ပရီးမီးယားလိဒ်ပွဲစဥ်များ

ရှက်ဖီးလ် Vs ဘရိုက်တန် [18 Feb 24 - 20:30 hrs]

ပရီးမီးယားလိဒ်ပွဲစဥ်များ ဒီရာသီအတွင်း ၂ ပွဲရင်ဆိုင်ခဲ့ဖူးပြီးပြီ ပရီးမီးယားလိဂ်နဲ့တစ်ပွဲတုန်းက ၁-၁ နဲ့ပဲ သရေကျသွားပါတယ် အဲ့ပွဲ ရှက်ဖီးလ်ဘက်က ၁၀ ယောက်ထဲကျန်ခဲ့တာတောင် ဘရိုက်တန်က အနိုင်မယူနိုင်ခဲ့ပါဘူး FA ဖလားနဲ့တစ်ပွဲတုန်းကကျတော့ ဘရိုက်တန်ဘက်က ၂-၅ နဲ့ ရှယ်နိုင်ထားပါတယ် ဒီပွဲ ရှက်ဖီးလ်အတွက် တော်တော်ရုန်းရမယ်ထင်တယ် ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် အသင်းရဲ့အရည်အသွေးကျတော့ ဘရိုက်တန်ထက်နိမ့်ပါတယ် နဂိုက စွမ်းဆောင်ရည်က ပိုညံ့နေပြီးသားလည်းဖြစ်နေတယ် ဘရိုက်တန်အသင်းကျတော့ ခြေစွမ်းကောင်းလိုက် ဆိုးလိုက်ပါပဲ ဒါပေမယ့် ကစားပုံကစားနည်းက အဆင်ပြေတယ် ကစားသမားအသီးသီးက ကိုယ်ပိုင်စကေးတွေ ကောင်းတယ် ရှက်ဖီးလ်ရဲ့ခံစစ်ပိုင်းက ယုံပေါက်တွေ လုံအောင်မပိတ်နိုင်ဘူး ဒီလိုအနေအထားမျိုးနဲ့ဆိုရင် သွက်လက်တဲ့ ဘရိုက်တန်ရဲ့တိုက်စစ်မှူးကို ခံရမှာကျိန်းသေတယ်။

Sheffield United  : ရှက်ဖီးလ်အသင်းဟာ အတန်းဆင်းမယ့်ထဲပါဖို့အနေအထား အရမ်းများနေပါတယ် ဘာလို့လဲဆိုတော့ သူတို့က ဇယားရဲ့အောက်ဆုံးအဆင့်မှာ ရှိနေလို့ပါ နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းကို ၁-၃ နဲ့ အနိုင်ရရှိလာပါတယ် ရာသီစတင်လာကတည်းက အခုမှ ၃ ပွဲနိုင်ထားတာဖြစ်ပါတယ် လိဂ်ပွဲမှာ နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် လက်ရှိအချိန်မှာ ဂိုး ၆၀ သွင်းခံထိထားပြီး သွင်းခံထိတဲ့ဂိုးအရေအတွက် အများဆုံးအသင်းခည်းဖြစ်နေတယ် တိုက်စစ်ပိုင်းကလည်း သွင်းဂိုးအနည်းဆုံးဖြစ်နေတယ် သူတို့ရဲ့အရည်အသွေးက အရမ်းနိမ့်မှန်းယူဆနိုင်တယ် သူတို့ရဲ့ကစားပုံကစားနည်းက ရိုးရိုးရှင်းရှင်းလေးပါပဲ ခံစစ်ပိတ်ကစားခြင်းကိုဦးစားပေးတယ် ပြီးရင် မြောက်ဘောနဲ့ တန်ပြန်တိုက်စစ်ဆင်ကစားပါတယ် အသင်းရဲ့အဆင်သင့်ဖြစ်မှုကတော့ ဒဏ်ရာရထားတဲ့ ကစားသမားအသစ်တွေ ထပ်ပေါ်မလာသေးပါဘူး အရင်ကတည်းက ဒဏ်ရာရထားတဲ့ Christopher Basham, John Egan နဲ့ George Baldock တို့လောက်ပဲ မပါနိုင်သေးတာ ဒီပွဲ ရှက်ဖီးလ်အသင်း ၅-၄-၁ စနစ်နဲ့ Striker နေရာမှာ Cameron Archer ကိုပဲ တာဝန်ပေးထားပြီး Vinicius Souza နဲ့ Gustavo Hamer တို့ကိုကျတော့ ကွင်းလယ်ပိုင်းမှာ တာဝန်ယူထားလိမ့်မယ်။

 

Brighton : ဘရိုက်တန်အသင်းကျတော့ လက်တလော အဆင့် ၉ မှာရပ်တည်နေပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစွမ်းဆောင်ရည်က ၁ ပွဲနိုင် ၂ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် ဥရောပတိုက်ပွဲတွေထဲပါဖို့ သိပ်မရှိသလောက်ဖြစ်နေပါပြီ နောက်ဆုံးတစ်ပွဲတုန်က စပါးကို ၂-၁ နဲ့ ရှုံးနိမ့်လာပါတယ် ပင်နယ်တီနဲ့ ၁ ဂိုးအရင်ဦးဆောင်ခဲ့ပေမယ့် နောက်ဆုံးမှာတော့ စပါးကိုရှုံးနိမ့်လာတယ် ရင်နာစွာနဲ့ အိမ်ပြန်ခဲ့ရပါတယ် ဘရိုက်တန်ရဲ့ကစားသမားတွေက တည်ငြိမ်မှုပျောက်ဆုံးနေတယ် ဘယ်အသင်းကိုပဲမဆို နိုင်ချင်နိုင်မယ် ရှုံးချင်လည်းရှုံးမယ် ကစားပုံကစားနည်းကတော့ အရင်အတိုင်းပါပဲ ဒါပေမယ့် ကစားသမားတွေရဲ့ အရည်အသွေးကတော့ ကျဆင်းနေတယ် အဲ့တာနဲ့ပဲ အသင်းရဲ့စွမ်းဆောင်ရည်က အလိုလိုကျဆင်းသွားပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Julio Enciso, Joao Pedro, Solomon March နဲ့ James Milner တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အသင်းနည်းပြက ၄-၂-၃-၁ စနစ်နဲ့ ဂိုးသွင်းဖို့နေရာမှာ Danny Welbeck ကိုပဲ တာတန်ပေးပြီး Facundo Buonanotte, Ansu Fati နဲ့ Kaoru Mitoma တို့ကို တိုက်စစ်ပိုင်းနေက ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Sheffield United (5-4-1) : Foderingham; Bogle, Robinson, Ahmedhodzic, Holgate, Lowe; McAtee, Hamer, Souza, Osborn; Archer

 

Brighton (4-2-3-1) : Steele; Lamptey, Dunk, Van Hecke, Estupinan; Gilmour, Gross; Fati, Buonanotte, Mitoma; Welbeck

 

Missing Players

Sheffield United – Tom Davies (unknown injury), Chris Basham (Leg injury), John Egan (Foot injury),George Banldock,Ivo Grbic (Concussion),Oliver Mcburnie (Calf Injury),Daniel Jebbison (Groin Injury)

Brighton – Solly March (Knee injury), Julio Enciso (Meniscus tear),James Milner(Thigh Injury),Joa Pedro (Hamstring Injury)

Facebook

မန်ယူအသင်းဟာ ဒဏ်ရာသက်သာသွားတဲ့ကစားသမား တော်တော်များများကို ပြန်လည်ကိုင်တွယ်လို့ရနေပါပြီ အခုနောက်ပိုင်း အမှတ်တွေ တောက်လျှောက်ပဲ ကောက်သိမ်းနိုင်နေကြပါတယ် လူတန်တောင်းအသင်းမှာလည်း အခြေနေမဆိုးပါဘူး အိမ်ကွင်းနဲ့ပွဲတွေမှာဆိုရင် ပိုကောင်းပါတယ် အတန်းဆင်းမယ့်ဇုန်ကနေလည်း ပရီးမီးယားလိဒ်ပွဲစဥ်များ  ရုန်းထွက်နိုင်ပြီ ကစားပွဲအခြေနေကတော့ ဒီပွဲ မန်ယူဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် အိမ်ရှင်အသင်းကျတော့ အရှေ့ကနေ ဖိအားတွေပေးပြီး မန်ယူရဲ့အမှားကိုစောင့်နေလိမ့်မယ် တန်ဟက်က အိမ်ကွင်းနဲ့ ခံစစ်အားကောင်းတဲ့ လူတန်တောင်းကို ဘယ်လိုမျိုးချိုးဖောက်မလဲဆိုတာ စိတ်ဝင်စားစရာအရမ်းကောင်းပါတယ် အသင်းကြီးတွေ တော်တော်များများကလည်း မနည်းဖောက်လိုက်ရလို့ပါ ဒါပေမယ့်လည်း မန်ယူရဲ့တိုက်စစ်ပိုင်းက အရင်ထက်ပိုကောင်းလာပါတယ် အဓိက Rasmus Hojlund နဲ့တစ်ယောက်ဆိုရင် ဂိုးတွေ ပြန်သွင်းနိုင်နေကြပါတယ် ဒီပွဲ မန်ယူအတွက် မလွယ်လားပါဘူး ကပ်နိုင်ရုံလေးပဲ လုပ်နိုင်မယ်လို့ ထင်မြင်ထားပါတယ် အဲ့ထက်ဆိုးရင် တစ်ယောက်တစ်မှတ်ခွဲယူရမယ့်အထိလည်း ဖြစ်နိုင်ပါတယ်။

Luton Town :လူတန်တောင်းအသင်းဟာ အခုနောက်ပိုင်း စွမ်းဆောင်ရည်ပြန်ကောင်းနေပါတယ် နောက်ဆုံး ၁၀ ပွဲကစားပြီး ၂ ပွဲသာရှုံးနိမ့်ခဲ့တယ် ဒါပေမယ့် နောက်ဆုံးတစ်ပွဲတုန်းကမှ ရှက်ဖီးလ်ကို ၁-၃ နဲ့ ရှုံးနိမ့်လာပြီး အဆင့် ၁၇ အထိ ကျဆင်းသွားပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၁ မှတ်ပဲ ပိုသာနေပါတော့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ခြေတလုံးဒဏ်ရာရထားတဲ့ Mads Anderson ကို ကိုင်တွယ်လို့မရသေးပါဘူး Marvelous Nakamba က ဒူးခေါင်းဒဏ်ရာနဲ့ Tom Lockyer ကလည်း နှလုံးရောဂါဖြစ်နေတယ် ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ လူတန်တောင်းဘက်က ၃-၄-၂-၁ စနစ်နဲ့ Striker နေရာမှာ Elijah Adebayo ကိုပဲ ဂိုးသွင်းဖို့ တာတဣ်ပေးပြီး Andros Townsend နဲ့ Carlton Morris တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ အထောက်အကူလုပ်ဖို့ တာဝန်ပေးထားလောက်ပါတယ်။

 

Manchester United : မန်ယူအသင်းကျတော့ စွမ်းဆောင်ရည်ပြန်ကောင်းနေပါတယ် လောလောဆယ် ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပြီး နောက်ဆုံးတစ်ပွဲကမှ အက်စတွန်ဗီလာကို ၁-၂ နဲ့ ကပ်နိုင်လာတယ် အဆင့် ၆ မှာရပ်တည်ပြီး လက်ထဲမှာ ၄၁ မှတ် ကိုင်ဆောင်ထားပါတယ် Top4 ရဲ့နောက်ကနေ ၆ မှတ်ပဲ လိုက်နေရပါတော့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Aaron Wan-Bissaka, Lisandro Martinez, Anthony Martial, Mason Mount နဲ့ Tyrell Malazia တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးက ဒဏ်ရာရထားကြပါတယ် Luke Shaw နဲ့တစ်ယောက်ကျတော့ အခြေနေစစဆေးဖို့ လိုသေးတယ် တန်ဟက်က ဒီပွဲ ၄-၂-၃-၁ စနစ်နဲ့ Striker နေရာမှာ Rasmus Hojlund ကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးပြီး Alejandro Carnacio, Bruno Fernandes နဲ့ Marcus Rashford တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်အနေနဲ့ အခွင့်အရေးဖန်တီးဖို့ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Luton Town (3-4-2-1) : Kaminski; Bell, Osho, Mengi; Ogbene, Barkley, Lokonga, Doughty; Townsend, Morris; Adebayo

Manchester United (4-2-3-1) : Onana; Dalot, Varane, Maguire, Shaw; Mainoo, Casemiro; Garnacho, Fernandes, Rashford; Hojlund

Missing Players

Luton Town – Tom Lockyer (heart problems),D.Hashioka

Manchester United – Tyrell Malacia (unknown injury), Mason Mount (unknown injury), Anthony Martial (Groin surgery),Luke Shaw (Muscle Injury),A.Wan -Bissaka (Leg Injury),Lisandro Martinez (Knee Injury)

Facebook