ပရီးမီးယားလိဒ်ပွဲစဥ်များလေ့လာခြင်း

ဝက်စ်ဟမ်း vs အာဆင်နယ် [11 Feb 24 - 20:30 hrs]

ပရီးမီးယားလိဒ်ပွဲစဥ်များလေ့လာခြင်း ဇယားထိပ်ပိုင်းမှ လန်ဒန်ဒါဘီတိုက်ပွဲဖြစ်ပါတယ် ဝက်စ်ဟမ်းအသင်းဟာ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေကျဆင်းပြီး အဆင့် ၇ အထိ ကျဆင်းသွားပြီဖြစ်ပါတယ် အာဆင်နယ်အသင်းကျတော့ ယုံကြည်မှုရှိရှိနဲ့ ချန်ပီယံလမ်းခရီး ဆက်စဉ်နေပါတယ် ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့အခုနောက်ပိုင်း ဝက်စ်ဟမ်းဘက်က ပိုသာပါတယ် ဒီရာသီ ပထမပွဲတုန်းကလည်း အာဆင်နယ်နဲ့ရဲအိမ်ကွင်းကိုခရီးစဉ်ပြီး ၀-၂ နဲ့ အနိုင်ရရှိလာတယ် အဲ့ပွဲ ကစားပုံကစားနည်းက ပိုညံ့ပေမယ့် အနိုင်ရလာတာ အံ့ဩပါတယ် ဒါပေမယ့် လက်ရှိအနေအထားနဲ့ဆိုရင်တော့ ဝက်စ်ဟမ်းက အရင်လောက်မကောင်းတော့ပါဘူး Mikhail Antonio, Lucas Paqueta တို့ မရှိတော့တဲ့နောက်ပိုင်း အရမ်းအားနည်းသွားတာ မြင်ခဲ့ရတယ် အာဆင်နယ်အသင်းကျတော့ အခြေနေကောင်းပြီး ကစားသမားတိုင်းက ခြေစွမ်းပြနိုင်နေကြပါတယ် ဝက်စ်ဟမ်းနဲ့ပထမတစ်ပွဲတုန်းက ဂိုးပြတ်သားမှုမရှိလို့သာရှုံးလာတယ် ဒါပေမယ့် အဲ့လိုမျိုး ထပ်ဖြစ်မယ်မထင်တော့ပါဘူး ဘာလို့လဲဆိုတော့ အာကြီးရဲ့တိုက်စစ်မှူးတွေက အခြေနေပြန်ကောင်းကြပြီမို့လို့ပါ နောက်ပြီး ဝက်စ်ဟမ်းအသင်းရဲ့ခံစစ်ပိုင်းက နေရာတိုင်းနီးပါး ယိုပေါက်တွေရှိနေတယ် ကစားပွဲအခြေနေကတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် ဝက်စ်ဟမ်းတို့ကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ် ဆင်ကစားလိမ့်မယ် ပထမတစ်ပွဲတုန်းကလည်း ဒီလိုပဲ ကစားပြီး အနိုင်ကောက်ရလာတယ် အာတီတာက ပထမပွဲဆီက သင်ခန်းစာရယူပြီး အိမ်ရှင်အသင်းရဲ့ခံစစ်ပိုင်းကို ချိုးဖောက်မယ့်နည်းလမ်း စီစဉ်ထားလောက်ပါတယ် ဒါပေမယ့် Jarrod Bowen နဲ့ Mohamed Kudus တို့ရဲ့သွက်လက်မှုကိုတော့ သတိထားဖို့လိုလိမ့်မယ် ပြီးတော့ James Ward-Prowse ရဲ့ Set Play ကိုလည်း သတိထားရမယ် မထိန်းနိုင်လို့ကတော့ အရင်တစ်ပွဲလို သမိုင်းတူဖြစ်သွားလိမ့်မယ် ဒါပေမယ့်လည်း နှစ်သင်းစလုံးရဲ့ လက်ရှိစွမ်းဆောင်ရည်က အရမ်းကွာဟနေတာဆိုတော့ အခြေနေပိုကောင်းတဲ့ အာဆင်နယ်တို့ကပဲ အနိုင်ကောက်ရသွားမှာ ပိုသေချာတယ်။

West ham United : အိမ်ရှင်ဝက်စ်ဟမ်းအသင်း နောက်ဆုံးတစ်ပွဲကမှ မန်ယူကို ၃-၀ နဲ့ရှုံးနိမ့်လာလို့ အဆင့် ၇ အထိ ကျဆင်းသွားပါပြီ လက်တလော အခြေနေဆိုးပြီး ၆ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေတယ် FA ဖလားပွဲမှာလည်း အပယ်ခံထိသွားတယ် လိဂ်ပွဲတွေမှာကျတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် သရေကျသွားပွဲတွေ အများဆုံးဖြစ်နေတယ် သူတို့ရဲ့ခံစစ်ပိုင်းက ပွဲတိုင်းနီးပါး သွင်းခံထိတယ် ကိုယ်ပိုင်မှားယွင်းမှုတွေက ခန ခန ဖြစ်ပေါ်တတ်တယ် တိုက်စစ်ပိုင်းကလည်း ဂိုးဖန်တီးရှင်မရှိဘူးဖြစ်နေတယ် အခွင့်ရေးဖန်တီးနိုင်ပေမယ့် ဂိုးဖြစ်အောင် မပြောင်းနိုင်ခဲ့ဘူး အသင်းရဲ့အဆင်သင့် ပြင်ဆင်မှုကတော့ ဒီပွဲ ဒူးခေါင်းဒဏ်ရာရထားတဲ့ မီကာယ်လ်အန်ဒိုနီယိုမရှိသေးပါဘူး Lucas Paqueta က ခြေတလုံးဒဏ်ရာ Alphonse Areola ကျတော့ ဦးခေါင်းဒဏ်ရာရထားတယ် ပြန်ဆင်းနိုင်ပြီလားတော့ မသေချာသေးပါဘူး။

 

Arsenal : အာဆင်နယ်အသင်းကျတော့ အရင်တစ်ပတ်တုန်းက ခြေစွမ်းအရမ်းပြနိုင်ခဲ့ပါတယ် လီဗာပူးလ်နဲ့ရင်ဆိုင်ပြီး အရေးကြီးတဲ့သုံးမှတ် ရသွားတယ် အဲ့ဒီတော့ သူတို့မှာလည်း ချန်ပီယံလမ်းခရီးပေါ် ဆက်ရှိနေတုန်းပါ လက်ရှိ အဆင့် ၃ မှာရပ်တည်ပြီး လီဗာပူးလ်ရဲ့နောက်ကနေ ၂ မှတ်ပဲ လိုက်နေရတော့တယ် သူတို့ နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် အာတီတာနဲ့ အသင်းဝင်ကစားသမားတွေ ယုံကြည်မှုအပြည့်ပဲ ရှိနေကြတယ် နောက်ဆုံး ၃ ပွဲတုန်းက တိုက်စစ်ပိုင်းစာ ၁၀ ဂိုးတောင်သွင်းနိုင်တယ် ဒီကလန်ရိုက်စ်က ကွင်းလယ်ပိုင်းမှာ ပုံစံကောင်းပြနိုင်တယ် တိုက်စစ်မှူး Bukayo Saka, Gabriel Martinelli တို့ကလည်း ဂိုးတွေ တောက်လျှောက်သွင်းနိုင်နေကြတယ် အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ ဒဏ်ရာပြင်းထန်စွာရထားတဲ့ Jurrien Timber မပါနိုင်သေးပါဘူး Thomas Partey က ပေါင်ဒဏ်ရာ Fabio Vieira နဲ့တစ်ယောက်ကျတော့ လွဲစိတ်မှုခံယူထားတော့ အနားယူနေရတုန်းပါ Oleksandr Zinchenko က ခြေတလုံးဒဏ်ရာ Gabriel Jesus ကျတော့ အခြေနေစစ်ဆေးဖို့လိုနေသေးတယ်။

11 Players

West ham United (4-2-3-1) : Areola; Coufal, Zouma, Aguerd, Emerson; Soucek, Alvarez; Johnson, Ward-Prowse, Kudus; Bowen

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Tomiyasu; Odegaard, Rice, Jorginho; Saka, Trossard, Martinelli

 

Missing Players

West ham United – Michail Antonio (Knee injury), Lucas Paquetá (Calf injury)

Arsenal – Thomas Partey (Hamstring injury), Fábio Vieira (Groin surgery), Jurrien Timber (Cruciate ligament tear),Jorginho , O.Zinchenko (Muscle Injury)

Facebook

အက်စတွန်ဗီလာတို့ရဲ့တိုက်စစ်ပိုင်းက မန်ယူရဲ့ အားမကောင်းတကောင်းဖြစ်နေတဲ့ခံစစ်ပိုင်းကို ဒုက္ခပေးသွားလောက်ပါတယ် ဒါပေမယ့် မန်ယူအသင်းကလည်း စောစောပွဲကမှ ခြေစွမ်းပြလာတယ် ပြန်လှန်တိုက်ခိုက်နိုင်မယ့်အနေအထားရှိပါတယ် အသင်းရဲ့ တိုက်စစ်မှူး ၃ ယောက်က ခြေစွမ်းကောင်းနေကြတယ် Rasmus Hoylund, Marcus Rashford, Alejandro Carnacho ဆိုတဲ့ တိုက်စစ်မှူးတွေက မန်ယူရဲ့စွမ်းဆောင်ရည်ကို ပရီးမီးယားလိဒ်ပွဲစဥ်များလေ့လာခြင် တော်တော်ပင့်ထားပေးပါတယ် အသင်းရဲ့ အဓိကကစားသမား တော်တော်များများ ပြန်လည်ကိုင်တွယ်နိုင်လို့ အခြေနေပြန်ကောင်းလာတာပါ ဒါပေမယ့် ကံဆိုးတာ ဒီပွဲ ခြေစွမ်းကောင်း Lisandro Martinez မရှိသေးပါဘူး သူ့မှာ ဒဏ်ရာထပ်ရသွားလို့ အနားယူနေရပါတယ် အက်စတွန်ဗီလာအသင်းကျတော့ အခုနောက်ပိုင်း အခြေနေ နည်းနည်းကျဆင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲဖြစ်ပြီး ချယ်လ်ဆီးကို ရှုံးနိမ့်လာတယ် ဒီပွဲမှာတော့ တစ်ယောက်တစ်လှည့် တိုက်စစ်ဆင်ပြီးဝင်လုံးခဲ့ကြလိမ့်မယ် အိမ်ရှင်အသင်းက ဘောလုံးပိုင်ဆိုင်ဖို့ ပိုဦးစားပေးမယ်ဆိုပေမယ့် မန်ယူဘက်ကလည်း ဘောလုံးရတာနဲ့ တိုက်စစ်ပြန်ဆင်ဖို့ကြိုးစားလိမ့်မယ် နာမည်ကျော်ကြားပိုင်း မန်ယူဘက်က ပိုရှိပေမယ့် လက်ရှိရာသီအတွင်း စွမ်းဆောင်ရည်ချင်း ကွာဟမှုမရှိပါဘူး မန်ယူအသင်းက ကောင်းချင်တဲ့ပွဲဆို ဆွဲထားလို့တောင်မရဘူး ဆိုးချင်ပြန်တော့လည်း ဘယ်အသင်းနဲ့ပဲတွေ့ပါစေ ရှုံးမှာပဲ ဒီပွဲ နှစ်သင်းစလုံးရဲ့ မှားယွင်းမှု ပြတ်သားမှုချင်း ယှဉ်ပြိုင်ခဲ့ရလိမ့်မယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ ပထမတစ်ပွဲတုန်းက ဗီလာဘက်က ၀-၂ နဲ့ အရင်ဦးနိုင်ပေမယ့် နောက်ဆုံးမှာတော့ ၃ ဂိုးဆက်တိုက် ပြန်သွင်းခံထိသွားတယ် အာရုံစူးစိုက်မှုက တကယ်အရေးကြီးပါတယ် တည်ငြိမ်မှုပိုရှိတဲ့ဘက်ကပဲ အနိုင်ကောက်ရသွားလိမ့်မယ် ကျွန်တော့်အမြင်နဲ့ဆိုရင် မန်ယူဘက်က ကပ်နိုင်သွားမယ်ထင်ပါတယ်။

Aston Villa : အိမ်ရှင်အက်စတွန်ဗီလာအသင်း ဒီရာသီ ၂၃ ပွဲကစားပြီး ၁၄ ပွဲနိုင် ၄ ပွဲသရေနဲ့ ၅ ပွဲအရှုံးဖြစ်ပါတယ် ၄၉ ဂိုးသွင်းနိုင်ပြီး ၃၀ ဂိုး ပြန်သွင်းခံထိခဲ့တယ် လက်ထဲမှာ ၄၆ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၄ မှာရပ်တည်နေတယ် အဲ့ဒီစွမ်းဆောင်ရည်ကြောင့် အက်စတွန်ဗီလာအသင်းက ဒီရာသီအတွင်း Top4 နေရာ ရယူသွားမယ့်အနေအထားရှိနေတယ် အဲ့ထက်ကောင်းရင် Top4 မကတော့ပဲဖြစ်သွားနိုင်သေးတယ် ဒါပေမယ့်လည်း လက်ရှိအင်အားနဲ့ဆိုရင်တော့ မလွယ်သေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးကို ၃-၁ နဲ့ ရှုံးနိမ့်လာပြီး FA ဖလားပွဲမှ အပယ်ခံထိသွားတဲ့အတွက် ပြုပြင်ဖို့လိုလိမ့်မယ် ဒါပေမယ့် လိဂ်ပွဲတွေကို ပိုပြီး အာရုံစိုက်နိုင်လိမ့်မယ် Top4 နေရာ ရအောင်တော့ ပရီးမီးယားလိဒ်ပွဲစဥ်များလေ့လာခြင်း လုပ်ယူချင်ကြလောက်တယ် အသင်းထဲ အနေအထားအသီးသီးမှာတော့ ဒီပွဲ Tyrone Mings, Emiliano Buendia, Jon Duran, Lucas Digne, Ezri Konsa နဲ့ Courtney Haus တို့မရှိသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ဒီပွဲ အူနိုင်းနည်းပြက ဂိုးသမားနေရာ Emiliano Martinez ကိုပဲ တာဝန်ပေးပြီး Matty Cash, Pao Torres, Diego Carlos နဲ့ Alex Moreno တို့ကိုကျတော့ ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးထားလောက်ပါတယ် အဲ့အပိုင်းအတွက် ဒုတိယကစားသမားဖြစ်တဲ့ Clement Lenglet ကလည်း အဆင်သင့်ဖြစ်နေတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Boubaka Kamara, Douglas Luiz, Leon Bailey နဲ့ John McGinn တို့ကိုပဲ ကစားပွဲဖန်တီးဖို့တာဝန်ပေးပြီး အဲ့အပိုင်းအတွက် ဒုတိယကစားသမားဖြစ်တဲ့ Yuri Tielemans နဲ့ Jacob Ramsey တို့ကလည်း အဆင်သင့်ပဲ ဖြစ်နေကြတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Moussa Diaby နဲ့ Ollie Watkins တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်ပါတယ် သူတို့နှစ်ယောက်က လောလောဆယ် အခြေနေအရမ်းကောင်းနေတယ်။

Manchester United : မန်ယူအသင်းကျတော့ ဒီရာသီ ၂၃ ပွဲကစားပြီး ၁၂ ပွဲနိုင် ၂ ပြွသရေနဲ့ ၉ ပွဲအရှုံးဖြစ်ပါတယ် လက်ထဲ ၃၈ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၆ မှာရပ်တည်နေတယ် နောက်ဆုံးတစ်ပွဲကမှ ဝက်စ်ဟမ်းကို ၃-၀ နဲ့ အနိုင်ရရှိလာပေမယ့် သူတို့ရဲ့တိုက်စစ်ပိုင်းက ကောင်းချင်ကောင်းမယ် ဆိုးချင်လည်း ဆိုးမယ်ဖြစ်နေတယ် နောက်ပြီး ဒဏ်ရာရထားတဲ့ကစားသမားတွေလည်းရှိနေတယ် တန်ဟက်မှာ ဒီပွဲ Tyrell Malasia, Mason Mount နဲ့ Anthony Martial တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ဒဏ်ရာရထားတုန်းဖြစ်ပါတယ် Lisandro Martinez ကလည်း စောစောစီးစီးကမှ ဆင်းကစားပြီး ဒဏ်ရာထပ်ရသွားပြန်ပြီ အဲ့တာ ခံစစ်ပိုင်းနဲ့ တည့်တည့်ထိခိုက်နေတာဖြစ်ပါတယ် Sofiayan Amrabat ကတော့ အဆင်သင့်ပါပဲ တန်စက်က ဒီပွဲ သူ့မှာရှိတဲ့ အကောင်းဆုံးကစားသမားအဖွဲ့အစုကိုပဲ ကိုင်တွယ်မယ်ထင်တယ် ဂိုးသမားနေရာ သူစိတ်ချရတဲ့ Andre Onana ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာကျတော့ Diogo Dalot, Raphael Varane, Victor Lindelof နဲ့ Luke Shaw တို့ကိုပဲ တာဝန်ျပးထားလောက်ပါတယ် အဲ့အပိုင်းမှာ ဒုတိယကစားသမားဖြစ်တဲ့ Harry Maguire ကလည်း ဆင်းကစားဖို့ အဆင်သင့်ဖြစ်နေပါတယ် ကွင်းလယ်နေရာကျတော့ Casemiro, Cobby Mainu, Marcus Rashford နဲ့ Bruno Fernandes တို့ကိုပဲ တာဝန်ပေးထားမယ် အဲ့အပိုင်း ဒုတိယကစားသမားဖြစ်တဲ့ Scott McTominay နဲ့ Sofiane Amrabat တို့နှစ်ယောက်ကလည်း အဆင်သင့်ပဲ ဖြစ်နေကြတယ် Christian Eriksen နဲ့တစ်ယောက်လည်း ကစားပွဲပင့်ပေးဖို့ ရောက်ရှိနေတယ် တိုက်စစ်ပိုင်းနေရာကျတော့ Alejandro Carnacho နဲ့ Rasmus Hojlund တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေထားလောက်ပါတယ် အန်တိုနီနဲ့တစ်ယောက်ကလည်း ဂိုးသွင်းဖို့ စောင့်နေပါတယ်။

11 Players

Aston Villa (4-4-2) : Martinez; Cash, Torres, Lenglet, Moreno; Luiz, Kamara; Diaby, Tielemans, McGinn; Watkins

Manchester United (4-2-3-1) : Onana; Dalot, Maguire, Varane, Shaw; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund

Missing Players

Aston Villa – Tyrone Mings (Cruciate ligament tear),Lucas Digne (Hamstring Injury),E.Buendai (Cruciate ligament Injury), K. Hause, Jhon Duran (Hamstring Injury)

Manchester United – Tyrell Malacia (unknown injury), Mason Mount (unknown injury), Anthony Martial (Groin surgery) A.Wan-Bussaka (Leg Injury), Lisando Martinez (Keen Injury)

Facebook