စိတ်၀င်စားဖွယ် ယူရိုပြိုင်ပွဲကြီး

ရိုမေးနီးယား VS နယ်သာလန် [2 Jul 24 - 22:30 hrs]

စိတ်၀င်စားဖွယ် ယူရိုပြိုင်ပွဲကြီး ရိုမေးနီးယားအသင်းအုပ်စုအဆင့်တုန်းက စွမ်းဆောင်ရည် တည်ငြိမ်မှုမရှိကြဘူး ယူကရိန်းကို နိုင်သွားပေမယ့် ဘယ်လ်ဂျီယံကိုရှုံးခဲ့တယ် အဲ့ပွဲကို နမူနာကြည့်ပြီး နယ်သာလန်ဘက်က အတုယူသွားရင်တော့ ရိုမေးနီးယားတို့ရဲ့ ခံစစ်အားချက်ကို မြင်သွားလိမ့်မယ် ဒါပေမယ့်လည်း နယ်သာလန်အသင်းရဲ့စွမ်းဆောင်ရည်က အဲ့လောက်ကောင်းမနေပါဘူး နှစ်သင်းရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ နယ်သာလန်ဘက်က ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် ရိုမေးနီးယားတို့ကျတော့ ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၃ ပွဲသရေနဲ့ ၁ ပွဲအရှုံး ဖြစ်ပါတယ် အချင်းချင်း ထိပ်တိုက်ရင်ဆိုင်ခဲ့တဲ့ ၁၀ ပွဲတုန်းကကျတော့ နယ်သာလန်ဘက်က ၈ ပွဲ နိုင်သွားပါတယ် သရေ ၁ ပွဲလေးနဲ့ ရိုမေးနီးယားဘက်က ၁ ပွဲ နိုင်သွားပါတယ် ဒီပွဲမှာတော့ နယ်သာလန်ဘက်ကပဲ တိုက်စစ်ဆင်ကစားခွင့် ပိုရမယ်ထင်တယ် ရိုမေးနီးယားတို့ကတော့ ခံစစ်ပိတ်ပြိး သွက်လက်မှုရှိတဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် နယ်သာလန်အသင်းရဲ့ စွမ်းဆောင်ရည်က တအားကြီးကောင်းမနေပေမယ့် ယုံကြည်လို့တော့ရပါတယ် Jeremy Frimpong, Memphis Depay နဲ့ Cody Gakpo တို့ရဲ့ ဦးဆောင်မှုနဲ့ အနိုင်ရသွားမယ်ထင်ပါတယ်။

Romania – ရိုမေးနီးယားအသင်း အုပ်စုအီရဲ့ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် ပွဲဦးထွက်တုန်းက ကောင်းကောင်းစွမ်းဆောင်နိုင်ပြီး နောက်ဆုံး ၂ ပွဲမှာကျတော့ အနိုင်ရအောင်မလုပ်နိုင်ပေမယ့် အဆင့် ၁ နေရာကိုတော့ ဦးနိုင်ခဲ့ပါတယ် အုပ်စုထဲမှာ ၄ မှတ်ပိုင်ဆိုင်ထားတာ အတူတူပါပဲသွင်းဂိုးစံချိန်နဲ့သာ ဆုံးဖြတ်ခဲ့ရပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ အဝါနှစ်ကဒ်ပြည့်သွားတဲ့ Nikusor Banku ကို ကိုင်တွယ်လို့မရသေးပါဘူး ဒါပေမယ့် အသင်းနဲ့ ဘာမှမထိခိုက်ဘူးဖြစ်ပါတယ် ဒီပွဲ ရိုမေးနီးယားအသင်း ၄-၁-၄-၁ စနစ်လေးနဲ့ ခံစစ်ပိုင်းနေရာမှာ Radu Dragushin, Andrei Buka တို့နှစ်ယောက်ကို ကွင်းလယ်ခံစစ်အဖြစ် တာဝန်ပေးထားလိမ့်မယ် Andre Ratiou, Wasile Mokos တို့ကျတော့ ဘယ်-ညာတောင်ပံခံစစ်ဖြစ်မယ် Marius Marin က ကစားပွဲဖြတ်ချုပ်ဖို့နဲ့ Razvan Marin, Nicole Stanziu တို့ကို့ကျတော့ ကွင်းလယ်ကနေ ကစားပွဲဖန်တီးမယ် Dennis Man ကတော့ Florinel Coman နဲ့အတူ တောင်ပံတိုက်စစ်နေရာမှာ တွဲထားပြီး ဂိုးသွင်းဖို့ Striker နေရာမှာ Dennis Krakow ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

Netherland – နယ်သာလန်အသင်းကျတော့ ၄ သင်းထဲက အကောင်းဆုံး ၃ သင်းအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် သူတို့က အုပ်စုဒီမှာ အဆင့် ၃ နဲ့ ဖြတ်သန်းလာတယ် ပွဲဦးထွက်တုန်းက သူတို့ ပိုလန်အသင်းကိုနိုင်ပြီး ဒုတိယပွဲရောက်တော့ ပြင်သစ်နဲ့ သရေကျလာတယ် နောက်ဆုံးတစ်ပွဲကျတော့ သြစတြီးယားကိုရှုံးနိမ့်လာတယ် အဲ့ဒီလိုနဲ့ သူတို့ အဆင့် ၃ ကို ကျဆင်းသွားလေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဘာပြသာနာမှမရှိပါဘူး အရင်ကကိုင်တွယ်ခဲ့တဲ့ ကစားသမားတွေကိုပဲ ဆက်ပြီး ကိုင်တွယ်သွားလိမ့်မယ် ဒီပွဲ သူတို့ ၄-၃-၃ စနစ်နဲ့ ဂိုးသမားနေရာ Bart Verbrucken ကိုပဲ တာဝန်ပေးပြီး ခံစစ်ပိုင်းမှာကျတော့ Denzel Dumfries ကို ညာတောင်ပံခံစစ်မှာထားပြီး Virgil van Dijk, Stefan de Vrij တို့ကိုကျတော့ ကွင်းလယ်ခံစစ်မှာ ထားထားလိမ့်မယ် Nathan Age က ဘယ်ဘက်မှာ ရှိနေမယ် ကွင်းလယ်နေရာကျတော့ Xabi Simmons က Tiyani Rijnders နဲ့ Jerdi Schouten တို့နဲ့အတူ တွဲဆင်းလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Jeremy Frimpong, Memphis Depay နဲ့ Cody Gakpo တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

Romania (4-1-4-1) : Nita; Mogos, Dragusin, Burca, Ratiu; R. Marin, S. Marin, Stanciu; Hagi, Dragus, Coman

Netherland (4-3-3) : Verbruggen; Dumfries, De Vrij, Van Dijk, Ake; Reijnders, Schouten; Frimpong, Simons, Gakpo; Depay

Missing Players

Romania – Nicușor Bancu (Yellow card suspension)

Netherland

Facebook

Austria – သြစတြီးယားအသင်း အုပ်စုဒီရဲ့ ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် ပွဲဦးထွက်တုန်းက ပြင်သစ်ကိုရှုံးသွားပေမယ့် ပိုလန်နဲ့ပွဲ‌ရောက်တော့ အနိုင်ရသွားပါတယ် ပြီးရင် နယ်သာလန်ကိုလည်း ထပ်ပြီး နိုင်သွားတယ် အဲ့ဒီလိုနဲ့ပဲ အဆင့် ၁ နေရာ ဦးဆောင်သွားတယ် သြစတြီးယားအသင်း ဒီပွဲ ဒဏ်ရာရထားတဲ့ ကွင်းလယ်ခံစစ်ကစားသမား Gernot Traurner ကို အသုံးပြုလို့မရသေးပါဘူး Florian Kainz နဲ့တစ်ယောက်မှာလည်း အနီကဒ်ရသွားလို့ ဘန်းခံထိထားနေတယ် Patrick Wimmer မှာလည်း အဝါနှစ်ကဒ်ပြည့်သွားလို့ ဘန်းခံထိထားတုန်းပါ အဲ့တာတွေကြည့်ပြီး သူတို့ရဲ့တိုက်စစ်ပိုင်းက တိုက်စစ်မှူးနှစ်ယောက်တောင် ဆုံးရှုံးထားတော့ တော်တော်ကျဆင်းမယ်ထင်တယ် ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်လေးနဲ့ ဂိုးသမားနေရာ Patrick Pentz ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာကျတော့ Stefan Poch, Philippe Leinhardt, Maximilian Werber နဲ့ Alexander Plas တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာ Nicholas Seiwald နဲ့ Florian Grillitch တို့ကို တာဝန်ပေးပြီး တိုက်စစ်ပိုင်းမှာ Konrad Leimer, Christoph Baumgartner နဲ့ Marcel Sabitzer တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် Marko Arnautovic ကို Striker နေရာမှာ တာဝန်ပေးထားလိမ့်မယ်။

Turkey – တူရကီအသင်းကျတော့ အုပ်စု F ရဲ့ ဒုချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် အုပ်စုချန်ပီယံဖြစ်တဲ့ ပေါ်တူဂီနဲ့ ၆ မှတ်ရှိတာချင်းတူပေမယ့် Head to head ပိုညံ့ပါတယ် တူရကီရဲ့စွမ်းဆောင်ရည်ကတော့ မဆိုးပါဘူး အသင်းရဲ့ အဆင်သင့်ပိုင်း ဒီပွဲ အဝါနှစ်ကဒ်ပြည့်သွားတဲ့ Samet Akaydin နဲ့ Hakan Calhanoglu တို့ကို အသုံးပြုလို့မရသေးပါဘူး အသင်းရဲ့ အရည်အသွေးကို တည့်တည့်ကြီးထိခိုက်လိမ့်မယ် အဓိက Hakan Calhanoglu နဲ့တစ်ယောက်ဆိုရင် အသင်းရဲ့ ကစားပွဲထိန်းချုပ်သူကြီးဖြစ်နေတယ် သူ့နေရာ ဝက်ဘရွန်းမှာ ကစားနေတဲ့ Orgun Kokju သို့မဟုတ် Okai Yokuslu တို့ရှိပေမယ့် ပြိုင်ဘက်ကို အဲ့လောက်ထိ ဖိအားမပေးနိုင်ပါဘူး ဒီပွဲ သူတို့ ၄-၂-၃-၁ စနစ်နဲ့ ဂိုးသမားနေရာ Marth Goonock ကိုတာဝန်ပေးပြီး ခံစစ်ပိုင်းနေရာမှာကျတော့ Mert Mulder, Merih Demiral, Abdulkerim Bardacci နဲ့ Ferdi Cadiolou တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကွင်းလယ်နေရာမှာ Salih Özshan နဲ့ Ismail Juksek တို့ဖြစ်ပြီး တိုက်စစ်ပိုင်းမှာကျတော့ Arda Gueler, Orgun Kerdchu, Kenan Yildiz တို့ပဲဖြစ်ပါတယ် ပြီးရင် Striker နေရာမှာ Baris Alper Gilmaz ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

စိတ်၀င်စားဖွယ် ယူရိုပြိုင်ပွဲကြီး ဒီပွဲ အုပ်စုအဆင့်တုန်းက စွမ်းဆောင်ရည်ကောင်းတဲ့ သြစတြီးယားအသင်းက အုပ်စုအဆင့်မှာ အခြေနေကောင်းတဲ့တူရကီနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ် နှစ်သင်းစလုံးရဲ့ နောက်ဆုံး ၅ ပွဲစံချိန်မှာ သြစတြီးယားဘက်က နည်းနည်းပိုကောင်းတယ် ၃ ပွဲနိုင် ၁ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် တူရကီတို့ကျတော့ ၂ ပွဲနိုင် ၁ ပွဲသရေနဲ့ ၂ ပွဲအရှုံးဖြစ်ပါတယ် H2H စံချိန်ကျတော့ အနိုင်အရှုံး အလှည့်ကျဖြစ်ပေမယ့် ခြေစမ်းပွဲတုန်းက ၆-၁ နဲ့ အနိုင်ရသွားတဲ့သြစတြီးယားအသင်း ပိုစိတ်ချလို့ရပါတယ် ငယ်နိုင်လိုမျိုးလို့လည်း ပြောလို့ရပါတယ် တူရကီအသင်းဟာ အုပ်စုအဆင့်တုန်းက ရှိတာအကုန်ချလုပ်ပြီး အရေးကြီးတဲ့ကစားသမားတွေကို ဆုံးရှုံးခဲ့တယ် အဲ့တော့ သူတို့ရဲ့အရည်အသွေးက ကျဆင်းမှာသေချာတယ် ပြီးတော့ တူရကီရဲ့ လက်ရှိအသင်းမှာ ထူးခြားမှုမတွေ့သေးပါဘူး အဲ့ဒီတော့ ဒီပွဲ သြစတြီးယားဘက်ကပဲ မိနစ် ၉၀ အတွင်း အနိုင်ရပြီး ၈ သင်းအဆင့် တက်ရောက်နိုင်မယ်ထင်တယ် ဒီနှစ်သင်းရဲ့ အစစအရာရာ မနိုင်မရှုံးဖြစ်တဲ့အတွက် ပွဲရလဒ်ကို လန့်မှန်းရခက်ပါတယ် ဒါပေမယ့် Ralph Rangnick ဆိုတဲ့နည်းပြရဲ့ အရည်အချင်းကြောင့် သြစတြီးယားအသင်းကို ဦးဆောင်ပြီး အနိုင်ရအောင် လုပ်နိုင်မယ်ထင်ပါတယ်။

11 Players

Austria (4-2-3-1-) : Pentz; Posch, Danso, Lienhart, Mwene; Seiwald, Grillitsch; Schmid, Baumgartner, Sabitzer; Arnautovic

Turkey (4-2-3-1) : Gunok; Muldur, Demiral, Bardakci, Kadioglu; Yuksek, Yokuslu; Kahveci, Guler, Yildiz; Yilmaz

 Missing Players

Austria – Patrick Wimmer (Yellow card suspension), Gernot Trauner (Thigh problems)

Turkey – Hakan Çalhanoğlu (Yellow card suspension), Samet Akaydin (Yellow card suspension)

Facebook