ယူရို 2024 တိုက်ရိုက်လွှင့် ဘောလုံးပွဲများ

ယူရို 2024 တိုက်ရိုက်လွှင့် ဘောလုံးပွဲများ နယ်သာလန် Vs အင်္ဂလန် [10 Jul 24 - 01:30 hrs]

ယူရို 2024 တိုက်ရိုက်လွှင့် ဘောလုံးပွဲများ ဒီပွဲ စွမ်းဆောင်ရည်အတော်ကောင်းတဲ့ နှစ်သင်းရဲ့ တွေ့ဆုံမှုဖြစ်ပါတယ် နယ်သာလန်အသင်း အခုနောက်ပိုင်း ခြေစွမ်းတကယ်တက်ကြွပါတယ် Gakpo, Depay သို့မဟုတ် အရန်တကစားသမားဖြစ်တဲ့ Vout Wakehorst တို့လို တိုက်စစ်မှူးတွေက တိုက်စစ်ပိုင်းအတွက် ထိရောက်မှုပိုရှိစေပြီး လိမ့်ဘောကစ မြောက်ဘောတွေပါ ကောင်းအောင်စွမ်းဆောင်နိုင်ကြပါတယ် ပြိုင်ဘက်ကို တော်တော်ဒုက္ခပေးမယ့် တိုက်စစ်မှူးတွေဖြစ်ပါတယ် အင်္ဂလန်အသင်းကျတော့ စွမ်းဆောင်ရည် အလုံးစုံခြုံကြည့်ရင် အဆင်ပြေပါတယ် သူတို့မှာ ယုံကြည်မှုရှိပြီး ဘောလုံးကိုင်တွယ်ရဲလာတယ် ဂိုးသွင်းဖို့ကြိုးစားတဲ့နေရာမှာ ပိုမိုထိရောက်လာပါတယ် အဓိကဖြစ်တဲ့ ရှောကိုပါ ရလာပြီဆိုတော့ ခံစစ်အတွက်မက တိုက်စစ်အတွက်ပါ ပိုကောင်းလာလိမ့်မယ် Bellingham, Saka, Foden နဲ့ Kane တို့လို တိုက်စစ်မှူးတွေကလည်း အခုနောက်ပိုင်း  နားလည်မှု ပိုတိုးပွားလာပါပြီ ပြိုင်ဘက်ကို အန္တရာယ်ပိုပေးနိုင်ပါပြီ နှစ်သင်းစလုံးကတော့ ဒီပွဲ မိနစ် ၉၀ လုံးလုံး အလှည့်ကျ တိုက်စစ်ဆင်ကစားလိမ့်မယ် ဒါဟာ အင်္ဂလန်အသင်းရဲ့အရည်အသွေးကို အလိုလိုစမ်းသပ်ပေးသွားလိမ့်မယ် ဘာလို့လဲဆိုတော့ ဒီပွဲ သူတို့ရဲ့ပြိုင်ဘက်က အရင်ပွဲတွေထက်ကောင်းနေလို့ပါ အဓိက Gakpo နဲ့တစ်ယောက်ဆိုရင် အင်္ဂလန်ကစားသမားတွေရဲ့အကြောင်းကို ကောင်းကောင်းသိထားတယ် ကြားထဲ ခေါင်းနဲ့ ဂိုးသွင်းတတ်တဲ့ ဗန်ဒိုက်စ်ပါရှိနေတော့ အင်္ဂလန်အသင်းရဲ့ခံစစ်ပိုင်းက ခံနိုင်မယ်မထင်ပါဘူး နယ်သာလန်ရဲ့ စွမ်းဆောင်ရည်က ပိုသာပေမယ့် ကစားသမားအသီးသီးတွေကျတော့ အင်္ဂလန်ဘက်က ပိုသာပါတယ် ဒီပွဲ မနိုင်မရှုံးလေးနဲ့ Extra time အထိ ကစားရမယ့်အနေအထား အရမ်းများပါတယ်။

Netherland- Ronald Koeman လက်ထက်က နယ်သာလန်အသင်းဟာ အုပ်စုဒီမှာရှိပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံး စွမ်းဆောင်နိုင်ခဲ့ပါတယ် (ပိုလန်ကို ၁-၀ နဲ့ နိုင်ပြီး ပြင်သစ်နဲ့ ၀-၀ သရေကျလာတယ် ပြီးရင် သြစတြီးယားကို ၂-၃ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်) အုပ်စုရဲ့ အဆင့် ၃ အနေနဲ့ ၁၆ သင်းအဆင့်ကို တက်ရောက်ခဲ့တယ် အဲ့အဆင့်မှာ ရိုမေးနီးယားကို ၃-၀ နဲ့ နိုင်ပြီး နောက်ဆုံး ၈ သင်းအဆင့်မှာကျတော့ တူရကီကို ၂-၁ နဲ့ ကပ်နိုင်လာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ စိတ်ပူစရာမရှိပါဘူး ဒဏ်ရာရထားတဲ့ကစားသမားတဲ့ ဘန်းခံထိထားတဲ့ ကစားသမားတွေမရှိပါဘူး အဓိကကစားသမားတွေကလည်း အပြည့်အစုံ ရှိနေကြတယ် Ronald Koeman က ဒီပွဲ သူ့အသင်းကို အရင်က အသုံးပြုတဲ့ ၄-၃-၃ စနစ်ကိုပဲ ဆက်ပြီး အသုံးချသွားလိမ့်မယ် ဂိုးသမားနေရာ အရင်က Bart Verbrucken ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းနေရာမှာကျတော့ Denzel Dumfries ကို ညာဘက်ခံစစ်မှာထားမယ် Virgil van Dijk, Stefan de Vrij တို့ကျတာ့ ကွင်းလယ်နေရာမှာထားမယ် ပြီးရင် Nathan Age ကို ဘယ်ဘက်ခြမ်းမှာ တာဝန်ပေးထားလိမ့်မယ် Xabi Simmons ကျတော့ Tiyani Rijnders နဲ့ Jerdi Schouten တို့နဲ့အတူ အလယ်တန်းမှာ တာဝန်အတူတူဆင်းယူခဲ့ကြလိမ့်မယ် တိုက်စစ်ပိုင်းကျတော့ ဒီအစီစဉ်မှာ ၃ ဂိုးသွင်းထားတဲ့ Cody Gakpo ကို Steven Bergwijn နဲ့ Memphis Depay တို့နဲ့အတူ ဂိုးသွင်းဖို့နေရာ တာဝန်ရှိပေးထားလိမ့်မယ်။

 

England –Gareth Southgate နည်းပြလက်ထက်မှ အင်္ဂလန်အသင်းကျတော့ အုပ်စုအဆင့်တုန်းက အရှုံးပွဲမရှိသေးပါဘူး ၁ ပွဲနိုင် ၂ ပွဲသရေ လုပ်ထားနိုင်တယ် (ဆားဗီးယားကို ၁-၀ နဲ့ နိုင်ပြီး ဒိန်းမတ်နဲ့ ၁-၁ သရေကျတယ် ပြီးရင် ဆလိုဗေးနီးယားနဲ့လည်း ၀-၀ သရေကျလာခဲ့ပါတယ်) ၅ မှတ်လေးကိုင်ဆောင်ပြီး ၁၆ သင်းအဆင့်ကို အုပ်စုချန်ပီယံအနေနဲ့ တက်ရောက်ခဲ့တယ် အဲ့ဒီအဆင့်မှာ ဆလိုဗက်ကီးယားကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီး ၈ သင်းအဆင့်မှာကျတော့ ပင်နယ်တီအဆုံးအဖြတ်နဲ့ ဆွစ်ဇာလန်ကို ၅-၃ နဲ့ အနိုင်ရရှိလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘန်းစာရင်းမှ လွှတ်မြောက်လာတဲ့ Mark Gehi ကို ပြန်လည်ကိုင်တွယ်လို့ရပြီ ဆောက်ဂိတ်က ဒီပွဲ ခံစစ်နေရာမှာ ခံစစ်မှူး ၄ ယောက် ချတဲ့စနစ်ကို ပြန်အသုံးချပြီး Center Half ကိုကျတော့ ၃ ယောက် ချထားမယ်ထင်ပါတယ် သူက သူ့အသင်းကို ၄-၂-၃-၁ စနစ်နဲ့ ကစားခိုင်းပြီး ဂိုးသမားနေရာ အရင်တစ်ပွဲကမှ ပင်နယ်တီဂိုးဖမ်းပေးတဲ့ Jordan Pickford ကို တာဝန်ပေးထားလိမ့်မယ် ခံစစ်နေရာမှာကျတော့ ပြောင်းလဲမှုရှိမယ်ထင်တယ် ဘာလို့လဲဆိုတော့ လုရှောက ဒီပွဲ ပြန်လာနေပြီမို့လို့ပါ သူ့ကို ဘယ်ခံစစ်မှာထားပြီး John Stones, Mark Gehi တို့ကျတော့ ကွင်းလယ်နေရာမှာ ချထားလိမ့်မယ် ပြီးရင် Kyle Walker ကို ညာခံစစ်မှာ ထားထားလိမ့်မယ် အလယ်တန်းမှာကျတော့ Kobbie Mainoo နဲ့ Declan Rice တို့နှစ်ယောက်ကို Jude Bellingham နဲ့အတူ ကစားပွဲထိန်းချုပ်ဖို့ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းမှာကျတော့ Bukayo Saka, Phil Foden တို့ကို တိုက်စစ်ဆင်ကစားဖို့ တာဝန်ပေးပြီး ထိပ်ဆုံးမှာ ဟယ်ရီကိန်းကို ချထားလိမ့်မယ်။

11 Players

Netherland (4-2-3-1) : Verbruggen; Dumfries, De Vrij, Van Dijk, Ake; Schouten, Reijnders; Malen, Simons, Gakpo; Depay

England (3-4-2-1) : Pickford; Walker, Stones, Guehi; Saka, Mainoo, Rice, Trippier; Bellingham, Foden; Kane

Missing Players

Netherland – Ian Maatsen (Illness)

England

Facebook