နိုင်ငံတာကယူရိုပွဲစဥ် အုပ်စုဗိုလ်လုပွဲ

ပြင်သစ် Vs ဘယ်လ်ဂျီယံ [1 Jul 24 - 22:30 hrs]

နိုင်ငံတာကယူရိုပွဲစဥ် အုပ်စုဗိုလ်လုပွဲ ဒီပွဲမှာတော့ ပြင်သစ်အသင်းက လောလောဆယ် အခြေနေသိပ်မကောင်းပါဘူး ဒါပေမယ့် ဆိုးတဲ့အထိတော့ မဖြစ်ပါဘူး ဘယ်လ်ဂျီယံတို့မှာလည်း ဒီအဆင့်တက်ရောက်လာပေမယ့် ခြေစွမ်းမပြနိုင်သေးပါဘူး အဆင်ပြေတဲ့စွမ်းဆောင်ရည်မျိုးကို အခုထိ ရှာဖွေနေတုန်းပါ နှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ နီးစပ်မှုရှိတယ် ပြင်သစ်ဘက်က ၂ ပွဲနိုင် ၃ ပွဲသရေနဲ့ ဘယ်လ်ဂျီယံတို့ကျတော့ ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲစံချိန်ထဲမှာကျတော့ ပြင်သစ်ဘက်က ၂ ပွဲနိုင်ပြီး ဘယ်လ်ဂျီယံဘက်က ၁ ပွဲ နိုင်သွားပါတယ် ကျတာ ၂ ပွဲသရေကျသွားတာဖြစ်ပါတယ် ဒီနှစ်သင်း အချင်းချင်း ရင်ဆိုင်ခဲ့တဲ့ အခုနောက်ပိုင်းမှာ မနိုင်မရှုံးလေးဖြစ်ပါတယ် ဒါပေမယ့် အရင်တစ်ပွဲတွေရဲံ ကစားပုံကစားနည်းတွေ ပွဲရလဒ်တွေကိုကြည့်ပြီးပြောရင် ပြင်သစ်ဘက်က နည်းနည်းပိုသာပါတယ် ဘယ်လ်ဂျီယံဟာ အရင်တစ်ပွဲ အဆင်ပြေအောင် စွမ်းဆောင်နိုင်ပေမယ့် အစစအရာရာ သိပ်အဆင်မပြေသေးပါဘူး အဓိက တိုက်စစ်ပိုင်းမှာဆိုရင် ထိပ်တန်းကစားသမားတွေရှိနေပေမယ့် ပိုပိုလိုလို ဖြစ်နေပါသေးတယ် ပြင်သစ်တို့ကျတော့ ပထမပွဲတုန်းက အမ်ဘတ်ပီကို အသုံးချလို့မရကတည်းက အခြေနေသိပ်မကောင်းပါဘူး အမ်ဘတ်ပီဟာ အရင်တစ်ပွဲကတည်းက ပြန်လာပြီဆိုပေမယ့် ကောင်းသင့်သလောက် မကောင်းနိုင်သေးပါဘူး ဒီပွဲ အပြန်အလှန်တိုက်စစ်ဆင်ကစားလိမ့်မယ် ပွဲရလဒ်ကိုတော့ ခန့်မှန်းရခက်ပါတယ် ဒါပေမယ့် ကျွန်တော့်အမြင်နဲ့ဆိုရင်တော့ ပြင်သစ်ဘက်က နည်းနည်းပိုသာနေလို့ အနိုင်ရသွားမယ်ထင်ပါတယ်

France – ပြင်သစ်အသင်း ပထမခေါက်တုန်းက သိပ်မစွမ်းဆောင်နိုင်သေးပါဘူး ပထမ ၃ ပွဲကစားပြီး ၁ ပွဲနိုင် ၂ ပွဲသရေပဲ လုပ်ထားနိုင်တယ် ၅ မှတ်စုစည်းပြီး အုပ်စုဒီရဲ့ အဆင့် ၂ မှာပဲ ရပ်တည်နိုင်တယ် နောက်ဆုံးတစ်ပွဲတုန်းက ပိုလန်နဲ့ ၁-၁ သရေကျလာပါတယ် ပြင်သစ်အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမား မရှိသလို ဘန်းခံထိထားတဲ့ကစားသမားလည်း မရှိပါဘူး ဒီပွဲ အရေးကြီးတဲ့တိုက်စစ်မှူး Kylian Mbappe က ပြန်လည်ဆင်းနိုင်နေပါပြီ သူတို့ ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Mike Meignon ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Jules Gunde, William Saliba, Dayot Upamecano နဲ့ Theo Hernandez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာ N’Golo Kante ကို ပြိုင်ဘက်ရဲ့ ကစားစနစ်ကို ဖြတ်ချုပ်ဖို့ တာဝန်ပေးထားမယ် Aurelien Joameny နဲ့ Adrien Rabiot တို့ကျတော့ ကစားပွဲချိတ်ဆက်မှု ပြုလုပ်လိမ့်မယ် ကျန်တဲ့ တိုက်စစ်ပိုင်းကျတော့ Ousmane Dembele, Kylian Mbappe နဲ့ Antoine Griezmann တို့ သုံးယောက်ကိုပဲ ဂိုးသွင်းဖို့နေရာ တာဝန်ပေးထားလိမ့်မယ်။

Belgium – ဘယ်လ်ဂျီယံအသင်းကျတော့ ယူရို ၂၀၂၄ ပထမအဆင့်တုန်းက စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး ၃ ပွဲဆင်းကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် လက်ထဲ ၄ မှတ်ကိုင်ထားပြီး အုပ်စုအီရဲ့ ဒုချန်ပီယံအနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်လာတယ် နောက်ဆုံးတစ်ပွဲတုန်းက ယူကရိန်းနဲ့ ၀-၀ သရေကျလာပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ပေါင်ဒဏ်ရာရထားတဲ့ Thomas Meunier ကို ကိုင်တွယ်လို့မရသေးပါဘူး Axel Witsel နဲ့တစ်ယောက်လည်း ကြွက်သားဒဏ်ရာရထားတယ် ဒါပေမယ့် Dodi Luquebakio နဲ့တစ်ယောက်ကျတော့ ဘန်းစာရင်းမှ လွှတ်မြောက်လာပါပြီ ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ပဲ ကစားကြမယ်ထင်တယ် ဂိုးသမားနေရာ Coon Castells ကို တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Timothy Castagne, Vaut Fas, Artur Theat နဲ့ Jan Vertonghen တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် အလယ်တန်းမှာ Kevin de Bruyne, Amadou Onana, Youri Tielemans တို့ကို တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာကျတော့ Jeremy Dogu, Romelu Lukaku နဲ့ Leandro Trossard တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

France (4-3-3) : Maignan; Kounde, Saliba, Upamecano, Hernandez; Kante, Tchouameni, Rabiot; Griezmann; Thuram, Mbappe

Belgium (4-3-3) : Casteels; Castagne, Faes, Vertonghen, Theate; Tielemans, Onana; Doku, De Bruyne, Carrasco; Lukaku

Missing Players

France

Belgium – Axel Witsel (Groin injury), Thomas Meunier (Partial muscle tear)

Facebook

Portugal – ပေါ်တူဂီအသင်း ပထမ ၃ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဂျော်ဂျီယာကို ၀-၂ နဲ့ ရှုံးလာတယ် အဲ့ပွဲ အဓိကကစားသမား ၈ ယောက်တောင် အနားပေးခဲ့တယ် ဒီပွဲအတွက် အားလုံး ပြန်ရောက်လာနေကြပါပြီ ပေါ်တူဂီအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားမရှိပါဘူး အနားတွေလည်း တော်တော်ယူထားကြတာဆိုတော့ ဒီပွဲအတွက် တော်တော်လေး အဆင်သင့်ဖြစ်နေကြပါပြီ ဘန်းစာရင်းထဲ ပါသွားတဲ့ Rafael Leao ကလည်း ဒီပွဲ ပြန်လာပြီ ပေါ်တူဂီအသင်း ဒီပွဲ ၄-၃-၃ စနစ်လေးနဲ့ ဂိုးသမားနေရာ Diogo Costa ဖြစ်ပြီး ခံစစ်ပိုင်းမှာကျတော့ Joao Cancelo, Ruben Dias, Pepe နဲ့ Nuno Mendes တို့ပဲ ဖြစ်ပါလိမ့်မယ် ကွင်းလယ်နေရာမှာ Bruno Fernandes, Joao Palinha, Vitinha တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးပြီး ဂိုးသွင်းဖို့နေရာမှာကျတော့ Bernardo Silva, Cristiano Ronaldo, Rafael Leao တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Slovenia – ဆလိုဗေးနီးယားအသင်းကျတော့ ပထမ ၃ ပွဲကစားပြီး ၃ ပွဲလုံး သရေကျသွားပါတယ် ဒီပွဲအတွက် အရင်တစ်ပွဲတုန်းက အသုံးပြုခဲ့တဲ့ ကစားသမားတွေကိုပဲ ၄-၄-၂ စနစ်လေးနဲ့ ဆက်ပြီး အသုံးချသွားမယ်ထင်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အင်္ဂလန်အသင်းနဲ့ ၀-၀ သရေကျလာပါတယ် ဆလိုဗေးနီးယားအသင်း ဒီပွဲ ဘန်းခံထိထားတဲ့ ဘယ်ခံစစ်မှူး Eric Jansa ကိုကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့လူတွေကတော့ အဆင်သင့်ဖြစ်ကြပါတယ် ဒီပွဲ သူတို့ ၄-၄-၂ စနစ်နဲ့ပဲ ကစားလိမ့်မယ် ဂိုးသမားနေရာ အသင်းကပ္ပတိန်ဖြစ်တဲ့ Jan Oblak ကိုတာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ San Karnicchnik, Vanya Durkusic, Jaka Biyol နဲ့ Jure Balkovits တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာကျတော့ Petar Stojanovic, Adam Gnezda Cherin, Timi Max Elsnik, Jan Mlakar တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Andrāj Sporar နဲ့ Benjamin Cesco တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

နိုင်ငံတာကယူရိုပွဲစဥ် အုပ်စုဗိုလ်လုပွဲ ဒီပွဲမှာတော့ တောင့်တင်းမှုအရမ်းရှိတဲ့ပေါ်တူဂီအသင်း အရင်တစ်ပွဲတုန်းက ဘာအကျိုးမှမရှိပဲ ရှုံးလာပေမယ့် ဆလိုဗေးနီးယားအသင်းကျတော့ ခြေစွမ်းပြပြီး ဒီအဆင့်ကို တက်ရောက်လာပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ နီးစပ်မှုရှိတယ် ပေါ်တူဂီမှာ ၃ ပွဲနိုင် ၂ ပွဲရှုံးဖြစ်ပြီး ဆလိုဗေးနီးယားတို့ကျတော့ ၁ ပွဲနိုင် ၄ ပွဲသရေဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၁ ပွဲတုန်းက ဆလိုဗေးနီးယားဘက်က အနိုင်ရသွားပါတယ် ဒီနှစ်သင်း ယှဉ်ကြည့်ရင် ပေါ်တူဂီဘက်က ပိုသာပါတယ် ကစားသမားရဲ့ နာမည်ကျော်ကြားမှုကစ အောင်မြင်တွေရောပါ ပိုသာတယ် ဒါပေမယ့် အရင်တစ်ပွဲ အချင်းချင်းဆုံပြီး ဆလိုဗေးနီးယားဘက်က အနိုင်ရသွားတယ် ဒါပေမယ့်လည်း အဲ့ပွဲ ခြေစမ်းပွဲလေးဖြစ်တဲ့အတွက် ဒီလို အတည်ဖြစ်တဲ့ပြိုင်ပွဲနဲ့ တခြားစီဖြစ်သွားလိမ့်မယ် ပေါ်တူဂီအသင်းက မိနစ် ၉၀ အတွင်း အနိုင်ရအောင်လုပ်ယူလိမ့်မယ် လွယ်တော့မလွယ်ပေမယ့် နောက်ဆုံးမှာတော့ လုပ်နိုင်မယ်ထင်ပါတယ်။

11 Players

Portugal (4-3-3) : Costa; Cancelo, Pepe, Dias, Mendes; Vitinha, Palhinha, Fernandes; B. Silva, Ronaldo, Leao

Slovenia (4-4-2) : Oblak; Karnicnik, Drkusic, Bijol, Balkovec; Stojanovic, Elsnik, Gnezda Cerin, Mlakar; Sporar, Sesko

Missing Players

Portugal

Slovenia – Erik Janza (Yellow card suspension)

Facebook