ပရီးမီးယားလိဒ်ပေါက်ကြေး

ပရီးမီးယားလိဒ်ပေါက်ကြေး မန်စီးတီး Vs ရှက်ဖီးလ် [ 30 Dec 23 - 21:30 hrs]

ပရီးမီးယားလိဒ်ပေါက်ကြေး အိမ်ရှင်မန်စီးတီးအသင်း အခုနောက်ပိုင်း လိဂ်ပွဲစဉ်တွေမှာ ခြေစွမ်းကျဆင်းနေပါတယ် ဒါပေမယ့် နောက်ဆုံးတစ်ပွဲကမှ အနိုင်ရသွားလို့ နည်းနည်းတော့ အဆင်ပြေလာလောက်ပြီ တိုက်စစ်ပိုင်းမှာ ဟာလန်းမရှိပေမယ့် ကျန်တဲ့တိုက်စစ်မှူးနဲ့ အစားထိုးပြီး ကစားခိုင်းလို့ရပါတယ် ကိစ္စမရှိပါဘူး ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့လည်း အကျောရထားတယ် အဲ့ဒီလိုနဲ့ ရှက်ဖီးလ်အတွက် တော်တော်ရုန်းကန်ခဲ့ရလိမ့်မယ် နဂိုက အခြေနေသိပ်မကောင်းပဲ အရမ်းကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ နက်ရှိုင်းစွာခံစစ်ပိတ်ပြီး ကစားကြမှာသေချာတယ် အမှတ်လေးဘာလေး ရနိုင်မလားပေါ့ နှစ်သင်စလုံးရဲ့ အစစအရာရာ တောင့်တင်းမှုတွေယှဉ်ကြည့်ရင် မန်စီးတီးဘက်က လုံးဝပိုသာတယ် အသင်းနည်းပြပက်ဂွါဒီယိုလာရဲ့ နည်းစနစ်ကလည်း တော်တော်ကောင်းတယ် ဒီပွဲ မန်စီးတီးဘက်က ရှုံးဖို့နေနေသာသာ ရှက်ဖီးလ်ကိုပဲ တက်ပွတ်သွားမှာသေချာတယ် မန်စီးတီးအသင်းမှာ ၁၀၀% မဖြစ်သေးပေမယ့် ကစားသမားအသီးသီးက အရည်အသွေးရှိပြီး ယုံကြည်မှုအပြည့်ပါရှိနေကြပါတယ် ရှက်ဖီးလ်နဲ့တစ်ခြားစီပဲ ရှက်ဖီးလ်တို့ကျတော့ အခုမှ လူတန်တောင်းကို ရှုံးနိမ့်လာတယ် ဒီပွဲ မှားယွင်းမှုမရှိရင်တော့ မန်စီးတီးဘက်က အိမ်ကွင်းနဲ့ အေးအေးဆေးဆေး အနိုင်ကောက်ရသွားလိမ့်မယ်။

Manchester City : အိမ်ရှင်မန်စီးတီးအသင်း စွမ်းဆောင်ရည်တွေကောင်းပြီး နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်ကို ၃-၁ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် တက်ကြွမှုရှိတဲ့စွမ်းဆောင်ရည်ပါလို့ ယူဆနိုင်ပါတယ် နောက်ပြီး ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ပါကစားရမှာဆိုတော့ ၃ မှတ်ရအောင် ကြိုးစားလိမ့်မယ် Kevin de Bruyne, Jeremy Dogu နဲ့ Erling Haaland တို့ အခြေနေစစ်ဆေးဖို့ ရှိတဲ့အပြင် John Stones ကိုလည်း အသုံးပြုလို့မရသေးပါဘူး သူ့မှာ စောစောပွဲကမှ ဒဏ်ရာရသွားလို့ပါ ဒီပွဲ မပါနိုင်လောက်သေးဘူးထင်ပါတယ် Ruben Dias လည်း နေမကောင်းလို့ မပါနိုင်သေးပါဘူး Ruben Dias မပါနိုင်သေးတဲ့အတွက် သူ့နေရာ Manuel Akanji က Yosco Guardiol နဲ့အတူ တွဲဆင်းရလိမ့်မယ် ပြီးရင် သူတို့ရဲ့ ဘေးနှစ်ယောက်ကျတော့ Kyle Walker နဲ့ Nathan Ake တို့ပဲ ဖြစ်ပါလိမ့်မယ် တိုက်စစ်ပိုင်းနေရာ ကျတော့ Phil Foden, Bernardo Silva, Jack Grealish တို့ပဲ ကစားပွဲဖန်တီးကြမှာဖြစ်ပြီး Striker နေရာ Julian Alvarez ပဲ ဖြစ်ပါလိမ့်မယ်။

Sheffield United : ရှက်ဖီးလ်အသင်းကျတော့ စွမ်းဆောင်ရည်တွေ ညံ့ဖျင်းပြီး နောက်ဆုံးတစ်ပွဲကမှ လူတန်တောင်းကို ထပ်ပြီးရှုံးနိမ့်လာပါတယ် အဲ့ဒီတော့ သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံး ဖြစ်ပါတယ် အဲ့တာနဲ့ သူတို့ဟာ အောက်ဆုံးအဆင့်ကနေ မတိုးနိုင်သေးပါဘူး ရုန်းကန်ဖို့လည်း မလွယ်ပါဘူး ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားအပြင် ရှက်ဖီးလ်မှာ ဘန်းစာရင်းထဲပါသွားတဲ့ Anel Ahmedhodzic နဲ့ Gustavo Hamer တို့ကိုလည်း အသုံးပြုလို့မရသေးပါဘူး James McAtee နဲ့တစ်ယောက်ကျတော့ အငှါးစာချုပ်စည်းမျဉ်းကြောင့် ဆင်းမကစားနိုင်သေးပါဘူး ရှက်ဖီးလ်အသင်း ဒီပွဲ နောက်ခံနေရာ George Baldock, Jack Robinson နဲ့ Auston Trusty တို့ ၃ ယောက်ကိုပဲထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Cameron Archer နဲ့ Andre Brooks တို့ပဲ ကစားပွဲဖန်တီးဖို့တာဝန်ယူထားမှာဖြစ်ပြီး ဂိုးသွင်းဖို့နေရာကျတော့ Oliver McBurnie ကိုပဲ အဓိကတာဝန် ပေးထားလိမ့်မယ်။

11 Players

Manchester City  (4-2-3-1) : Ederson; Walker, Akanji, Dias, Ake; Lewis, Rodri; Bernardo, Foden, Grealish; Alvarez

Sheffield United (4-4-2) : Foderingham; Bogle, Baldock, Robinson, Trusty, Lowe; Souza, Norwood, Brooks; Archer, McBurnie

Missing Players

Manchester City  – Kevin De Bruyne (Fitness), Jérémy Doku (Muscle injury), Zack Steffen (Knee surgery), Erling Haaland (Stress reaction of the bone),John Stones (Ankle Injury),Ruben Dias (Illness)

Sheffield United – Chris Basham (Leg injury), John Egan (Foot injury), Tom Davies (unknown injury),I Coulibaly, Daniel Jebbison (Groin Injury)

Facebook

နှစ်သင်းစလုံး အခုမှအနိုင်ရလာတာချင်းတူတဲ့အတွက ယုံကြည်မှုရှိတာချင်းတူလိမ့်မယ် အဲ့ဒီတော့ ဒီပွဲ တော်တော်ကြည့်ကောင်းလောက်ပါတယ် ဒါပေမယ့် ဖောရက်စ်တို့ရဲ့ အိမ်ကွင်းစံချိန်ကတော့ သိပ်မကောင်းပါဘူး မန်ယူအသင်းက တကျော့ပြန် အနိုင်ရလာလို့ ပိုပြီး တက်ကြွမှုရှိကြလောက်ပါတယ် အဲ့ဒီတော့ အရင်တစ်ပွဲတုန်းက ခံစားချက်ကို ဒီပွဲမှာလည်း အကျိုးကျိုးရှိရှိ အသုံးချသွားမယ်ထင်တယ် ထိပ်တိုက်ရင်ဆိုင်ခဲ့နဲ့ အိုထရက်ဖိုဒ့်နဲ့ အရင်တစ်ပွဲတုန်း အရမ်းပဲကြည့်ကောင်းခဲ့တယ် မနိုင်မရှုံးလေးနဲ့ နောက်ဆုံး မန်ယူဘက်က အနိုင်ကောက်ရသွားတယ် အနီကဒ်တွေဘာတွေလည်း မြင်ခဲ့ရတယ် လက်ရှိစွမ်းဆောင်ရည်လည်း မန်ယူဘက်က ပိုသာပါတယ် ဒါပေမယ့် ပရီးမီးယားလိဒ်ပေါက်ကြေး အိမ်ရှင်ဖောရက်စ်အသင်းကိုတော့ လျှော့တွက်လို့ဖြစ်သေးပါဘူး နည်းပြပြောင်းခါစအတောအတွင်း လှုပ်ရှားမှုတော်တော်ရှိကြလိမ့်မယ် အဓိက တိုက်စစ်ပိုင်းဆိုရင် အပြေးမြန်တယ် တန်ပြန်တိုက်စစ်တဲ့နေရာလည်း ကြောက်စရာကောင်းတယ် သူတို့ရဲ့ Set Piece ဘောအတွက် ကောင်းကောင်းလုပ်ဆောင်နိုင်တဲ့ Chris Wood ရှိနေတယ် မန်ယူအသင်းကျတော့ လောလောဆယ် အခြေနေကောင်းနေတော့ ပြောင်းလဲမှုသိပ်မရှိလောက်ပါဘူး နှစ်သင်းစလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၁၁၀ ပွဲစံချိန်ထဲမှာ မန်ယူဘက်က ၅၃ ပွဲနိုင်ပြီး ၂၄ ပွဲ သရေကျသွားပါတယ် ဖောရက်စ်ကျတော့ ၃၃ ပွဲ အနိုင်ရရှိခဲ့ပါတယ် နောက်ဆုံး ၁၁ ပွဲစံချိန်ထဲမှာ မန်ယူဘက်က ၁၁ ပွဲလုံး အနိုင်ရရှိခဲ့ပါတတယ် ဖောရက်စ်ဘက်က အနိုင်ရသွားတဲ့ နောက်ဆုံးတစ်ပွဲကိုကြည့်မယ်ဆိုရင် ဟိုး ၁၉၉၄ ခုနှစ်တုန်းကပြန်ကြည့်မှ မြင်ရပါတယ် ပြောမယ်ဆိုရင် ဖောရက်စတို့က မန်ယူကိုမနိုင်တာ နှစ်ပေါင်း ၂၉ နှစ်တောင် ရှိသွားပါပြီ အချင်းချင်းတွေ့ခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းက ပရိသတ်တွေ မှတ်မိလောက်ပါတယ် အဲ့ပွဲဟာ ၈ လပိုင်းတုန်းကဖြစ်ပြီး ဖောရက်စ်ဘက်က ပွဲစစလာချင်း ၄ မိနစ်အတွင်း ၂ ဂိုးအရင်ကျောသွားတယ် ဒါပေမယ့် အဲ့ကနေပြီးတော့ မန်ယူဘက်က ၃ ဂိုးစလုံးပြန်သွင်းပြီး တကျော့ပြန်် အနိုင်ရရှိခဲ့ပါတယ် အဲ့ပွဲ တော်တော်ပဲရင်ခုန်ရပါတယ် နှစ်သင်းရဲ့အစစအရာရာ ယှဉ်ကြည့်ရင် မန်ယူဘက်က တော်တော်ပဲပိုသာပါတယ် စွမ်းဆောင်ရည် ဘယ်လောက်ထိ ထိန်းသိမ်းနိုင်မလဲပဲ စောင့်ကြည့်ရလိမ့်မယ် အရင်တစ်ပွဲတုန်းကလိုမျိုး ကစားနိုင်ရင်တော့ အနိုင်ရဖို့အခွင့်ရေး များလိမ့်မယ် ဒါပေမယ့် ပေါ့ပေါ့ဆဆနဲ့ ကစားရင်တော့ ဖောရက်စ်ကို ပြန်ခံရလိမ့်မယ်။

Nottingham Forest : အိမ်ရှင်နော်တင်ဟမ်ဖောရက်စ်အသင်း လတ်တလော အဆင့် ၁၆ မှာရပ်တည်နေပြီး အတန်းဆင်းမယ့်ဇုန်ထက် ၂ မှတ်လေးပဲ သာနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက နယူးကာဆယ်ကို ၁-၃ နဲ့ အနိုင်ရရှိလာတယ် အဲ့ပွဲ အသင်းရဲ့ဟီးရိုးက Chris Wood ပဲဗျ သူတစ်ယောက်ထဲနဲ့ ၃ ဂိုးစလုံး သွင်းယူပေးသွားပါတယ် အဲ့ဒီဖြစ်တည်မှုက လက်ကျန်ပွဲတွေအထိ စွဲလန်းသွားမယ်လို့ထင်ပါတယ် ဒီရာသီမှာ နောက်ကောင်းတာတစ်ခုက ကစားပုံကစားနည်းပဲဖြစ်ပါတယ် တက်ကြွမှုရှိတယ် ကစားသမားတိုင်းက ဘောလုံးနောက်ကနေ လိုက်ယူတတ်တယ် ဘောလုံးရလာပြီဆိုတာနဲ့ သွက်သွက်လက်လက် တိုက်စစ်ဆင်ပြီးထိုးတက်တတ်တယ် နောက်ပြီး ဂိုးသွင်းတဲ့အပိုင်းကလည်း ပြန်သားမှုရှိတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Taiwo Awoniyi ဆိုတဲ့တိုက်စစ်မှူးကို အသုံးချလို့မရသေးပါဘူး ဒဏ်ရာရထားလို့ အနားယူနေရပါတယ် Serge Aurier နဲ့ Philippe တို့လည်း အခြေနေစစ်ဆေးဖို့ လိုနေသေးတယ် ဒီပွဲ ပါနိုင်မလားမသေချာသေးပါဘူး အဝါကဒ် ၅ ကဒ် ပြည့်သွားပြီး အနီကဒ်ပြောင်းသွားတဲ့ Ibrahima Sangare လည်း ဒီပွဲ မပါနိုင်‌သေးပါဘူး အဲ့တာနဲ့ သူ့နေရာ Ryan Yates က Danilo နဲ့အတူ ကွင်းလယ်ပိုင်းမှာ အတူတူတွဲဆင်းခဲ့ရလိမ့်မယ် တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ကျတော့ Anthony Elanga, Morgan Gibbs-White နဲ့ Callum Hudson-Odoi တို့ပဲ တာဝန်ယူသွားမှာဖြစ်ပြီး အခုမှ ဂိုး ၃ လုံးသွင်းလာတဲ့ Chris Wood က ဂိုးသွင်းဖို့နေရာ တာဝန်ယူထားလိမ့်မယ်။

 

Manchester United : မန်ယူအသင်းကျတော့ နောက်ဆုံးတစ်ပွဲတုန်းက ရှုံးတော့မလိုလိုနဲ့ တကျော့ပြန် အနိုင်ရရှိလာပါတယ် အဲ့ပွဲ အက်စတွန်ဗီလာဘက်က ၂ ဂိုးအရင်သွင်းနိုင်ပေမယ့် သူတို့ဘက်က ၃ ဂိုးဆက်တိုက် ပြန်သွင်းနိုင်လို့သာ အနိုင်ရရှိလာပါတယ် သူတို့ရဲ့ဂိုးဖန်တီးသူကတော့ Alejandro Carnacho နဲ့ Rasmus Hojlund ပဲဖြစ်ပါတယ် အဲ့တာနဲ့ပဲ သူတို့ အဆင့် ၆ နေရာ တက်ရောက်သွားပါပြီ ဒီပွဲ အနိုင်ထပ်ရသွားလို့ကတော့ အခြေနေတော်တော်ပဲ ပိုကောင်းလာလိမ့်မယ် လတ်တလော ကစားသမားအသီးသီးမှာ ကစားလိုစိတ်ရှိပြီး သွက်သွက်လက်လက် လုပ်ဆောင်နိုင်လာကြတယ် တကိုယ်ကောင်းစိတ်တွေလည်း နည်းပါးသွားတယ် အဲ့တာနဲ့ သူတို့မှာ ကြောက်စရာကောင်းလာနေပါပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Ahmad Diallo, Casemiro, Lisandro Martinez, Mason Mount, Harry Maguire, Victor Lindelof နဲ့ Tyrell Malazia တို့ မရှိသေးပါဘူး အားလုံး ဒဏ်ရာရထားကြလို့ပါ Anthony Martial ကျတော့ နေမကောင်းလို့ ဒီပွဲ ပါနိုင်မလားမသိသေးပါဘူး ဆန်ချိုကတော့ အရင်အတိုင်းပါပဲ ပါဖို့မရှိဘူး အသင်းရဲ့ လက်ရှိစွမ်းဆောင်ရည်ကြောင့် တန်ဟက်က သူ့ရဲ့ ပထမ ၁၁ ယောက်ကစားသမားကို ပြောင်းလဲဖို့မရှိလောက်ပါဘူး Cobby Mainu က Christian Eriksen နဲ့အတူ တွဲဆင်းမယ် တိုက်စစ်ပိုင်းကျတော့ Bruno Fernandes အဓိကကစားပွဲထိန်းချုပ်ပြီး Alejandro Carnacio, Marcus Rashford နဲ့ Rasmus Hoylund တို့ကို့ ပံ့ပိုးပေးလိမ့်မယ်။

11 Players

Nottingham Forest (4-2-3-1) : Turner; Williams, Boly, Murillo, Toffolo; Mangala, Danilo; Elanga, Gibbs-White, Hudson-Odoi; Wood

Manchester United (4-3-3) : Onana; Dalot, Varane, Evans, Reguilon; Mainoo, McTominay; Garnacho, Fernandes, Rashford; Hojlund

Missing Players

Nottingham Forest – Taiwo Awoniyi (Groin surgery),Serge Aurier (Calf Injury)

Manchester United – Jadon Sancho (Suspended), Casemiro (Knock), Mason Mount (unknown injury), Victor Lindelöf (Groin injury), Raphaël Varane (Ill), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury), Harry Maguire (Groin injury), Amad Diallo (Fitness)

Facebook