တိကျမှန်ကန်တဲ့ဘောပွဲသုံးသပ်ချက်

အာဆင်နယ် Vs ဘရိုက်တန် [ 31 Aug 24 - 18:00 hrs]

တိကျမှန်ကန်တဲ့ဘောပွဲသုံးသပ်ချက် ဒီပွဲဟာ အာဆင်နယ် နဲ့ ဘရိုက်တန်တို့ရဲ့ တွေ့ဆုံမှုဖြစ်ပြီး ဘယ်သူကိုမှ အမှတ်မဆုံးရှုံးဘဲ ဆက်လက်အနိုင်ရတဲ့ နှစ်သင်းပါ နှစ်သင်းစလုံးရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်ကတော့ ရာသီကြို ခြေစမ်းပွဲအပါ ဘရိုက်တန်အသင်း ၇ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် အိမ်ရှင်အသင်းလည်း တော်တော်ကောင်းတယ် ၁၂ ပွဲကစားပြီး တစ်ပွဲလေးပဲ ရှုံးသွားပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ နောက်ဆုံး ၅ ပွဲမှာ မနိုင်မရှုံးလေးနဲ့ အာဆင်နယ်ဘက်က ၃ ပွဲနိုင်ပြီး ဘရိုက်တန်ဘက်က ၂ ပွဲ နိုင်သွားပါတယ်  ဒီအတွဲအတွက် စိတ်ဝင်စားစရာကောင်းတဲ့ ကိန်းဂဏန်းတစ်ခုကတော့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ ၁၁ ပွဲမှာ ၁ ပွဲသာ သရေကျခဲ့ပါတယ် ကျန်တာ အနိုင်အရှုံးပေါ်တယ် ကစားပွဲအနေအထားကတော့ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးကစားမယ် ဘရိုက်တန်ကျတော့ ကွင်းလယ်နေရာမှာ အလေးထားပြီး Kaoru Mitoma နဲ့ Yakub Minteh တို့ရှိတဲ့ စည်းဘေးကနေ ထိုးတက်မယ် အာတီတာဘက်ကကျတော့ အရင်ကစနစ်ကိုပဲ အလေးထားကစားမယ် ကစားသမားတွေကလည်း အဲ့ဒီစနစ်တွေကို ကောင်းကောင်းနားလည်ထားကြပါတယ် နောက်ပြီး ကိုယ့်အိမ်ကွင်းနဲ့ပါ ကစားရမှာဆိုတော့ အကျောပိုရပါတယ် ဒီပွဲ ဘရိုက်တန်ဘက်က တည့်တည့်ကြီးဝင်လုံးရင်တော့ ပြန်ခံရမယ့်အနေအထားရှိတယ် အဲ့ဒီတော့ အသင်းနည်းပြက အရမ်းသတိထားပြီးကစားခိုင်းလိမ့်မယ် အချင်းချင်း ဆုံခဲ့တဲ့ပွဲမှာ မနိုင်မရှုံးလေးပါပဲ ဒါပေမယ့် ဒီပွဲမှာတော့ အာဆင်နယ်ဘက်က တောင့်တင်းမှုပိုရှိပြီး ကစားပွဲအနေအထားကိုလည်း ပိုနားလည်ထားတော့ ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Arsenal : အာဆင်နယ်အသင်းဟာ အိမ်ကွင်းမှာ ၂ ပွဲကစား ၆ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ဘရိုက်တန်ကို ကျော်ဖြတ်နိုင်ရင် အမှတ်ပေးဇယားထိပ်ကို တက်လာဖို့ အခွင့်အရေးရှိနေပါတယ် ဒါပေမယ့် နည်းနည်းခက်ပုံရတယ် ဘာလို့လဲ ဆိုတော့ ဧည့်သည်အသင်းကလည်း မယုံနိုင်လောက်အောင် ကောင်းမွန်ပါတယ် အသင်းရဲ့မျှော်လင့်ချက်ဖြစ်တဲ့ ကစားသမားမှာ ကိုင်ဟာဗတ်ဇ်ဖြစ်ပြီး ၂ ပွဲကစားထားပြီး ၁ ဂိုးသွင်းယူနဲ့ ၁ ဂိုးဖန်တီးထားတယ် ဒီပွဲမှာ Mikel Arteta ဦးဆောင်တဲ့ အာဆင်နယ်က Takehiro Tomiyasu၊ Gabriel Jesus နဲ့ Kieran Tierney တို့ ဒဏ်ရာပြဿနာအနည်းငယ်ရှိနေတုန်းပါပဲ ကျန်တာပြသာနာမရှိပါဘူး ၄-၃-၃ စနစ်ဖြင့် ဂိုးသမား ဒေးဗစ် ရာယာကို အသုံးပြုမယ် ဗဟိုခံစစ်အတွဲမှာ ဝီလျံဆာလီဘာဖြစ်ပြီး Gabriel Magalnes နဲ့ စတင်လိမ့်မယ် ဘယ်-ညာနောက်တန်းကတော့ Ben White နဲ့ Oleksandr Zinchenko တို့ ဖြစ်ပါတယ် အလယ်တန်းမှာကျတော့ Martin Odegaard, Thomas Partey, Declan Rice တို့ပဲဖြစ်ပြီး တိုက်စစ်ပိုင်းကျတော့ Bukayo Saka၊ Kai Havertz၊ Gabriel Martinelli တို့ပဲ ဖြစ်ပါတယ်။

Brighton : အဝေးကွင်းအသင်းဖြစ်တဲ့ ဘရိုက်တန်အသင်းက ၂ ပွဲကစား ၆ မှတ်အပြည့်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ် ဒီပွဲမှာ အာဆင်နယ်ကို အနိုင်ရခဲ့မယ်ဆိုရင် ဇယားထိပ်မှာ ယာယီရပ်တည်နိုင်မှာပါ ဒါဟာ အမြင့်ဆုံးလိဂ်ရဲ့ ထိပ်တန်းအသင်းရဲ့ သမိုင်းကြောင်းဖြစ်လာလိမ့်မယ် ပြိုင်ဘက်တွေကို သတိထားရမယ့် အန္တရာယ်ရှိတဲ့ ကစားသမားကတော့ ၁ ဂိုးနဲ့ ၁ ဂိုးဖန်တီးထားတဲ့ အာရှတိုက်စစ်မှူး Kaoru Mitoma ဖြစ်ပါတယ် ဒီဂိမ်းမှာ ကစားသမားတွေကို ပိတ်ပင်တာ ပြဿနာမရှိပါဘူး ဒါပေမယ့် ဒဏ်ရာကနေ မသက်သာသေးတဲ့ Sulli March ကို အသုံးပြုခွင့် ဆုံးရှုံးသွားမှာ ဖြစ်ပါတယ် Brajan Groda နဲ့ Mats Wieffer တို့ကျတော့ ကြံ့ခိုင်မှုစစ်ဆေးမှုအတွက် စောင့်နေတယ် ဆဲလ်တစ်မှ ကွင်းလယ်လူသစ် Matt O’Reilly ရက်သတ္တပတ် အလယ်ပိုင်းကစားပွဲမှာ ဒဏ်ရာရခဲ့ပါတယ် အခြေနေတွေကို အကဲဖြတ်ဖို့ စောင့်ရပါမယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Bart Verbrucken ဖြစ်ပြီး နောက်ခံနေရာကျတော့ Joel Veltman, Jan Paul van Hecke, Lewis Dunk နဲ့ Jack Hinshelwood တို့ပဲ ဖြစ်ပါတယ် ကွင်းလယ်နေရာမှာ James Milner နဲ့ Billy Gilmour တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာ Yancuba Minteh, Joao Pedro နဲ့ Kaoru Mitoma တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Arsenal  (4-3-3) : Raya; White, Saliba, Gabriel, Timber; Odegaard, Partey, Rice; Saka, Havertz, Trossard

Brighton (4-2-3-1) : Steele; Veltman, Dunk, Van Hecke, Kadioglu; Milner, Gilmour; Minteh, Pedro, Mitoma; Welbeck

Missing Players

Arsenal  – Takehiro Tomiyasu (Knee injury), Kieran Tierney (Hamstring injury),Gabriel Jesus (Groin Kinjury)

Brighton – Solly March (Knee injury), Pervis Estupiñán (Ankle injury),Matt Oriley (Ankle Injury),Brajan Gruda

Facebook

အသင်းရဲ့ အလားအလာ ကစားသမားအားလုံးနဲ့ နည်းပရိယာယ်နဲ့ပတ်သက်လာပြီး နှိုင်းယှဉ်ကြည့်မယ်ဆိုရင် မန်စီးတီးဟာ သာလွန်တဲ့ အသင်းဖြစ်နေဆဲပါ ဒါပေမယ့် စိတ်ဝင်စားစရာကောင်းတာက ဒီပွဲမှာ လိုပက်တီဂူက Pep Guardiola နဲ့ ဘယ်လိုတိုက်ခိုက်မလဲပေါ့ ဝက်စ်ဟမ်းရဲ့ခံစစ်က အားကိုးစရာကျန်နေသေးရင် မန်စီးတီးက ပွဲကိုစိုးမိုးနိုင်မှာပါ ချန်ပီယံဟောင်းအသင်းကို အနည်းငယ်ပင်ပန်းစေနိုင်ပါတယ် ဒီနှစ်သင်းရဲ့ ထိပ်တိုက် တိကျမှန်ကန်တဲ့ဘောပွဲသုံးသပ်ချက် စာရင်းဇယားအရ သူတို့ဟာ ပြိုင်ပွဲအရပ်ရပ်မှာ ၁၂၁ ကြိမ်ကစားထားပြီး ရလဒ်တွေအရ မန်စီးတီးက ၆၄ ကြိမ်အနိုင်ရထားပါတယ် ဝက်စ်ဟမ်းက ၃၈ ကြိမ်နိုင်ပြီ ၁၉ ကြိမ်သာ သရေကျသွားပါတယ် ထို့အပြင် မန်စီးတီးဟာ ဝက်စ်ဟမ်းအသင်းနဲ့ နောက်ဆုံးတွေ့ဆုံမှု ၁၇ ကြိမ်တွင် (၁၄ ပွဲနိုင်၊ ၃ ပွဲသရေ) ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံးအကြိမ် မန်စီးတီးကို နိုင်သွားတဲ့ အချိန်ကတော့ စက်တင်ဘာလ ၂၀၁၅ သို့မဟုတ် လွန်ခဲ့သော ၉ နှစ်ခန့်ကို ပြန်သွားရမှာဖြစ်ပါတယ် ယခင်စာရင်းဇယား နေရာအနှံ့မှာ တကယ်ကို အားကောင်းတဲ့ မန်စီးတီးတွေရဲ့ စွမ်းဆောင်ရည်နဲ့ ပေါင်းစပ်ပြီး Julen Lopetegui ရဲ့ အဖွဲ့အတွက် တိုက်ပွဲဝင်ဖို့က တကယ်ကို ခက်ခဲလိမ့်မယ် ဒီပွဲ မန်စီးတီးဘက်ကပဲ အနိုင်ကောက်ရသွားလိမ့်မယ်။

West ham : မန်နေဂျာ Julen Lopetegui ရဲ့အိမ်ရှင် ဝက်စ်ဟမ်းဟာ ပြီးခဲ့တဲ့ သီတင်းပတ်က ခရစ္စတယ်ပဲလေ့စ်ကို ၂-၀ ဖြင့် အနိုင်ရပြီးနောက် အိမ်ကွင်းတွင် အက်စတွန်ဗီလာကို ၁-၂ ဖြင့် ရှုံးနိမ့်လာပါတယ် သုံးမှတ်လေးကိုင်ဆောင်ထားပြီး အဆင့် ၉ နေရာမှာ ရပ်တည်နေတယ် အိမ်ရှင်ဝက်စ်ဟမ်းအသင်းမှာ အင်အားပိုင်း ပြသာနာမရှိပါဘူး ဘာလို့လဲဆိုတော့ ဒဏ်ရာရသွားတဲ့ Edson Alvarez က ပြန်လည်ကြံ့လိုင်ပြီး ဆင်းကစားလို့ရနေပါပြီ Guido Rodriguez နဲ့အတူ ကွင်းလယ်နေရာမှာ တာဝန်ဆင်းယူလို့တောင် ရနေပြီဖြစ်ပါတယ် တိုက်စစ်ပိုင်းကနေ ကစားပွဲဖန်တီးဖို့ကျတော့ Lucas Paqueta ကို တာဝန်ပေးထားလိမ့်မယ် Mohammed Kudus, Mikhail Antonio နဲ့ Jarrod Bowen တို့ကျတော့ ဂိုးသွင်းဖို့သာ အာရုံစိုက်နေလိမ့်မယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာ Alfonso Areola ဖြစ်ပြီး ခံစစ်နေရာမှာ Aaron Vas-Bissaka, Jean-Clair Todibo, Max Kilman နဲ့ Emerson Palmieri တို့ပဲ ဖြစ်ပါတယ် ကွင်းလယ်နေရာမှာ Lucas Paqueta, Dildo Rodriguez နဲ့ Edson Alvarez တို့ဖြစ်ပြီး တိုက်စစ်ပိုင်းနေရာကျတော့ Jarrod Bowen, Mohammed Kudus တို့ဖြစ်ပြီး Striker နေရာ Niklas Fullkrug ပဲ ဖြစ်ပါလိမ့်မယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ ချယ်လ်ဆီးကို ၂-၀ နဲ့ အနိုင်ယူပြီး နောက်ဆုံးပွဲစဉ်မှာ Ipswich ကို ၄-၁ နဲ့ အနိုင်ယူပြီး ၂ ပွဲဆက်တိုက် အနိုင်ရကာ အမှတ်ပြည့် ၆ မှတ်လေးနဲ့ အဆင့် ၁ မှာ ရပ်တည်နေပါတယ် ပက်က ဒီပွဲ တတိယမြောက်ပွဲကိုလည်း အနိုင်ရသွားမယ်လို့ မျှော်လင့်ထားပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Oscar Bobb ကို ကိုင်တွယ်လို့မရသေးပါဘူး သူက လေ့ကျင့်ခန်းမှာ ဒဏ်ရာရပြီး တော်တော်ကြာကြာ အနားယူရဖွယ်ရှိပါတယ် Matteo Kovacic, Phil Foden, Rodri တို့ကျတော့ ပြန်လည်ကြံ့ခိုင်ပြီး ဆင်းကစားနိုင်မယ်လို့ ထင်မြင်ထားပါတယ် ဒီပွဲ ပက်က ၄-၂-၃-၁ စနစ်စီစဉ်ထားပြီး ဂိုးသမားနေရာ Ederson ကို တာဝန်ပေးပြီး ခံစစ်နေရာမှာ Rico Lewis, Manuel Akanyi, Ruben Diaz နဲ့ Yosco Guardiol တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာကျတော့ Bernardo Silva နဲ့ Mateo Kovacic တို့ဖြစ်ပြီး စည်းဘေးမှာ Jeremy Dogu, Savinho တို့နှစ်ယောက်ပဲ ဖြစ်ပါလိမ့်မယ် Kevin de Bruyne ကျတော့ အဓိကတိုက်စစ်ပိုင်းမှာ တာဝန်ရှိပြီး Striker နေရာကျတော့ ဟာလန်းပဲ ဖြစ်ပါလိမ့်မယ်။

11 Players

West ham (4-3-3) : Areola; Wan-Bissaka, Todibo, Kilman, Emerson; Alvarez, Soucek; Bowen, Paqueta, Kudus; Antonio

Manchester City (4-2-3-1) : Ederson; Lewis, Akanji, Dias, Gvardiol; Kovacic, Bernardo; Savinho, De Bruyne, Doku; Haaland

Missing Players

West ham – A.Cresswell (Hamstring Injury)

Manchester City – Oscar Bobb (Broken leg),Mateo Kovacic (Knock Injury),Rodri () Leg Injury), Phil Foden (Illness)

Facebook