ပရီးမီးယားလိဒ် ညဥ့်နက်ပွဲများ

ချယ်လ်ဆီး Vs ခရစ်စတယ်ပဲလေစ့် [27 Dec 23 - 02:00 hrs]

ပရီးမီးယားလိဒ် ညဥ့်နက်ပွဲများ အိမ်ရှင်ချယ်လ်ဆီးအသင်း မထင်မှတ်ပဲ ၂ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပါတယ် ဒီပွဲ လန်ဒန်ဒါဘီဖြစ်ပြီး ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ ၃ မှတ်ရအောင် အတတ်နိုင်ဆုံးကြိုးစားလောက်တယ် ခရစ်စတယ်ပဲလေစ့်တို့ကျတော့ စွမ်းဆောင်ရည်တွေ ပုပ်နေပြီး ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် ကြားထဲ ဒဏ်ရရသွားတဲ့ကစားသမား ပိုမိုးတိုးပွါးလာတယ် ဒီပွဲ အမှတ်လေးနဲ့ ပြန်ချင်ရင်တော့ အခြေခံခြေစွမ်းကို ခေါ်နိုင်အောင်ကြိုးစားရမယ် ချယ်လ်ဆိူအသင်းမှာလည်း ကစားစနစ်ပိုင်း ချို့ယွင်းမှုနဲ့ ဒဏ်ရာရထားမှုပြသာနာတွေ ရှိနေပေမယ့် အစစအရာရာ ပဲလေစ့်ထက်တော့ ကြည့်ကောင်းပါတယ် ဘာလို့လဲဆိုတော့ ပဲလေစ့်အသင်းက လောလောဆယ် အရမ်းဆိုးရွားနေလို့ပါ ဒီပွဲ အခြေနေဆိုးတာချင်းတူတဲ့ အသင်းတွေရဲ့ပြိုင်ပွဲဖြစ်တယ် ချယ်လ်ဆီးအသင်းက ကောင်းချင်တဲ့ပွဲဆိုရင် မပြောမဆို ကောင်းတယ် ညံ့မယ်ဆိုရင်လည်း ကြောက်စရာကြီးပါ တည်ငြိမ်မှုလုံးဝမရှိဘူးဖြစ်နေတယ် ခရစ်စတယ်ပဲလေစ့်တို့ကျတော့ စွမ်းဆောင်ရည် ညံ့တာမှန်ကန်ပေမယ့် အသင်းကြီးတွေနဲ့ ရင်ဆိုင်ခဲ့ရရင်တော့ သူတို့အခြေနေက အလိုလိုကောင်းတတ်ပါတယ် ဒီပွဲရဲ့ ကစားပွဲအနေအထားက ချယ်လ်ဆီးဘက်က တိုက်စစ်ဆင်ကစားဖို့ အကြိမ်ကြိမ်ကြိုးစားလိမ့်မယ် ပဲလေစ့်တို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့လောက်ပဲ စီစဉ်ထားလောက်ပါတယ် ချယ်လ်ဆီးအသင်းရဲ့ခံစစ်ပိုင်းက တောင့်တင်းမှုသိပ်မရှိပါဘူး မှားယွင်းမှုတွေလည်း မကင်းဘူး အဲ့အခွင့်အရေးကိုပဲလေစ့်က ချောင်းနေပြီးသားပါ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းကလည်း ညံ့နေပါသေးတယ် Sterling နဲ့ Palmer တို့က ဘန်းခံထိသွားတော့ Mudrik သို့မဟုတ် Nkunku တို့ရဲ့အရည်အချင်းကို ဒီပွဲမှာပဲမြင်ရလိမ့်မယ် ဒါပေမယ့်လည်း စောစောကပြောသလို ပဲလေစ့်အသင်းမှာ အသင်းကြီးတွေနဲ့ရင်ဆိုင်ခဲ့ရရင် အလိုလိုကောင်းတတ်တယ် အဲ့ဒီတော့ ချယ်လ်ဆီးအတွက် မလွယ်သေးပါဘူး တစ်ယောက်တစ်မှတ်ရဖို့အခြေနေ တော်တော်များပါတယ်။

Chelsea : အိမ်ရှင်ချယ်လ်ဆီးအသင်း အခုမှ ဝုဗ်ဗာဟန်တန်ကို ၂-၁ နဲ့ ရှုံးနိမ့်လာပါတယ် ဒါပေမယ့် အမှတ်ပေးဇယား အဆင့် ၁၀ မှာတော့ ရပ်တည်နေတုန်းဖြစ်ပါတယ် ဒီရာသီ ၁၈ ပွဲကစားပြီး လက်ထဲ ၂၂ မှတ်ကိုင်ဆောင်ထားတယ် Top4 ဇုန်ရဲ့နောက်ကနေ ၁၄ မှတ်တောင် လိုက်နေရပါတယ် ပိုချက်တီက ဒီပွဲ Wesley Fofana Ben Chilwell Trevoh Chalobah Lesley Ugochukwu Rees James Robert Sanchez Enzo Fernandez Mark Kuku Reya Romeo Lavia နဲ့ Carney Chukwuemeka တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားလို့ အနားယူနေရပါတယ် Moise Caicedo နဲ့ Lesley Ugochukwu တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် Raheem Sterling နဲ့ Cole Palmer တို့ကျတော့ အဝါ ၅ ကဒ်ပြည့်သွားလို့ ဘန်းစာရင်းထဲ ပါသွားပါပြီ မပါနိုင်မှန်း သေချာတယ် Romeo Lavia က ဒီပွဲ ပထမဆုံးဆင်းကစားခွင့်ရတော့မယ်ထင်တယ် Conor Gallagher နဲ့အတူ ကွင်းလယ်နေရာ ဆင်းထိန်းမယ် ကစားသမားသစ်ဖြစ်တဲ့ Christopher Nkunku လည်း ပထမကစားသမားအနေနဲ့ ဆင်းရလောက်တယ် Mikailo Mudrik, Nicholas Jackson နဲ့ Noni Madueke တို့နဲ့အတူ တိုက်စစ်ပိုင်းနေရာ တာဝန်ယူခဲ့ရလိမ့်မယ်။

 

Crystal Palace : ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေညံ့ပြီး နောက်ဆုံး ၁၁ ပွဲစံချိန်ထဲမှာ တစ်ပွဲလေးပဲ အနိုင်ရထားပါတယ် နောက်ဆုံး ၂ ပွဲတုန်းက ၂ ပွဲလုံးသရေကျခဲ့ပါတယ် တစ်ပွဲက မန်စီးတီးနဲ့ ၂-၂ နောက်တစ်ပွဲကျတော့ ဘရိုက်တန်နဲ့ ၁-၁ ဖြစ်ပါတယ် အမှတ်ပေးဇယား အဆင့် ၁၅ မှာရပ်တည်နေပါတယ် လက်ထဲမှာ ၁၈ မှတ်လေးကိုင်ဆောင်ထားပြီး အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်သာနေတုန်းဖြစ်ပါတယ် ခရစ်စတယ်ပဲလေစ့်အသင်း ဒီပွဲ Cheikh Doucoure, Rob Holding, Sam Johnston, Odsonne Edouard နဲ့ Joel Ward တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးက နောက်နှစ်မှပဲ ပြန်လာလိမ့်မယ် ဒီပွဲ Jefferson Lerma ကတော့ ကွင်းထဲပြန်ဆင်းကစားနိုင်လောက်ပြီ အသင်းနည်းပြက ဒီပွဲ ခံစစ်ပိုင်းနေရာ Nathaniel Clyne, Joachim Andersen, Marc Guehi နဲ့ Tyrik Mitchell တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Chris Richards, Jefferson Lerma, Michael Olise, နဲ့ Eberechi Eze တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းကျတော့ Jordan Ayew နဲ့ Jean-Philippe Mateta တို့ကိုပဲ ဂိုးသွင်းဖို့ အားကိုးလိမ့်မယ်။

11 Players

Chelsea (4-2-3-1) : Petrovic; Gusto, Disasi, Silva, Colwill; Caicedo, Gallagher; Madueke, Jackson, Mudryk; Broja

Crystal Palace (4-3-3) : Henderson; Clyne, Andersen, Guehi, Mitchell; Lerma, Richards, Eze; Olise, Mateta, Ayew

Missing Players

Chelsea – Raheem Sterling (Yellow card suspension), Cole Palmer (Yellow card suspension), Wesley Fofana (Cruciate ligament tear), Trevoh Chalobah (Thigh problems), Moisés Caicedo (Fever), Carney Chukwuemeka (Knee injury), Ben Chilwell (Hamstring injury), Robert Sánchez (muscular problems), Reece James (Hamstring injury), Marc Cucurella (Ankle surgery)

Crystal Palace – Dean Henderson (Torn thigh muscle), Jesurun Rak-Sakyi (Hamstring injury), Cheick Doucouré (Achilles tendon rupture)

Facebook

အဲဗာတန်အသင်း နောက်ဆုံးတစ်ပွဲတုန်းက စပါးကို ၁-၂ ရှုံးနိမ့်လာပေမယ့် အဲ့ပွဲ သူတို့ရဲ့စွမ်းဆောင်ရည်က မဆိုးပါဘူး အိမ်ရှင်ဖြစ်တဲ့စပါးအသင်းထက်တောင် အခွင့်ရေးဖန်တီးနိုင်တယ် ဂိုးမပြတ်သားတာပဲရှိပါတယ် အဲ့တာကြောင့် လက်အလွတ်ကြီးနဲ့ ပြန်ခဲ့ရပါတယ် အဲဗာတန်အသင်း အခုနောက်ပိုင်း အခြေနေကောင်းအောင် ပြန်ထိန်းနိုင်နေတယ် ခံစစ်ပိုင်း တောင့်တင်းမှုရှိပြီး ပရီးမီးယားလိဒ် ညဥ့်နက်ပွဲများ တိုက်စစ်ပိုင်းက ဖောက်ထွင်းမှုအားကောင်းလာတယ် မန်စီးတီးအသင်းကျတော့ လိဂ်ပွဲစဉ်တွေမှာ အခြေနေသိပ်မကောင်းပါဘူး နောက်ဆုံး ၆ ပွဲကစားပြီး တစ်ပွဲလေးပဲ အနိုင်ရရှိခဲ့ပါတယ် ဒါပေမယ့် အခုမှ ကမ္ဘာ့ကလပ်ဖလားရလာတဲ့အတွက် ယုံကြည်မှုတွေ ပြန်ရလာနေကြလောက်ပြီ အဲ့ဒီဖြစ်တည်မှုကို တွန်းအားအနေနဲ့ အနိုင်ရအောင် ကြိုးစားခဲ့ကြလိမ့်မယ် နှစ်သင်းစလုံးရဲ့ အစစအရာရာကြည့်ပြီးပြောရင် မန်စီးတီးဘက်က ပိုကြည့်ကောင်းပါတယ် ဒါ့အပြင် ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၁၃ ပွဲတုန်းကလည်း မန်စီးတီးဘက်က တစ်ပွဲမှမရှုံးပဲ ၁၁ ပွဲတောင် အနိုင်ရရှိသွားပါတယ် ဒီပွဲ မန်စီးတီးဘက်က တစ်လမ်းသွားသလိုမျိုး တိုက်စစ်ဆင်ပြီး ဖောက်ထွင်းမယ် Phil Foden, Julian Alvarez, Jack Grealish, Erling Haaland တို့ကိုအားကိုးပြီး သုံးမှတ်ရအောင် လုပ်ယူသွားလိမ့်မယ်။

Everton : အိမ်ရှင်အဲဗာတန်အသင်း အနိုင်ရမှုကို ၄ ပွဲဆက်တိုက်မှာ အပြီးသတ်သွားခဲ့ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက စပါးကို ၁-၂ နဲ့ ရှုံးနိမ့်လာတယ် လတ်တလော အဆင့် ၁၆ မှာရပ်တည်နေပြီး လက်ထဲမှာ ၁၆ မှတ် ကိုင်ဆောင်ထားပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၄ မှတ်ပိုသာပါတယ် အဲဗာတန်အသင်းရဲ့ အဓိကကစားသမားဖြစ်တဲ့ Idrissa Gay ကို အသုံးပြုလို့မရသေးပါဘူး Ashley Young, Abdullai Doucouré နဲ့ Seamus Colman တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲလိုပါတော့တယ် ဒီပွဲ အသင်းနည်းပြက ခံစစ်ပိုင်းနေရာ Nathan Paterson, James Tarkovsky, Jarrad Branthwaite နဲ့ Vitaly Mykolenko တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး အလယ်တန်းနေရာမှာကျတော့ Amadou Onana, James Garner နဲ့ Andre Gomes တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းကျတော့ စည်းဘေးနှစ်ယောက် Jack Harrison နဲ့ Dwight McNeil တို့ကိုပဲ စီစဉ်ထားလောက်တယ် ပြီးရင် Striker နေရာ Dominic Calvert Lewin ကိုပဲ အဓိကတာဝန် ပေးထားလောက်ပါတယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ အရင်တစ်ပတ်တုန်းက ဆော်ဒီအာရေဗျမှာကျင်းပခဲ့တဲ့ World Club 2023 ပြိုင်ပွဲထဲ ပါဝင်ယှဉ်ပြိုင်ခဲ့ရလို့ ပရီးမီးယားလိဂ်ပြိုင်ပွဲထဲ မပါရသေးပါဘူး အဲ့ဒီဗိုလ်လုပွဲမှာ အနိုင်ရသွားလို့ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ဆွတ်ခူးနိုင်ခဲ့ပါတယ် ဒီပွဲ ပက်မှာ Kevin de Bruyne ကို အသုံးပြုလို့မရသေးပါဘူး ဒါပေမယ့် Erling Haaland နဲ့ Jeremy Dogu တို့ကျတော့ ဒီပွဲအတွက် အဆင်သင့်ဖြစ်နေကြပါပြီ ဒီပွဲ ပက်က ၄-၂-၃-၁ စနစ်နဲ့ ကစားခိုင်းမယ်ထင်တယ် ခံစစ်ပိုင်းနေရာ Kyle Walker၊ Nathan Ake၊ Ruben Dias၊ Josco Guardiol တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Manuel Acanji၊ Rodri တို့ကိုပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Julian Alvarez joins forces with Phil Foden, Jack Grealish တို့ကိုပဲ ကစားပွဲဖန်တီးဖို့တာဝန်ပေးပြီး Striker နေရာ ဟာလန်းကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးထားလောက်ပါတယ်။

11 Players

Everton (4-5-1) : Pickford; Patterson, Tarkowski, Branthwaite, Mykolenko; Harrison, Onana, Garner, Gomes, McNeil; Calvert-Lewin

 

Manchester City (4-2-3-1) : Ederson; Walker, Stones, Dias, Gvardiol; Akanji, Rodri; Silva, Alvarez, Foden; Haaland

Missing Players

Everton – Dele Alli (Partial muscle tear),Ashley Young, S.Coleman (Groin Injury),A.Doucoure (Hamstring Injury)

Manchester City –  Kevin De Bruyne (Fitness), Jérémy Doku (Muscle injury), Zack Steffen (Knee surgery), Erling Haaland (Stress reaction of the bone),Rodri (Knee Injury)

Facebook