စိတ်ကြိုက်ဘောပွဲ

PSV Vs အာဆင်နယ် [12 Dec 23 - 00:15 hrs]

စိတ်ကြိုက်ဘောပွဲ နှစ်သင်းစလုံး နောက်တစ်ဆင့်ဆန်ကာတင်ဖို့ သေချာသွားပြီဖြစ်ပါတယ် အာဆင်နယ်က ဂရုရဲ့ချန်ပီယံနဲ့ PSV ကျတော့ ဒုချန်ပီယံပါ ဒီပွဲ နှစ်သင်းစလုံးအတွက် ဘာထူးခြားမှုမှမရှိပါဘူး ဂရုဘီရဲ့ အဆင့် ၁ နဲ့ အဆင့် ၂ တို့ရဲ့ပြိုင်ပွဲက နိုင်သည်ဖြစ်စေ ရှုံးသည်ဖြစ်စေ အဆင့်ပြောင်းလဲမှုမရှိတော့ပါဘူး သူတို့က နောက်တစ်ဆင့် ဆန်ကာတင်ဖို့ လုံးဝသေချာသွားပြီမို့လို့ပါ ကစားပွဲအခြေနေကတော့ ပွဲကြည့်သူအားလုံးကို ရင်ခုန်အောင် တိုက်စစ်ဆက်ပြီး ဝင်လုံးကြမှာသေချာတယ် ပွဲရလဒ်ကို ဂရုစိုက်မနေတော့ပဲ ကစားခဲ့ကြလိမ့်မယ် နောက်ပြီး နှစ်သင်းစလုံးမှာ ကစားသမား Rotation ရှိလိမ့်မယ် ဒုတိယကစားသမားနဲ့ လူငယ်ကြယ်ပွင့်တွေကို အခွင့်ရေး ပေးလိမ့်မယ် အဓိကကစားသမားတွေလည်း အနားယူရမှာနဲ့ ကွက်တိပါပဲ ဘာလို့လဲဆိုတော့ ကိုယ့်လိဂ်နဲ့ကိုယ် ချန်ပီယံလုယက်နေတဲ့အသင်းတွေလည်း ဖြစ်နေကြလို့ပါ ကစားပွဲအခြေနေကတော့ အချင်းချင်း တိုက်စစ်ဆင်ပြီး ဝင်လုံးမှာသေချာတယ် အနိုင်ရရှိသူကို ခန့်မှန်းရမလွယ်ပါဘူး ဒါပေမယ့် မဖြစ်မနေ ရွေးချယ်ရမယ်ဆိုရင်တော့ အာဆင်နယ်ဘက်ကို ပိုအားပါတယ် ရောနှောထားတဲ့ ကစားသမားအဖွဲ့အစုဆိုပေမယ့် တောင့်တင်းမှုရှိနေတုန်း ဖြစ်သောကြောင့်ပါ။

PSV Eindhoven : Eredivisie မှ အဆင့် ၁ PSV အသင်းဟာ နောက်ဆုံး ၁၆ သင်းအဆင့်ထဲ ဂရုရဲ့ အဆင့် ၂ အနေနဲ့ ဆန်ကာတင်သွားခဲ့ပါပြီ ဘာလို့လဲဆိုတော့ အဆင့် ၃ မှာရှိတဲ့ Lens အသင်းထက် ၃ မှတ်သာနေလို့ပါ နောက်ပြီး Head to Head စံချိန်ကလည်း ပိုသာနေတယ် အဲ့ဒီတော့ Lens ဘက်က အနိုင်ရသွားရင်တော့ အမှတ်တူပေမယ့် ကျော်မတက်နိုင်ပါဘူး ဒီပွဲ PSV အသင်းမှာ ဒဏ်ရာရထားတဲ့ Jordan Teese ကို အသုံးချလို့မရသေးပါဘူး Herving Lozano နဲ့တစ်ယောက်လည်း ဘန်းခံထိထားတယ် Noa Lang နဲ့ Amel Bella Kotschap တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် ဒီပွဲ PSV အသင်း ၄-၂-၃-၁ စနစ်နဲ့ ကစားမယ်ထင်တယ် ခံစစ်ပိုင်းနေရာ Serginho Dest, Andre Ramalho, Olivier Boscagli နဲ့ Patrick van Aanholt တို့ကို တာဝန်ပေးထားပြီး Ismael Sybari နဲ့ Joey Fierman တို့ကိုကျတော့ ကွင်းလယ်နှစ်ယောက်ဖြစ်မယ် ပြီးရင် Gus Til, Johan Bakayoko နဲ့ Ricardo Pepi တို့ကို ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် Striker နေရာကျတော့ Luke de Jong ကိုပဲ တာဝန်ပေးထားလောက်တယ်။

 

Arsenal : အာဆင်နယ်အသင်းလည်း အတူတူပါပဲ ဂရုရဲ့ အဆင့် ၁ အနေနဲ့ နောက်တစ်ဆင့် ဆန်ကာတင်သွားပါပြီ အဲ့ဒီတော့ ပရီးမီးယားလိဂ်တိုက်ပွဲအတွက် အဓိကကစားသမားတွေကို အနားပေးသွားလောက်တယ် ပရီးမီးယားလိဂ်ရဲ့ ဇယားထိပ်ပိုင်း လောလောဆယ် ဆူဆူပူပူဖြစ်နေတယ် ဒီပွဲ အာဆင်နယ်အသင်းရဲ့ ဒဏ်ရာရထားတဲ့ ကစားသမားတွေကတော့ Takehiro Tomiyasu, Yerrion Timber, Thomas Partey, Fabio Vieira နဲ့ Emile Smith Rowe တို့ပဲ ဖြစ်ပါတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြလောက်တယ် အာတီတာက ဒီပွဲ ဒုတိယကစားသမားတွေကိုပဲ ခြေစွမ်းပြဖို့အသုံးပြုမယ်ထင်တယ် ဂိုးသမားနေရာ Aaron Ramsdale ကိုပဲ တာဝန်ပေးပြီး Ben White, William Saliba, Jakub Kivior နဲ့ Oleksandr Zinchenko တို့ကိုကျတော့ ခံစစ်ပိုင်းနေရာ တာဝန်ပေးထားလောက်ပါတယ် အလယ်တန်းနေရာကျတော့ Martin Odegaard, Jorginho နဲ့ Declan Rice တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပုင်းနေရာ Reiss Nelson and Leandro Trossard တို့နှစ်ယောက်ကိုပဲ တာဝန်ပေးထားလောက်တယ် ပြီးရင် Striker နေရာ Nketiah ကိုပဲ တာဝန်ပေးထားလောက်တယ်။

11 Players

PSV Eindhoven (4-3-3) : Benitez; Dest, Ramalho, Boscagli, Van Aanholt; Saibari, Veerman, Til; Bakayoko, De Jong, Pepi

Arsenal (4-3-3) : Raya; White, Saliba, Kiwior, Zinchenko; Odegaard, Jorginho, Rice; Nelson, Nketiah, Trossard

Missing Players

PSV Eindhoven  – Armando Obispo (Knee injury), Armel Bella-Kotchap (Shoulder injury)

Arsenal – Jurrien Timber (Cruciate ligament tear), Emile Smith Rowe (Knee injury), Thomas Partey (Hamstring injury)

Facebook

ဒီနှစ်သင်း ပထမကျော့တုန်းက ဂျာမနီမှာ ပြိုင်ကစားခဲ့ကြပြီး ဘိုင်ယန်ဘက်က ၄-၃ နဲ့ အနိုင်ရရှိခဲ့တယ် အဲ့ပွဲ ဘိုင်ယန်ရဲ့ ကစားပုံကစားနည်း ပိုကြည့်ကောင်းတယ် ဒီပွဲ မန်ယူရဲ့အိမ်ကွင်း ပြန်ဖြစ်သွားပေမယ့် သူတို့ရဲ့စွမ်းဆောင်ရည်ကျတော့ တည်ငြိမ်မှုမရှိသေးပါဘူး ဒါပေမယ့်လည်း မဖြစ်မနေ နိုင်အောင်လုပ်မှရမယ် မောရမှာမကြောက်ရပဲ အသက်ကုန်ပေးလွှားခဲ့ကြလိမ့်မယ် စိတ်ကြိုက်ဘောပွဲ ကံကောင်းတာ ဒီအစီစဉ်မှာ Rasmus Hojlund ကို ယုံလို့ရပါတယ် မန်ယူအသင်းက နောက်စုတ်လို့မရတော့ပါဘူး အနိုင်ရအောင်လုပ်ရမှာဖြစ်ပါတယ် ဘိုင်ယန်အသင်းကျတော့ ဆန်ကာတင်သွားပါပြီ ဒါပေမယ့် ဂုဏ်သရေအတွက် အကောင်းဆုံး ကစားသမားတွေကိုပဲ အသုံးချမယ်ထင်ပါတယ် အရင်တစ်ပတ်တုန်းက ၅-၁ နဲ့ ပိုးစိုးပက်စက်ရှုံးလာတဲ့အတွက် အရှက်တွေပြန်ယူဖို့ ဒီပွဲ အနိုင်ရအောင်တော့ လုပ်ချင်ကြလောက်ပါတယ် အဲ့တာနဲ့ ဒီပွဲ တိုက်စစ်ဆင်ပြီး ဝင်လုံးကြမှာသေချာတယ် နှစ်သင်းစလုံးဟာ ပွဲစစလာချင်းကတည်းက စပြီးဝင်လုံးခဲ့ကြလိမ့်မယ် နောက်ဆုံးမှာတော့ ထပ်မှားလို့မရတော့တဲ့မန်ယူအသင်း စွမ်းဆောင်ရည်ဆိုးရွားပေမယ့် ဦးတည်ချက်ရှိရှိနဲ့ ကစားခဲ့ကြလိမ့်မယ် အားပေးသံတွေကြောင့် ပိုပြီး အားကောင်းလောက်ပါတယ် အနည်းဆုံး ကပ်နိုင်သွားမယ်ထင် ဒါပေမယ့် နောက်တစ်ဆင့် ဆန်ကာတင်သွားမလားတော့ စောင့်ကြည့်ရလိမ့်မယ်။

Manchester United : ပရီးမီးယားလိဂ် အဆင့် ၆ ဖြစ်တဲ့မန်ယူအသင်း နောက်ဆုံးတစ်ပွဲကမှ ဘုန်းမောက်ကို အိမ်ကွင်းနဲ့ ၀-၃ ရှုံးနိမ့်လာပါတယ် ဒီရာသီအတွင်း ကွင်းနဲ့ရှုံးတာ ၄ ပွဲရှိသွားပါပြီ ဒါပေမယ့် သူတို့ရဲ့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ နည်းနည်းပြန်ကောင်းလာခဲ့ကြပါပြီ ကစားပုံကစားနည်းတွေလည်း အကောင်အထည် ဖြစ်လာတယ် တောင်ပံ ၂ ဖက်စလုံးရဲ့ သွက်လက်မှုကို အသုံးချခဲ့တယ် ပြသာနာကတော့ ဂိုးသွင်းတဲ့အပိုင်းပဲ ဖြစ်နေတယ် စောက်ရူးအလုပ်တွေကို ခန ခနမြင်ရပါတယ် ဥပမာ ဘောလုံးထိုးပေးသင့်တာမထိုးပဲ ကိုယ့်ဘာသာ သွင်းပြီး ဂိုးဘောင်နဲ့လွဲချော်သွားတာမျိုးရှိတယ် နောက်ပြီး တန်ဟက်ရဲ့ ကစားသမားစီမံမှုကလည်း သိပ်မကစားတတ်တဲ့ Position မှာ ကစားခိုင်းတယ် အဲ့တာကြောင့် ကောင်းကျိုးထက် ဆိုးကျိုးပိုများတယ် ယူဖာချန်ပီယံလိဂ်ထဲ ဂရု A ရဲ့အောက်ဆုံးအဆင့်မှာရပ်တည်နေတယ် မဖြစ်မနေ နိုင်အောင်လုပ်ဖို့လိုပါတယ် နောက်တစ်ဆင့် ဆန်ကာတင်ဖို့အခွင့်ရေး အရမ်းနည်းပါးပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဟိုအရင်က ဒဏ်ရာရထားတဲ့ Lisandro Martinez, Christian Eriksen နဲ့ Victor Lindelof တို့ကို အသုံးပြုလို့မရသေးပါဘူး ကာစီမီရိုနဲ့တစ်ယောက်ကျတော့ ဒဏ်ရာသက်သာပြီး လေ့ကျင့်ရေးပြန်လုပ်နိုင်ပေမယ့် မဆင်းနိုင် လောက်သေးပါဘူး ဘန်းစာရင်းမှ လွတ်မြောက်လာတဲ့ Marcus Rashford က တန်ဟက်ရဲ့ရွေးချယ်မှုတစ်ခု ပြန်ဖြစ်သွားပါပြီ Jonny Evans ကလည်း ခံစစ်ပိုင်းအတွက် ဆင်းကစားလို့ရနေပြီ Diogo Dalot, Harry Maguire နဲ့ Luke Shaw တို့နဲ့အတူ ဆင်းကစားခဲ့ကြလိမ့်မယ် Sofiyan Amrabat နဲ့ Scott McToninay တို့က ကစားပွဲထိန်းချုပ်ဖို့နဲ့ Bruno Fernandes ဆိုတဲ့ ကွင်းလယ်အသင်းကပ္ပတိန်က Antoni နဲ့ Alejandro Carnacio တို့နဲ့အတူ ကစားပြွဖန်တီးဖို့ တာဝန်ယူထားလောက်တယ် ပြီးရင် Striker နေရာ Rasmus Hojlund ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Bayern Munich : ဘွန်ဒက်လီဂါအဆင့် ၂ ဘိုင်ယန်အသင်းကျတော့ အဆင့် ၁ အသင်းထက် ၄ မှတ်နည်းနေတယ် ဒါပေမယ့် အဆင့် ၁ အသင်းက သူတို့ထက် ၁ ပွဲ ပိုကစားထားပါတယ် ဘိုင်ယန်ရဲ့ နောက်ဆုံး ၅ ပွဲတုန်းက ၄ ပွဲနိုင် ၁ ပွဲရှုံး ဖြစ်ပါတယ် သူတို့ရဲ့ ပထမဦးဆုံး ရှုံးနိမ့်မှု ဖြစ်ပေါ်တဲ့အချိန်ကတော့ ပြီးခဲ့တဲ့အပတ်က Eintracht Frankfurt ကို ၅-၁ နဲ့ ရှုံးနိမ့်လာခြင်းဖြစ်တယ် သူတို့ရဲ့ခံစစ်ပိုင်းက မှားယွင်းမှုအရမ်းလုပ်ကြတယ် တိုက်စစ်ပိုင်းကလည်း ဘောလုံးပိုင်ဆိုင်နိုင်ပေမယ့် ဂိုးသွင်းချက်ကျတော့ မထိရောက်ဘူး ဘောလုံးဆုံးရှုံးသွားတာနဲ့ တန်းပြန် ပြန်ခံရသွားတယ် ဘိုင်ယန်ရဲ့အားနည်းချက်က သွက်လက်မှုရှိတဲ့ တန်ပြန်တိုက်စစ်ကို မကာကွယ်နိုင်ဘူး ဖြစ်နေတယ် ယူဖာချန်ပီယံလိဂ်ထဲမှာကျတော့ အဆင့် ၁ မို့လို့ ဆန်ကာတင်သွားမှာ သေချာပါပြီ ဒီနောက်ဆုံးပြိုင်ပွဲက ဂုဏ်သရေအတွက်ပဲ ရှိလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ Matais de Ligt နဲ့ Buena Sar တို့လောက်ပဲ ဒဏ်ရာရထားကြပါတယ် နောက်တစ်ဆင့် ဆန်ကာတင်ခဲ့ပြီဆိုပေမယ့် အကြီးမားဆုံး ကစားသမားအဖွဲ့အစုကိုပဲ အသုံးပြုမယ်ထင်တယ် ၄-၂-၃-၁ စနစ်နဲ့လေးနဲ့ ခံစစ်ပိုင်းနေရာ Nusser Mazraoui ကို ညာခံစစ် Dayot Upamecano နဲ့ Kim Min Jae တို့ကျတော့ ကွင်းလယ်ခံစစ်နှစ်ယောက် ဖြစ်လိမ့်မယ် Alphonso Davies တို့ကျတော့ ဘယ်ခံစစ်မှာ တာဝန်ယူထားလောက်ပါတယ် Leon Goretzka နဲ့ Joshua Kimmich တို့ကျတော့ ကွင်းအလယ်ပိုင်းမှာ ထိန်းပြီး Jamal Musiala ကျတော့ Playmaker အနေနဲ့ ကစားမယ် Kingsley Coman နဲ့ Leroy Sane တို့ကိုကျတော့ ကစားပွဲဖန်တီးမယ် Striker နေရာ ဟယ်ရီကိန်းပဲ တာဝန်ယူထားလိမ့်မယ်။

11 Players

Manchester United (4-2-3-1): Onana; Wan-Bissaka, Maguire, Varane, Shaw; McTominay, Mainoo; Antony, Fernandes, Garnacho; Hojlund

 

Bayern Munich (4-2-3-1) : Neuer; Laimer, Upamecano, Kim, Guerreiro; Goretzka, Kimmich; Musiala, Muller, Sane; Kane

Missing Players

Manchester United – Jadon Sancho (Suspended), Tyrell Malacia (unknown injury), Amad Diallo (Knee injury), Mason Mount (unknown injury), Casemiro (Knock), Lisandro Martínez (Foot injury)

Bayern Munich – Bouna Sarr (Cruciate ligament tear), Tarek Buchmann (Torn muscle bundle), Matthijs de Ligt (Inner knee ligament tear), Tom Hülsmann (Hamstring injury), Sven Ulreich (Capsular injury), Serge Gnabry (Adductor injury)

Facebook