ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း

ဘရန့်ဖိုတ့် Vs ခရစ်စတယ်ပဲလေစ့် [18 Aug 224- 19:30 hrs]

ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း အိမ်ရှင်ဘရန့်ဖိုတ့်အသင်း ခြေစမ်းပွဲကာတုန်းက စွမ်းဆောင်ရည်သိပ်မကောင်းကြပါဘူး အနိုင်ပွဲကိုတောင် မနည်းရုန်းကန်ပြီးရလာတယ် သွင်းခံထိတဲ့ ဂိုးအရေအတွက်လည်း နည်းနည်းများချင်တယ် စွမ်းဆောင်ရည်အရ စိတ်ပူစရာဖြစ်တယ် ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ အရင်ရာသီကတည်းက ခြေစမ်းပွဲကာလအထိ စွမ်းဆောင်ရည်ကောင်းကြတယ် တစ်ပွဲမှမရှုံးသေးဘူး ဒီပွဲ တော်တော်ကြည့်ကောင်းလောက်တယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲတောင် သရေကျသွားပါတယ် ဒါပေမယ့် အရင်ရာသီတုန်းက အတူတူကစားခဲ့တဲ့တစ်ပွဲမှာ ခရစ်စတယ်ပဲလေစ့်ဘက်က အိမ်ကွင်းနဲ့ ၃-၁ နိုင်သွားတယ် ဒီရာသီမှာကျတော့ ဘရန့်ဖိုတ့်ရဲ့စွမ်းဆောင်ရည်က ကျဆင်းသွားပါပြီ ခြေစမ်းပွဲကာလကတည်းက ကျဆင်းနေတယ် အချို့အဓိကဖြစ်တဲ့ Rico Henry, Aaron Hickey တို့နှစ်ယောက်ဟာ အရင်ရာသီကတည်းက ဒဏ်ရာရထားတယ် ပြီးတော့ ကြားထဲ အိုင်ဗန်တိုနီရဲ့အနာဂတ်က အသင်းနဲ့မသေချာတော့ဘူး အာရုံစိုက်မှုတွေ လျော့ကျသွားလိမ့်မယ် ခရစ်စတယ်ပဲလေစ့်တို့ကျတော့ ခြေစမ်းပွဲကာလမှာ စွမ်းဆောင်ရည်ကောင်းတယ် ကစားစနစ်တွေ ကစားပုံကစားနည်းတွေ အိမ်ရှင်အသင်းထက် အရည်အသွေးရှိတယ် ကစားသမားအရည်အသွေးကတော့ သိပ်မကွာပါဘူး ဒါပေမယ့် ခရစ်စတယ်ပဲလေစ့်ရဲ့ ကစားပွဲအပေါ် အာရိုစိုက်မှု ပိုကောင်းလိမ့်မယ် အနိုင်ရပြီး ပထမဆုံး ၃ မှတ် ပိုင်ဆိုင်သွားမယ်ထင်ပါတယ်။

Brentford : သောမတ်စ်ဖရန့်အိမ်ရှင်ဘရန့်ဖိုတ့်အသင်း အရင်ရာသီတုန်းက အဆင့် ၁၆ နဲ့ ပြီးဆုံးခဲ့ပါတယ် အင်အားပိုင်းကတော့ အသုံးပြုရန်မလိုအပ်တဲ့ကစားသမားတွေကို ရောင်းထုတ်လိုက်ပါပြီ ကစားသမားသစ် ခေါ်ယူတဲ့လူဦးရေက မများပေမယ့် အရည်အသွေးရှိကြပါတယ် ဘရာဇီးတိုက်စစ်မှူး Igor Thiago နဲ့ လီဗာပူးလ်မှ ကြယ်ပွင့် Fabio Carvalho တွေရှိတယ် အိုင်ဗန်တိုနီနဲ့တစ်ယောက်ကတော့ ကြံ့ခိုင်ရေးစစ်ဆေးရဦးမယ် ရာသီကြိုခြေစမ်းပွဲကာလအတွင်း ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဂျာမနီလိဂ်မှ ဝုဖ်ဘတ်နဲ့ ၄-၄ သရေကျလာပါတယ် Bryan Mbeumo, Kevin Shed, Joan Wissa, Mathias Jensen တို့လေးယောက်မှာ တစ်ယောက်တစ်ဂိုး သွင်းယူသွားကြပါတယ် ဒီပွဲအတွက်ကတော့ ဘရန့်ဖိုတ့်မှာ ဒဏ်ရာရထားတဲ့ Josh da Silva, Rico Henry, Aaron Hickey နဲ့ Igor Thiago တို့ကို ကိုင်တွယ်လို့မရသေးပါဘူး အဲ့ဒီတော့ တိုက်စစ်ပိုင်းမှာ အိုင်ဗန်တိုနီကိုပဲ အားကိုးခဲ့ရလိမ့်မယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်လေးနဲ့ကစားမယ် စည်းဘေးနှစ်ဖက်ကတော့ Joan Wissa နဲ့ Bryan Mbeumo ပဲဖြစ်ပြီး ကွင်းလယ်ကနေ ကစားပွဲလှုပ်ရှားဖို့ Mathias Jensen ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Crysal Palace : ခရစ်စတယ်ပဲလေစ့်အသင်းကျတော့ Oliver Glasner နည်းပြသစ်လက်ထက်ရောက်လာကတည်းက စွမ်းဆောင်ရည် ချက်ချင်းပဲကောင်းလာပါတယ် အဆင့် ၁၀ ကို ချက်ချင်းပဲ ပျံတက်သွားတယ် ရာသီကုန်ခါနီးမှ တော်တော်ကောင်းကြတာဖြစ်ပါတယ် ဒီရာသီမှာကျတော့ သြစတြီးယားနည်းပြက ခက်တဲ့အလုပ် ပိုကြုံရမယ်ထင်တယ် ဘာလို့လဲဆိုတော့ အခု ခြေစွမ်းကောင်းတိုက်စစ်မှူး Michael Olise ကို ဆုံးရှုံးသွားလို့ပါ အသစ်ရောက်လာတဲ့ Ismaila Sarr ကလည်း နေသားကျအောင် အချိန်လိုနေသေးတယ် ဒါ့အပြင် ဂျပန်ကွင်းလယ်ကစားသမား Daichi Kamada နဲ့ Jemiah Umolu တို့ကို အခမဲ့စာချုပ်နဲ့ ခေါ်ထားသေးတယ် အရင်က ကြီးကြီးမားမား ဒဏ်ရာရသွားတဲ့ Cheikh Doucoure က ဒဏ်ရာသက်သာပြီး ဒီပွဲအတွက် အဆင်သင့်ဖြစ်နေပါပြီ ခရစ်စတယ်ပဲလေစ့်အသင်း ရာသီကြိုခြေစမ်းပွဲကာလအတွင်း ၅ ပွဲကစားပြီး ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပါတယ် တစ်ပွဲမှမရှုံးခဲ့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ပြင်သစ်မှ နန့်တက်စ်နဲ့ ၁-၁ သရေကျလာပါတယ် အဲ့ပွဲ Daichi Kamada က အသင်းအတွက် တစ်ဂိုးသွင်းပေးခဲ့ပါတယ် ခရစ်စတယ်ပဲလေစ့်အသင်းမှာ ဒီပွဲ ဒဏ်ရာရထားတဲ့ Matheus Franza ကို ကိုင်တွယ်လို့မရသေးပါဘူး Chris Richards နဲ့ Cheikh Doucoure တို့ကျတော့ ကြံ့ခိုင်ရေးပိုင်း စစ်ဆေးဖို့ပဲ လိုပါတော့တယ် ကျန်တဲ့သူတွေကတော့ အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ ၃-၄-၂-၁ စနစ်လေးနဲ့ ကစားမယ်ထင်တယ် Daichi Kamada နဲ့ Eberechi Eze တို့ရဲ့ ဦးဆောင်မှုနဲ့ အရင်ရာသီတုန်းက ဂိုးတွေ မတရားသွင်းခဲ့တဲ့Jean-Philippe Mateta ရဲ့အနောက်မှာ ကစားပွဲ ဖန်တီးပေးသွားလိမ့်မယ်။

11 Players

Brentford (4-3-3) : Flekken; Roerslev, Collins, Pinnock, Ajer; Norgaard, Janelt, Jensen; Mbeumo, Toney, Wissa

Crysal Palace (3-4-2-1) : Henderson; Richards, Andersen, Guehi; Munoz, Wharton, Doucoure, Mitchell; Kamada, Eze; Mateta

Missing Players

Brentford – Josh Dasilva (Knee surgery), Aaron Hickey (Hamstring injury), Igor Thiago (Meniscus injury)

Crysal Palace – Chris Richards (Knock Injury)

Facebook

ပရီးမီးယားလိဂ် ပွဲကြီးပွဲကောင်း ၂၀၂၄-၂၅ ရာသီအတွက် ကြီးမားတဲ့ ရာသီသစ်ပြိုင်ပြွတစ်ပွဲဖြစ်ပါတယ် အရင်ရာသီတုန်းက အဆင့် ၆ နဲ့ ပြီးဆုံးခဲ့တဲ့ချယ်လ်ဆီးအသင်းက အိမ်ကွင်းလေးနဲ့ ချန်ပီယံစောင်း မန်စီးတီးကို လက်ခံကစားရမှာဖြစ်ပါတယ် အရင်ရာသီတုန်းက စွမ်းဆောင်ရည်ချင်း အရမ်းကွာဟမှုရှိပေမယ့် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၂ ပွဲမှာကျတော့ နှစ်ပွဲလုံး သရေကျသွားပါတယ် ဒီရာသီကျတော့ ချယ်လ်ဆီးအသင်းက တော်တော်ပြောင်းလဲသွားတယ် နည်းပြကစ ပိုချက်တီနိုကနေ Enzo Maresca ကို ပြောင်းတယ် ကစားသမားသစ်တွေလည်း အများကြီးပဲ ခေါ်ယူထားတယ် ကစားစနစ်တွေကတော့ သိပ်အဆင်မပြေသေးပါဘူး မန်စီးတီးနဲ့တစ်ခြားစီပါ မန်စီးတီးတို့ကျတော့ ကစားစနစ်ပိုင်း အဆင်ပြေတယ် အဓိကကစားသမားတွေကလည်း ဘာပြောင်းလဲမှုမှသိပ်မရှီပါဘူး ချယ်လ်ဆီးအတတွက် စိတ်အပူရဆုံးနေရာကတော့ ခံစစ်ပိုင်းပါပဲ ခြေစမ်းပွဲကာလအတွင်းမှာ ဂိုးတွေ တော်တော်သွင်းခံထိသွားလို့ပါ မန်စီးတီးဘက်ကကျတော့ အရေးကြီးတဲ့ ရိုဒရီရဲ့ ကြံ့ခိုက်မှုပါပဲ အဆင်သင့်မဖြစ်ရင်တော့ အသင်းနဲ့ တော်တော်ထိခိုက်လိမ့်မယ် ဒီပွဲ အလုံးစုံခြုံကြည့်ရင် မန်စီးတီးဘက်က ပိုသာပါတယ် ကစားသမားအရည်အသွေးကစ ကစားစနစ်တွေရောပါ ပိုကောင်းတယ် ကစားပုံကစားနည်းရောပဲပေါ့ ပြီးတော့ ခြေစမ်းပွဲကာလအတွင်း ဆုံခဲ့ကြတဲ့တစ်ပွဲမှာလည်း အနိုင်ရသွားသေးတယ် ချယ်လ်ဆီးအသင်းက ကိုယ့်အိမ်ကွင်းနဲ့ အကျောရထားပေမယ့် အနိုင်ရရှိမယ့်အသင်းကို ရွေးချယ်ရမယ်ဆိုရင်တော့ မန်စီးတီးဘက်ကပဲ ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Chelsea : Enzo Maresca နည်းပြလက်ထဲကချယ်လ်ဆီးအသင်း ရာသီကြိုခြေစမ်းပွဲတုန်းက အရမ်းညံ့ပြီး တစ်ပွဲပဲ အနိုင်ရသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း အင်တာနဲ့ ၁-၁ သရေကျလာတယ် သူတို့ရဲ့စွမ်းဆောင်ရည်အတွက် စိတ်ပူစရာကောင်းပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အီတလီနည်းပြရဲ့အသင်းမှာ အသင်းကပ္ပတိန်ဖြစ်တဲ့ Reece James ကို ကိုင်တွယ်လို့မရသေးပါဘူး သူ့မှာ ဒဏ်ရာရထားပါတယ် ပြီးတော့အရင်ရာသီရဲ့ နောက်ဆုံးပြိုင်ပွဲမှာ အနီကဒ်ပါ ပြခံထိထားတယ် Nicholas Jackson, Axel Disasi တို့ကျတော့ ပြန်လည်ကြံ့ခိုင်သွားကြပါပြီ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့လေးနဲ့ ခံစစ်နေရာမှာ Wilfred Fofana, Levi Colville တို့ကို အလယ်မှာတွဲထားပြီး Enzo Fernandez, Romeo Lavia တို့ကျတော့ အလယ်တန်းမှာ ကစားပွဲထိန်းချုပ်မယ် Cole Palmer ကျတော့ Kieran Dewsbury-Hall, Mykhailo Mudrik တို့နဲ့အတူ တိုက်စစ်ဆင်ကစားဖို့တာဝန်ရှိတယ် ပြီးရင် ဂိုးသွင်းဖို့ Striker နေရာကျတော့ Nicholas Jackson ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Manchester City : ပက်ဂွာဒီယိုလာနည်းပြလက်ထက်မှ မန်စီးတီးအသင်းကျတော့ ရာသီကြိုခြေစမ်းပွဲကာလအတွင်း ၄ ပွဲကစားပြီး တစ်ပွဲလေးပဲ အနိုင်ရသွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက တစ်မြို့တည်းသောပြိုင်ဘက် မန်ယူကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရလာတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ မန်စီးတီးအသင်းမှာ ဒီပွဲ ဒဏ်ရာရထားတဲ့ Oscar Bobb ကိုပဲ ကိုင်တွယ်လို့မရသေးပါဘူး အသင်းနဲ့ ဘာမှမထိခိုက်ပါဘူး ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ကစားလိမ့်မယ် ခံစစ်နေရာမှာ Ruben Dias, Manuel Akanji တို့ကို Center Half မှာထားပြီး ရိုဒရီနဲ့ Mateo Kovacic တို့ကိုကျတော့ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ရှိမယ် ဒီဘရိုင်းက ဖိုဒန်နဲ့ Jeremy Doku တို့နဲ့အတူ ကစားပွဲဖန်တီးကြမယ် အရှေ့ဆုံးမှာ ဟာလန်းကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

11 Players

Chelsea (4-2-3-1) : Sanchez; Gusto, W. Fofana, Colwill, Cucurella; Fernandez, Lavia, Caicedo; Neto, Nkunku, Palmer

Manchester City (4-2-3-1) : Ederson; Lewis, Akanji, Dias, Gvardiol; Bernardo, Kovacic; Savinho, De Bruyne, Doku; Haaland

Missing Players

Chelsea – Reece James (Hamstring injury), Nicolas Jackson (Ankle injury)

Manchester City – Oscar Bobb (Broken leg)

Facebook