စူပါဆန်းဒေးပွဲစဥ်

ဖူဟမ် Vs အာဆင်နယ် [ 31 Dec 23 - 20:30 hrs]

စူပါဆန်းဒေးပွဲစဥ် ဒီလန်ဒန်ဒါဘီတိုက်ပွဲမှာ စွမ်းဆောင်ရည်ကျဆင်းတာချင်းတူနေတဲ့ အသင်းတွေရဲ့ပြိုင်ပွဲဖြစ်ပါတယ် ဖူဟမ်အသင်း နောက်ဆုံး ၂ ပွဲ ဂိုးတစ်လုံးမှမသွင်းနိုင်ပဲ ရှုံးနိမ့်လာပါတယ် အာဆင်နယ်အသင်းမှာလည်း ထစ်ခနဲမှားပြီး အဆင့် ၁ နေရာကို ဆုံးရှုံးသွားတယ် ကစားပွဲအနေအထားကတော့ ဒီပွဲ အာဆင်နယ်ဘက်က တိုက်စစ်ဆင်ပြီးကစားလိမ့်မယ် ဖူဟမ်အသင်းကျတော့ ခံစစ်ပိတ်ပြီး အခွင့်ရေးကြုံလာတော့မှ တန်ပြန်တိုက်စစ် ဆင်ကစားခဲ့ကြလိမ့်မယ် ကျွန်တော်ပြောသလို ဖူဟမ်ရဲ့တိုက်စစ်ပိုင်းက အဆင်မပြေသလို ခံစစ်ပိုင်းကလည်း အားနည်းနေတယ် အာဆင်နယ်ဘက်က အခုနောက်ပိုင်း အခြေနေသိပ်မကောင်းပေမယ့် တိုက်စစ်ပိုင်းက ဂိုးသွင်းနိုင်နေကြသေးတယ် အဲ့ဒီတော့ အာဆင်နယ်ဘက်က ဖူဟမ်ရဲ့ စည်းဘေးကနေ တန်ပြန်တိုက်စစ်ကိုပဲ အလေးထားရမယ် အဓိက ဘယ်ဘက်ခြမ်းမှာ တော်တော်ညံ့နေတဲ့ Oleksandr Zinchenko ကို ပိုပြီးအကူညီပေးသင့်ပါတယ် ဒါပေမယ့်လည်း အာဆင်နယ်က ဒီပွဲ အဆင်ပြေအောင် လုပ်ဆောင်နိုင်မယ်လို့ ကျွန်တော်ယုံကြည်ထားပါတယ် အာဆင်နယ်ရဲ့ အိမ်ကွင်းနဲ့တစ်ပွဲတုန်းက ၂-၂ သရေကျသွားတယ် အဲ့ပွဲ ဖူဟမ်ဘက်က ၁၀ ယောက်ထဲကျန်ခဲ့တာတောင် သရေကျအောင် လုပ်နိုင်သေးတယ် လက်ရှိစွမ်းဆောင်ရည် ရှုံးလာတာချင်းတူပေမယ့် ကစားပုံကစားနည်းကြည့်ရင် ဖူဟမ်ဘက်က ပိုဆိုးနေတယ် တိုက်စစ်ပိုင်းဆိုးသလို ခံစစ်ပိုင်းလည်းညံ့နေတယ် ကွင်းထဲကလှုပ်ရှားမှုလည်း ကွက်တိကွက်ကျမရှိဘူး အာဆင်နယ်တခြားစီပဲ အာဆင်နယ်က ဂိုးသွင်းတဲ့နေရာလောက်ပဲလိုနေတယ် ဘောလုံးအပို့အယူကတော့ အဆင်ပြေတယ် ဂိုးသွင်းခွင့်တွေလည်း ဖန်တီးနိုင်တယ် ဂိုးသွင်းတဲ့နေရာသာ ထိန်းနိုင်လို့ကတော့ တော်တော်ကောင်းသွားလိမ့်မယ် ဖူဟမ်ရဲ့ခံစစ်ပိုင်းက အချိန်မရွေး ဂိုးသွင်းခံထိနိုင်နေတော့ အာဆင်နယ်ဘက်က ကပ်နိုင်သွားမယ်ထင်ပါတယ်။

Fulham : ဖူဟမ်အသင်းဟာ စွမ်းဆောင်ရည်ကောင်းပြီးမှ ပြန်ဆိုးသွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက ဘုန်းမောက် ၃-၀ နဲ့ ရှုံးနိမ့်ခဲ့ပါတယ် အဲ့တာနဲ့ သူတို့မှာ လိဂ်ပွဲစဉ် ၃ ပွဲဆက်ဆိုက် ရှုံးနိမ့်သွားပြီဖြစ်ပါတယ် အမှတ်ပေးဇယား အဆင့် ၁၃ မှာ ကျဆင်းသွားပါပြီ ဒီရာသီ ၁၉ ပွဲကစားပြီး ၂၁ မှတ် ကိုင်ဆောင်ထားနိုင်တယ် အဓိကပြသာနာကတော့ ဂိုးသွင်းတဲ့အပိုင်း အဆင်သိပ်မပြေဘူးဖြစ်နေတယ် သူတို့ရဲ့တိုက်စစ်မှူးက ပြိုင်ဘက်ဂိုးကိုမသွင်းနိုင်တာ ၃ ပွဲရှိသွားပါပြီ အဓိကဖြစ်တဲ့တိုက်စစ်မှူး Raul Jimenez မရှိလို့ ကျဆင်းသွားတာလည်းပါတယ် နောက်ပြသာနာတစ်ခုက ခံစစ်ပိုင်းမှာ အားနည်းနေတယ် ခံစစ်မှူးတွေ အရှေ့ထိုးတက်တဲ့အခါ အနောက်ပြန်ဆုတ်လို့ အချိန်သိပ်မမှီဘူး အဲ့ဒီကနေ ဂိုးပြန်သွင်းခံထိပေါင်းမနည်းတော့ပါဘူး ဒီပွဲ ဖူဟမ်အသင်းမှာ ခြေထောက်ဒဏ်ရာရထားတဲ့ Adama Traore မပါနိုင်သေးပါဘူး ကြားထဲမှာ ခြေသလုံးဒဏ်ရာရှိနေတဲ့ Tim Ream နဲ့ ကြွက်သားဒဏ်ရာရထားတဲ့ Willian တို့ကိုလည်း အသုံးချလို့မရသေးပါဘူး ဒါပေမယ့် ဒီပွဲ Raul Jimenez ပြန်လာပါပြီ။

 

Arsenal : အာဆင်နယ်အသင်းကျတော့ အခုမှ အိမ်ကါင်းနဲ့ ဝက်စ်ဟမ်းကို ၀-၂ ရှုံးနိမ့်လာပါတယ် အဲ့ဒီတော့ သူတို့ အဆင့် ၁ နေရာကို ပြန်မယူနိုင်သေးပါဘူး အခုနောက်ပိုင်း အခြေနေသိပ်မကောင်းဘူး နောက်ဆုံး ၅ ပွဲကစားပြီး ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် အဆင့် ၂ မှာရပ်တည်ပြီး လက်ထဲ အမှတ် ၄၀ ကိုင်ဆောင်ထားတယ် အဆင့် ၁ မှာရှိတဲ့လီဗာပူးလ်ထက် ၂ မှတ်နည်းနေတယ် လတ်တလော တည်ငြိမ်မှုက သူတို့ရဲ့စိတ်ခေါ်မှုတစ်ခုဖြစ်လိမ့်မယ် အာတီတာအသင်းရဲ့ ကောင်းကောင်းမြင်ရတဲ့ ပြသာနာကတော့ တိုက်စစ်ပိုင်းပါပဲ တိုက်စစ်မှူး ၃ ယောက်က ချိတ်ဆက်ကစားမှုအားနည်းနေတယ် ကိုယ့်ဘာသာ ဂိုးသွင်းယူမှာဆိုတာချည်းပဲ ဂိုးဖြစ်ရင်တော့ မပြောပါဘူး ဒါပေမယ့် ခြေစွမ်းညံ့ချင်တဲ့ပွဲဆိုရင် အခွင့်ရေး အခါ ၃၀ ရခဲ့တာတောင် တစ်ဂိုးမှမရခဲ့တာမျိုး ဖြစ်တတ်ယ် ဒီပွဲ အာတီတာမှာ ဒဏ်ရာရထားတဲ့ Jurrien Timber ကိုအသုံးချလို့မရသေးပါဘူး Thomas Partey က ပေါင်မှာဒဏ်ရာရထားပြီး Takehiro Tomiyasu က ခြေသလုံးမှာ ဒဏ်ရာရထားပါတယ် Fabio Vieira နဲ့တစ်ယောက်ကျတော့ ခွဲစိတ်ခန်းမှထွက်လာလို့ အနားယူနေရပါတယ် ဒီပွဲ Havertz ကို ပြန်အသုံးချလို့ရပါပြီ။

11 Players

Fulham (4-2-3-1) : Leno; Tete, Adarabioyo, Bassey, Robinson; Palhinha, Reed; Decordova-Reid, Pereira, Iwobi; Jimenez

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Trossard

 

Missing Players

Fulham – Tim Ream (Calf injury), Adama Traoré (Hamstring injury), Tyrese Francois (Knock)

Arsenal – Fábio Vieira (Groin surgery), Takehiro Tomiyasu (Calf injury), Thomas Partey (Hamstring injury), Jurrien Timber (Cruciate ligament tear)

Facebook

ဘုန်းမောက်အသင်း အခုတလော ပရီးမီးယားလိဂ်ထဲမှာ ခြေစွမ်းအပြနိုင်ဆုံးအသင်းဖြစ်နေပါတယ် နောက်ဆုံး ၇ ပွဲကစားပြီး ၆ ပွဲတောင် အနိုင်ရရှိခဲ့တယ် အဲ့ဒီစွမ်းဆောင်ရည်ကိုရအောင် ဦးဆောင်ခဲ့တဲ့နည်းပြကိုလည်း ချီးကျူးရမယ် ရာသီစစလာချင်းတုန်းကထက် အဆပေါင်းများစွာ ကောင်းလာနေပါတယ် စပါးအသင်းကျတော့ အခြေနေသိက်မကောင်းပါဘူး ဆိုးရွားမှုရှိအကြောင်းရင်းက သူတို့မှာ ဒဏ်ရာရထားတဲ့ အဓိကကစားသမားတွေ တော်တော်များများရှိနေကြလို့ပါ အဓိကဆုံးဖြစ်တဲ့ Van der Ven နဲ့ Romero တို့နှစ်ယောက်က တစ်ပြိုင်တည်း ဒဏ်ရာရနေတယ် အဲ့ဒီတော့ စပါးရဲ့ခံစစ်ပိုင်းက စူပါဆန်းဒေးပွဲစဥ် အလိုလိုနဲ့ ကျဆင်းသွားပါတယ် ဒီပွဲ Bissouma နဲ့ Kulusevski တို့ပါ မရှိသေးတော့ အရမ်းပဲ စိတ်ပူစရာကောင်းနေတယ် စပါးအသင်းဟာ ကိုယ့်အိမ်ကွင်းနဲ့ ကစားရမှာဆိုပေမယ့် အဓိကကစားသမား တော်တော်များများကို အသုံးမပြုနိုင်ပဲဖြစ်နေတဲ့အတွက် ခြေစွမ်းသိပ်ပြီး ပြနိုင်မယ်မထင်ပါဘူး နောက်ပြီး ဘုန်းမောက်အသင်းရဲ့အခြေနေကလည်း ပိုပြီးအဆင်သင့်ဖြစ်နေတယ် စွမ်းဆောင်ရည််ကလည်း အရမ်းတက်ကြွနေတယ် ယုံကြည်မှုရှိရှိနဲ့ပါ ကစားကြမှာဆိုတော့ စပါးအသင်းက လက်အလွတ်ကြီးနဲ့ ကျန်နေခဲ့သွားနိုင်ပါတယ် အချင်းချင်းရင်ဆိုင်ခဲ့တဲ့ တစ်ပွဲတုန်းက စပါးဘက်က ဘုန်းမောက်အိမ်ကွင်းနဲ့ ဘုန်းမောက်ကို ၀-၂ နိုင်သွားခဲ့ဖူးပါတယ် အဲ့ပွဲ အခြေနေသိပ်ပြီး ကွာဟမှုမရှိပေမယ့် စပါးဘက်က အခွင့်ရေးအသီးသီး ကောင်းကောင်းဖန်တီးနိုင်ပြီး ဂိုးပြတ်သားနိုင်လို့သာ အနိုင်ရလာခဲ့ပါတယ် လက်ရှိအဆင့်အတန်းပိုင်းမှာ စပါးဘက်က ပိုသာပေမယ့် စွမ်းဆောင်ရည်ကျတော့ ဘုန်းမောက်ဘက်က ပိုကြည့်ကောင်းနေတယ် အဲ့ဒီတော့ ဒီပွဲ ဘုန်းမောက်ကို ဘယ်လိုမှကျော်ကြည့်လို့မရသေးပါဘူး အနည်းဆုံး ၁ မှတ်လောက်ရပြီး ပြန်သွားရလောက်ပါတယ်။

Tottenham hotspurs : စပါးအသင်းဟာ အနိုင်ပွဲတွေ တောက်လျှောက်ရပြီးမှ နောက်ဆုံး ဘရိုက်တန်ကို ၄-၂ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ပွဲ သူတို့ခံစစ်ပိုင်း အရမ်းပဲညံ့တယ် အဓိက ကွင်းလယ်ခံစစ်မှူးလည်းမရှိလို့ သိပ်မကစားတတ်တဲ့ အခြားနောကခံလူကိုပဲ မဖြစ်မနေ အသုံးပြုလို့ရပါတယ် နောက်ဆုံးမှာတော့ ၄ ဂိုးတောင် သွင်းခံထိသွားပါတယ် Guillermo Vicario က ဂိုးမနည်းဖမ်းပေးခဲ့တာတောင် ၄ ဂိုးထိသွားသေးတယ် စပါးရဲ့တိုက်စစ်ပိုင်းကတော့ မဆိုးပါဘူး အခွင့်ရေးကောင်းကောင်းဖန်တီးနိုင်တယ် ဒါပေမယ့် ဂိုးပြတ်သားမှုကသာ လိုအပ်နေလို့ပါ ဟိုလွဲ ဒီလွဲ လူကျွံဖြစ်လိုက်နဲ့ ဂိုးတစ်လုံးရဖို့ မနည်းလုပ်လိုက်ရတယ် အမှတ်ပေးဇယား အဆင့် ၅ မှာရပ်တည်နေပါတယ် စပါးရဲ့ ဒဏ်ရာရထားတဲ့ကစားသမားတွေ တော်တော်များများရှိနေပါတယ် အဓိက James Maddison, Mickey van der Ven, Rodrigo Bentancur, Ivan Perisic, Manor Solomon, Cristian Romero တို့ကစ အကုန်လုံးပဲ အနားယူနေရပါတယ် ကြားထဲမှာ ဘန်းခံထိသွားတဲ့ Ives Bissouma နဲ့ Dejan Kulusevski တို့ ၂ ယောက်လည်း ဒီပွဲ မပါနိုင်သေးပါဘူး အသင်းနည်းပြက သူ့မှာ၇ှိတဲ့ အကောင်းဆုံးကစားသမားတွေကိုပဲ ရွေးပြီး အသုံးပြုမယ်ထင်တယ် ခံစစ်ပိုင်းနေရာ Pedro Porro, Emerson Royal, Ben Davis နဲ့ Destiny Udoghi တို့ကြိပဲ အသုံးပြုထားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Papa Sarr နဲ့ Pierre Emile Hojbjerg တို့ကိုပဲ တာဝန်ပေးထားလောက်တယ် တိုက်စစ်ပိုင်းနေရာကျတော့ Brennan Johnson, Giovani Lo Celso, Son Heung-min နဲ့ Richarlison တို့ကိုပဲ အသုံးပြုထားလိမ့်မယ်။

 

Bournemouth : ပရီးမီးယားလိဂ် အဆင့် ၁၂ နဲ့ ဘုန်းမောက်အသင်းကျတော့ လိဂ်ပွဲစဉ် ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ ဖူဟမ်ကို ၃-၀ နိုင်လာတဲ့အတွက် လောလောဆယ် ၄ ပွဲဆက်တိုက် အနိုင်ရရှိထားပြီဖြစ်ပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး အမှတ်အများဆုံး ရသွားတဲ့အသင်းဖြစ်သွားပါတယ် သူတို့ရဲ့ကစားစနစ်က မဆိုးပါဘူး ဘောလုံးအပို့အယူလည်းကောင်းတယ် နားလည်မှုရှိရှိနဲ့ ကစားနေကြပါတယ် ဘောလုံးဖြတ်ယူနိုင်တာနဲ့ ကျန်တဲ့ကစားသမားတွေက လွတ်တဲ့နေရာ ချက်ချင်းပဲ ပြေးရှာတတ်တယ် အဲ့ဒီလိုနဲ့ပဲ တန်ပြန်တိုက်စစ်ဆင်တဲ့အခါမှာ အရမ်းပဲသွက်လက်ပါတယ် သူတို့ရဲ့ဂိုးပြတ်သားမှုကတော့ နောက်ဆုံး ၅ ပွဲကစားပြီး ၁၂ ဂိုး သွင်းယူခဲ့တယ် Dominic Solanke ဆိုတဲ့ တိုက်စစ်မှူးက ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်း ဂိုးဖန်တီးရှင်စာရင်းထဲတောင် ပါသွားပါပြီ အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Tyler Adam, Darren Randolph, Lewis Cook, Milos Kerquez, Emiliano Marcondes, Hamed Traore, Lloyd Kelly နဲ့ Ryan Fredericks တို့ကို အသုံးပြုလို့မရသေးပါဘူး ဒါပေမယ့် အဓိကကစားသမားတွေ တော်တော်များများ ရှိနေသေးတော့ အဲ့လောက်ထိ စိတ်မပူရပါဘူး အရင်တစ်ပွဲကကစားသမားအဖွဲ့အစုကို ဒီပွဲမှာ ဆက်ပြီး အသုံးချသွားမယ်ထင်ပါတယ် ခံစစ်ပိုင်းနေရာ Adam Smith, Illiya Zabarnyi, Marcos Senesi နဲ့ Danko Ottara တို့ကိုပဲ အသုံးပြုသွားမှာဖြစ်ပြီး Alex Scott နဲ့ Ryan Christie တို့နှစ်ယောက်ကိုကျတော့ ကွင်းလယ်နေရာ အတူတူတွဲဆင်းခိုင်းလောက်ပါတယ် တိုက်စစ်ပိုင်းနေရာကျတော့ Antoine Semenyo, Justin Kluivert, Marcus Tavernier နဲ့ Dominic Solanke တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပါတယ် Solanke က အခုတလော ခြေစွမ်းတွေကောင်းပြီး ၁၂ ဂိုးတောင်သွင်းယူထားနိုင်ပါပြီ ပရီးမီးယားလိဂ်ရဲ့ ဂိုးဖန်တီးရှင် ဟာလန်းကို မှီတော့မယ်။

11 Players

Tottenham hotspurs (4-2-3-1) : Vicario; Porro, Emerson, Davies, Udogie; Skipp, Sarr; Johnson, Kulusevski, Son; Richarlison

 

Bournemouth (4-2-3-1) : Neto; Smith, Zabarnyi, Senesi, Kerkez; Christie, Scott; Semenyo, Kluivert, Tavernier; Solanke

 

Missing Players

Tottenham hotspurs – Dejan Kulusevski (Yellow card suspension), Yves Bissouma (Red card suspension), Ivan Perisic (Cruciate ligament tear), Ryan Sessegnon (surgery), Rodrigo Bentancur (Torn ankle ligaments), Alfie Whiteman (Ankle injury), Manor Solomon (Meniscus injury), Cristian Romero (Hamstring strain), Oliver Skipp (Knock), Micky van de Ven (Hamstring injury), James Maddison (Ankle injury)

Bournemouth – Darren Randolph (Ill), Tyler Adams (Hamstring injury), Ryan Fredericks (Calf injury), Hamed Junior Traorè (malaria), Emiliano Marcondes (Foot injury)

Facebook