ရာသီဝက် အသင်းများအခြေအနေ

အာဆင်နယ် Vs ခရစ်စတယ်ပဲလေစ့် [ 20 Jan 24 - 19:00 hrs]

ရာသီဝက် အသင်းများအခြေအနေ  အခုနောက်ပိုင်း ခြေစွမ်းညံ့တာချင်းတူတဲ့ အသင်းတွေရဲ့ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်ပါတယ် အာဆင်နယ်အသင်း လိဂ်ပွဲမှာ ၂ ပွဲဆက်တိုက်ရှုံးနိမ့်ထားပြီး အဆင့် ၄ အထိ ကျဆင်းသွားပါပြီ ချရစ်စတယ်ပဲလေစ့်တို့ကျတော့ အခုမှပဲ ၂ လအတွင်းမှ ပထမဆုံးအနိုင်ရရှိသွားပါပြီ ဒီပွဲအခြေနေကတော့ အိမ်ရှင်ဘက်က ဘောလုံးပိုင်ဆိုင်ပြီး တိုက်စစ်ဆင်းကစားလိမ့်မယ် ဧည့်သည်အသင်းကျတော့ ခံစစ်ပိတ်ကစားမယ် ပြီးရင် တိုက်စစ်မှူးတွေရဲ့ သွက်လက်မှုကို အသုံးချပြီး တန်ပြန်တိုက်စစ်ဆင်ဖို့စီစဉ်ထားလိမ့်မယ် အာဆင်နယ်အသင်းက အခုနောက်ပိုင်း ခံစစ်ပိုင်း အားကောင်းတဲ့အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရရင် ပေါက်အောင်ဖောက်နိုင်ဘူးဆိုတာ ခန ခန မြင်ရပါတယ် ပင်နယ်တီစည်းကနေ ဝင်လိုက် ထွက်လိုက်လုပ်ရုံပဲ ရှိတယ် ဒါပေမယ့်လည်း ပဲလေစ့်ရဲ့ခံစစ်ပိုင်းက ချို့ယွင်းမှုရှိပါတယ် သူတို့ရဲ့တိုက်စစ်ပိုင်းကတော့ ဂိုးသွင်းနိုင်ပါတယ် နောက်ဆုံး ၁၀ ပွဲထဲမှာ ၁၁ ဂိုး သွင်းနိုင်တယ် ဒီပွဲမှာတော့ အိမ်ရှင်အသင်းအတွက် မလွယ်သေးပါဘူး ကစားပုံကစားနည်းက အားရစရာမကောင်းသေးဘူး ဂိုးသွင်းခွင့်တွေလည်း သိပ်ဖန်တီးနိုင်မယ်မထင်ဘူး ပွဲပြီးခါနီးအချိန်မှပဲ ရင်ခုန်ရမယ်ထင်တယ် အာတီတာရဲ့အသင်းက ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားတော့ ဒီပွဲ အနိုင်ရအောင် အရမ်းကြိုးစားလိမ့်မယ် ကိုယ့်အိမ်ကွင်းနဲ့ အစစအရာရာ အကျောရထားတဲ့အတွက် ဒီလတ်ဒန်ဒါဘီဟာ အာဆင်နယ်ဘက်ကပဲ ၃ မှတ်ရသွားမယ်ထင်ပါတယ်။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်း စွမ်းဆောင်ရည်တွေညံ့နေပြီး ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် နောက်ဆုံး ၃ ပွဲကစားပြီး ၃ ပွဲစလုံးပဲ ရှုံးနိမ့်ထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲဖြစ်ပြီးး အိမ်ကွင်းနဲ့ လီဗာပူးလ်ကိုခံခဲ့ရပါတယ် အခုအချိန် အမှတ်ပေးဇယား အဆင့် ၄ အထိ ကျဆင်းပြီး လက်ထဲမှာ အမှတ် ၄၀ သာ ကိုင်ဆောင်ထားတယ် အဆင့် ၁ မှာရှိတဲ့ လီဗာပူးလ်ရဲ့နောက်ကနေ ၅ မှတ် လိုက်နေတယ် ဒါ့အပြင် Takehiro Tomiyasu နဲ့ Mohamed Elneny တို့က နိုင်ငံအသင်းအတွက် သွားရောက်ကစားပေးနေ ကြတာဆိုတော့ ဒီပွဲ မရှိသေးပါဘူး Oleksandr Zinchenko က ဒဏ်ရာရထားလို့ မပါနိုင်သေးပါဘူး ဒါပေမယ့် Gabriel Jesus ကတော့ ဒီပွဲအတွက် အဆင့်သင့်ပဲ ဖြစ်နေတယ် ဒါပေမယ့်လည်း အရန်ထိုင်ခုံမှာပဲ အရင်ဆင်းထိုင်ရမယ်ထင်တယ် Eddie Nketiah နဲ့တစ်ယောက်က ဒီပွဲ ပထမကစားသမားအနေနဲ့ ဆင်းရမယ် Bukayo Saka နဲ့ Gabriel Martinelli တို့နှစ်ယောက်က တောင်ပံနေရာ တာဝန်ယူထားလောက်တယ် ကွင်းလယ်ပိုင်းနေရာကျတော့ Martin Odegaard, Declan Rice နဲ့ Kai Havertz တို့ပဲ တာဝန်ယူထားလိမ့်မယ်။

 

Crystal Palace : ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ စွမ်းဆောင်ရည်ကျဆင်းနေပါတယ် နောက်ဆုံး ၁၁ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရရှိခဲ့ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲစဉ်ဖြစ်ပြီး အဲဗာတန်ကို ရှုံးနိမ့်လာတယ် အမှတ်ပေးဇယား အဆင့် ၁၄ မှာရပ်တည်ပြီး ဘက်ထဲ ၂၁ မှတ် ကိုင်ဆောင်ထားပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၅ မှတ်ထဲ သာနေပါတယ် ခရစ်စတယ်ပဲလေစ့်မှာလည်း AFCON ပြိုင်ထဲ ပါဝင်ကစားတဲ့ကစာသမားတွေရှိနေတယ် ကြားထဲ Michael Olise ကလည်း ဒဏ်ရာရထားတော့ မပါနိုင်သေးပါဘူး အာကြီး ခံစစ်မှူးဟောင်းဖြစ်တဲ့ Rob Holding လည်း ဒဏ်ရာရထားပါတယ် ဒါပေမယ့် နံပါတ် ၁ ဂိုးသမားဖြစ်တဲ့ Sam Johnston က ဒီပွဲ ပြန်ဆင်းနိုင်ပြီထင်ပါတယ် ကွင်းလယ်ခံစစ်နေရာ Joachim Andersen နဲ့ Marc Guehi တို့ပဲ တာဝန်ယူထားမှာဖြစ်ပြီး တိုက်စစ်ပိုင်းမှာကျတော့ Will Hughes, Eberechi Eze, Jeffrey Schlupp နဲ့ Jean-Philippe Mateta တို့ပဲ တာဝန်ယူထားမယ်ထင်ပါတယ် Odsonne Edouard ကလည်း သူတို့ရဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ပါတယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli

Crystal Palace (4-2-3-1) : Henderson; Clyne, Andersen, Guehi, Mitchell; Eze, Richards, Lerma, Schlupp; Edouard, Mateta

Missing Players

Arsenal – Fábio Vieira (Groin surgery), Thomas Partey (Hamstring injury), Jurrien Timber (Cruciate ligament tear)

Crystal Palace – Jesurun Rak-Sakyi (Hamstring injury), Sam Johnstone (Calf injury), Cheick Doucouré (Achilles tendon rupture)

Facebook

အိမ်ရှင်ဘရန်ဖိုတ့်အသင်း လတ်တလော စွမ်းဆောင်ရည် ရှယ်ညံ့ပြီး ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် အရမ်းဆိုးတယ်လို့ ယုဆနိုင်ပါတယ် နိုင်ငံအသင်းနဲ့သွားကစားတဲ့ကစားသမားတွေ ဒဏ်ရာရထားတဲ့ကစားသမားတွေ တော်တော်များများ အသင်းရဲ့အဓိကကစားသမားတွေချည်းဖြစ်နေတယ် အဲ့တာကြောင့် ဒီပွဲမှာလည်း ရာသီဝက် အသင်းများအခြေအနေ မနည်းရုန်းခဲ့ရလိမ့်မယ် မအောင်မြင်လို့ကတော့ အတန်းဆင်းမယ့်ဇုန်ထဲ တန်းကျသွားနိုင်တယ် ဖောရက်စ်အသင်းကျတော့ အခြေနေပြန်ကောင်းပြီး ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် အဲ့ဒီလိုနဲ့ပဲ ရှေ့ဆက်တိုးဖို့ ကြိုးစားနေကြပါတယ် သူတို့အသင်းမှာလည်း အချို့ကစားသမားတွေ နိုင်ငံအသင်းနဲ့ သွားကစားပေမယ့် လက်ကျန်ကစားသမားတွေနဲ့တော့ အဆင်ပြေအောင် ဦးဆောင်နိုင်ပါတယ် ဒီပွဲမှာတော့ ၃ မှတ်ရဖို့အရေး တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာတယ် ဒီပွဲ နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ပြီး တည်ငြိမ်မှုရှိဖို့ လိုလိမ့်မယ် ဘာလို့လဲဆိုတော့ နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က ကောင်းလိုက် ဆိုးလိုက်ဖြစ်နေကြလို့ပါ ဘယ်အသင်းက အရင်တစ်ပွဲမှ ပုံစံကောင်းကို ဆက်ထိန်းနိုင်မလဲ စောင့်ကြည့်ရလိမ့်မယ် အစစအရာရာကြည့်ပြီးပြောရင်တော့ ဖောရင်စ်ဘက်က ပိုကြည့်ကောင်းပါတယ် အချင်းချင်းရင်ဆိုင်ဖူးတဲ့စံချိန်ထဲမှာ ဘရန်ဖိုတ့်ကိုမယှဉ်နိုင်ပေမယ့် အခုအချိန်မှာတော့ ယုံကြည်မှုအပြည့် ရှိနေကြတယ် ဒီပွဲ ဖောရက်စ်အသင်းက မထင်မှတ်ပဲ အနိုင်ရချင်ရလိမ့်မယ်။

Brentford : အိမ်ရှင်ဘရန်ဖိုတ့်အသင်း အခုနောက်ပိုင်း ခြေစွမ်းတွေညံ့နေတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲဖြစ်ပြီး ဝုဗ်ဗာဟန်တန်ကို ၂-၃ နဲ့ ရှုံးနိမ့်လာတယ် အဲ့ဒီတော့ အပယ်ခံထိသွားခဲ့ပါပြီ လိဂ်ပွဲတွေမှာလည်း ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲစလုံးပဲ ရှုံးနိမ့်သွားပါတယ် အခုနောက်ပိုင်း အနိုင်ပွဲတွေ လုံးဝမကြုံနိုင်သေးပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Christian Norgaard, Rico Henry, Aaron Hickey, Kevin Shead နဲ့ Brian Embermo တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြလို့ပါ ဘင်မီနဲ့တစ်ယောက်ကလည်း ဘန်းခံထိထားတယ် Joan Wissa နဲ့ Frank Onyega တို့လည်း နိုင်ငံအသင်းထဲပါသွားလို့ ဒီပွဲ မပါနိုင်သေးပါဘူး အဲ့ဒီတော့ အသင်းနည်းပြက သူ့အသင်းရဲ့ခံစစ်ပိုင်းနေရာ Mads Roerslev, Kristoffer Ajer, Ethan Pinnock, Zaman Goddos တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး Mathias Jensen, Kean Lewis-Potter, Vitaly Janelt နဲ့ Josh DaSilva တို့ကိုကျတော့ အလယ်တန်းကနေ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာ Neil Maupay နဲ့ Evan Toney တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

Nottingham Forest : နော်တင်ဟမ်ဖောရက်စ်အသင်းကျတော့ စွမ်းဆောင်ရည်တွေ ပြန်ကောင်းနေတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲဖြစ်ပြီး ဘလက်ပူးလ်ကို ၃-၂ နဲ့ အနိုင်ရရှိလာတယ် လောလောဆယ် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါပြီ အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် သူတို့ရဲ့ခြေစွမ်းက အရင်ထက်ဆိုင်ရင် ပိုကောင်းလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Morgan Gibbs-White, Taiwo Awoniyi, Felipe နဲ့ Divock Origi တို့ကို အသုံးချလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားလို့ပါ Ibrahim Sangare, Serge Aurier, Ola Aina, Moussa Niakate, Willy Boly နဲ့ Cheikou Kouyate တို့ကျတော့ နိုင်ငံအသင်းထဲပါသွားလို့ ဒီပွဲမှာလည်း မရှိသေးပါဘူး အသင်းနည်းပြက ဒီပွဲ သူ့ရဲ့အသင်းရဲ့ ခံစစ်ပိုင်းနေရာ Neco Williams, Murillo, Joe Worrall နဲ့ Gonzalo Montiel တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာကျတော့ Ryan, Yates, Danilo, Anthony Elanga နဲ့ Nicholas Dominguez တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် Callum Hudson-Odoi နဲ့ Chris Wood တို့ကိုကျတော့ ဂိုးသွင်းဖို့နေရာ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Brentford (3-5-2) : Flekken; Collins, Ajer, Mee; Roerslev, Janelt, Jensen, Baptiste, Reguilon; Toney, Maupay

Nottingham Forest (4-2-3-1) : Turner; Montiel, Omobamidele, Worrall, Toffolo; Danilo, Mangala; Yates, Dominguez, Hudson-Odoi; Wood

Missing Players

Brentford – Ben Mee (Red card suspension), Kristoffer Ajer (Foot injury), Kevin Schade (Adductor injury), Aaron Hickey (Hamstring injury), Bryan Mbeumo (Ankle injury), Ryan Trevitt (Ankle surgery), Rico Henry (Knee injury)

Nottingham Forest – Taiwo Awoniyi (Groin surgery)

Facebook