ပရီးမီးယားလိဒ်ပွဲစဥ်များတွက်ချက်ခြင်း

လီဗာပူးလ် Vs ခရစ်စတယ်ပဲလေ့စ် [14 Apr 23 - 17:30 hrs]

ပရီးမီးယားလိဒ်ပွဲစဥ်များတွက်ချက်ခြင်း အိမ်ရှင် လီဗာပူးလ်အသင်း ဒီနားမတိုင်ခင်တုန်းက မိနစ် ၉၀ အတွင်း ရှုံးပွဲမရှိတာ ၁၃ ပွဲဆက်တိုက် ရှိသွားပါပြီ ဒါပေမယ့် နောက်ဆုံးတစ်ပွဲကမှ အိမ်ကွင်းလေးနဲ့ မှားပြီး အီတလီလိဂ်မှ အတ္တလန္တာကိုရှုံးလာတယ် ဒါပေမယ့် ချန်ပီယံလမ်းခရီး ဆက်လက်တင်ဆက်ဖို့အတွက် ဒီပွဲ ၃ မှတ်ရအောင်တော့ လုပ်ယူလိမ့်မယ် ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ နောက်ဆုံး ၆ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရထားတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့စံချိန်ထဲမှာလည်း လီဗာပူးလ်ဘက်က ပိုသာပါတယ် လီဗာပူးလ်အသင်းက သူတို့မျှော်မှန်းထားတဲ့ ပွဲရလဒ်မျိုးကို မရပဲကျော်ဖြတ်လာတာ ၂ ပွဲရှိသွားပါပြီ အဲ့တာနဲ့ပဲ ဒီပွဲ သူတို့အတွက် အရေးကြီးပါတယ် ခရစ်စတယ်ပဲလေစ့်နဲ့ ရင်ဆိုင်ရတာ ဘယ်တော့မှမလွယ်ပါဘူး ကိုယ့်အိမ်ကွင်း ကစားရမှာဖြစ်ပြီး ပရိသတ်တွေဆီက ဖိအားတွေလည်း ရရှိနေကြတာဆိုတော့ ကြိုးကြာနီတို့ မဖြစ်မနေ မမှားအောင်ထိန်းသိမ်းရမယ် ကစားပြွအနေအထားကတော့ လီဗာပူးလ်အသင်း တိုက်စစ်ဆင်ပြီးဝင်လုံးဖို့ ကြိုးစားလိမ့်မယ် ပဲလေစ့်တို့ကျတော့ ခံစစ်ပိတ်ပြီး မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် Phillips Mateta က အသင်းရဲ့ မျှော်လင့်ချက်ပဲဖြစ်ပါတယ် အစစအရာရာ လီဗာပူးလ်ဘက်က ပိုသာပါတယ် ပြီးတော့ ရာသီရဲ့ နောက်ဆုံးအချိန် ကျရောက်လာပြီဆိုတော့ ဦးတည်ချက် ပိုထင်လာပါပြီ ဒါပေမယ့်လည်း မထင်မှတ်တဲ့အမှားကိုတော့ သတိထားဖို့လိုသေးတယ် အရင်တစ်ပွဲက မှားယွင်းမှုကို ခေါင်ထဲကနေ ရှင်းထုတ်နိုင်ပြီး ဒီပွဲကို ကောင်းကောင်းအာရုံစိုက်နိုင်လို့ရှိရင် ၃ မှတ်ရဖို့အရေး ကိစ္စမရှိလောက်ပါဘူး ခြေစွမ်းပြနိုင်ရင် ယုံကြည်မှုတွေလည်း တော်တော်ပြန်ရနေကြလောက်တယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း အခုမှ ယူရိုပါလိဂ်ပွဲစဉ်ထဲက အိမ်ကွင်းနဲ့ အတ္တလန္တာကို ၀-၃ ရှုံးနိမ့်လာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ မှားပြီး မန်ယူနဲ့ ၂-၂ သရေကျလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ အဆင့် ၂ နေရာ ကျဆင်းနေပြီး လက်ထဲ ၇၁ မှတ် ကိုင်ဆောင်ထားပါတယ် အဆင့် ၁ မှာရှိတဲ့ အာဆင်နယ်အသင်းနဲ့ ရမှတ်ချင်းတူပေမယ့် အာဆင်နယ်ဘက်က သွင်းဂိုးစံချိန်ပိုသာနေတယ် အသင်းရဲ့ အခြေနေကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Joel Matip, Ben Doak, Thiago Alcantara နဲ့ Alison Becker တို့ကို အသုံးချလို့မရသေးပါဘူး Trent Alexander-Arnold နဲ့ Diogo Jota တို့လည်း ဒီပွဲ ပါဝင်လို့ရတဲ့အထိ အဆင်သင့်မဖြစ်လောက်သေးပါဘူး ဒီပွဲ လီဗာပူးလ်အသင်းက သူတို့ဆီမှာရှိတဲ့ အကောင်းဆုံး ကစားသမားတွေကိုပဲ အသုံးပြုသွားမယ်ထင်တယ် ဂိုးသမားနေရာ Queen Kelleher ကိုပဲ တာဝန်ပေးပြီး Ibrahima Konate က Virgil van Dijk နဲ့အတူ ကွင်းလယ်ခံစစ်နေရာ တာဝန်တွဲယူလိမ့်မယ် Conor Bradley ကျတော့ ညာဘက်ခြမ်းမှာရှိပြီး Robertson က ဘယ်ဘက်ခြမ်းမှာရှိနေလိမ့်မယ် အလယ်တန်းနေရာကျတော့ Wataru Endo က Dominic Soboszlai နဲ့ Alexis Mac Allister တို့နဲ့အတူ တာဝန်ဆင်းယူမယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Mohamed Salah, Darwin Nuñez, Luis Dias တို့ပဲ တာဝန်ယူသွားလိမ့်မယ်။

Crysal Palace :ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ အခုနောက်ပိုင်း အခြေနေသိပ်မကောင်းပါဘူး နောက်ဆုံးလိဂ်ပွဲစဉ် ၉ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် မန်စီးတီးကို ၂-၄ နဲ့ ရှုံးနိမ့်ထားတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ အဆင့် ၁၄ မှာရပ်တည်နေပြီး အတန်းဆင်းမယ့်ဇုန်ထက် ၅ မှတ်လေးပဲ ပိုသာနေတယ် ဒီပွဲ အသင်းနည်းပြက ဒဏ်ရာရထားတဲ့ Sam Johnston, Cheikh Doucouré, Marc Guehi, Rob Holding, Chris Richards နဲ့ Matheus Franca တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Jesuran Rak-Zakyi နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ခရစ်စတယ်ပဲလေစ့်အသင်း ဒီပွဲ ခံစစ်မှူး ၃ ယောက်စနစ်နဲ့ ရောက်ရှိလာလိမ့်မယ် Joel Ward, Jefferson Lerma နဲ့ Joachim Andersen တို့ ၃ ယောက်က Center Half အနေနဲ့ တာဝန်ဆင်းယူလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Jordan Ayew, Jean-Philippe Mateta နဲ့ Eberechi Eze တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

11 Players

Liverpool (4-3-3) : Kelleher; Alexander-Arnold, Konate, Van Dijk, Robertson; Mac Allister, Endo, Szoboszlai; Salah, Nunez, Diaz

Crysal Palace (3-4-2-1) : Henderson; Ward, Andersen, Lerma; Munoz, Wharton, Hughes, Mitchell; Olise, Mateta, Eze

Missing Players

Liverpool – Thiago (Muscle injury), Alisson (Hamstring injury), Rhys Williams (unknown injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

Crysal Palace – Michael Olise (Hamstring injury), Marc Guéhi (Knee problems), Jesurun Rak-Sakyi (Hamstring injury), Cheick Doucouré (Achilles tendon rupture), Sam Johnstone (Elbow injury)

Facebook

အက်စတွန်ဗီလာအသင်း နောက်ဆုံး ၅ ပွဲကစားပြီး တစ်ပွဲလေးပဲအနိုင်ရသွားပါတယ် ရုန်းကန်နေရတဲ့အချိန် ကျရောက်လာပြီး မရုန်းနိုင်သေးဘူးဖြစ်နေတယ် နှစ်သင်းစလုံးမှာ ဥရောပတိုက်ပွဲတွေ ကျန်နေတာချင်းတူတယ် နှစ်သင်းစလုံးရဲ့ အစစအရာရာ ယှဉ်ကြည့်ရင် Emirates ကွင်းနဲ့ ရမှတ်ရှိဖို့ မလွယ်ပါဘူး ဒီပွဲ အာကြီးဖန်တွေ ပြုံးနေလို့ရပါတယ် အနည်းဆုံး ၂ ဂိုးလောက်တော့ ကွာဟပြီးနိုင်သွားမှာသေချာတယ် ဒီပွဲ ဂိုးကွာဟမှုနဲ့ အနိုင်ရှိလိမ့်မယ် ဘာလို့လဲဆိုတော့ အက်စတွန်ဗီလာအသင်းက အခုနောက်ပိုင်း အာရုံစိုက်မှု အားနည်းလာပြီး ခြေစွမ်းကျဆင်းနေကြလို့ပါ ဒီပွဲ အာဆင်နယ်အတွက် အရမ်းအရေးကြီးပါတယ် ဒီပွဲကစပြီး ပွဲတိုင်းပဲ ချန်ပီယံအတွက် ကစားခဲ့ရလိမ့်မယ် အခုနောက်ပိုင်း အာဆင်နယ်ဘက်က စွမ်းဆောင်ရည်ပိုသာပါတယ် နောက်ဆုံး ၈ ပွဲကစားပြီး ၆ ပွဲနိုင် ၂ ပွဲသရေ လုပ်ထားနိုင်တယ် တစ်ပွဲမှတောင် မရှုံးခဲ့ပါဘူး ပရီးမီးယားလိဒ်ပွဲစဥ်များတွက်ချက်ခြင်း  အက်စတွန်ဗီလာအသင်းကျတော့ နောက်ဆုံး ၆ ပွဲကစားပြီး တစ်ပွဲလေးပဲ ရှုံးသွားပါတယ် ဒါပေမယ့် နောက်ဆုံး ၅ ပွဲသီးသန့်ကြည့်ရင် အာဆင်နယ်ဘက်က ပိုသာပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ အက်စတွန်ဗီလာဘက်က အနိုင်ကောက်ရသွားပါတယ် ဒီပွဲမှာတော့ အစစအရာရာ အာဆင်နယ်ဘက်က တော်တော်ပြ ပိုသာပါတယ် စွမ်းဆောင်ရည်ကစ ကစားသမားအသီးသီးတွေပါ ပိုကြည့်ကောင်းတယ် ပြီးတော့ သူတို့ရဲ့ရည်မှန်းချက်က တော်တော်ကြီးမားပါတယ် ကစားပွဲအနေအထားကတော့ အိမ်ရှင်ဘက်က ကစားပွဲထိန်းချုပ်ပြီး တိုက်စစ်ဆင်ကစားမယ် ဧည့်သည်အသင်းကျတော့ ဖိအားတောက်လျှောက်ပေးဖို့ကြိုးစားပြီး ပြိုင်ဘက်ရဲ့အမှားကနေ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလိမ့်မယ် ပထမတစ်ပွဲတုန်းက တော်တော်အသုံးဝင်ပါတယ် အဲ့ပွဲ အက်စတွန်ဗီလာဘက်က ၁-၀ နဲ့ အနိုင်ကောက်ရသွားပါတယ် အာတီတာက အဲ့ပွဲဆီက သင်ခန်းစာရပြီး အက်စတွန်ဗီလာရဲ့ ခံစစ်ပိုင်းကို ဘယ်လိုချိုးဖောက်ရမလဲဆိုတာ နည်းလမ်းရှိလောက်ပြီထင်တယ် အာဆင်နယ်အသင်းရဲ့ ခံစစ်ပိုင်းက အခုထိ ပြသာနာရှိနေတုန်းပါ နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဘိုင်ယန်ရဲ့ တိုက်စစ်ပိုင်းကို တော်တော်ခံခဲ့ရတယ် အဲ့ထက်ဆိုးတာ ဗီလာရဲ့တိုက်စစ်မှူးတွေကလည်း သွက်လက်မှုရှိတယ် အဲ့တော့ ဒီပွဲ အာဆင်နယ်အတွက် မလွယ်သေးပါဘူး နောက်တစ်ပတ်မှာ ချန်ပီယံလိဂ်ပွဲစဉ်လည်း ရှိနေသေးတော့ စိတ်ပူနေရတယ် ဒါပေမယ့်လည်း အာကြီးအဆင့်နဲ့ဆိုရင် အဆင်ပြေအောင် စီစဉ်ထားမှာပါ။

 Arsenal  : အိမ်ရှင်အာဆင်နယ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက ယူဖာချန်ပီယံလိဂ်ပွဲစဉ်ဖြစ်ပြီး ဘိုင်ယန်နဲ့ ၂-၂ သရေကျလာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ဘရိုက်တန်ကို ၃-၀ နဲ့ အနိုင်ကောက်ရလာပြီး အဆင့် ၁ နေရာ တက်ရောက်သွားခဲ့ပါပြီ လီဗာပူးလ်အသင်းနဲ့ ၇၁ မှတ် ပိုင်ဆိုင်ထားတာချင်းတူပေမယ့် သွင်းဂိုးစံချိန်က ၉ လုံးတောင် ပိုသာပါတယ် လီဗာပူးလ်နဲ့ ချန်ပီယံဆုအတွက် လုယက်နေကြတုန်းဖြစ်ပါတယ် အာတီတာအသင်းက အခုနောက်ပိုင်း ဒဏ်ရာထပ်ရသွားတဲ့ကစားသမားတွေ ထပ်ပေါ်မလာသေးပါဘူး Julian Timber ကပဲ အဆင်သင့်မဖြစ်သေးတာပါ အသင်းနဲ့ ထိခိုက်မှုမရှိပါဘူး ကြိုက်တဲ့ကစားသမားတွေကို ရွေးချယ်ပြီး ကိုင်တွယ်လို့ရပါတယ် ဒီပွဲကစပြီး ပွဲအားလုံးဟာ အရေးကြီးနေတော့ Rotation မရှိလောက်ပါဘူး တိုက်စစ်ပိုင်းနေရာမှာ Gabriel Martinelli, Bukayo Saka, Martin Odegaard နဲ့ Kai Havertz တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး ခံစစ်ပိုင်းနေရာကျတော့ Galles နဲ့ Saliba တို့ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ် အစစအရာရာ အာဆင်နယ်အသင်းက ခရီးစဉ်စရာလည်းမလိုဘူးဆိုတော့ အသာလေးနဲ့ ခြေစွမ်းပြနိုင်မယ်ထင်ပါတယ်။

 

Aston Villa  : အက်စတွန်ဗီလာအသင်းကျတော့ အခုမှ လိုင်လီအပေါ် အနိုင်ကောက်ရလာပေမယ့် လိဂ်ပွဲစဉ်တွေမှာကျတော့ ခြေစွမ်းကျဆင်းနေပါတယ် နောက်ဆုံး ၄ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရသွားတယ် နောက်ဆုံး တစ်ပွဲတုန်းကဆိုရင် ဘရန့်ဖိုတ့်နဲ့ ၃-၃ သရေကျလာပြီး Top4 မှ ပြုတ်ထွက်သွားခဲ့ပြီဖြစ်ပါတယ် လတ်တလော အဆင့် ၅ မှာရပ်တည်နေပြီး အမှတ် ၆၀ ကိုင်ဆောင်ထားပါတယ် အဆင့် ၄ မှာရှိတဲ့ စပါးအသင်းနဲ့ ရမှတ်ချင်းပေမယ့် စပါးဘက်က သွင်းဂိုးစံချိန် ပိုသာနေတယ် နောက်ပြီး အက်စတွန်ဗီလာအသင်းက စပါးအသင်းထက် ၁ ပွဲပိုကစားထားသေးတယ် ဒီပွဲ အက်စတွန်ဗီလာအသင်းမှာ Tyrone Mings, Emiliano Buendia, Boubacar Kamara, Matty Cash, Jacob Ramsey နဲ့ Clement Lenglet တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ဒါ့အပြင် Douglas Louis ကြီးက အဝါ ၁၀ ကဒ်ပြည့်သွားလို့ ပွဲပယ်စာရင်းထဲပါနေတယ် ဒီပွဲ အက်စတွန်ဗီလာအသင်း ၄-၄-၂ စနစ်နဲ့ပဲ ရောက်လာမယ်ထင်တယ် Ezri Konsa က ညာဘက်ခံစစ်နေရာမှာ တာဝန်ထမ်းဆောင်ပြီး Diego Carlos က Pao Torres နဲ့အတူ ကွင်းလယ်ခံစစ်နေရာ တာဝန်တွဲယူထားလိမ့်မယ် အလယ်တန်းနေရာကျတော့ Tim Iroegbunam နဲ့ John McGinn တို့က ကွင်းလယ်တိုက်စစ်နေရာ တာဝန်ယူထားမှာဖြစ်ပြီး တောင်ပံနှစ်ဖက်ကျတော့ Leon Bailey နဲ့ Morgan Rogers တို့ပဲ ဖြစ်လိမ့်မယ် တိုက်စစ် ဒုတိယလိုင်းမှာကျတော့ Yuri Tielemans Striker နေရာကျတော့ Ollie Watkins ပဲ ဖြစ်လိမ့်မယ်။

11 Players

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Rice, Odegaard, Smith Rowe; Saka, Martinelli, Havertz

 

Aston Villa (4-4-1-1) : Martinez; Konsa, Carlos, Torres, Digne; McGinn, Tielemans, Iroegbunam; Bailey, Rogers, Watkins

 

Missing Players

 Arsenal – Jurrien Timber (Cruciate ligament tear)

Aston Villa – Matty Cash (Hamstring injury), Emiliano Buendía (Cruciate ligament tear), Boubacar Kamara (Knee injury), Tyrone Mings (Cruciate ligament tear), Jacob Ramsey (Toe injury)

Facebook