ထိပ်သီးအင်အားကြီးနှစ်သင်းပြိုင်ဆိုင်မှု

မန်ယူ Vs ဝက်စ်ဟမ်း [04 Feb 24 - 20:30 hrs]

ထိပ်သီးအင်အားကြီးနှစ်သင်းပြိုင်ဆိုင်မှု ဒီပွဲကတော့ ဒီတစ်ပတ်ရဲ့ စိတ်ဝင်စားစရာအကောင်းဆုံးထဲပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ် Top4 နေရာ လုယက်မယ့်အသင်းတွေရဲ့ပြိုင်ပွဲလည်းဖြစ်တယ် မန်ယူအသင်းက အခုမှ အနိုင်ရလာပေမယ့် စွမ်းဆောင်ရည်ကိုတော့ သိပ်ပြီး သဘောကျမနေပါဘူး ပွဲစစလာချင်းတုန်းက ပိုသာခဲ့တာတောင် မနည်းရုန်းကန်ပြီး အနိုင်ရရှိလာတယ် ဝက်စ်ဟမ်းအသင်းကျတော့ သရေပွဲတွေများနေတယ် အဲ့ဒီမှားယွင်းမှုကြောင့် ထိပ်ပိုင်းစာရင်းကနေ ပြုတ်ခါနီးနေပါပြီ အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၁၅၃ ပွဲထဲမှာ မန်ယူဘက်က ၇၃ ပွဲနိုင်ပြီး ဝက်စ်ဟမ်းဘက်က ၄၈ ပွဲ အနိုင်ရသွားပါတယ် ကျန်တဲ့ ၃၂ ပွဲကတော့ သရေကျသွားတယ် နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းအသင်း အိမ်ကွင်းနဲ့မန်ယူကို ၂-၀ ထောင်းလွတ်ခဲ့တယ် ဒီကစားပွဲအခြေနေကတော့ အိမ်ရှင်ဘက်က ဘောလုံးပိုင်ပြီး တိုက်စစ်ဆင်ဖို့ကြိုးစားမယ် ဧည့်သည်အသင်းက ခံစစ်ပိတ်ပြီး သူတို့စတိုင်လ်အတိုင်း တန်ပြန်တိုက်စစ်ဆင်ဖို့စောင့်နေလိမ့်မယ် ပထမပွဲတုန်းက ဝက်စ်ဟမ်းဘက်က အရင်နိုင်ထားတော့ အဲ့ပြွကနေ တန်ဟက်က ဘာမြင်သွားပြီး ဘယ်လိုမျိုး ကာကွယ်စောင့်ရှောက်မလဲဆိုတာ စိတ်ဝင်စားစရာတစ်ခု ဖြစ်ပါတယ် မန်ယူအသင်းရဲ့ အခုနောက်ပိုင်း သူတို့ရဲ့တိုက်စစ်ပိုင်းက နည်းနည်းပါးပါး ပြန်ကောင်းပေမယ့် ခံစစ်ပိုင်းကတော့ စိတ်ပူစရာကောင်းတုန်းပါ ကံကောင်းလို့ အဓိကကစားသမားတွေကို တော်တော်များများ ပြန်ကိုင်တွယ်လို့ရနေတော့ အဲ့လောက်ထိ စိတ်မပူရတော့ပါဘူး ဒါပေမယ့်လည်း ဒီပွဲ ဝက်စ်ဟမ်းအသင်းက ခပ်မာမာလေးနဲ့ မန်ယူအသင်းရဲ့ တိုက်ခိုက်မှုကို ခံနိုင်မယ့်အနေအထား ရှိလောက်ပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်းဟာ ကြာသပတေးနေ့တုန်းက ဝုဗ်ဗာဟန်တန်အပေါ် ၄-၃ နဲ့ အနိုင်ရရှိလာပါတယ် အဲ့ပွဲ မိုင်နူးလေးက အပိုချိန်အတောအတွင်းမှာ အနိုင်ဂိုးသွင်းပေးခဲ့တာဖြစ်ပါတယ် အဲံပွဲ အနိုင်ရသွားတဲ့အတွက် မန်ယူအသင်းမှာ လောလောဆယ် ယုံကြည်မှုအပြည့်ပဲ ရှိနေကြတယ် ဒါပေမယ့် ဒီလိုပုံစံကောင်းကို ဘယ်အထိ ထိန်းသိမ်းနိုင်မလဲတော့မပြောတတ်ပါဘူး အရင်ပြိုင်ပွဲတွေတုန်းက ခြေစွမ်းတွေ ကောင်းလိုက်ဆိုးလိုက် ဖြစ်နေလို့ပါ အသင်းရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ တန်ဟက်မှာ ဒီပွဲအတွက် ဒဏ်ရာရထားတဲ့ Anthony Martial နဲ့ Tyrell Malasia တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Aaron Wan-Bissaka, Mason Mount နဲ့ Victor Lindelof တို့မှာလည်း အခြေနေပြန်ကောင်းပြီး ဒီပွဲပါနိုင်မလားမသိသေးပါဘူး။

 

West Ham United : ဝက်စ်ဟမ်းအသင်းကျတော့ အခုနောက်ပိုင်း ကျဆင်းနေပြီး ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် ကြာသပတေးနေ့တုန်းက ဘုန်းမောက်နဲ့ ၁-၁ သရေကျလာတယ် အဲ့ဒီလိုနဲ့ပွဲ လိဂ်ပွဲစဉ် ၃ ပွဲဆက်တိုက် သရေကျသွားတွေချည်းဖြစ်ပါတယ် မိုယက်အသင်းက လောလောဆယ် အဆင့် ၆ မှာရပ်တည်ပြီး လက်ထဲ ၃၆ မှတ် ကိုင်ဆောင်ထားတယ် ဒီရာသီမှာ ၂၂ ပွဲတော့ ကစားပြီးသွားပါပြီ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က အဆင့် ၇ မှာရှိနေတဲ့မန်ယူအသင်းဖြစ်ပါတယ် သူတို့ရဲ့ရမှတ်က မန်ယူထက် ၁ မှတ်လေးပဲ ပိုသာနေပါတယ် အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ မိုယက်မှာ ဒီပွဲ ဒူးခေါင်းဒဏ်ရာရထားတဲ့ Michael Antonio ကို ကိုက်တွယ်လို့မရသေးပါဘူး Lucas Paqueta နဲ့တစ်ယောက်မှာလည်း ခြေတလုံးမှာ ဒဏ်ရာရထားတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြတယ်။

11 Plyaers

Manchester United (4-2-3-1) : Onana; Dalot, Varane, Martinez, Shaw; Mainoo, McTominay; Antony, Fernandes, Rashford; Hojlund

 

West Ham United (4-3-2-1) : Areola; Coufal, Aguerd, Zouma, Emerson; Soucek, Alvarez; Kudus, Ward-Prowse, Cornet; Bowen

Missing Players

Manchester United – Mason Mount (unknown injury), Victor Lindelöf (Groin injury), Tyrell Malacia (unknown injury), Anthony Martial (Groin surgery)

West Ham United – Michail Antonio (Knee injury), Lucas Paquetá (Calf injury),S.Bernrahma (Red Card)

Facebook

ဒီတစ်ပတ်အတွင်း ကြီးမားတဲ့ပြိုင်ပွဲတစ်ပွဲဖြစ်ပါတယ် ဒီနှစ်သင်းဟာ ဇန်နဝါရီလတုန်းကမှ FA ဖလားပွဲမှာ ရင်ဆိုင်ခဲ့လာပါတယ် အဲ့ပွဲ လီဗာပူးလ်ဘက်က အနိုင်ကောက်ရသွားတယ် အဲ့ပွဲ လီဗာပူးဘက်က ပိုနစ်နာပေမယ့် တောင့်တင်းမှုနဲ့ ပြတ်သားက ပိုသာနေတဲ့အတွက် အဲ့ဟာတွေကို အသုံးချပြီး အနိုင်ရအောင် ထိပ်သီးအင်အားကြီးနှစ်သင်းပြိုင်ဆိုင်မှု လုပ်ဆောင်နိုင်ခဲ့ပါတယ် လိဂ်ပွဲစဉ် ပထမပွဲတုန်းကကျတော့ အန်ဖီးလ်ကါင်းနဲ့ ၁-၁ သရေကျလာပါတယ် အခုအချိန်မှာ ယုံကြည်မှုရှိနေတာချင်းတူတယ် ဒီပွဲက အရေးကြီးပြီး ချန်ပီယံနေရာနဲ့ ထိခိုက်သွားမှာဆိုတော့ နှစ်သင်းစလုံးမှာပဲ အကောင်းဆုံးကြိုးစားလိမ့်မယ် အာဆင်နယ်ဘက်က အိမ်ရှင်အသင်းမို့လို့ အကျောပိုရထားပါတယ် တိုက်ခိုက်မှုအတွက် အဆင်သင့်ပိုင်းကတော့ အတူတူပါပဲ လီဗာပူးလ်မှာ လက်နက်ကြီးဖြစ်တဲ့ဆာလာမရှိပေမယ့် စံချိန်အရ သွင်းဂိုးတွေကတော့ လျော့ကျမသွားပါဘူး ဒီပွဲ အရမ်းကြည့်ကောင်းမယ်ထင်ပြီး ပွဲရလဒ်က ၃ မျိုးစလုံး ထွက်ပေါ်လာနိုင်တယ် ကစားပွဲအခြေနေကတော့ အိမ်ရှင်ဘက်က တိုက်စစ်ဆင်ပြီးကစားမယ် ဧည့်သည်အသင်းကျတော့ ထိုးတက်ပြီး အရှေ့ဆုံးမှာ ဖိအားလိုက်ပေးလိမ့်မယ် အရင်က ဆုံခဲ့တဲ့တစ်ပွဲတုန်းကလိုမျိုးပေါ့ ပြီးရင် အာဆင်နယ်ရဲ့အမှားကို စောင့်ပြီး တန်ပြန်တိုက်ခိုက်လိမ့်မယ် အာတီတာက အရင်တစ်ပွဲတုန်းကအဖြစ်အပျက်ကို မှတ်မိပြီး သေသေချာချာ တွက်ချက်ပြီး စီစဉ်ထားလောက်ပါတယ် အဲ့ပွဲ သူတို့ဘက်က မတရားတိုက်စစ်ဆင်ပြီး အမှားနည်းနည်း လုပ်မိသွားတော့ ပြန်ကြုံးခံထိသွားရော ဒီပွဲမှာတော့ အရည်သွေးရှိရှိနဲ့ တိုက်ခိုက်ခဲ့ကြလိမ့်မယ် စိတ်ဖိစီးမှုတွေ ဖြစ်ပေါ်မယ် နှစ်ဘက်စလုံးက အခွင့်ရေးကြုံတော့မှ ဝင်ကြုံးမယ့်အနေအထားရှိလိမ့်မယ် ဒီပွဲက သူတို့အတွက် အရမ်းအရေးကြီးလို့ပါ အဲ့ဒီလိုနဲ့ သရေကျရုံပဲပြီးဖို့အတော်လေးများပါတယ်။

Arsenal : အိမ်ရှင်အာဆင်နယ်အသင်းဟာ နှစ်သစ်ကူးခါစတုန်းက ဆက်တိုက်တွေရှုံးပြီး အခုမှပဲ အခြေနေပြန်ကောင်းလာတယ် နောက်ဆုံး လိဂ်ပွဲစဉ် ၂ ပွဲဆက်တိုက် အနိုင်ပြန်ရခဲ့တယ် တစ်ပွဲက ခရစ်စတယ်ပဲလေစ့်အပေါ် ၅-၀ နောက်တစ်ပွဲကျ ဖောရက်စ်အပေါ် ၁-၂ နဲ့ အနိုင်ရသွားပြီး အဆင့် ၃ နေရာမှာ ပြန်ရပ်တည်နေပါတယ် ဒီရာသီ ၂၂ ပွဲကစားပြီး ၄၆ မှတ် ကိုင်ဆောင်ထားတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ရဲ့နောက်ကနေ ၅ မှတ်လိုက်နေတယ် ဒီရာသီအတွင်း ၂ ပွဲဆုံထားပါတယ် တစ်ပွဲက ပရီးမီးယားလိဂ်ပွဲစဉ် အန်ဖီးလ်ကွင်းနဲ့ ၁-၁ သရေကျသွားတယ် နောက်တစ်ပွဲကျတော့ FA ဖလားပွဲ အာဆင်နယ်ရဲ့အိမ်ကွင်းမှာ လီဗာပူးလ်က အနိုင်သွားယူလာတယ် အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Jurrien Timber နဲ့ Fabio Vieira တို့ မရှိသေးပါဘူး ကံကောင်းတာတော့ သောမတ်စ်ပါတေး ပြန်လည်ရောက်ရှိလာပါပြီ အခြေနေတော့ နည်းနည်းစစ်ဆေးရမယ်ထင်တယ် ကြားထဲမှာ နိုင်ငံအသင်းနဲ့ သွားကစားနေတဲ့ Mohamed Elneny နဲ့ Tomiyasu တို့လည်း ဒီပွဲ မပါနိုင်သေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

 

Liverpool : ပရီးမီးယားလိဂ်ထိပ်ဆုံးဖြစ်တဲ့ လီဗာပူးလ်အသင်းကျတော့ ခြေစွမ်းတက်ကြွနေပြီး ၁၁ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး လောလောဆယ် ထိပ်ဆုံးမှာ လေအေးတွေခံနေရတယ် ချယ်လ်ဆီးဆိုတဲ့အသင်းကြီးတောင် ကလော့ပ်ရဲ့အသင်းကို ၄-၁ နဲ့ခံခဲ့ရတယ် အဆင့် ၁ မှာဆက်လက် ရပ်တည်နေပြီး အဆင့် ၂ မှာရှိတဲ့ မန်စီးတီးထက် ၅ မှတ်ပိုသာနေတယ် ဒါပေမယ့် လီဗာပူးလ်ဘက်က ၁ ပွဲပိုကစားထားပါတယ် အသင်းရဲ့အဆင်သင့်ပြင်ဆင်မှုကတော့ ဒဏ်ရာရထားတဲ့ Thiago Acantara, Stefan Bai Cetic, Joel Matip နဲ့ Mohamed Salah တို့ မရှိသေးပါဘူး ဂျပန်အသင်းနဲ့ကစားနေတဲ့ Wataru Endo လည်း ပြန်မလာသေးပါဘူး ကျန်တာတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

11 Players

Arsenal (4-3-3) :  Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli

 

Liverpool (4-3-3) : Alisson; Alexander-Arnold, Konate, Van Dijk, Robertson; Jones, Mac Allister, Szoboszlai; Jota, Gakpo, Diaz

 

Missing Players

Arsenal – Thomas Partey (Hamstring injury), Fábio Vieira (Groin surgery)

Liverpool – Ben Doak (Meniscus tear), Mohamed Salah (Hamstring muscle injury), Thiago (Hip injury), Stefan Bajcetic (Calf injury), Konstantinos Tsimikas (Broken collarbone), Joel Matip (Cruciate ligament tear)

Facebook