နောက်တစ်ဆင့်တက်ရန်ကြိုးစားမှုများ

ပြင်သစ် Vs ပိုလန် [ 25 Jun 24 - 22:30 hrs]

France – ပြင်သစ်အသင်းက ချန်ပီယံဖြစ်မယ့်အတိုင်း တောင့်တင်းမှုရှိနေပါတယ် ပထမ ၂ ပွဲကစားပြီး တစ်ပွဲမှမရှုံးပဲ ၁ ပွဲနိုင် ၁ ပွဲသရေဖြစ်ပါတယ် တစ်ဂိုးမှလည်း သွင်းခံမထိသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက နယ်သာလန်နဲ့ ၀-၀ သရေကျလာတဲ့အတွက် နောက်တစ်ဆင့်တက်ရန်ကြိုးစားမှုများ လောလောဆယ် ၄ မှတ်ကိုင်ဆောင်ထားတယ် အဆင့် ၁ နေရာကို ဆက်လက်ထိန်းအုပ်ဖို့ ဒီပွဲ သွင်းဂိုးများများလေးနဲ့ အနိုင်ရအောင်လုပ်ရမယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Didier Deschamps ဟာ ဒုတိယကစားသမားတွေနဲ့ သွေးပူခေ့ကျင့်ခန်းလုပ်ခဲ့တဲ့ Kylian Mbappe ရဲ့အခြေနေကို ကျေနပ်နေတယ် ဒါပေမယ့် သူ့ကိုတော့ ဒီပွဲ မဆင်းခိုင်းလောက်သေးဘူးထင်တယ် ပြီးတော့ သူ့မှာ အဝါ ၁ ကဒ်ရထားသေးတော့ အန္တရာယ်ရှိတယ် Antoine Griezmann နဲ့ Markus Thuram ဆိုတဲ့တိုက်စစ်မှူးတွေ စိတ်ချလို့ရပါသေးတယ် Ousmane Dembele တစ်ယောက်လောက်ပဲ အပြောင်းအလဲရှိမယ်ထင်တယ် ပွဲတိုင်းလိုလို လူစားလဲခံထိနေတော့ ဒီပွဲ ဆင်းကစားခွင့်ရမယ်မထင်တော့ပါဘူး စည်းဘေးနေရာကျတော့ ဘိုင်ယန်အသင်းမှ Kingsley Coman ပဲဖြစ်လိမ့်မယ် သူ့မှာ ဆင်းကစားပြီး တော်တော်စွမ်းဆောင်နိုင်နေပါတယ် ပထမကစားသမားအနေနဲ့ ဆင်းခွင့်ရသွားမယ်ထင်တယ် ပြီးတော့ Olivier Giroud လည်း အခွင့်အရေးရသွားမယ်ထင်ပါတယ်။

 Poland – ပိုလန်အသင်းကျတော့ ယူရို ၂၀၂၄ မှာ ပထမဆုံးဦးဆုံး အပယ်ခံထိသွားပြီဖြစ်ပါတယ် အသင်းမှာ ကစားသမားအသီးသီး အရည်အသွေးရှိကြပေမယ့် ဆက်တိုက်ရှုံးထားတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင်  သြစတြီးယားကို ၁-၃ နဲ့ ရှုံးလာတယ် တတိယပြိုင်ပွဲကိုတောင် စောင့်ကြည့်စရာမလိုပဲ အပယ်ခံထိသွားမှာ သေချာနေပါပြီ အိမ်မပြန်ခင် နည်းနည်းပါးပါး လုပ်ပြသွားမယ်ထင်ပါတယ် ပိုလန်အသင်းက ဒီပွဲ သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးကစားသမားတွေကို အသုံးပြုသွားမယ်ထင်တယ် ၃-၄-၃ စနစ်လေးနဲ့ ကစားသမားအသီးသီးမှာ Wojciech Szczesny (GK), Jan Bednarek, Bartosch Salamon, Jakub Kivior, Premyslav Frankovski, Nikola Sale. Novski, Piotr Zielinski, Taras Romanchuk, Kasper Urbanski, Robert Lewandowski, Sebastian Szymanski တို့ကိုပဲ အသုံးပြုသွားမယ်လို့ ထင်မြင်ထားပါတယ်။

 ဒီအစီစဉ်မှာ ပြင်သစ်အသင်းရဲ့စွမ်းဆောင်ရည်က မကောင်းတကောင်းဖြစ်နေပြီး ဖြစ်သင့်သလောက် တောင့််တင်းမှုမရှိသေးပေမယ့် ပိုလန်အသင်းမှာ ဘာမျှော်လင့်ချက်မှမရှိတော့ပါဘူး ဒါပေမယ့် သူတို့ ဘာဖိအားမှမရှိပဲ အေးအေးဆေးဆေး ကစားလို့ရနေပါတယ် ပြီးတော့ ပြင်သစ်အသင်းက ဒီပွဲ ဂိုးသွင်းဖို့ အရမ်းကြိုးစားမလားမသိပါဘူး နောက်လာမယ့်တစ်ပွဲကိုပဲ အာရုံနေကြတယ် ပြီးတော့ ပိုလန်အသင်းရဲ့ ကစားပုံကစားနည်းက မဆိုးပါဘူး အချို့ကစားသမားတွေက နိုင်ငံအသင်းနဲ့ နောက်ဆုံးတိုက်ပွဲလည်းနေတယ် အဲ့ဒီတော့ ဒီပွဲ အရမ်းကြည့်လို့ကောင်းတဲ့ ပြိုင်ပွဲတစ်ပွဲဖြစ်နိုင်တယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ငါတို့သိသလို ပြင်သစ်ဘက်က ပိုသာခဲ့တယ် ပိုလန်ထက် ဘက်စုံသာနေတယ် ဒီပွဲမှာတော့ မထင်မှတ်တဲ့စပရိုက်လေးဘာလေး မဖြစ်လောက်ပါဘူး အပယ်ခံထိပြီးသားဖြစ်တဲ့ပိုလန်အသင်းကို ပြင်သစ်က အသာလေးနဲ့ တက်ကြိတ်သွားမယ်ထင်ပါတယ်။

11 Players

France (4-3-3) : Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Rabiot; Dembele, Griezmann, Thuram; Mbappe

Poland (3-4-3) : Szczesny; Bednarek, Dawidowicz, Kiwior; Frankowski, Zielinski, Slisz, Moder, Zalewski; Swiderski, Lewandowski

Missing Player

Franceဒဏ်ရာရထားသောကစားသမားမရှိပါ။

Polandဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

Netherlands – နယ်သ0ာလန်အသင်း အခြေခံရှိရှိနဲ့စွမ်းဆောင်နိုင်ပါတယ် အခုထိ တစ်ပွဲမှမရှုံးသေးပါဘူး အရင်တစ်ပွဲကလည်း ပြင်သစ်နဲ့ သရေကျလာပါတယ် ပထမ ၂ ပွဲကစားပြီး ၄ မှတ် ကိုင်ဆောင်ထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ နည်းပြအတွက် စိတ်ညစ်စရာအကြောင်းမရှိပါဘူး အရင်က ကစားသမားတွေကိုပဲ ဆက်ပြီး ကိုင်တွယ်သွားလိမ့်မယ် ဂိုးသမားနေရာ Bart Verbrucken ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာ Denzel Dumfries, Virgil van Dijk, Stefan de Vrij နဲ့ Nathan Ake တို့ကိုပဲ တာဝဣ်ပေးထားလိမ့်မယ် အရင်တစ်ပွဲက ခြေစွမ်းပြနိုင်တဲ့ Xabi Simmons က Tiyani Rijnders ပြီးတော့ Jerdi Schouten တို့နဲ့အတူ ကွင်းလယ်နေရာမှာ ကစားပွဲထိန်းချုပ်မယ် ပြီးရင် Jeremy Frimpong, Memphis Depay နဲ့ Cody Gakpo တို့ ၃ ယောက်ကိုကျတော့ ဂိုးသွင်းဖို့နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

Austria – သြစတြီးယားအသင်းကျတော့ ပထမဆုံးပွဲမှာ ရှုံးပေမယ့် နောက်တစ်ပွဲရောက်လာတော့ ပိုလန်ကို ၃-၁ နဲ့ အနိုင်ရသွားပါတယ် ဒီပွဲ သူတို့ အနိုင်ရသွားလို့ရှိရင် အဆင့် ၁ သို့မဟုတ် အဆင့် ၂ နေရာကို တက်ရောက်သွားလိမ့်မယ် ရှုံးသွားရင်တော့ အဆင့် ၃ နေရာသာ ရင်ခုန်ရလိမ့်မယ် ဒါပေမယ့် မလွယ်ပါဘူး အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘာပြောင်းလဲမှုမှမရှိလောက်ပါဘူး ဂိုးသမားနေရာ Patrick Pentz ကိုပဲ တာဝန်ပေးပြီး Stefan Poch, Maximilian Wober, Kevin Danso, Philippe Mwene တို့ကိုကျတော့ ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးထားလိမ့်မယ် Nicholas Seiwald, Florian Grillitz တို့နှစ်ယောက်က ကစားပွဲထိန်းချုပ်မယ် အသင်းကပ္ပတိန်ဖြစ်တဲ့ Marcel Sabitzer ကတော့ Conlard Laimer,Christoph Bauergartner တို့နဲ့အတူ ကစားပွဲဖန်တီးလိမ့်မယ် ပြီးရင် Striker နေရာမှာ Marko Anautovic ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

နယ်သာလန်ရော သြစတြီးယားပါ အုပ်စုရဲ့ချန်ပီယံဖြစ်ဖို့ ရှိနေတာချင်းတူပြီး နောက်တစ်ဆင့် ဆန်ကာတင်ခွင့်လည်း အတူတူရှိနေကြပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်တယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၆ ပွဲတုန်းကကျတော့ လိမ္မော်ရောင်သူရဲကောင်းဘက်က ၆ ပွဲလုံးပဲ နိုင်သွားပါတယ် သြစတြီးယားဘက်က အနိုင်ရသွားတာကို ရှာချင်တယ်ဆိုရင်တော့ ဟိုးအရင် ၁၉၈၄ ခုနှစ်အထိပြန်ကြည့်မှတွေ့ရပါတယ် ဒီပွဲမှာတော့ နောက်တစ်ဆင့်တက်ရန်ကြိုးစားမှုများ အဆင့်အတန်း ကွာခြားမှုသိပ်မရှိတဲ့နှစ်သင်းရဲ့ ပြိုင်ပွဲဖြစ်တယ် နှစ်သင်းစလုံးက အုပ်စုချန်ပီယံကို လုယက်ဖို့အနေနဲ့ ၃ မှတ်ရအောင် ကြိုးစားလိမ့်မယ် ဒါပေမယ့် နယ်သာလန်အတွက်ကတော့ သရေကျရုံနဲ့ ဆန်ကာတင်မယ် သြစတြီးယားတို့ကျတော့ အနိုင်သာရအောင် လုပ်ရမယ် နယ်သာလန်အသင်းက ချန်ပီယံဖြစ်ဖို့ ဒီပွဲ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ဒါပေမယ့် မလွယ်ပါဘူး သြစတြီးယားအသင်းမှာလည်း အနည်းဆုံး တစ်မှတ်လေးရအောင် ခံစစ်ပိတ်ပြီးစောင့်နေလိမ့်မယ် ဘာပဲပြောပြော အနိုင်မရပေမယ့် ရှုံးထွက်အဆင့်မှာ ကစားရရင် ကျေနပ်စရာကောင်းပါတယ် ဒီပွဲ နယ်သာလန်ဘက်က တစ်ဖက်သတ် တိုက်စစ်ဆင်ကစားမှာသေချာတယ် သြစတြီးယားအသင်းက ဘယ်လောက်ထိပဲ ခံစစ်ပိတ်ထားပါစေ နယ်သာလန်ရဲ့တိုက်စစ်ပိုင်းကိုတော့ ခံနိုင်မယ်မထင်ပါဘူး Frimpong၊ Depay နဲ့ Gakpo တို့လို တိုက်စစ်မှူးတွေက လောလောဆယ် ပုံစံကောင်းပြသနေကြတယ် နောက်ဆုံးမှာတော့ နယ်သာလန်ဘက်ကပဲ အနိုင်ရသွားမယ်ထင်ပါတယ်။

11 Players

Netherlands (4-2-3-1) : Verbruggen; Dumfries, De Vrij, Van Dijk, Ake; Reijnders, Schouten; Frimpong, Simons, Gakpo; Depay

Austria (4-2-3-1) : Pentz; Posch, Danso, Lienhart, Mwene; Seiwald, Laimer; Wimmer, Baumgartner, Sabitzer; Gregoritsch

Missing Players

Netherlands – Joshua Zirkzee (Ill)

Austria– Gernot Trauner (Muscle injury)

Facebook