွေ တောက်လျှောက်ကောင်းနေပါတယ် နောက်နှစ် ချန်ပီယံလိဂ်ပွဲစဉ်ထဲ ပါဝင်ကစားမယ့်အသင်းဖြစ်လိမ့်မယ် ဒါပေမယ့်လည်း အဆင့် ၄ နေရာက သူတို့အတွက်ပဲ မဟုတ်ပါဘူး ဘာလို့လဲဆိုတော့ အဆင့် ၅ မှာရှိတဲ့စပါးအသင်းကလည်း အနီးကပ် လိုက်လာနေလို့ ၃ မှတ်ထဲပဲ လိုပါတော့တယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ အသင်းနည်းပြမှာ Ollie Watkins ကို ကိုင်တွယ်လို့မရေသေးပါဘူး Hamstring နေရာမှာ ဒဏ်ရာရထားလို့ပါ သူ့နေရာ Jon Duran ကိုပဲ တာဝန်ပေးသွားလိမ့်မယ် John McGinn နဲ့တစ်ယောက်မှာလည်း ပွဲပယ်စာရင်းထဲပါနေသေးတော့ ဒီပွဲမှာ ပါဝင်ဆင်းကစားလို့မရသေးပါဘူး Jacob Ramsey နဲ့တစ်ယောက်လည်း ဒဏ်ရာရထားတယ် အဲ့ဒီတော့ တိုက်စစ်ပိုင်းနေရာမှာ ရွေးချယ်စရာ သိပ်မရှိတော့ပါဘူး Morgan Rogers က Leon Bailey နဲ့အတူ စည်းဘေးကနေ ကစားပွဲဖန်တီးမယ် ပြီးရင် တိုက်စစ်ဒုတိယလှိုင်းမှာ Moussa Diaby ကို အဓိကတာဝန် ပေးထားလိမ့်မယ်။

11 Players

Manchester City (4-1-4-1) : Ortega; Lewis, Dias, Akanji, Gvardiol; Rodri, Kovacic; Doku, De Bruyne, Grealish; Haaland

Aston Villa (4-4-1-1) : Martinez; Konsa, Carlos, Torres, Digne; Bailey, Luiz, Tielemans, Rogers; Diaby, Duran

Missing Players

Manchester City – Kevin De Bruyne (Groin strain), Ederson (Muscle injury)

Aston Villa – Matty Cash (Hamstring injury), Emiliano Buendía (Cruciate ligament tear), Boubacar Kamara (Knee injury), Tyrone Mings (Cruciate ligament tear), Jacob Ramsey (Foo Injury) K.Hause,

Facebook