နီးကပ်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ

အက်စတွန်ဗီလာ Vs စပါး [10 Mar 24 - 19:30 hrs]

နီးကပ်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ အက်စတွန်ဗီလာဘက်က ၃ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် ဒီရာသီအတွင်း ပထမတစ်ပွဲတုန်းကလည်း ၁-၂ နဲ့ အရင်နိုင်သွားတယ် အဲ့ပွဲ ကောင်းကောင်းလေးတိုက်ခိုက်နိုင်ပြီး အနိုင်ကောက်ရလာတယ် အက်စတွန်ဗီလာအသင်းက ဒီရာသီမှာ တော်တော်လေးအဆင့်မြင့်လာတယ် စပါးအသင်းမှာလည်း မဆိုးပါဘူး အခြေနေကောင်းတာချင်းတူပါတယ် တကယ့် Top4 နေရာမှာ လုယက်နေတဲ့ စစ်မှန်သောရန်သူဖြစ်နေတယ် နှစ်သင်းစလုံးရဲ့ တိုက်စစ်ပိုင်းက ကောင်းတာချင်းတူတယ် အဲ့ဒီတော့ နှစ်ဖက်စလုံးကပဲ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် စပါးအသင်းက လက်ရှိစွမ်းဆောင်ရည်ကောင်းတာ မှန်ပါတယ် ဒါပေမယ့် အမြဲလိုလို ကောင်းမနေသေးပါဘူး တစ်ခါတစ်လေ လွယ်လွယ်လေးနဲ့ မှားတတ်တယ် အက်စတွန်ဗီလာအသင်းကျတော့ အိမ်ကွင်းမှာ တောင့်တင်းမှုရှိပါတယ် အဓိက Ollie Watkins ရဲ့ခြေစွမ်းက တော်တော်ကောင်းနေတယ် သူ့ကို ဂိုးသွင်းခွင့်ပေးမိလို့ကတော့ ဂိုးဖြစ်ဖို့အနေအထား အရမ်းများတယ် အစစအရာရာ မနိုင်မရှုံးလေးဖြစ်နေတာဆိုတော့ သရေကျရုံနဲ့ ပြီးဖို့တော်တော်များပါတယ် ဒါမှမဟုတ် အိမ်ရှင်ဘက်က အနိုင်ရသွားမယ်ဆိုလည်း ဖြစ်နိုင်တယ်။

Aston Villa : အိမ်ရှင်အသင်းအခုလက်ရှိ အဆင့် ၄ မှာရပ်တည်နေပြီး စွမ်းဆောင်ရည် အရမ်းကောင်းနေကြပါတယ် အချို့ပွဲတွေလောက်ပဲ ထစ်ခနဲမှားယွင်းမှုတွေရှိနေပေမယ့် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ ၄ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် ပြီးခဲ့တဲ့အပတ်အလယ်ပိုင်းတုန်းက အေဂျက်နဲ့ ကစားထားသေးတယ် လိဂ်ပွဲစဉ် နောက်ဆုံးတစ်ပွဲတုန်းကကျတော့ လူတန်တောင်းကို ၂-၃ နဲ့ ကပ်နိုင်လာတယ် အဲ့ပွဲ ပွဲပြီးခါနီးအချိန်မှ အနိုင်ဂိုးထသွင်းနိုင်လို့ အနိုင်ရရှိလာပါတယ် စွမ်းဆောင်ရည် တည်ငြိမ်နေဖို့တော့ လိုလိမ့်မယ် ဒီကစပြီး စိတ်ဖိအားအောက်ကနေ ကစားရတော့မယ် သူတို့ရဲ့ တိုက်စစ်ပိုင်းကတော့ တော်တော်ကောင်းတယ် ထိပ်ပိုင်းအသင်းတွေလောက်ပဲ မမှီသေးတာပါ Ollie Watkins က ဂိုးဖန်တီးရှင်ဖြစ်ဖို့နေရာ ရင်ခုန်ရပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ Jacob Ramsey, Tyrone Mings, Emiliano Buendia, Boubacar Kamara နဲ့ John Duran တို့ ပါဝင်ကစားလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြပါတယ် ဒီပွဲ အက်စတွန်ဗီလာအသင်း ၄-၂-၃-၁ စနစ်နဲ့ Striker နေရာကနေ ဂိုးသွင်းဖို့အတွက် Ollie Watkins ကိုပဲ တာဝန်ပေးပြီး Leon Bailey, Youri Tielemans နဲ့ Morgan Rogers တို့ကိုကျတော့ ကွင်းလယ်တိုက်စစ်နေရမှာ တာဝန်ပေးထားလိမ့်မယ်။

 

Tottenham Hotspur : စပါးအသင်း နောက်ဆုံးတစ်ပွဲကမှ အိမ်ကွင်းမှာ ခရစ်စတယ်ပဲလေစ့်ကို ၃-၁ နဲ့ အနိုင်ကောက်ရလာပါတယ် ဒါပေမယ့် အဲ့ဒီ ၃ ဂိုးသွင်းဖို့အရေးကို နောက်ဆုံး မိနစ် ၂၀ ရောက်တော့ ပေါ်လာတော့တယ် အဲ့ပွဲ Timo Werner ကြီးက သူ့ရဲ့ပထမဆုံးဂိုးကို စဖော်နိုင်ခဲ့တာဖြစ်ပါတယ် စပါးအသင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၁ ပွဲရှုံးနဲ့ ၁ ပွဲသရေဖြစ်ပါတယ် အချို့ပွဲတွေမှာ နှမြောစရာကောင်းတဲ့ အမှတ်ဆုံးရှုံးမှုတွေ ဖြစ်ပေါ်သေးတယ် လက်ရှိ အဆင့် ၅ မှာရပ်တည်ပြီး Top4 ရဲ့ အနောက်ကနေ ၅ မှတ်လိုက်နေပါတယ် ဒါပေမယ့် ပြိုင်ပွဲကျတော့ ၁ ပွဲလျော့သေးတယ် ဒီပွဲမှာတော့ တက်လှမ်းခွင့်ရှိပါသေးတယ် လက်ရှိကစားသမား ၁၁ ယောက်က ကွင်းထဲဆင်းကစားဖို့ အဆင်သင့်ပဲ ဖြစ်နေကြတယ် တိုက်စစ်အားကောင်းပြီး ဂိုးသွင်းနိုင်တဲ့တိုက်စစ်မှူးတွေ ကလည်း တော်တော်များများရှိနေတယ် ဒါပေမယ့် ခံစစ်ပိုင်းကတော့ အရှေ့တော်တော်တိုးထားလို့ ပြိုင်ဘက်ရဲ့ တန်ပြန်တိုက်စစ်ဆင်ခြင်းကို သတိထားရလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရသွားတဲ့ကစားသမားနဲ့ ပွဲပယ်စာရင်းထဲ ပါသွားတဲ့ ကစားသမားလူဦးရေ တိုးမလာသေးပါဘူး ဟိုးအရင်ကတည်းက ဒဏ်ရာရထားတဲ့ Ryan Sessegnon, Manor Solomon နဲ့ Fraser Forster တို့ ၃ ယောက်လောက်ပဲ ဆေးကုသမှုခံယူနေပါတယ် ဒီပွဲ အသင်းနည်းပြက ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသွင်းဖို့နေရာ Son Heung Min ကိုပဲ တာဝန်ပေးပြီး သူ့အနောက်ကနေ အထောက်အကူလုပ်ဖို့ Dejan Kulusevski, James Maddison နဲ့ Timo Werner တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Aston Villa (4-2-3-1) : Martinez; Cash, Konsa, Carlos, Moreno; Diaby, Luiz, McGinn, Bailey; Tielemans; Watkins

Tottenham Hotspur (4-2-3-1) : Vicario; Porro, Romero, Van de Ven, Udogie; Bentancur, Bissouma; Kulusevski, Maddison, Werner; Son

Missing Players

Aston Villa – Boubacar Kamara (Knee injury), Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Tottenham Hotspur – Manor Solomon (Meniscus injury), Richarlison (Knee injury), Pedro Porro (strain), Ryan Sessegnon (Hamstring injury), Fraser Forster (Ankle injury)

Facebook

လီဗာပူးလ်အသင်း အာဆင်နယ်ကိုရှုံးသွားကတည်းက ပွဲစုံ ၇ ပွဲဆက်တိုက် မရပ်မနားပဲ အနိုင်ရအောင်ကြိုးစားနိုင်ပါတယ် လက်ရှိ ဒဏ်ရာရထားမှုနဲ့ ဒီလိုမျိုး စွမ်းဆောင်နိုင်တာတော့ တော်တော်မလွယ်ပါဘူး မန်စီးတီးမှာလည်း အခြေနေအရမ်းကောင်းနေပါတယ် သူတို့ကျတော့ ပွဲ ၂၀ ဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး မန်စီးတီးမှာ နီးကပ်လာတဲ့ ပရီးမီးယားလိဒ်လုပွဲ ဘယ်လောက်ပဲကောင်းနေပါစေ လီဗာပူးလ်ကို အနိုင်ရအောင် မစွမ်းဆောင်နိုင်လို့ရှိရင် အကျိုးမရှိပါဘူး ဘာကြောင့်လဲ ဆိုတော့ ဒီပြိုင်ပွဲရဲ့ ရလဒ်တွေက ချန်ပီယံဖြစ်ဖို့ အတိုင်းအတာတစ်ခုအထိ ဖြစ်နိုင်လို့ပါ အဲ့တော့ လိဂ်ချန်ပီယံဖြစ်ဖို့ နှစ်သင်းစလုံးအတွက် အရမ်းအရေးကြီးပါတယ် ဒီပွဲမှာ ရှုံးသွားမယ်ဆိုရင်တော့ ချန်ပီယံဆုကို စွန့်လွတ်လိုက်သလိုမျိုး ဖြဟ်သွားနိုင်တယ် နှစ်သင်းစလုံးရဲ့စွမ်းဆောင်ရည်က အရမ်းတက်ကြွနေတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ မန်စီးတီးဘက်က ပိုအားသာပါတယ် ရွေးချယ်စရာကစားသမားတွေလည်း ပိုများနေတယ် လီဗာပူးလ်ဘက်ကကျတော့ ကလော့ပ်မှာ အကန့်အသတ်လေးနဲ့ ကားသမားတွေကို ကိုင်တွယ်ရမှာဖြစ်နေတယ် ဒါပေမယ့် ဒီပွဲ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုတော့ ကစားသမားတွေရဲ့စိတ်ဓာတ်ကို တော်တော်နှိုးဆော်နိုင်လောက်ပါတယ် နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၅ ပွဲလုံးအနိုင်ရထားတာချင်းတူတယ် ပြီးတော့ အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲတုန်းကဆိုရင် ၂ ပွဲဆီ အနိုင်ရသွားပြီး ၁ ပွဲ သရေကျသွားပါတယ် အဲ့ဒီလိုနဲ့ပဲ ဒီနှစ်သင်းရဲ့အနေအထားက မနိုင်မရှုံးလေး တော်တော်ဖြစ်နေတယ် ဒီပွဲမှာတော့ ကစားစနစ်နဲ့ မှားယွင်းမှုတွေကိုပဲ စောင့်ကြည့်ရလိမ့်မယ် အရင်မှားသွားတဲ့ဘက်က တန်းပြီးနစ်နာလိမ့်မယ် ကလောပ့်လို ဆရာကြီးနည်းပြကတော့ သူ့အသင်းအတွက် ကောင်းဆုံးဖြစ်အောင် စီစဉ်နိုင်မှာပါ ဒီကြီးမားတဲ့ပြိုင်ပွဲမှာ ကြိုးကြာနီဘက်က မရှုံးသလို ရှုံးမယ်ဆိုရင်လည်း ကပ်ရှုံးရုံပဲ ရှိပါလိမ့်မယ်။

Liverpool : အိမ်ရှင်လီဗာပူးလ်အသင်း အခုမှ ယူဖာယူရိုပါလိဂ်ပွဲ ၁၆ သင်းအဆင့်မှာ ချက်နိုင်ငံမှ နာမည်ကြီးသော စပါတာပရာဂ့်အသင်းကို ၁-၅ နဲ့ ပိုးစိုးပက်စက် အနိုင်ကောက်ရလာပါတယ် လိဂ်ပွဲစဉ်တွေမှာလည်း ၄ ပွဲဆက်တိုက်အနိုင်ရရှိထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းကဆိုရင် ဖောရက်စ်ကို အချိန်ပိုအတောအတွင်းမှာ အနိုင်ဂိုးသွင်းနိုင်ပြီး ၀-၁ နဲ့ ကပ်နိုင်လာတယ် ဒီရာသီ ၂၇ ပွဲကစားပြီး ၆၃ မှတ်လေးနဲ့ အဆင့် ၁ မှာရပ်တည်နေတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ကြိုးကြာနီမှာ ဒဏ်ရာရထားတဲ့ Alisson Becker, Joel Matip, Trent Alexander-Arnold, Curtis Jones, Thiago Alcantara, Ryan A Rafenberg, Diogo Jota, Ben Doak နဲ့ Stefan Bajcetic တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Ibrahima Konate နဲ့တစ်ယောက်ကျတော့ သူကို လူစားလဲလိုက်တဲ့နေရာမှာ ဒဏ်ရာရသွားလို့တော့မဟုတ်ပဲ စိုးရိတ်ပူပန်မှုကြောင့် ဖြစ်နေတယ် ဆိုးရွားတဲ့ ဒဏ်ရာရထားမှုတွေကြားထဲမှာ သတင်းကောင်းလည်းရှိပါတယ် ဘာလို့လဲဆိုတော့ မိုဟာမက်ဆာလာက ကွင်းထဲပြန်ဆင်းနိုင်ပါပြီ နောက်ဆုံးတစ်ပွဲကတည်းက ဆင်းနိုင်နေတာဖြစ်ပါတယ် ကလော့ပ်က ဒီပွဲ သူ့မှာရှိတဲ့ အကောင်းဆုံးကစားသမားကို ကိုင်တွယ်မှာဖြစ်ပြီး အရေးကြီးသောအမှတ်ကို ရအောင်လုပ်ယူလိမ့်မယ် ၄-၃-၃ စနစ်လေးနဲ့ ခံစစ်ပိုင်းနေရာမှာ Joe Gomez, Ibrahima Konate, Virgil van Dijk, Andrew Robertson တို့ကို တာဝန်ပေးထားပြီး ကွင်းလယ်ပိုင်းနေရာမှာကျတော့ Dominic Szoboszlai, Alexis Mac Allister, Wataru Endo တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Mohamed Salah, Cody Gakpo, Luis Diaz တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလိမ့်မယ်။

Manchester City : မန်စီးတီးအသင်းကျတော့ စွမ်းဆောင်ရည်ပိုင်း ပြောစရာမရှိလောက်အောင် ရှယ်ကောင်းနေတယ် နောက်ဆုံး ၂၀ ပွဲကစားပြီး ၁၈ ပွဲတောင် အနိုင်ကောက်ရသွားတယ် တစ်ပွဲမှတောင် မရှုံးသေးပါဘူး နောက်ဆုံး ယူဖာချန်ပီယံလိဂ်အစီစဉ်ထဲမှာ ကိုပါဟေဂင်ကို တက်ထောင်းပြီး နောက်ဆုံး ၈ သင်းအဆင့်သို့ တက်လှမ်းနိုင်ပြီဖြစ်ပါတယ် လိဂ်ပွဲမှာကျတော့ ၆၂ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁ မှာရှိတဲ့ ကြိုးကြာနီထက် ၁ မှတ်ပဲ နည်းနေတော့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အဆင်သင့်မဖြစ်သေးတာ Jack Grealish နဲ့ Matheus Nunes တို့လောက်ပဲရှိပါတယ် စီးတီးရဲ့ အခုတလောစွမ်းဆောင်ရည်နဲ့ဆိုရင် ယုံကြည်မှုရှိရှိနဲ့ လီဗာပူးလ်အိမ်ကွင်း ရောက်ရှိလာလိမ့်မယ် ဒီပွဲမှာ အနိုင်ရသွားတဲ့အသင်းအတွက် အရေးကြီးသောချန်ပီယံဆုနဲ့ တော်တော်များများထိခိုက်လိမ့်မယ် ပက်မှာလည်း သူ့မှာရှိတဲ့အကောင်းဆုံးကစားသမားအဖွဲ့အစုနဲ့ပဲ အန်ဖီးလ်ကွင်းကိုချီတက်လာမယ် သူ့ရဲ့ ခံစစ်နေရာ Kyle Walker, Ruben Dias, Nathan Ake တို့ကိုပဲ တာဝန်ပေးပြီး Mateo Kovacic နဲ့ Rodri တို့ကိုကျတော့ ကွင်းလယ်အတွဲ တာဝန်ပေးလိမ့်မယ် တိုက်စစ်နေရာမှာ Bernardo Silva, Kevin de Bruyne, Phil Foden, Julian Alvarez တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးပြီး Striker နေရာမှာ ဟာလန်းကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Liverpool (4-3-3) : Kelleher; Bradley, Gomez, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

Manchester City (4-1-4-1) : Ederson; Walker, Dias, Stones, Ake; Silva, Rodri, De Bruyne; Foden, Haaland, Alvarez

Missing Players

Liverpool – Thiago (Muscle injury), Ryan Gravenberch (Ankle injury), Stefan Bajcetic (Calf injury), Rhys Williams (unknown injury), Curtis Jones (ankle sprain), Trent Alexander-Arnold (Torn lateral knee ligament), Diogo Jota (Knee collateral ligament tear), Alisson (Hamstring injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

Manchester City – Jack Grealish (Muscle Injury), Matheus Nunes (Broken Finger)

Facebook