နောက်ဆုံးရဘောလုံးသတင်းများ

ဒိန်းမတ် Vs အင်္ဂလန် [ 20 Jun 24 - 22:30 hrs]

နောက်ဆုံးရဘောလုံးသတင်းများ ဒီပွဲမှာတော့ စွမ်းဆောင်ရည်သိပ်မကောင်းတဲ့အင်္ဂလန်အသင်းက အခြေနေတအားကောင်းမနေနဲ့ဒိန်းမတ်နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ဒိန်းမတ်ဘက်က ပိုကြည့်ကောင်းတယ် ၃ ပွဲနိုင် ၂ ပွဲသရေပါ အင်္ဂလန်အသင်းကျတော့ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာကျတော့ မိနစ် ၉၀ အတွင်းပဲ တွက်ကြည့်မယ်ရင် အင်္ဂလန်ဘက်က နည်းနည်းပိုကြည့်ကောင်းပါတယ် ၂ ပွဲနိုင် ၂ ပွဲသရေနဲ့ ၁ ပွဲ ရှုံးသွားပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၄ ပွဲထဲ ၃ ပွဲမှာ ဂိုးသွင်းမှု တစ်ဂိုးပဲ ဖြစ်ပေါ်ခဲ့တယ် ဒီပွဲမှာတော့ အင်အားချင်းယှဉ်ကြည့်ရင် ဒိန်းမတ်ဘက်က ပိုညံ့ပါတယ် အင်္ဂလန်အသင်းရဲ့ အားသာချက်ကတော့ Declan Rice နဲ့ Jude Bellingham တို့ ရှိနေတဲ့ ကွင်းလယ်နေရမှာပဲဖြစ်ပါတယ် အဲ့တာနဲ့ပဲ ဆုံးဖြတ်သွားလိမ့်မယ် အင်္ဂလန်အသင်း လောလောဆယ် သွေးမပူကြသေးပါဘူး သွေးမြန်မြန်ပူအောင် လုပ်ဖို့လိုနေတယ် ဘာလို့လဲဆိုတော့ ဒိန်းမတ်အသင်းဆိုသည်မှာ ကြောက်စရာကောင်းသောအသင်းဖြစ်တယ် အင်္ဂလန်ကို ဒုက္ခပေးနိုင်တဲ့အစွမ်းလည်းရှိတယ် ဒါပေမယ့် သူတို့ရဲ့အားနည်းချက်က ဂိုးသွင်းနဲ့အပိုင်းပါပဲ အဲ့နေရာသာ ပြုပြင်ဖို့လိုတယ် ဒီပွဲ နှစ်သင်းစလုံးကပဲ ၃ မှတ်လိုချင်ကြတယ် နောက်ဆုံးမှာတော့ ဂိုးပြတ်သားမှုရှိတဲ့အသင်းကသာ အနိုင်ရသွားလိမ့်မယ် ဒီပွဲမှာတော့ အင်္ဂလန်အသင်းကို ပိုအားပေးပါတယ်။

Denmark – ဒိန်းမတ်အသင်း နောက်ဆုံးတစ်ပွဲတုန်းက ခြေစွမ်းမကောင်းတကောင်းလေးနဲ့ ဆလိုဗေးနီးယားကို ၁-၁ သရေကျလာခဲ့ပါတယ် သူတို့ရဲ့နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲသရေဖြစ်ပြီး တစ်ပွဲမှမရှုံးခဲ့ပါဘူး ဒီပွဲမှာတော့ ကိုယ့်အားနည်းချက်တွေကို ပြုပြင်ထားပြီထင်ပါတယ် အသင်းနည်းပြက ဆလိုဗေးနီးယားနဲ့ပွဲမှာ သူတို့ဘက်က သွက်သွက်လက်လက်မကစားခဲ့ဘူးလို့ပြောပါတယ် အဲ့ဒီတော့ ဒီပွဲ ပြန်ပြင်ထားကြလောက်တယ် ဒိန်းမတ်အသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေမရှိပါဘူး အားလုံး အဆင်သင့်ဖြစ်ကြတယ် ဒီပွဲ သူတို့ ၃-၄-၂-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Kasper Schmeichel ပဲဖြစ်မယ် ကွင်းလယ်ခံစစ်မှာကျတော့ Joachim Anderson, Andreas Christiasen, Jannik Vestergaard တို့ ၃ ယောက်ဖြစ်ပြီး Rasmus Christensen, Alexander Bah တို့နှစ်ယောက်ကို တောင်ပံခံစစ်နေရာမှာ ထားထားလိမ့်မယ် Morten Hulmand, Pierre-Emile Hojbjerg တို့ကျတော့ ကွင်းလယ်ပိုင်းမှာ ကစားပွဲထိန်းချုပ်မယ် ပထမပွဲတုန်းက ဂိုးသွင်းနိုင်တဲ့ Christian Eriksen ဟာ ဒီပွဲ Playmaker အနေနဲ့ ဆင်းကစားလိမ့်မယ် ပြီးရင် to Jonas Older Wind နဲ့ Rasmus Hojlund တို့ကို ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

England –အင်္ဂလန်အသင်းကျတော့ ပွဲဦးထွက်ကစားခဲ့တုန်းက အနိုင်ရရှိသွားပြီး အုပ်စုစီရဲ့ ထိပ်ဆုံးမှာရပ်တည်နေပေမယ့် သူတို့ရဲ့ကစားပုံကစားနည်းကတော့ အားရစရာမကောင်းပါဘူး စိတ်တိုင်းမကျသေးဘူးဖြစ်နေတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကလည်း မန်ယူနိုက်တက်ဆီက လုရှောမရှိသေးပါဘူး ခေ့ကျင့်ထန်းတောင် ပြန်မလုပ်နိုင်သေးတဲ့အဖြစ်ပါ အင်္ဂလန်က ဒီပွဲ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ အဲဗာတန်မှ Jordan Pickford ပဲဖြစ်ပြီး Kieran Trippier ကို ဘယ်ခံစစ် Kyle Walker ကို ညာခံစစ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် John Stones, Mark Gehi တို့ကျတော့ Center Half နေရာ တွဲထားမယ် Trent Alexander-Arnold ကိုကြတော့ Declan Rice နဲ့အတူ ကွင်းအလယ်တန်းမှာပဲ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် ပရီးမီးယားလိဂ်ကြယ်ပွင့်ကစားသမားဖြစ်တဲ့ ဖိုဒန်က အခု သိပ်ပြီး ပုံစံကောင်းမပြနိုင်သေးပါဘူး ပထမလူစာရင်းထဲတော့ ပါနေဦးမယ် Bukayo Saka, Jude Bellingham တို့နဲ့အတူ တိုက်စစ်ပိုင်းမှာ တာဝန်ယူထားခဲ့ကြလိမ့်မယ် ပြီးရင် ဟယ်ရီကိန်းကို Striker နေရာမှာ ချထားမယ်။

11 Players

Denmark (3-4-1-2) : Schmeichel; Andersen, Christensen, Vestergaard; Bah, Hjulmand, Hojbjerg, Kristiansen; Eriksen; Wind, Hojlund

England (4-2-3-1) : Pickford; Walker, Stones, Guehi, Trippier; Alexander-Arnold, Rice; Saka, Bellingham, Foden; Kane

Missing Players

Denmark – ဒဏ်ရာရထားသောကစားသမားမရှိပါ။

England – luke shaw

Facebook

Spain – စပိန်အသင်းက ယူရို ၂၀၂၄ ကို ကောင်းကောင်းလေးစတင်နိုင်ပါတယ် အဲ့ပွဲ ခရိုအေးရှားကို ၃-၀ နဲ့ ထုထောင်းလာပြီး ၄ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ၃ ပွဲဆက်တိုက်လည်း အနိုင်ရရှိထားပါတယ် ဒီပွဲမှာ အီတလီကို ထပ်နိုင်သွားလို့ကတော့ နောက်တစ်ဆင့် တန်ကာတင်သွားမှာ သေချာလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာသက်သာသွားတဲ့ Aymeric Laporte ကို ပြန်လည်ကိုင်တွယ်လို့ရပြီ ဒါပေမယ့် Alvaro Morata နဲ့တစ်ယောက်ကျတော့ ခရိုအေးရှားနဲ့ပွဲတုန်းက ဒဏ်ရာရသွားလို့ အဲ့ပွဲ လူစားလဲခံလိုက်ရတယ် ဒါပေမယ့်လည်း လေ့ကျင့်ခန်းပြန်လုပ်နေပြီဆိုတော့ ဒီပွဲ ပြန်ဆင်းနိုင်မယ်ထင်ပါတယ် စပိန်အသင်းရဲ့စွမ်းဆောင်ရည်က အရမ်းကောင်းပါတယ် ဒီပွဲ အသင်းနည်းပြက အရင်တစ်ပွဲမှာ ကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေကိုပဲ ဆက်ပြီး အသုံးချမယ်ထင်ပါတယ် ၄-၂-၃-၁ စနစ်လေးနဲ့ Unai Simon (GK) – Daniel Carvajal, Robin Le Nordmand, Emmerich Laporte, Jordi Alba – Martin Su Bimendi, Rodrigo Hernandez Rodri – Marco Asensio, Pablo Martin Paz Cabira Gabi, Daniel Olmo – Al Baro Morata စတဲ့ကစားသမားတွေကို အသုံးပြုသွားမယ်ထင်ပါတယ်။

Italy – အီတလီအသင်းကျတော့ ပထမပွဲတုန်းက သိပ်အဆင်မပြေသေးပါဘူး မှားပြီးတောင် ဂိုးသွင်းခံထိသွားသေးတယ် ဒါပေမယ့် အီတလီဘက်က ပြန်ကောင်းလို့ အယ်လ်ဘေးနီးယားကို ၂-၁ နဲ့ ပြန်နိုင်သွားတယ် ၃ မှတ်လေးနဲ့ရပ်တည်နေပါတယ် ဒါပေမယ့် သူတို့ရဲ့ကစားပုံကစားနည်းကတော့ သိပ်မကောင်းပါဘူး လက်ရှိအသင်းနည်းပြက အီတလီရဲ့ သံခံတပ်စတိုင်လ်ကို အရမ်းကြည့်လို့ကောင်းတဲ့ တိုက်စစ်ဆင်ကစားဖြင်း ပြောင်းလဲလိုက်တယ် ဒီပွဲမှာတော့ တိုက်စစ်ဆင်ကစားတတ်တဲ့ စပိန်အသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ တော်တော်လေး စိတ်ဝင်စားစရာကောင်းတယ် ဘယ်သူက ဘောလုံးပိုပိုင်ဆိုင်နိုင်မလဲ စောင့်ကြည့်ရမယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ အသင်းမှာ ဒဏ်ရာရထားတဲ့ Federico Chiesa တစ်ယောက်ထဲပဲရှိပါတယ် ဒါပေမယ့် သူက လေ့ကျင့်ခန်း ပြန်လုပ်နေပြီဆိုတော့ ဒီ ဂျူဗင်တပ်စ်တိုက်စစ်မှူးက ဒီပွဲ ပထမလူစာရင်းထဲ ပါနိုင်ပါတယ် Line up ကတော့ ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ပဲ အရင်ကစား ကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီးကိုင်တွယ်သွားမယ်ထင်တယ် ပြောင်းမယ်ဆိုရင်တော့ တိုက်စစ်ပိုင်းနေရာမှာ Lorenzo Pellegrini အစား Brian Cristante ပဲဖြစ်မယ် ခံစစ်ပိုင်းနေရာမှာ Riccardo Calafiori အစား ထိန်းသိမ်းမှု အားကောင်းတဲ့ Gianluca Mancini ကိုပဲ အသုံးပြုလိမ့်မယ် တတိယနေရာကျတော့ Striker နေရာမှာ Gianluca Scamacca ကို တာဝန်ပေးထားပြီး ဂျေနိုအာမှ Matteo Retegui ကို တိုက်စစ်ပိုင်းမှာ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်ပိုင်းကနေ ကစားပွဲချိတ်ဆက်ဖို့ ဂျော်ဂျင်ဟိုနဲ့ ပထမပွဲတုန်းက အနိုင်ဂိုးသွင်းပေးခဲ့တဲ့ Nicolo Barella တို့ကို တာဝန်ပေးထားလိမ့်မယ် ပြီးရင် အသင်းကပ္ပတိန်ဖြစ်တဲ့ Gianluigi Donnarumma က ဂိုးသမားနေရာမှာ တာဝန်ပေးထားလိမ့်မယ်။

ဒီပွဲမှာတော့ နှစ်သင်းစလုံးအတွက် အရေးကြီးပါတယ် ဘာလို့လဲဆိုတော့ ဆန်ကာတင်မယ့်ကိစ္စနဲ့ တိုက်ဆိုင်နေလို့ပါ ပြီးတော့ အုပ်စုရဲ့ အဆင့် ၁ နေရာနဲ့လည်း တိုက်ဆိုင်တယ် ဒီပွဲမှာ အနိုင်ရသွားတဲ့အသင်းက နောက်တစ်ဆင့် ဆန်ကာတင်ဖို့ သေချာသွားလိမ့်မယ် ပထမပွဲတုန်းက နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည် ကောင်းကြပါတယ် စပိန်ဘက်က ခြေစွမ်းပြပြီး ခရိုအေးရှားအပေါ် အနိုင်ရရှိလာတယ် အီတလီအသင်းလည်း မဆိုးပါဘူး ပထမပိုင်းမှာ နည်းနည်းညံ့သွားပေမယ့် အဆင်ပြေအောင် ပြန်စွမ်းဆောင်နိုင်ပါတယ် နောက်ဆုံးရဘောလုံးသတင်းများ နောက်ဆုံး ၃ နှစ်အတွင်း နှစ်သင်းစလုံး အချင်းချင်း ၃ ကြိမ်တောင် ပြန်ဆုံခဲ့ကြပါတယ် ဒီလို နိုင်ငံအဆင့်ပြိုင်ပွဲမှာ ခန ခန ဆုံနေကြတယ်လို့ ယူဆနိုင်ပါတယ် ဒါပေမယ့်လည်း သူတို့က တစ်သင်းနဲ့တစ်သင်းရဲ့အကြောင်းကို ကောင်းကောင်းသိထားကြတာတော့မဟုတ်ပါဘူး အဓိက အီတလီဘက်ကဆိုရင် အခုမှ အသင်းနည်းပြပြောင်းလာတယ် ဒီပွဲ အတော်လေးကြည့်ကောင်းမယ် အခြေခံက မနိုင်မရှုံးလေးဆိုတော့ ဘောလုံးပိုင်ဆိုင်မှုက သိပ်ကွာဟမနေလောက်ပါဘူး ပထမပွဲတုန်းကဟာကိုကြည့်ပြီးပြောရင် စပိန်ဘက်က ဘောလုံးပိုင်ဆိုင်ဖို့အတွက် အရင်လိုမျိုး ဦးစားမပေးတော့ပါဘူး ဒီပွဲမှာတော့ အသေးအဖွဲကိစ္စကနေ အနိုင်ရယူသွားကြလိမ့်မယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်နဲ့ အင်အားတွေ ပြီးတော့ ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ စံချိန်တွေ ယူပြီးယှဉ်ကြည့်ရင် ဒီပွဲ ပွဲရလဒ်ဟာ ၃ မျိုးစလုံး ထွက်လာနိုင်ပါတယ် ဒီပွဲ တော်တော်ကြည့်ကောင်းလိမ့်မယ် ဒါပေမယ့် အနိုင်ရရှိသွားမယ့်အသင်းကို စဉ်းစားရမှာဆိုရင် အံဖွယ်ရာကောင်းတဲ့ စပိန်ဘက်ကဖြစ်ဖို့ပိုများပါတယ် အနည်းဆုံး ကပ်နိုင်သွားမယ်ထင်ပါတယ် အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ စပိန်ဘက်က တော်တော်ပဲ ပိုသာပေမယ့် ဒီပွဲမှာတော့ တအားကြီးပိုသာပြီး ရှယ်နိုင်သွားမယ်လို့တော့မထင်ပါဘူး။

11 Players

Spain (4-2-3-1) : Simon; Carvajal, Le Normand, Nacho, Cucurella; Pedri, Rodri, Ruiz; Yamal, Morata, Williams

Italy (4-2-3-1) : Donnarumma; Di Lorenzo, Bastoni, Calafiori, Dimarco; Jorginho, Barella; Frattesi, Pellegrini, Chiesa; Scamacca

Missing Players

Spain – Álvaro Morata (Knock Injury)

Italy – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook