အသင်းကြီးတွေဆုံမှု

စပါး Vs ဘရန်ဖိုတ့် [ 31 Jan 24 - 02:00 hrs]

အသင်းကြီးတွေဆုံမှု  အိမ်ရှင်စပါးအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေတယ် FA ဖလားပွဲမှာ မန်စီးတီးကို ၀-၁ နဲ့ရှုံးပြီး အပယ်ခံထိသွားပါပြီ ဒီပွဲ ၃ မှတ်ရအောင်တော့ အကောင်းဆုံးကြိုးစားဖို့လိုပါတယ် ဘရန်ဖိုတ့်အသင်းမှာလည်း ခြေစွမ်းတွေ တောက်လျှောက်ညံ့နေပါတယ် ဒါပေမယ့် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ပုံစံကောင်းပြပြီး ဖောရက်စ်အပေါ် ၃-၂ နဲ့ အနိုင်ကောက်ရလာတယ် သူတို့က အဲ့ဒီပုံစံကောင်းကို ထိန်းသိမ်းပြီး ဒီပွဲ အမှတ်ရအောင် ကြိုးစားမယ် နှစ်သင်းစလုံးရဲ့ အစစအရာရာ ယှဉ်ကြည့်ရင် စပါးဘက်က ပိုသာတယ် အဲ့ဒီတော့ ဒီပွဲ ရွှေကြက်ဖကြီးကပဲ ခြေစွမ်းပိုပြနိုင်မယ်လို့ ယုံကြည်ထားပါတယ် ဘရန်ဖိုတ့်မှာ Evan Toney ကို ပြန်ကိုင်သွယ်လို့ရပြီဖြစ်တဲ့အတွက် နည်းနည်းတော့ အသက်ဝင်လာမယ်ထင်ပါတယ် ဒါပေမယ့်လည်း အဝေးကွင်းစံချိန်က သိပ်မကောင်းပါဘူး ဒီရာသီမှာ ၂ ပွဲလေးပဲ အနိုင်ရထားတယ် အဲ့ဒီတော့ ဒီပွဲ အိမ်ကွင်းမှာ တောင့်တင်းမှုအမြဲရှိတဲ့စပါးအသင်းကပဲ အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

Tottemham hotSpurs : အိမ်ရှင်စပါးအသင်း အခုနောက်ပိုင်း စွမ်းဆောင်ရည်ကျဆင်းနေတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက မန်ယူနဲ့ ၂-၂ သရေကျပြီး FA ဖလားပွဲစဉ် နောက်ဆုံးတစ်ပွဲမှာ မန်စီးတီးကို ကပ်ရှုံးလာပါတယ် အဲ့တော့ ယုံကြည်မှုပြန်ရအောင် ဒီပွဲ ကြိုးစားလိမ့်မယ် ရွှေကြက်ဖအသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Giovanni Lo Celso, Alejo Veliz နဲ့ Manor Solomon တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားလို့ပါ Son Heung-min, Papp Sarr နဲ့ Yves Bissouma တို့ကျတော့ နိုင်ငံအသင်းနဲ့ ကစားနေကြတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် စပါးအသင်း ဒီပွဲ Pedro Porro, Christian Romero, Mickey van de Ven နဲ့ Destiny Udoghi တို့လေးယောက်ကို  ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးထားပြီး ကွင်းလယ်နေရာကျတော့ Pierre Emile Hojbjerg နဲ့ Rodrigo Bentancur တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Brennan Johnson, Dejan Kulusevski နဲ့ Timo Werner တို့ကိုပဲ တာဝန်ပေးထားမယ် Striker နေရာကနေ ဂိုးသွင်းဖို့ Richarlison ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Brentford : ဘီကေလာနဲ့ ဘရန်ဖိုတ့်အသင်းကျတော့ စွမ်းဆောင်ရည် အသုံးမကျသေးပါဘူး လိဂ်ပွဲစဉ် နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၄ ပွဲရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းကမှ ဖောရက်စ်အပေါ် ၃-၂ နဲ့ အနိုင်ရရှိလာပါတယ် ဒီရာသီ ၂၀ ပွဲကစားပြီး ၂၂ မှတ် ကိုင်ဆောင်ထားကာ အဆင့် ၁၄ တွင် ရပ်တည်နေပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Rico Henry, Brian Embermo, Aaron Hickey နဲ့ Kevin Shade တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Christian Norgaard နဲ့တစ်ယောက်ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် နိုင်ငံအသင်းနဲ့ သွားကစားနေတဲ့ Saman Goddos, Joan Wissa နဲ့ Frank Onyega တို့လည်း ဒီပွဲ မရှိသေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြတယ် ဘရန်ဖို့တ်အသင်း ဒီပွဲ ခံစစ်ပိုင်းနေရာမှာ Nathan Collins, Ethan Pinnock နဲ့ Ben Mee တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာမှာ Mads Roerslev, Mathias Jensen, Vitaly Janelt, Mikkel Damsgaard နဲ့ Kean Lewis-Potter တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Neil Maupay နဲ့ Evan Toney တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Tottemham hotSpurs : (4-2-3-1) : Vicario; Porro, Romero, Van de Ven, Udogie; Hojbjerg, Bentancur; Johnson, Kulusevski, Werner; Richarlison

 

Brentford (3-5-2) : Flekken; Collins, Pinnock, Mee; Roerslev, Janelt, Jensen, Damsgaard, Lewis-Potter; Toney, Maupay

Missing Players

Tottemham hotSpurs – Ryan Sessegnon (Hamstring injury), Manor Solomon (Meniscus injury), Giovani Lo Celso (Muscle injury), Alejo Véliz (Knee injury), Ben Davies (Hamstring injury)

Brentford – Aaron Hickey (Hamstring injury), Bryan Mbeumo (Ankle injury), Christian Nørgaard (Foot injury), Kevin Schade (Adductor injury), Rico Henry (Knee injury), Ryan Trevitt (Ankle surgery)

Facebook

ဒီပွဲ မန်စီးတီးဘက်က အစစအရာရာပိုသာပါတယ် ကိုယ့်အိမ်ကွင်းနဲ့လည်း ကစားရမှာဆိုတော့ ယုံကြည်မှု ပိုအားကောင်းလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းနဲ့ အချင်းချင်းရင်ဆိုင်ခဲ့ဖူးပြီး မန်စီးတီးဘက်က ဘန်လေကို ၁၂ ပွဲဆက်တိုက် အနိုင်ရထားပါတယ် အဲ့ဒီ ၁၂ ပွဲထဲမှာ ဘန်လေဘက်က ၁ ဂိုးထဲပဲ ပြန်သွင်းနိုင်တယ် အစစအရာရာ ပိုသာတဲ့အတွက် အနိုင်ရခြင်းစံချိန်ဟာ ရှေ့ဆက်သွားပါလိမ့်မယ် ဒီလိုစံချိန်တွေကြည့်ပြီး သဘောမတူချင်ပဲ ဘန်လေကိုအားပေးချင်လည်း  အားပေးပေါ့ ဒါပေမယ့် သဘောမတူပဲ မနေကြလောက်ပါဘူး ဘန်လေက ဘယ်လိုမှ ပြန်လှန်တိုက်ခိုက်နိုင်မယ် မထင်ကြဘူးလို့ပဲ ထင်နေကြလိမ့်မယ် ကြားထဲ သူတို့ရဲ့ အဓိကကစားသမား ၄ ယောက်ပါ မရှိသေးတော့ စွမ်းဆောင်ရည်နဲ့ တည့်တည့်ကြီးထိခိုက်ပါတယ် ဘန်လေအသင်း နောက်ဆုံး ၄ ပွဲကစားပြီး ၃ ပွဲရှုံးနိမ့်ခဲ့တယ် အဲ့ထက်ဆိုးတာ ၇ အသင်းကြီးတွေဆုံမှု ဂိုးတောင် သွင်းခံထိခဲ့ပါတယ် နည်းပြရဲ့နာမည်ကျော်ကြားမှုကလည်း ပက်ထက် အများကြီးညံ့ပါတယ် မန်စီးတီးက အခုအချိန်မှာ ကြိုးကြာနီရဲ့ အနီကပ်ဆုံး လိုက်ချင်နေတဲ့အတွက် အကောင်းဆုံးကြိုးစားမှာသေချာတယ် ဟာလန်းမရှိပေမယ့် ဒီဘရိုင်းရှိတယ် သူ့အခြေနေ ၁၀၀% ပြန်ဖြစ်သွားတဲ့နေ့မှာ မန်စီးတီးက အခုထက် ပိုကောင်းသွားမှာသေချာတယ်။

Manchester City  : အိမ်ရှင်မန်စီးတီးအသင်းဟာ ၇ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့အတွက် ခြေစွမ်းဆွေအရမ်းတက်ကြွနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက FA ဖလားပွဲမှာ စပါးအပေါ် ၁-၀ နဲ့ အနိုင်ရလာပြီး ပဥ္စမအဆင့်အထိ တက်ရောက်သွားပါပြီ ဒီပွဲမှာတော့ Erling Haaland နဲ့ Manuel Akanji တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုသေးတယ် နှစ်ယောက်လုံး ဒဏ်ရာရထားလို့ပါ John Stones နဲ့တစ်ယောက်ကတော့ ဒဏ်ရာသက်သာပြီး ဒုတိယလူစာရင်းထဲ ရှိနေလိမ့်မယ် နောက်ဆုံး ၃ ပွဲတုန်းကလည်း ဒုတိယကစားသမားအနေနဲ့ ဆင်းခဲ့ရပါတယ် ၂၀၂၃ ခုနှစ် ၈ လပိုင်းကတည်းက ဒဏ်ရာရသွားတဲ့ Kevin de Bruyne ဟာ ဒီပွဲ ပထမလူစာရင်းထဲပါလောက်တယ် ပက်က ဒီပွဲ ၄-၂-၃-၁ စနစ်စီစဉ်ထားပြီး Julian Alvarez ကို ဂိုးသွင်းဖို့ Striker နေရာမှာ တာဝန်ပေးထားမယ် ပြီးက် သူ့ရဲ့အနောက်မှာ Bernardo Silva, Phil Foden နဲ့ Jeremy Doku တို့ ၃ ယောက်ကို အထောက်အကူလုပ်ပေးဖို့ တာဝန်ပေးထားလောက်ပါတယ်။

 

Burnley : မန်စီးတီးလူဟောင်းဖြစ်တဲ့ Vincent Kompany ဆိုတဲ့ နည်းပြလက်ထဲက ဘန်လေအသင်းကျတော့ ပြီးခဲ့တဲ့ လိဂ်ပွဲစဉ် ၂ ပတ်လောက်တုန်းက လူတန်တောင်းနဲ့ ၁-၁ သရေကျလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ကစားသမားတော်တော်များများ ပျောက်ဆုံးနေကြတယ် Luca Coliocio နဲ့ Nathan Redmond တို့ကစ Charlie Taylor ရောပါ ဒီပွဲ မရှိသေးပါဘူး Jordan Beyer, Sander Berge နဲ့ Aaron Ramsey တို့လည်း အခြေနေစစ်ဆေးဖို့လိုပါသေးတယ် ဒီပွဲ Sander Berge မှာ အဆင်သင့်မဖြစ်သေးဘူးဆိုရင် သူ့နေရာ Josh Cullen က နောက်တစ်ပွဲ Josh Brownhill နဲ့အတူ တာဝန်တွဲယူသွားလိမ့်မယ် သူတို့နှစ်ယောက်ရဲ့ ဘေးနားကတော့ Johann Berg Gudmundsson နဲ့ Wilson Odobert တို့နှစ်ယောက်ပဲ ဖြစ်ပြီး အရှေ့ဆုံးနေရာကျတော့ Amdouni နဲ့ Foster တို့နှစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ်။

11 Players

Manchester City (4-2-3-1) : Ederson; Walker, Dias, Ake, Gvardiol; Rodri, Kovacic; Bernardo, Foden, Doku; Alvarez

 

Burnley (4-4-2) : Trafford; Vitinho, O’Shea, Ekdal, Al-Dakhil; Gudmundsson, Cullen, Brownhill, Odobert; Amdouni, Foster

Missing Players

Manchester City – Zack Steffen (Knee surgery), Ederson (Knee injury), Manuel Akanji (unknown injury), Erling Haaland (Stress reaction of the bone)

Burnley – Luca Koleosho (Knee injury)

Facebook

အသင်းကြီးတွေဆုံမှု လီဗာပူးလ်အသင်းဟာ ပွဲစုံ ၁၀ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံး ၇ ပွဲမှာ ၆ ပွဲတောင် အနိုင်ရရှိခဲ့ပါတယ် အသင်းမှာ အဆင်သင့်သိပ်မဖြစ်ပေမယ့် အံ့ဩစွာတာဝန်ကျေအောင် ထမ်းဆောင်နိုင်ကြတယ် ဒါပေမယ့် ဒီပွဲ ခက်မယ့်ပုံရှိပါတယ် ဘာလို့လဲဆိုတော့ ချယ်လ်ဆီးအသင်းက တစ်ဖြည်းဖြည်းနဲ့ ပြန်ကောင်းလာနေလို့ပါ အခုနောက်ပိုင်း လီဗာပူးလ်မှာ အနိုင်ရနေပေမယ့် မှားယွင်းမှုတွေတော့ မြင်နေရတုန်းပါပဲ အဓိကကစားသမားမရှိတာလည်းပါတယ် ဒီလိုတင်းကြပ်တဲ့ ပြိုင်ပွဲဖြစ်တဲ့အခါ ချယ်လ်ဆီးဘက်က ယုံချင်စရာပိုကောင်းနေတယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းက သရေကျသွားတာချည်းဖြစ်တယ် ဒီရာသီ ပထမတစ်ပွဲတုန်းကလည်း Stamford Bridge မှာ ၁-၁ နဲ့ပဲ ပြီးသွားတယ် ဒါပေမယ့် လက်ရှိစွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင်တော့ လီဗာပူးလ်ဘက်က ပိုသာမှန်း ကောင်းကောင်းမြင်ရတယ် အိမ်ကွင်းထဲက အားပေးသံတွေကြောင့် ပိုပြီး အားကောင်းစေတယ် ချယ်လ်ဆီးအသင်းက အခုနောက်ပိုင်း ပြန်ကောင်းတာမှန်ပေမယ့် အမြဲလိုလို ကောင်းဖို့လိုပါသေးတယ် တစ်ပွဲနဲ့တစ်ပွဲမှာ မှားယွင်းမှုမကင်းသေးပါဘူး ဒီအခြေနေနဲ့ အန်ဖီးလ်ကွင်းကိုခရီးစဉ်ရမှာဆိုတော့ တော်တော်နစ်နာပါတယ် နောက်ပြီး ဒဏ်ရာရထားတဲ့ကစားသမားတွေလည်း များနေတယ် အိမ်ဘက်ကကျတော့ အဓိကကစားသမား တော်တော်များများ ပြန်ကိုင်တွယ်လို့ရနေပါပြီ ကစားပွဲအခြေနေကတော့ အရမ်းကြည့်ကောင်းလိမ့်မယ် လီဗာပူးလ်ဘက်က လက်နက်ကြီးပိုစုံပါတယ် ပိုလည်း ထိရောက်မှုရှိတယ် အဲ့ဒီတော့ ၃ မှတ်ရဖို့အခြေနေ ပိုများပါတယ်။

Liverpool : အိမ်ရှင်အသင်း အခုမှ နော်ဝှချ်အပေါ် ၅-၂ နဲ့ အနိုင်ရရှိလာတယ် လောလောဆယ် ပြိုင်ပွဲအစီစဉ်တိုင်းမှာ ရင်ခုန်နိုင်တဲ့အနေအထား ရောက်ရှိနေတုန်းပါ ပရီးမီးယားလိဂ်မှာ အဆင့် ၂ ထက် ၅ မှတ်ပိုသာပါတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက်အပေါ် ၀-၄ နဲ့ ပိုးစိုးပက်စက် အနိုင်ရရှိလာပြီး စွမ်းဆောင်ရည် အရမ်းတက်ကြွနေပါတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှည ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပါတယ် ဒိရာသီမှာ ၁ ပွဲလေးပဲ ရှုံးထားပါတယ် လိဂ်ပွဲမှာ ၁၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ကလော့ပ်အသင်းရဲ့အဆင်သင့်ပိုင်းက သူ့ရဲ့အဓိကခံစစ်မှူးနှစ်ယောက်ဖြစ်တဲ့ Trent Alexander Arnold, Andrew Robertson တို့ကို ပြန်လည် ကိုင်တွယ်လို့ရနေပါပြီ ဒါပေမယ့် Joel Matip, Thiago Alcantara, Mohamed Salah, Kostas Tsimikas တို့ကျတော့ အခုထိ ဒဏ်ရာရထားတုန်းပါ လီဗာပူးလ်အသင်းက ဒီပွဲ ၄-၃-၃ စနစ်နဲ့ ကစားမယ်ထင်တယ် ခံစစ်ပိုင်းနေရာ Trent Alexander Arnold ကို ညာဘက်ခြမ်းမှာနေခိုင်းပြီး Ibrahima Konate, Virgil van Dijk တို့ကိုကျတော့ အဓိက ကွင်းလယ်ခံစစ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် Andrew Robertson ကတော့ ဘယ်ဘက်ခြမ်းမှာ ရှိနေလိမ့်မယ် ပြီးရင် Alexis Mac Allister က အခြေနေပြန်ကောင်းပြီး Ryan Gravenburch, Dominic Sobozlai တို့နဲ့အတူ ကွင်းအလယ်တန်းမှာ ကစားပွဲဖန်တီးခဲ့ကြလိမ့်မယ် နောက်ဆုံး တိုက်စစ်ပိုင်းနေရာမှာ Darwin Nuñez, Diogo Jota, Luis Diaz တို့ ၃ ယောက်ကိုပဲ ဂိုးသွင်းဖို့ အားကိုးလိမ့်မယ်။

 

Chelsea : ချယ်လ်ဆီးအသင်းကျတော့ ဖလားပွဲအစီစဉ်မှာ အက်စတွန်ဗီလာနဲ့ ၀-၀ သရေကျအောင်ပဲလုပ်နိုင်တဲ့အတွက် နောက်တစ်ပွဲပြိုင်ဖို့ရှိနေတယ် ပရီးမီးယားလိဂ်ထဲကအခြေနေကျတော့ အမှတ်တွေ ပြန်ကောက်နိုင်နေတယ် နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်းကို ၂-၃ နဲ့ အနိုင်ရလာပြီး လောလောဆယ် ၃ ပွဲဆက်တိုက် အနိုင်ရရှိသွားပြီဖြစ်ပါတယ် လတ်တလော အဆင့် ၉ မှာရပ်တည်ပြီး ဥရောပဇုန်ရဲ့နောက်ကနေ ၉ မှတ် လိုက်နေတယ် သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် တိုးတက်မှုရှိပေမယ့် ရုန်းကန်ဖို့လိုပါသေးတယ် သူတို့ရဲ့တိုက်စစ်ပိုင်းက တစ်ပွဲကောင်းတစ်ပွဲဆိုး ဖြစ်နေတယ် ဂိုးသွင်းဖို့က မနည်းလုပ်ယူရတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Reece James, Robert Sanchez, Ben Chillwell, Wesley Fofana, Mark Cucurella, Romeo Lavia တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် Malo Gusto နဲ့ Christopher Nkunku တို့နှစ်ယောက်က အခြေနေပြန်ကောင်းပြီဆိုပေမယ့် ဒီပွဲ ချက်ချင်းဆင်းကစားလို့ အဆင်မပြေလောက်သေးပါဘူး Nicholas Jackson က ဆီနီဂေါအသင်းနဲ့ အလုပ်ပြီးဆုံးပေမယ့် ဒီပွဲမှာပါဖို့ အဆင်သင့်မဖြစ်သေးပါဘူး အဲ့တော့ Cole Palmer, Conor Gallagher နဲ့ Raheem Sterling တို့ကိုပဲ ကစားပွဲဖန်တီးဖို့နဲ့ ဂိုးသွင်းဖို့ အားကိုးခဲ့ရလိမ့်မယ်။

11 Players

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Gravenberch; Jota, Nunez, Diaz

Chelsea (4-2-3-1) : Petrovic; Disasi, Silva, Badiashile, Chilwell; Caicedo, Fernandez; Palmer, Gallagher, Sterling; Broja

 

Missing players

Liverpool – Ben Doak (Meniscus tear), Mohamed Salah (Hamstring muscle injury), Stefan Bajcetic (Calf injury), Konstantinos Tsimikas (Broken collarbone), Joel Matip (Cruciate ligament tear)

Chelsea – Lesley Ugochukwu (Hamstring injury), Wesley Fofana (Cruciate ligament tear), Roméo Lavia (unknown injury), Robert Sánchez (Knee injury), Reece James (Hamstring injury), Marc Cucurella (Ankle surgery)

Facebook