ပရီးမီးယားလိဒ်ပွဲကောင်းများ

ဝက်စ်ဟမ်း Vs မန်ယူ [23 Aug 23 - 19:00 hrs]

ပရီးမီးယားလိဒ်ပွဲကောင်းများ  အချင်းချင်းရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲတုန်းက မန်ယူဘက်က ၃ ပွဲနိုင်ပြီး ဝက်စ်ဟမ်းဘက်က ၂ ပွဲနိုင်သွားပါတယ် သူတို့နှစ်သင်းရဲ့သွင်းဂိုးတွေက မများပါဘူး ဒီပြွရာသီမှာ အဆင့်တွေလည်း ကပ်ရပ်နေတယ် စွမ်းဆောင်ရည်ကို အတိကျယူဆလို့မရတာချင်းလည်းတူတယ် ဒါပေမယ့် အိမ်ရှင်အသင်း အခုနောက်ပိုင်း အခြေနေပြန်ကောင်းနေပါပြီ ခံစစ်ပိုင်းက သိပ်အဆင်မပြေပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်ကြတယ် မန်ယူအသင်းမှာကျတော့ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် ခံစစ်ပိုင်းကောင်းပေမယ့် တိုက်စစ်ပိုင်း အားရစရာမကောင်းပါဘူး ဒီပွဲ နှစ်သင်းစလုံး ၃ မှတ်လိုချင်ကြတဲအတွက် တိုက်စစ်ဆင် ကစားခဲ့ကြလိမ့်မယ် ဒီနေရာ အိမ်ရှင်ဘက်က ပိုသာပါတယ် သရဲတီတွေက အရင်ပွဲတွေလို ကိုယ့်ဘာသာကိုယ်ပဲ အာရုံစိုက်ပြီးကစားနေရင်တော့ တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ် ဘာလို့လဲဆိုတော့ ဝက်စ်ဟမ်းအသင်းက အခုမှ အိမ်ကွင်းနဲ့ ၂ ပွဲဆက်တိုက် အနိုင်ရထားတဲ့အတွက် ယုံကြည်မှုအပြည့်ရှိနေကြလို့ပါ အဲ့နှစ်ပွဲမှာ တစ်ဂိုးမှတောင် သွင်းခံမထိခဲ့ပါဘူး သူတို့က အဆင့် ၅ နေရာ တက်ရောက်ချင်လို့ ဒီပွဲ အရမ်းကြိုးစားလိမ့်မယ် မန်ယူမှာ ဒဏ်ရာရထားတဲ့ အဓိကကစားသမားတွေ အများကြီးရှိပြီး စွမ်းဆောင်ရည်ကလည်း မတည်မငြိမ်ဖြစ်နေလို့ သိပ်ပြီး အားရစရာကောင်းမယ်မထင်ပါဘူး ဒီပွဲမှာတော့ ဝက်စ်ဟမ်းဘက်က အိမ်ကွင်းကိုအကျိုးရှိရှိနဲ့ မန်ယူကို တက်ပွတ်သွားလိမ့်မယ်။

Westham United  : ဒေးဗစ်မိုယက်နည်းပြလက်ထဲက အိမ်ရှင်ဝက်စ်ဟမ်းအသင်းဟာ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ပြန်ကောင်းပြီး အဆင့်ဇယား အဆင့် ၈ မှာရပ်တည်နေပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ အရှုံးပါ လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ဝုဗ်ဗာဟန်တန်နဲ့တွေ့ပြီး ၃-၀ နဲ့ အနိုင်ရလာပါတယ် ပွဲစုံ နောက်ဆုံးတစ်ပွဲတုန်းကကျတော့ ကာရာဘောင်းဖလားဖြစ်ပြီး လီဗာပူးလ်ကို ၅-၁ နဲ့ ရှုံးနိမ့်လာပါတယ် အပယ်ခံထိသွားပါပြီ မိုယက်က လိဂ်ပွဲစဉ်ကို ပိုဦးစားပေးတဲ့အတွက် ဒီပွဲ အဓိကကစားသမားတွေ တော်တော်များများကို အနားပေးထားလောက်နယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Mikhail Antonio ကို အသုံးပြုလို့မရျသးပါဘူး Maxwell Cornet နဲ့ Naif Agerd တို့ကျတော့ နေမကောင်းပေမယ့် ပြန်ကောင်းသွားလောက်ပါပြီ အသင်းရဲ့အားနည်းချက်က ခံစစ်ပိုင်းဟာ ဂိုးလွယ်လွယ်လေး သွင်းခံထိတတ်တယ် ဒီပွဲ ဂိုးအစောကြီးသွင်းခံထိလို့ကတော့ ဆက်တိုက် သွင်းခံထိသွားလိမ့်မယ် James Ward-Prowse ရဲ့ဂိုးသွင်းချက်နဲ့ Mohammed Qudus ပြီးတော့ Jarrod Bowen တို့ရဲ့ သွက်လက်ချက်က သူတို့ရဲ့အားသာချက် ဖြစ်ပါတယ်။

Manchester United  : အဆင့် ၇ မှာရပ်တည်နေတဲ့ မန်ယူအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်နဲ့ ၀-၀ သရေကျအောင် လုပ်နိုင်ခဲ့ပါတယ် ဒါပေမယ့် သူတို့ရဲ့ အရည်အချင်းက လီဗာပူးလ်ကို မမီပါဘူး ကံကောင်းလို့ပြောရင်လည်း မမှားပါဘူး မန်ယူအသင်းက ခံစစ်ပိတ်စတိုင်လ်နဲ့ကစားရင် အဆင်ပြေသလို ဖြစ်နေတယ် ဒါပေမယ့် အလယ်အလတ်အသင်းမျိုးနဲ့တွေ့ရင်တော့ သူတို့က တိုက်စစ်ဆင်တဲ့စနစ်ကို အသုံးပြုတတ်တယ် အဲ့တာနဲ့ အချို့ပွဲတွေ ဟိုမရောက် ဒီမရောက်ဖြစ်သွားတတ်တယ် ဒီပွဲ အိမ်ကွင်းနဲ့ ကောင်းကောင်းကစားတတ်တဲ့ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ တိုက်စစ်ရော ခံစစ်ပါ ကောင်းကောင်းလေး စီစဉ်ထားဖို့လိုလိမ့်မယ် သရဲနီတွေက ခံစစ်ပိတ်တဲ့နေရာ တော်တော်ကောင်းတယ် ကစားသမားတိုင်းက ဘောလုံးနောက်ကနေ ကြိုးစားပြီးလိုက်တတ်တယ် အဲ့ဒီလိုနဲ့ ပြိုင်ဘက်ကို ဖိအားတော်တော်ပေးနိုင်တယ် ကြားထဲ တန်ပြန်တိုက်စစ်ကလည်း ကောင်းပါတယ် ဒါပေမယ့် နောက်ဆုံးအခွင့်ရေးမှာပဲ လိုနေသေးတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံး ဖြစ်ပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘရူနိုက ဘန်းစာရင်းမှလွတ်မြောက်လာပါပြီ ဒါပေမယ့် Diogo Dalot ကြီးက ဘန်းစာရင်းထဲ ပြန်ပါသွားပါတယ် သတင်းကောင်းကတော့ Christian Eriksen နဲ့ Victor Lindelof တို့နှစ်ယောက် လေ့ကျင့်ခန်းပြန်လုပ်နိုင်ပြီ အခု သူတို့ရဲ့အားနည်းချက်က ဂိုးသိပ်မသွင်းနိုင်ဘူးဖြစ်နေတယ် အဲ့နေရာ ကြိုးစားဖို့လိုပါသေးတယ်။

11 Players

Westham United (4-3-3) : Fabianski; Coufal, Zouma, Aguerd, Emerson; Soucek, Alvarez, Ward-Prowse; Kudus, Bowen, Paqueta

Manchester United (4-3-3) : Onana; Wan-Bissaka, Varane, Evans, Shaw; Mainoo, McTominay; Antony, Fernandes, Garnacho; Hojlund

Missing Players

Westham United – Michail Antonio (Knee injury)

Manchester United –  Jadon Sancho (Suspended), Diogo Dalot (Indirect card suspension), Casemiro (Knock), Amad Diallo (Knee injury), Mason Mount (unknown injury), Harry Maguire (Groin injury), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury)

Facebook

ပရီးမီးယားလိဒ်ပွဲကောင်းများ  အဆင့် ၁ နေရာ လုယက်တဲ့ပြိုင်ပွဲဖြစ်ပါတယ် အာဆင်နယ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းပြပြီး အဆင့် ၁ နေရာ ပြန်ရအောင် လုပ်သွားခဲ့တယ် လီဗာပူးလ်ကျတော့ ဖလားပွဲတွေမှာ အခြေနေကောင်းပေမယ့် လိဂ်ပွဲစဉ်တွေမှာကျတော့ အခုမှမှားပြီး အိမ်ကွင်းနဲ့ မန်ယူကိုသရေကျလာပါတယ် အဲ့ဒီလိုနဲ့ပဲ အဆင့် ၁ နေရာ အာဆင်နယ်ကိုပေးလိုက်ရတယ် ဒါပေမယ့်လည်း အာဆင်နယ်က သူတို့ထက် ၁ မှတ်လေးပဲသာပါတယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့ လိဂ်ပွဲစဉ် နောက်ဆုံး ၂ ပွဲတုန်းက အာတီတာမှာ အခြေနေကောင်းပြီး ၁ ပွဲနိုင် ၁ ပွဲသရေ လုပ်နိုင်ခဲ့တယ် တစ်ပွဲမှမရှုံးပဲ ၅ ဂိုးတောင် သွင်းယူသွားနိုင်တယ် မနှစ်ကလည်း နှစ်ဂိုးအရင် သွင်းခံထိခဲ့တာတောင် သရေကျအောင် ပြန်သွင်းယူနိုင်တယ် အဲ့ပွဲတုန်းက အသုံးပြုတဲ့ကစားသမားတွေ အခုထိတည်ရှိနေတုန်းဖြစ်တယ် လက်ရှိ အာဆင်နယ်ကစားသမားအဖွဲ့အစုက ဘောလုံးကောင်းကောင်း ပိုင်ဆိုင်ထားနိုင်ပြီး တန်ပြန်တိုက်စစ်ဆင်ကစားတဲ့နေရာ အရမ်းအဆင်ပြေတယ် Declan Rice ရောက်လာလို့ ကွင်းလယ်ပိုင်းနေရာ ပိုမိုတောင့်တင်းမှုရှိလာတယ် Rice, Havertz နဲ့ Odegaard တို့က ဒီရာသီမှာ သွင်းဂိုး ၁၄ လုံးနဲ့ ပါဝင်မှုရှိတယ် လီဗာပူးလ်ရဲ့အားနည်းချက်ကတော့ မနည်းပါဘူး Jota မဆင်းနိုင်တဲ့အချိန် သူ့နေရာအစားထိုးဖို့ ကစားသမားသိပ်မရှိဘူးဖြစ်နေတယ် Luso နဲ့ Nuñez တို့ခြေစွမ်းက သိပ်ပြီး အဆင်မပြေဘူး တစ်ဂိုးတစ်ဂိုးသွင်းဖို့ မနည်းရုန်းနေရတယ် Gakpo နဲ့တစ်ယောက်ကလည်း အားမသာတဲ့ ကွင်းလယ်နေရာ တာဝန်ယူနေရတယ် ကံကောင်းလို့ ပြီးခဲ့တဲ့ပွဲတွေမှာ ကွင်းလယ်ကစားသမားတွေက ဂိုးကူသွင်းပေးနေလို့ပါ ဒီပွဲအနေအထားကတော့ တိုက်စစ်ဆင်ပြီး ဝင်လုံးခဲ့ကြလိမ့်မယ် ပွဲစစလာချင်းကတည်းက အလှည့်ကျ တိုက်စစ်ဆင်ပြီးကစားလိမ့်မယ် ဒါပေမယ့် နှစ်သင်းစလုံးရဲ့ အခြနောက်ပိုင်း ပြသာနာချင်း တူနေကြတယ် အဲ့တာ သူတို့ရဲ့တိုက်စစ်ပိုင်းက ညံ့ချင်တဲ့ပွဲဆိုရင် မထင်မှတ်ပဲ ညံ့တာမျိုးရှိတယ် အာဆင်နယ်အသင်းရဲ့ စည်းဘေးကတော့ သွက်လက်မှုရှိတယ် ထိရောက်မှုရှိတယ် ကြိုးကြာနီတို့ကျတော့ ပြိုင်ဘက်ရဲ့ခံစစ်ပိုင်းကို ကျော်ဖြတ်နိုင်တဲ့ မြောက်ဘောရှိတယ် တော်တော်မနိုင်မရှုံးဖြစ်လိမ့်မယ် ဘယ်အသင်း အနိုင်ရသွားမလဲမသိပါဘူး သရေကျရုံနဲ့ ပြီးဖို့များတယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း အခုမှ ကာရာဘောင်းဖလားအစီစဉ်ထဲ ဝက်စ်ဟမ်းကို ၅-၁ နဲ့ အနိုင်ကောက်ရလာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ မန်ယူနဲ့ ၀-၀ သရေကျလာတယ် အဲ့ဒီလိုနဲ့ သူတို့ အဆင့် ၂ နေရာ ကျဆင်းသွားပါပြီ လက်ထဲ ၃၈ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁ မှာရှိတဲ့ အာဆင်နယ်ထက် ၁ မှတ်ပဲနည်းနေပါတယ် ယာဂင်ကလော့ပ်မှာ ဒီပွဲ Stefan Bijcetic, Thiago Alcantara, Andy Robertson, Joel Matip, Alexis Mac Allister နဲ့ Diogo Jota တို့ကို အသုံးချလို့မရသေးပါဘူး အားလုံး ဆေးကုသမှု ခံယူနေကြလို့ပါ Ryan Gravenburch နဲ့တစ်ယောက်ကျတော့ ဒီပွဲ ပါနိုင်မလား မသေချာသေးပါဘူး ဒီပွဲ ဆင်းကစားမယ့်ကစားသမားတွေကတော့ ဂိုးသမားနေရာ Alisson Becker ဖြစ်မယ် ပြီး‌ရင် Trent Alexander Arnold က ညာဘက်ခံစစ် Ibrahima Konate နဲ့ Virgil van Dijk တို့ကျတော့ ကွင်းလယ်ခံစစ်ဖြစ်လိမ့်မယ် ဘယ်ဘက်ခံစစ်ကျတော့ Kostas Tsimikas ပဲ တာဝန်ယူထားလိမ့်မယ် Wataru Endo က အလယ်တန်းခံစစ် အလယ်တန်းတိုက်စစ်ကျတော့ Dominik Szoboszlai နဲ့ Ryan Grafenberg တို့ဖြစ်မယ် အရှေ့တန်းညာဘက်နေရာ မိုဟာမက်ဆာလာ ဘယ်ဘက်ကျတော့ Luis Diaz နဲ့ Striker နေရာ Darwin Nuñez ဖြစ်လိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ ဒီတစ်ပတ်မှာ ပြိုင်ပွဲမရှိတော့ အနားကောင်းကောင်းယူထားကြပါတယ် အရင်တစ်ပတ်တုန်းက ဘရိုက်တန်နဲ့တွေ့ပြီး ၂-၀ နဲ့ အနိုင်ရသွားတဲ့အတွက် အဆင့် ၁ နေရာ ပြန်တက်သွားပါပြီ အဆင့် ၂ မှာရှိတဲ့လီဗာပူးလ်ထက် ၁ မှတ်လေးပဲသာပါတယ် အာတီတာရဲ့အသင်းက ဒီပွဲ Jurrien Timber ကို အသုံးချလို့မရသေးပါဘူး အကြာကြီးပဲ အနားယူဖို့ရှိတယ် Thomas Partey နဲ့ Takehiro Tomiyasu တို့နှစ်ယောက်လည်း ခြေထောက်ဒဏ်ရာရထားကြပါတယ် Fabio Vieira ကျတော့ အခုမှခွဲစိတ်ကုသမှု ပြီးလာလို့ အနားယူနေရတုန်းပါ Mohamed Elneny လည်း ခြေထောက်ဒဏ်ရာရထားတယ် ဒီပွဲ ဂိုးသမားနေရာ Raya ဖြစ်မယ် Ben White က ညာဘက်ခံစစ် Saliba နဲ့ Gabriel တို့ကျတော့ ကွင်းလယ်ခံစစ်ဖြစ်လိမ့်မယ် ဘယ်ဘက်ခံစစ်ကျတော့ Oleksandr Zinchenko ပဲ တာဝန်ယူထားလိမ့်မယ် Declan Rice က အလယ်တန်းခံစစ် အလယ်တန်းတိုက်စစ်ကျတော့ Kai Havetz နဲ့ Martin Odegaard တို့ဖြစ်မယ် အရှေ့တန်းညာဘက်နေရာ Bukayo Saka ဘယ်ဘက်ကျတော့ Gabriel Marchinelli နဲ့ Striker နေရာ Gabriel Jesus ဖြစ်လိမ့်မယ်။

11  Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Tsimikas; Szoboszlai, Endo, Jones; Salah, Nunez, Diaz

 

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli

 

Missing Players

Liverpool – Stefan Bajcetic (Calf injury), Diogo Jota (Muscle injury), Alexis Mac Allister (Knee injury), Thiago (Hip injury), Andrew Robertson (Shoulder injury), Joel Matip (Cruciate ligament tear)

Arsenal – Jurrien Timber (Cruciate ligament tear), Thomas Partey (Hamstring injury)

Facebook