ပရီးမီးယားလိဒ် ချန်ပီယံတိုက်ပွဲ

ပရီးမီးယားလိဒ် ချန်ပီယံတိုက်ပွဲ အာဆင်နယ် Vs ဘုန်းမောက် [ 4 May 24 - 18:00 hrs]

ပရီးမီးယားလိဒ် ချန်ပီယံတိုက်ပွဲ ချန်ပီယံဆုအတွက် ရင်ခုန်နိုင်သေးတဲ့ အာဆင်နယ်အသင်း လောလောဆယ် မန်စီးတီးထက် ၁ မှတ်ပိုသာပေမယ့် မန်စီးတီးဘက်က သူတို့ထက် ၁ ပွဲလျော့ ကစားထားပါတယ် ဘုန်မောက်အသင်းကျတော့ ဘာရည်ရွယ်ချက်မှမရှိတော့ပါဘူး အဆင့် ၁၀ မှာပဲ အပြီးသတ်သွားလိမ့်မယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ စံချိန်ထဲမှာ အာဆင်နယ်ဘက်က ပိုသာပါတယ် ပြီးတော့ အခုလက်ရှိစွမ်းဆောင်ရည်ကလည်း အာဆင်နယ်ဘက်ကပဲ ပိုကြည့်ကောင်းနေတယ် အာဆင်နယ်က ချန်ပီယံဆုအတွက် တိုက်ခိုက်နေပြီး ဘုန်းမောက်ကျတော့ ဘာအတွက်မှ တိုက်ခိုက်မနေတော့ပါဘူး အဝေးကွင်းနဲ့လည်း ကစားရမှာဆိုတော့ အာဆင်နယ်ဘက်က အစစအရာရာ ပိုပြီးအကျောရထားပါတယ် ကစားပွဲအနေအထားကတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဘုန်းမောက်တို့ကျတော့ ခံစစ်ပိတ်ပြီး အခွင့်အရေး စောင့်နေလိမ့်မယ် ဘုန်းမောက်တို့မှာ ဘာအတွက်မှ မကစားရတော့ဘူးဆိုပေမယ့် ဖိအားအောက်မှာ မကစားရတော့ ပိုပြီး အေးဆေးဖြစ်ပါတယ် သူတို့က သဘာဝအတိုင်းကစားရင် ခြေစွမ်းကောင်းတတ်ကြတယ် အာဆင်နယ်မှာကျတော့ ၃ မှတ်ကလွဲပြီး ဘာမှမလိုချင်ဘူး အဲ့တာမှ မန်စီးတီးကို ဖိအားပေးနိုင်မှာဖြစ်ပါတယ် ဒီပွဲမှာတော့ မထင်မှတ်တာတွေ မဖြစ်ပေါ်လောက်ပါဘူး အာဆင်နယ်မှာက ယုံကြည်အပြည့်ရှိပြီး စွမ်းဆောင်ရည်ကပါ ကောင်းနေကြလို့ပါ ဒါပေမယ့် ပေါ့ဆရင်တော့ ပြစ်ဒဏ်ပေးခံထိသွားနိုင်ပါတယ် ဘုန်းမောက်မှာလည်း ခြေစွမ်းကောင်းတဲ့တိုက်စစ်မှူးတွေရှိတယ် Antoine Semenio နဲ့ Justin Kluivert တို့က တိုက်စစ်ပိုင်းမှာ ကစားပွဲဖန်တီးတတ်တယ် Dominic Solanke နဲ့တစ်ယောက်ကလည်း လျင်မြန်ပြတ်သားမှုရှိတယ် ဒါပေမယ့်လည်း ကျွန်တော့်စိတ်ထဲမှာကတော့ အာတီတာရဲ့အသင်းကပဲ အနိုင်ရသွားမယ်လို့ ထင်နေပါတယ်။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေကောင်းပြီး ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘိုင်ယန်ကို ရှုံးသွားပြီးနောက် ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက စပါးအပေါ် ၂-၃ နဲ့ ကပ်နိုင်လာပြီး လက်ထဲ အမှတ် ၈၀ ကိုင်ဆောင်ထားပါတယ် ဒီရာသီ ၃၅ ပွဲကစားပြီး အဆင့် ၂ မှာရှိတဲ့ မန်စီးတီးထက် ၁ မှတ် ပိုသာနေတယ် ဒါပေမယ့် အာဆင်နယ်ဘက်က ၁ ပွဲ ပိုကစားထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Jurrien Timber လောက်ပဲ ဒဏ်ရာရထားတယ် အခုတော့ အသင်းသေးနဲ့ လေ့ကျင့်ခန်းပြန်စနေပါပြီ ဒီပွဲ အရန်ထိုင်ခုံမှာတော့ ရှိနေလိမ့်မယ် ကျန်တဲ့နေရာတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အာဆင်နယ်အသင်းက ဒီပွဲ အကောင်းကြိုးစားမှာသေချာတယ် အရင်တစ်ပွဲကမှ အသုံးချထားတဲ့ ကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီးကိုင်တွယ်သွားမယ်ထင်တယ် Thomas Partey လောက်ပဲ ပြောင်းလဲရင် ပြောင်းလဲလိမ့်မယ် အာတီတာက ၄-၃-၃ စနစ်နဲ့ပဲ ဂိုးသမားနေရာ David Raya ကို တာဝန်ပေးပြီး ဘယ်ဘက် နောက်ခံနေရာမှာ Takehiro Tomiyasu အစား Oleksandr Zinchenko ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ခံစစ်နှစ်ယောက်ကျတော့ Gabriel Magalhaes က William Saliba နဲ့အတူ တွဲဆင်းမယ် ညာဘက်ခံစစ်ကျတော့ Ben White ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာကျတော့ Declan Rice, Thomas Partey နဲ့ Jorginho ကလည်း အဆင်သင့် ဖြစ်နေပါတယ် Martin Odegaard ကတော့ ဘယ်ဘက်တောင်ပံမှာရှိမယ် Leandro Trossard သို့မဟုတ် Gabriel Martinelli တို့နှစ်ယောက်လည်း ဆင်းခွင့်ရရင် ရလိမ့်မယ် ပြီးရင် ဘယ်ဘက်တောင်ပံ Bukayo Saka ဖြစ်ပြီး အရှေ့ဆုံးမှာ Kai Havetz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Bournemouth : ဘုန်းမောက်အသင်းကျတော့ စွမ်းဆောင်ရည်မဆိုးပါဘူး နောက်ဆုံး ၁၀ ပွဲကစားပြီး ၆ ပွဲတောင် အနိုင်ရရှိသွားပါတယ် ၂ ပွဲလေးပဲ ရှုံးသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘရိုက်တန်အပေါ် ၃-၀ နဲ့ အနိုင်ကောက်ရလာတယ် ဒီရာသီ ၃၅ ပွဲကစားပြီး လက်ထဲ ၄၈ မှတ်လေးနဲ့ အဆင့် ၁၀ မှာရပ်တည်နေတယ် လက်ကျန် ၃ ပွဲအတွက် ဘာမှရင်ခုန်စရာမရှိတော့ပါဘူး အသင်းထဲမှာ ဒဏ်ရာရထားတဲ့ Antoine Semenyo ရှိနေသေးတော့ စိတ်တော်တော်ညစ်နေကြလောက်တယ် သူ ပြန်လာမယ့်အချိန်ကို အခုထိ မခန့်မှန်းနိုင်သေးပါဘူး Ryan Frederick, Marcus Travenier, Luis Senister, Romain Favre တို့မှာလည်း ဒဏ်ရာရထားကြလို့ မပါနိုင်သေးပါဘူး ဒါပေမယ့် နောက်ဆုံးတိုက်ပွဲမှာတော့ ပါဝင်ကစားနိုင်မယ်ထင်ပါတယ် Myros Kerkez ကျတော့ ပွဲပယ်စာရင်းထဲပါနေလို့ ဒီပွဲ မဆင်းနိုင်သေးပါဘူး Ilia Sabanyi နဲ့ Chris Mepham တို့မှာလည်း နေမကောင်းဖြစ်နေကြလို့ မသေချာသေးပါဘူး ဒီပွဲ ဘုန်းမောက်အသင်း ၄-၄-၂ စနစ်လေးနဲ့ ဂိုးသမားနေရာ Mark Travers အစား Neto ကိုပဲ တာဝန်ပေးပြီး Danho Ottara ကိုကျတော့ ဘယ်ဘက်ခံစစ်နေရာမှာ တာဝန်ပေးထားမယ် ကွင်းလယ်ခံစစ်နှစ်ယောက်ကျတော့ Lloyd Kelly နဲ့ Marcos Senesi တို့နှစ်ယောက်ဖြစ်ပြီး ညာဘက်ခံစစ်နေရာကျတော့ Adam Smith ကိုပဲ တာဝန်ပေးထားလိမ့်မယ် ဘယ်ဘက်တောင်ပံက Justin Kluivert ဖြစ်ပြီး ညာဘက်တောင်ပံ Max Aarons ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာကျတော့ Lewis Cook နဲ့ Alex Scott တို့ဖြစ်ပြီး အရှေ့ဆုံးမှာ Dominic Solanke နဲ့ Ernest Unal တို့ပဲ ဖြစ်ပါလိမ့်မယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Tomiyasu; Odegaard, Partey, Rice; Saka, Havertz, Trossard

Bournemouth (4-4-2) : Neto; Smith, Zabarnyi, Senesi, Kelly; Ouattara, Cook, Scott, Kluivert; Solanke, Unal

Missing Players

Arsenal – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Bournemouth – Ryan Fredericks (Calf injury), Max Aarons (Hamstring injury), Lloyd Kelly (Hip injury),T.Adams (Back Injury),M.Tavenier (Muscle Injury),L.Sinisterra (Hamstring Injury).Romain Faivre(Muscle Injury) Chris Mepham (illness),A.Semenyo (Knee Injury),I.Zabarnyi (illness)

Facebook

ဒီပွဲ နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ချင်း အရမ်းကွာဟနေပါတယ် အဆင့်ဇယားထဲမှာလည်း တော်တော်ကွာနေကြတယ် ချန်ပီယံဖြစ်မယ့်အသင်းနဲ့ ဇယားအလယ်ပိုင်းမှာနစ်သေနေတဲ့အသင်းဖြစ်တယ် အခုနောက်ပိုင်း စွမ်းဆောင်ရည်ကတော့ အိမ်ရှင်ဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ရပါတယ် မိနစ် ၉၀ အတွင်းနဲ့ နောက်ဆုံး ၃၁ ပွဲထဲမှာ တစ်ပွဲမှမရှုံးသေးပါဘူး ဝုဗ်အသင်းကျတော့ နောက်ဆုံး ၈ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရသွားပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းကလည်း မန်စီးတီးဘက်က ၄ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် ဒီနှစ်သင်း အချင်းချင်း ၁၂၉ ပွဲ ရင်ဆိုင်ခဲ့ဖူးပြီး မန်စီးတီးဘက်က ၅၄ ပွဲ အနိုင်ရသွားပါတယ် သရေ ၂၅ ပွဲလေးနဲ့ ဝုဗ်ဘက်က ပွဲ ၅၀ ပြန်နိုင်ထားတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ဝုဗ်ဘက်က ပရီးမီးယားလိဒ် ချန်ပီယံတိုက်ပွဲ စပရိုက်တိုက်ပြီး ၂-၁ နဲ့ နိုင်သွားသေးတယ် ဒီပွဲမှာတော့ မန်စီးတီးဘက်က အစစအရာရာ ပိုကြည့်ကောင်းပါတယ် စွမ်းဆောင်ရည်ကစ အဆင်သင့်ပြင်ဆင်မှုတွေကလည်း ပိုသာတယ် ကစားသမားအရည်အသွေးလည်းပိုကောင်းတယ် ဘယ်လိုပဲကြည့်ကြည့် မန်စီးတီးဘက်က အနိုင်ရဖို့ပိုများပါတယ် ခြေစွမ်းကောင်းတိုက်စစ်မှူး Phil Foden နဲ့ နံပါတ် ၁ ဂိုးသမား Ederson တို့ ဒီပွဲ မပါနိုင်သေးပေမယ့် ကျန်တဲ့ကစားသမားတွေနဲ့တင် ဝုဗ်ကို အသာလေားနဲ့ ထောင်းလွတ်နိုင်ပါတယ် ဒီပွဲ မန်စီးတီးဘက်က ၃ မှတ်ရပြီး အာဆင်နယ်ကို ဆက်ပြီး ဖိအားပေးသွားလိမ့်မယ်။

Manchester City : မန်စီးတီးအသင်းရဲ့လက်ထဲမှာ ကစားစရာ ၄ ပွဲကျန်ပါသေးတယ် သူတို့လို ချန်ပီယံဆုလုနေတဲ့အသင်းတွေက ၃ ပွဲထဲပဲ ကျန်ပါတော့တယ် အဲ့ဒီတော့ မန်စီးတီးဘက်က အမှတ်ကောက်သိမ်းဖို့ အခါင့်အရေးပိုများနေတယ် ၄ ပွဲစလုံးနိုင်သွားလို့ကတော့ ချန်ပီယံဖြစ်သွားလိမ့်မယ် ဒီပွဲ မန်စီးတီးအတွက် အရေးကြီးပါတယ် သူတို့ရဲ့ပြိုင်ဘက်က အဆင့်ဇယားထဲက အလယ်ပိုင်းမှာရပ်တည်ပြီး ဘာရည်ရွယ်ချက်မှမရှိတော့ပါဘူး ၃ မှတ်မရပဲနေလို့ကတော့ စီးတီးအတွက် အရမ်းပဲ နစ်နာသွားလိမ့်မယ် ဒီပွဲ မန်စီးတီးမှာ နံပါတ် ၁ ဂိုးသမားဖြစ်တဲ့ Ederson ကို ကိုင်တွယ်လို့မရသေးပါဘူး သူ့မှာ ဒဏ်ရာရထားတယ် Luben Dias နဲ့ Phil Foden တို့လည်း နေမကောင်းဖြစ်နေကြတယ် ဒါပေမယ့် အခြေနေစောင့်ကြည့်နေပြီဆိုတော့ ဒီပွဲ ပြန်လာနိုင်မယ်ထင်ပါတယ် ကျန်တဲ့နေရာတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ပက်က ဒီပွဲ ၄-၁-၄-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Stefan Ortega ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Yoshko Guardiol, Kyle Walker, Nathan Ake နဲ့ Manuel Akanji တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ခံစစ်နေရာကျတော့ Rodrigo Hernandez ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ် ကွင်းလယ်တိုက်စစ်နေရာမှာ Phil Foden, Kevin de Bruyne, Bernardo Silva, Mateo Kovacic တို့ကိုပဲ တာဝန်ပေးပြီး Striker နေရာမှာ အာလင်ဟာလန်းကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Wolves : ဝုဗ်ဗာဟန်တန်အသင်းကျတော့ နောက်ဆုံးတစ်ပွဲကမှ လူတန်တောင်းကို ၂-၁ နဲ့ အနိုင်ကောက်ရလာပါတယ် အဲ့ပွဲမတိုင်ခင် ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးထားတယ် ဒီရာသီ ၃၅ ပွဲကစားပြီး လက်ထဲမှာ ၄၆ မှတ်လေးနဲ့ အဆင့် ၁၁ မှာရပ်တည်နေတယ် ဝုဗ်အသင်းက ဒီပွဲ ဘာရည်ရွယ်ချက်မှမရှိတော့ပဲ ကစားရမှာဖြစ်ပါတယ် အဲ့တော့ သိပ်ပြီး ကြိုးစားမဘ်မထင်ပါဘူး ဒီပွဲ ဝုဗ်အသင်းမှာ Dawson, Leon Chivome, Pedro Neto, Santiago Bueno နဲ့ Noa Lemina တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Rayan et-Nouri နဲ့ Jean-Rigner တို့ကျတော့ အခြေနေစစ်ဆေးဖို့ လိုနေပါတယ် ဝုဗ်အသင်းက ဒီပွဲ ၃-၄-၂-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Jose Sa ပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာမှာကျတော့ Nelson Semedo, Max Kilman, Toti တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းနေရာမှာကျတော့ Matt Doherty, Mario Lemina, Joao Gomes, Boubaka Traore, Rayan Et-Nouri တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Hwang Hee Chan နဲ့ Matthaus Kunya တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players 

Manchester City (4-1-4-1) : Ortega; Walker, Stones, Dias, Gvardiol; Rodri; Bernardo, De Bruyne, Foden, Grealish; Haaland

 

Wolves (3-4-2-1) : Sa; Semedo, Kilman, Toti; Doherty, Lemina, Gomes, Traore, Ait-Nouri; Cunha, Hwang

 

Missing Players

Manchester City – Ederson , Ruben Dias (illness), Phill Foden (illness)

Wolves – Pedro Neto (Hamstring injury),Craig Dawson (Groin Injury),J.Bellegarde (Ankle Injury),Santi Bueno (Hamstring Injury), R.Ait-Nouri (Knee Injury),Noha Lemina (Hamstring Injury), Leon Chiwome (Ankle Injury)

Facebook