ပရီးမီးယားလိဒ် ချန်ပီယံလုပွဲ

အဲဗာတန် Vs အက်စတွန်ဗီလာ [14 Jan 23 - 20:30 hrs]

ပရီးမီးယားလိဒ် ချန်ပီယံလုပွဲ အခုနောက်ပိုင်း အချင်းချင်းရင်ဆိုင်ခဲ့တဲ့လိဂ်ပွဲစဉ်တွေမှာ အက်စတွန်ဗီလာဘက်က ပိုသာပါတယ် ဒီရာသီ ၂ ပွဲဆုံခဲ့ဖူးကြပြီး ပထမတစ်ပွဲ လိဂ်ပွဲစဉ်ဖြစ်ပြီး အက်စတွန်ဗီလာဘက်က ၄-၀ နဲ့ အရင်နိုင်သွားတယ် နောက်တစ်ပွဲကျတော့ လိဂ်ဖလားပွဲဖြစ်ပြီး အဲဗာတန်ဘက်က ၁-၂ နဲ့ ပြန်နိုင်သွားတယ် အဲ့ဒီတော့ ဒီပွဲ ဆုံးဖြတ်ရမယ့်တိုက်ပွဲ ဖြစ်လိမ့်မယ် ဒီပွဲဆီက အမှတ် ၃ မှတ်ဟာ နှစ်သင်းစလုံးအတွက်  အရေးကြီးပါတယ် အဲဗာတန်အသင်းက မဖြစ်မနေ အမှတ်မရပဲ မနေလို့မဖြစ်ပါဘူး အတန်းဆင်းမယ့်ထဲ ပါသွားနိုင်လို့ပါ အက်စတွန်ဗီလာတို့ကျတော့ အနိုင်ရသွားလို့ရှိရင် အဆင့် ၁ အသင်းနဲ့ အမှတ်ချင်းတူသွားလိမ့်မယ် အဲ့တာကိုယူပြီး ခွန်းအားပြုလို့ရပါတယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်ရင် အက်စတွန်ဗီလာဘက်က ပိုသာပါတယ် ခံစစ်ပိုင်းနေရာ အတူတူလောက်ပါပဲ ဒါပေမယ့် တိုက်စစ်ပိုင်းကတော့ ကွာခြားမှုရှိတယ် အက်စတွန်ဗီလာတို့ရဲ့တိုက်စစ်ပိုင်းက လက်နက်ပိုစုံပြီး ပြတ်သားမှုပိုရှိတယ် အဲဗာတန်အသင်းကျတော့ အခွင့်အရေးကို အကျိုးရှိရှိ အသုံးမပြုနိုင်ဘူး အားကိုးနိုင်တဲ့တိုက်စစ်မှူးမရှိဘူး  အဲ့ဒီတော့ ဒီပွဲ အက်စတွန်ဗီလာဘက်ကပဲ အသာလေးနဲ့ အမှတ်ကောက်ရသွားမယ်ထင်ပါတယ် အက်စတွန်ဗီလာအသင်း နောက်ဆုံး ၁၃ ပွဲကစားပြီး တစ်ပွဲသာရှုံးနိမ့်ထားတယ် ၉ ပွဲတောင် အနိုင်ရရှိခဲ့တယ် အဲ့ဒီ ၁၃ ပွဲထဲမှာ ၂၃ ဂိုးသွင်းနိုင်တယ် နောက်ပြီး ကစားသမားအသီးသီးက တော်တော်များများ အဆင်သင့်လည်းဖြစ်နေကြတယ် အရေးကြီးတဲ့ ကစားသမားတစ်ယောက်လေးပဲ မရှိတာ အဲဗာတန်ထက်ဆိုင်ရင် အဲဗာတန်တို့ဆီမှာ အရေးကြီးတဲ့ ကစားသမား ၃ ယောက်တောင် မရှိဘူး အဲ့ဒျတော့ ခြေစွမ်းကျဆင်းမှာသေချာတယ် နောက်ပြီး လိဂ်ပွဲစဉ် နောက်ဆုံး ၃ ပွဲမှာလည်း ၃ ပွဲလုံးရှုံးထားတယ် အဲ့ဒီ ၃ ပွဲထဲနဲ့ ၈ ဂိုးတောင် သွင်းခံထိခဲ့တယ် ဒီလိုအခြေနေမျိုးနဲ့ဆိုရင် အက်စတွန်ဗီလာတို့ရဲ့တက်ကြွမှုကို မခံနိုင်လောက်ပါဘူး။

Everton : အိမ်ရှင်အဲဗာတန်အသင်း FA ဖလားပွဲတုန်းက ခရစ်စတယ်ပဲလေစ့်နဲ့ ၀-၀ သရေကျသွားတဲ့အတွက် ဒုတိယအကျော့မှာလည်း ရုန်းကန်ခဲ့ရလလိမ့်မယ် အရေးထဲမှာ Dominic Calvert-Lewin ကြီးက ပွဲပြီးခါနီး အနီကဒ်ရသွားသေးတယ် ကံကောင်းလို့သာ အယူခံဝင်ချက်တင်ပြီး အောင်မြင်သွားလို့ ဘန်းခံထိမသွားပါဘူး ပရီးမီးယားလိဂ်ထဲကအခြေနေကျတော့ လောလောဆယ် အဆင့် ၁၇ မှာရပ်တည်နေပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်လေးပဲ ပိုသာနေတယ် အခုနောက်ပိုင်း စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး ၃ ပွဲဆက်တိုက် ရှုံးနိမ့်ထားတယ် တိုက်စစ်ပိုင်းက ဂိုးပြတ်သားမှုအားနည်းလာတယ် ဝုဗ်ဗာဟန်တန်နဲ့တစ်ပွဲတုန်းက အခွင့်ရေးရပေမယ့် အကုန်လွဲချော်ခဲ့တယ် အဆင်သင့်ပိုင်းကတော့ ဒီပွဲ အရေးကြီးတဲ့ ကွင်းလယ်ကစားသမား Idrissa Gueye ကို အသုံးပြုလို့မရသေးပါဘူး Dele Alli, Ashley Young နဲ့ Dwight McNeil တို့ ၃ ယောက်လည်း ဒဏ်ရာရထားလို့ ပါနိုင်ချင်မှပါနိုင်မယ် ဒီပွဲ သူတို့ ၄-၄-၁-၁ စနစ်နဲ့ ကစားမယ်ထင်တယ် Dominic Calvert-Lewin က Striker နေရာမှာ တာဝန်ယူသွားမှာဖြစ်ပြီး သူ့အနောက်မှာ အထောက်အကူလုပ်ဖို့ Abdoulaye Doucouré ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Aston Villa : အက်စတွန်ဗီလာအသင်းကျတော့ FA ဖလားပွဲတုန်းက ပွဲပြီးခါနီးအချိန်မှာ Mattie Cash ရဲ့ဂိုးသွင်းချက်ကြောင့် Middlesbrough ကို ၁-၀ နဲ့ အနိုင်ရရှိလာပါတယ် လိဂ်ပွဲစဉ်တွေမှာကတော့ အခြေနေကောင်းတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် အဆင့် ၁ မှာရှိတဲ့အသင်းရဲ့နောက်ကနေ ၃ မှတ်ပဲ လိုက်နေရတော့တယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ဘန်လေကို ၃-၂ နဲ့ အနိုင်ရရှိလာတယ် သူတို့ရဲ့ခံစစ်ပိုင်းက ဂိုးသွင်းခံထိတာ နည်းနည်းလွယ်တယ် ဒါပေမယ့် တိုက်စစ်ပိုင်းက ကောင်းလို့ အဆင်ပြေအောင် ဂိုးပြန်သွင်းပေးတယ် ဒီရာသီမှာ ကြောက်စရာကောင်းတဲ့ တိုက်စစ်ပိုင်း ရှိတဲ့အသင်းတစ်သင်းဖြစ်ပါတယ် လိဂ်ထဲက ဂိုးအများဆုံး သွင်းနိုင်တဲ့ နံပါတ် ၂ အသင်း ဖြစ်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Bertrand Traore ဆိုတဲ့ ခြေစွမ်းကောင်း စည်းဘေးကစားသမား မရှိသေးပါဘူး နိုင်ငံအသင်းအတွက် သွားရောက်ကစားနေရလို့ပါ Emiliano Buendia, Tyrone Mings နဲ့ Lucas Digne တို့ကလည်း ဒဏ်ရာရထားလို့ ဒီပွဲ မပါနိုင်သေးပါဘူး ဒီပွဲ အက်စတွန်ဗီလာအသင်း ၄-၂-၃-၁ စနစ်နဲ့ ကစားကြမယ်ထင်တယ် ဂိုးသွင်းဖို့နေရာ Ollie Watkins ကိုတာဝန်ပေးပြီး သူ့အနောက်မှာနေပြီး John McGinn ကို playmaker အနေနဲ့ စီစဉ်ထားလောက်ပါတယ်။

11 Players

Everton (4-4-1-1) : Pickford; Coleman, Tarkowski, Branthwaite, Mykolenko; Harrison, Doucoure, Onana, Garner, Danjuma; Calvert-Lewin

Aston Villa (4-2-3-1) : Martinez; Cash, Konsa, Torres, Moreno; McGinn, Luiz, Kamara, Bailey; Diaby, Watkins

Missing Players

Everton – Abdoulaye Doucouré (Thigh problems), Dele Alli (Partial muscle tear), Ashley Young (Muscle injury)

Aston Villa – Youri Tielemans (Calf injury), Bertrand Traoré (Knock), Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Facebook

ဒီတစ်ပွဲအတွင်းမှ ကြီးမားတဲ့ပွဲပြိုင်ဖြစ်ပြီး မန်ယူအသင်းရဲ့  လတ်တလောစွမ်းဆောင်ရည်က တက်လိုက်ဆင်းလိုက်ဖြစ်နေတယ် အတိကျယူဆလို့မရသေးပါဘူး ဒါပေမယ့်လည်း အသင်းကြီးအချင်းချင်း ရင်ဆိုင်ခဲ့ရရင်တော့ မထင်မှတ်တဲ့ခြေစွမ်းတွေ မြင်ရတတ်ပါတယ် စပါးအသင်းကျတော့ ဒီရာသီမှာ ခြေစွမ်းကောင်းတယ် ဒါပေမယ့် အဓိကကစားသမား တော်တော်များများမရှိသေးတဲ့အတွက် ဒီပွဲမှာ အသင်းနဲ့ ဘယ်လောက်ထိ ထိခိုက်မှုဖြစ်သွားမလဲဆိုတာ ကြည့်ရလိမ့်မယ် ဒီပွဲ သူတို့ရဲ့ အဆင့်တက်ဖို့အရေးနဲ့ သက်ဆိုင်တယ် နှစ်သင်းစလုံးကပဲ ပရိသတ်တွေရဲ့ယုံကြည်မှုကို ပြန်လိုချင်တာချင်းတူတူပဲ အိမ်ရှင်ဖြစ်တဲ့ မန်ယူအသင်းက အိမ်ကွင်းနဲ့ အကျောရထားပေမယ့် စွမ်းဆောင်ရည်ကျတော့ ပရီးမီးယားလိဒ် ချန်ပီယံလုပွဲ  ကြည့်ဖို့လိုသေးတယ် စပါးအသင်းကျတော့ ဘယ်အသင်းနဲ့ပဲတွေ့တွေ့ တိုက်စစ်ဆင်တဲ့စတိုင်လ်နဲ့ပဲ ကစားမယ်ထင်တယ် ဒါပေမယ့်လည်း အဓိကတိုက်စစ်မှူးတွေ တော်တော်များများမရှိသေးတော့ ထိရောက်မှုတွေ ကျဆင်းသွားမယ်ထင်တယ် ဒီပွဲ ဂိုးအရေအတွက်များမယ်ထင်တယ် ကစားပွဲအခြေနေကတော့ နှစ်ဖက်စလုံးပဲ တိုက်စစ်ဆင်ဖို့ ကြိုးစားမယ် အလှည့်ကျ တိုက်စစ်ဆင်ကစားခဲ့ကြလိမ့်မယ် မန်ယူအသင်းကတော့ စစလာချင်း ခံစစ်ပိတ်ပြီး အခွင့်ရေးကြုံတော့မှ တိုက်စစ်ဆင်လိမ့်မယ် စပါးတို့ကျတော့ စနစ်အတိုင်း ကစားမယ် သူတို့ရဲ့လက်နက်ကတော့ တောင်ပံနှစ်ဖက်ပါပဲ ဒါပေမယ့်လည်း Son Heung-min နဲ့ Pape Sarr တို့မရှိသေးလို့ နည်းပြက ဘယ်လိုမျိုး အဆင်ပြေအောင် လုပ်ဆောင်မလံ စောင့်ကြည့်ရလိမ့်မယ် ဒီပွဲ အပြန်အလှန်ခုခံမယ့်နေရာ တော်တော်လေးကြည့်ကောင်းမယ် ကျွန်တော့်အမြင်ကတော့ ၃ မှတ်ရသွားနိုင်တဲ့အသင်းက စပါးပဲထင်တယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း FA ဖလားတတိယအဆင့်တုန်းက ဝီဂန်ကို ၀-၂ နဲ့ အနိုင်ရရှိလာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ မှားပြီး ဖောရက်စ်ကို ၂-၁ နဲ့ရှုံးနိမ့်လာပါတယ် ဒီရာသီ ပွဲ ၂၀ ကစားပြီး လက်ထဲမှာ ၃၁ မှတ်လေးနဲ့ အဆင့် ၈ မှာရပ်တည်နေတယ် Top4 ဇုန်ရဲ့နောက်ကနေ ၉ မှတ်လိုက်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဲရစ်တန်ဟက်အသင်းရဲ့စွမ်းဆောင်ရည်က အားရစရာမကောင်းဘူး ပရီးမီးယားလိဂ်အဆင့် ၈ မှာရပ်တည်နေတဲ့အတွက် အများကြီးကြိုးစားဖို့လိုနေတယ် ဒီလိုကြီးမားတဲ့တိုက်ပွဲ ဖြစ်တဲ့အတွက် ပိုပြီးတောင်ဂရုစိုက်ပြီးကစားခဲ့ရလိမ့်မယ် ဒီပွဲ မန်ယူအသင်းမှာ Risandro Martinez, Casemiro, Mason Mount တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြတယ် ကြားထဲမှာ Christian Eriksen, Tyler Lamasia, Harry Maguire, Victor Linderlove, Ahmad Diaro, Luke Shaw, Anthony. Martial, Anthony တို့ရဲ့အခြေနေကိုလည်း စောင့်ကြည့်နေရသေးတယ် မော်ရိုကိုနိုင်ငံအသင်းအတွက် သွားရောက်ကစားပေးတဲ့ Amrabat လည်း ဒီပွဲ မရှိဘူး ပြောမယ်ဆိုရင် အသင်းရဲ့ထက်ဝက်လောက်က ကွင်းထဲမဆင်းနိုင်သေးဘူးဖြစ်နေတယ်။

Tottenham Hotspur : စပါးအသင်းကျတော့ စွမ်းဆောင်ရည်တွေပြန်ကောင်းနေပါတယ် နောက်ဆုံး ၆ ပွဲကစားပြီး ၅ ပွဲ အနိုင်ရရှိထားတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲဖြစ်ပြီး ဘန်လေကို ၁-၀ နဲ့ အနိုင်ကောက်ရလာတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရရှိထားပါတယ် လတ်တလော လက်ထဲမှာ ၃၉ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၅ မှာရပ်တည်နေတယ် အဆင့် ၁ အသင်းရဲ့နောက်ကနေ ၆ မှတ်သာ လိုက်နေရတော့တယ် အသင်းရဲ့အခြေနေကတော့ ဥရောပဇုန်ထဲပါဖို့နဲ့ ချန်ပီယံဆု ပိုင်ဆိုင်ဖို့ နည်းနည်းပါးပါးရှိပါတယ် စွမ်းဆောင်ရည်ကောင်းပြီး ထိပ်ပိုင်းအဆင့်ထဲ ပါဝင်နေတုန်းဖြစ်ပါတယ် သူတို့အသင်းထဲက ဒဏ်ရာရထားတဲ့ကစားသမားတွေ ထက်ဝက်လောက်ရှိပါတယ် ဆေးရုံတက်နေကြရတယ် ဒဏ်ရာရထားတဲ့ကစားသမားတွေမှာကတော့ Ben Davis, Giovani Roselso, Mano Solomon, James Maddison, Ivan Peresis, Alfir Whiteman, Veris တို့ပဲဖြစ်ပါတယ် Christian Romero ကျတော့ အခြေနေစစ်ဆေးဖို့လိုနေသေးတယ် နောက်ပြီး နိုင်ငံအသင်းနဲ့ သွားကစားတဲ့ Son Heun Min, Pape Sarr, Yves Bissouma တို့လည်း ဒီပွဲ စပါးမှာမရှိဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် သူတို့ရဲ့ ကစားသမားသစ်ဖြစ်တဲ့ Timo Werner ကလည်း ဒီပွဲ ဆင်းခွင့်ရမယ်ထင်တယ်။

11 Players

Manchester United (4-2-3-1) : Onana; Wan-Bissaka, Varane, Evans, Dalot; McTominay, Mainoo; Garnacho, Fernandes, Rashford; Hojlund

 

Tottenham Hotspur (4-2-3-1) : Vicario; Porro, Emerson, Van de Ven, Udogie; Skipp, Bentancur; Johnson, Kulusevski, Werner; Richarlison

Missing Players

Manchester United – Tyrell Malacia (unknown injury), Harry Maguire (Groin injury), Mason Mount (unknown injury), Victor Lindelöf (Groin injury)

Tottenham Hotspur – Manor Solomon (Meniscus injury), Giovani Lo Celso (Muscle injury), Ivan Perisic (Cruciate ligament tear), Alejo Véliz (Knee injury), Cristian Romero (Hamstring strain), Alfie Whiteman (Ankle injury)

Facebook