နိုင်ငံအသင်းများကိုလေ့လာကြည့်ခြင်း

ခရိုအေးရှား Vs အယ်လ်ဘေးနီးယား [19 Jun 24 - 19:30 hrs]

နိုင်ငံအသင်းများကိုလေ့လာကြည့်ခြင်း ခရိုအေးရှားအသင်း အခုမှ ယုံကြည်မှုပျက်ဆီးလာတယ် ယုံကြည်မှုမရှိပဲ ထပ်ကစားရမှာဆိုတော့ ဒီပွဲလည်း သူတို့အတွက် မလွယ်ပါဘူး ဘာလို့လဲဆိုတော့ အယ်လ်ဘေးနီးယားအသင်းက အီတလီနဲ့ ကောင်းကောင်းလေး တိုက်ခိုက်နိုင်တဲ့အသင်းဖြစ်နေလို့ပါ ဒါပေမယ့် နှစ်သင်းစလုံးမှာ ၃ မှတ်လိုချင်နေကြတာဆိုတော့ ပထမပွဲစွမ်းဆောင်ရည်ကတော့ ခရိုအေးရှားဘက်က ခြေစွမ်းမပြနိုင်ပေမယ့် ကစားပုံကစားနည်းက တအားကြီးမဆိုးပါဘူး ရလဒ်ကောင်းမရတာပဲရှိတယ် ပြီးတော့ စပိမ်အသင်းက ဂိုးအရမ်းပြတ်သားလို့ပါ အယ်လ်ဘေးနီးယားတို့ကျတော့ ခံစစ်ပိတ်ပြီးကစားတဲ့အသင်းပါ ပြီးတော့ အီတလီအသင်းက ထိန်းကစားရုံပဲဖြစ်တဲ့အတွက် ဘာမှသိပ်ပြီးမယူဆနိုင်ပါဘူး နှစ်သင်းစလုံးက ဘောလုံးပြိုင်ပွဲတွေမှာ တစ်ခါမှမစုံဖူးသေးပါဘူး ခြေစမ်းပွဲတွေကစ အတည်ပြိုင်ပွဲတွေမှာလည်း မစုံဖူးဘူး ဒီပွဲမှာတော့ ထပ်ပြီးမှားလို့မရတော့ပါဘူး ထပ်မှားရင် အပယ်ခံထိသွားမှာတော်တော်များသွားလိမ့်မယ် ဒီပွဲ ခရိုအေးရှားအတွက် မလွယ်ပေမယ့် အတွေ့အကြုံနဲ့  ကစားသမားအသီးသီးကအယ်လ်ဘေးနီးယားအသင်းထက် ပိုပြီး အရည်အသွေးရှိပါသေးတယ် ဒီပွဲမှာတော့ ခရိုအေးရှားဘက်က ခြေစွမ်းပြပြီး အနိုင်ကောက်ရသွားမယ်ထင်ပါတယ်။

Croatia – ခရိုအေးရှားအသင်းဟာ အစီစဉ်အဖွင့်ပွဲတုန်းက စပိန်ကို ၀-၃ နဲ့ ရှုံးနိမ့်လာပါတယ် ကစားပုဲကစားနည်းကတော့ တအားကြီးပိုမညံ့ပါဘူး ဒီပွဲမှာတော့ သူတို့ရဲ့ပြိုင်ဘက်က အယ်လ်ဘေးနီးယားဖြစ်နေတဲ့အတွက် ၃ မှတ်မရပဲမနေလောက်ပါဘူး ဘာလို့လဲဆိုတော့ နောက်ဆုံးတစ်ပွဲကျရင် အီတလီနဲ့ ရင်ဆိုင်မှာဖြစ်သောကြောင့်ပါ အဲ့ဒီတော့ ဒီပွဲ ၃ မှတ်ရအောင် စွမ်းဆောင်ဖို့လိုပါတယ် စပိန်ကို ရှုံးသွားတဲ့အတွက် ဒီပွဲ ခံစစ်ပိုင်းနေရာမှာ Marin Ponkracic ရဲ့နေရာကို Yosko Guardiol နဲ့ အစားထိုးလိမ့်မယ် ပြီးရင် Borna Sosa ကို ဘယ်ခံစစိနေရမှာမှာ တာဝန်ပေးလိမ့်မယ် ကွင်းလယ်နေရာကျတော့ Marcelo Brozovic ကို အနားပေးပြီး သူ့နေရာ Mario Pacalic ကိုပဲ အခွင့်အရေးပေးသွားလိမ့်မယ် Lovro Mayor နဲ့ Andre Kramaric တို့ကတော့ Striker ဖြစ်တဲ့ Bruno Petkovic ကို အထောက်အကူ လုပ်ပေးဖို့ တာဝန်ပေးထားမယ် နောက်ဆုံးတစ်ပွဲကမှ ပင်နယ်တီလွဲချော်ထားပေမယ့် Ante Budimir ထက်တော့ အခါင့်အရေးရရှိဖွယ်ရှိတယ် Ivan Peričić နဲ့တစ်ယောက်ကျတော့ အဆင်သင့်မဖြစ်သေးပါဘူး။

Albania – အယ်လ်ဘေးနီးယားအသင်းကျတော့ ခြေစွမ်းပြပြီး အီတလီကို ဂိုးအရင်ဦးနိုင်သော်လည်း အနိုင်ရအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး အဲ့တော့ နောက်တစ်ဆင့် ဆန်ကာတင်ချင်ရင် ဒီပွဲ အနိုင်ရအောင် ကြိုးစားဖို့လိုပါတယ် လာမယ့်တစ်ပွဲကျရင် အရမ်းခက်တဲ့စပိန်နဲ့ ရင်ဆိုင်ရမှာဆိုတော့ ဒီပွဲမှာတော့ ရှိတာ အကုန်လုပ်ပစ်လိမ့်မယ် ဘရာဇီးနောက်ခံလူဟောင်းဖြစ်တဲ့ အသင်းနည်းပြမှာ ဒီပွဲ ဒဏ်ရာရထားတဲ့ Yasir Azani ကို အခြေနေစောင့်ကြည့်နေပါတယ် အီတလီနဲ့ပွဲတုန်းကမှ ဒဏ်ရာရသွားပါတယ် Iban Bayiu နဲ့ Ardian Ismaili တို့က ခံစစ်ပိုင်းနေရာမှာ ပွဲစစလာချင်းကတည်းက ဆင်းကစားရမယ်ထင်တယ် Dinamo Zagreb အသင်းမှာ ကစားနေတဲ့ Arber Hochcha လည်း ပါဝင်လောက်တယ် Armando Broya နဲ့တစ်ယောက်ကျတော့ Striker နေရာမှာ တာဝန်ယူထားရမယ်ထင်တယ် Ray Many နဲ့ Sassuolo အသင်းမှာနေပြီး ချန်ပီယံဟောင်းကို ၂၃ စက္ကန့်အတွင်း ဂိုးသွင်းခဲ့တဲ့ Nedim Byrami ကလည်း ကွင်းလယ်တန်းမှာ ကစားပွဲဖန်တီးလိမ့်မယ် Yiber Ramadani နဲ့ Christian Aslani တို့ကို အထောက်အကူလုပ်ပေးဖို့စီစဉ်ထားလောက်ပါတယ်။

11 Players

Croatia (4-3-3) : Livakovic; Stanisic, Sutalo, Gvardiol, Sosa; Modric, Sucic, Kovacic; Majer, Budimir, Kramaric

Albania (4-4-1-1) : Strakosha; Hysaj, Ajeti, Djimsiti, Mitaj; Asllani, Ramadani; Laci, Bajrami, Hoxha; Broja

Missing Players

Croatia– Nikola Vlašić

Albania– ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook

Germany – ဂျာမနီအသင်း ပထမပွဲတုန်းကခြေစွမ်းပြပြီး စကော့တလန်အပေါ် ၅- နဲ့ အနိုင်ရရှိလာပါတယ် အခုလောလောဆယ် အုပ်စုအေရဲ့ အဆင့် ၁ နေရာမှာ ရပ်တည်နေတယ် ဂျာမနီအသင်းဟာ နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲနိုင် ၁ ပွဲသရေဖြစ်တယ် တစ်ပွဲမှမရှုံးသေးပါဘူး အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ ပထမပွဲမှာဒဏ်ရာရသွားတဲ့ကစားသမားမရှိပါဘူး ချော်တိုက်ခံခဲ့ရတဲ့ Ilkay Gundogan ကလည်း ဒီပွဲ အဆင်သင့်ဖြစ်တယ် Robert Andrich နဲ့ Toni Kroos တို့နဲ့အတူ ကွင်းလယ်နေရာမှာ တာဝန်ဆင်းယူဖို့ အဆင်သင့်ဖြစ်နေပါတယ် အသင်းနည်းပြက ဒီပွဲ ခံစစ်ပိုင်းနေရာမှာ Joshua Kimmich, Antonio Rudiger, Jonathan Tah နဲ့ Maximilian Mittelstedt တို့ကို တာဝန်ပေးပြီး အလယ်တန်းနေရာမှာကျတော့ Robert Andrich, Toni Kroos, Jamal Musiala နဲ့ Ilkay Gundogan တို့ကို တာဝန်ပေးထားလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့တာဝန် Florian Wiertz နဲ့ Kai Havertz တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Hungary – ဟန်ဂေရီအသင်းကျတော့ စွမ်းဆောင်ရည်မတည်ငြိမ်သေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက ဆွစ်ဇာလန်ကို ၁-၃ နဲ့ ရှုံးနိမ့်လာတယ် အဲ့တာနဲ့ သူတို့ ပထမတစ်ပွဲကစားပြီး တစ်မှတ်မှမပိုင်းသေးပါဘူး သူတို့ရဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပါတယ် ဒီပွဲ အမှတ်လေးဘာလေးရအောင် အပီကစားလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒဏ်ရာရထားတဲ့ Callum Styles နဲ့ Loic Neco တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုသေးတယ် အရင်တစ်ပွဲ မပါခဲ့ကြပါဘူး ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ် ဒီပွဲ အီတလီနည်းပြက သူ့အသင်းရဲ့ခံစစ်နေရာမှာ Adam Lang, Willy Orban, Attila Salai နဲ့ Attila Fiola တို့ကို တာဝန်ပေးပြီး အလယ်တန်းနေရာမှာကျတော့ Milos Kerkez, Adam Nagy, Andras Schaefer နဲ့ Dominik Sboszlai တို့ကိုပဲ ကစားပွဲဖန်တီးဖို့ အားကိုးမယ် တိုက်စစ်ပိုင်းမှာ ဂိုးသွင်းဖို့ Roland Salai နဲ့ Barnabas Varga တို့ကိုပဲ အားကိုးလိမ့်မယ်။

နိုင်ငံအသင်းများကိုလေ့လာကြည့်ခြင်း ဂျာမနီအသင်းဟာ ပြီးပြည့်စုံနေပါတယ် အိမ်ကွင်းလေးနဲ့ ခြေစွမ်းပြဖို့အဆင်သင့်ဖြစ်နေတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ပိုးစိုးပက်စက် အနိုင်ရလာတယ် ဒီပွဲမှာလည်း အရင်တစ်ပွဲတုန်းက ကစားသမားအဖွဲ့အစုကိုပဲ ဆက်ပြီး ကိုင်တွယ်သွားမယ်ထင်တယ် ဟန်ဂေရီအသင်းကျတော့ ရွေးချယ်စရာသိပ်မရှိပါဘူး တိုက်စစ်ဆင်ကစားပြီး အမှတ်လေးဘာလေး ရအောင်ကြိုးစားလိမ့်မယ် အရင်တစ်ပွဲတုန်းက ရှုံးလာတော့ ခံစစ်ပိုင်းကို ပြန်ပြင်ပြီးပါပြီ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၃ ပွဲမှာ ဂျာမနီဘက်က တစ်ပွဲမှ ဟန်ဂေရီကိုမနိုင်ပေမယ့် လက်ရှိစွမ်းဆောင်ရည်နဲ့ဆိုရင်တော့ ဂျာမနီအသင်း ယုံကြည်မှုအရမ်းအားကောင်းနေပါတယ် ပထမအဖွင့်ပွဲတုန်းကလည်း ကောင်းကောင်းစွမ်းဆောင်နိုင်တော့ စိတ်ဓာတ်တွေ အရမ်းတက်ကြွနေကြလိမ့်မယ် နှစ်သင်းစလုံးရဲ့ ကစားသမားအချင်းချင်းနဲ့ အခြေခံပြီး စံချိန်အသီးသီးကို ယှဉ်ကြည့်တဲ့အခါမှာ ဂျာမနီဘက်က ပိုသာပါတယ် အဲ့ဒီလိုနဲ့ပဲ  ဒီပွဲ ၃ မှတ်ရသွားမယ့်အသင်းက ဂျာမနီဖြစ်ဖို့ ပိုများပါတယ်။

11 Players

Germany (4-2-3-1) : Neuer; Kimmich, Tah, Rudiger, Mittelstadt; Andrich, Kroos; Musiala, Gundogan, Wirtz; Havertz

Hungary (3-4-2-1) : Gulacsi; Orban, Lang, Szalai; Bolla, Nagy, Schafer, Kerkez; Sallai, Szoboszlai; Varga

Missing Players

Germany – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Hungary – ဒဏ်ရာရထားသောကစားသမားမရှိပါ။

Facebook