စနေနေ့ အစောပိုင်းပွဲများ

မန်ယူ Vs အဲဗာတန် [ 9 Mar 24 - 19:00 hrs]

စနေနေ့ အစောပိုင်းပွဲများ မန်ယူအသင်း အရမ်းကောင်းတဲ့အနေအထားမရှိပဲ ၂ ပွဲဆက်တိုက် ရှုံးနိမ့်ထားပြီဆိုပေမယ့် အဲဗာတန်အသင်းမှာလည်း မန်ယူထက်ကြည့်ကောင်းမနေပါဘူး နှစ်သင်းစလုံးရဲ့အခြေနေက ရှုံးလာတာချင်းတူတယ် ဒီပွဲ နှစ်သင်းစလုံးကပဲ ၃ မှတ်လိုချင်တာချင်းတူတယ် မန်ယူအသင်းက ဥရောပရဲ့ ကြီးများတဲ့ပြိုင်ပွဲထဲပါဝင်ဖို့ရှိပြီး အဲဗာတန်ဘက်ကကျတော့ အတန်းဆင်းမယ့်ဇုန်ထက် ဝေးရာမှာရောက်သွားချင်တယ် နှစ်သင်းစလုံးရဲ့ စွမ်းဆောင်ရည်နဲ့ ကစားသမားအရည်အသွေးချင်း ယှဉ်ကြည့်ရင် ယူနိုက်တက်ဘက်က ပိုကြည့်ကောင်းပါတယ် နောက်ပြီး ကိုယ့်အိမ်ကွင်းနဲ့ ကိုယ့်ပရိသတ်တွေရှေ့မှာ ကစားပြရမှာဆိုတော့ ခြေစွမ်းပြပြီး အနိုင်ရအောင် ကြိုးစားယူမယ်ထင်ပါတယ် ဒီပွဲ မန်ယူဘက်က အသာလေးနဲ့ ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း ပြီးခဲ့တဲ့တစ်ပတ်တုန်းက မန်ချက်စတာဒါဘီတိုက်ပွဲမှာ မန်စီးတီးကို ၃-၁ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့လက်ထဲမှာ ၄၄ ပွဲရှိပြီး အဆင့် ၆ မှာရပ်တည်နေပါတယ် Top4 ရဲ့ အနောက်ကနေ ၁၁ မှတ် လိုက်နေပါတယ် အဲရစ်တန်ဟက်ရဲ့အသင်းမှာ အရင်တစ်ပွဲတုန်းက လူစားလဲခံရတဲ့ Jonny Evans နဲ့ Marcus Rashford တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုပါသေးတယ် သူတို့နှစ်ယောက်လုံး ၁၀၀% မဖြစ်လောက်သေးဘူးထင်တယ် Mason Mount, Lisandro Martinez, Luke Shaw, Rasmus Hoylund နဲ့ Harry Maguire တို့ကျတော့ လုံးဝအဆင်သင့်မဖြစ်ကြသေးပါဘူး သဘာဝတိုက်စစ်မှူးမရှိသေးတဲ့မန်ယူက သူတို့ဆီမှာရှိတဲ့ Scott McTominay ကိုပဲ False 9 ပုံစံ ကစားခိုင်းလိမ့်မယ် သူ့ဘေးနားနှစ်ယောက်ကတော့ Anthony နဲ့ Alejandro Carnacho တို့ပဲ ဖြစ်လိမ့်မယ် Bruno Fernandes ကျတော့ Cobbi Mainu နဲ့ Casemiro တို့နဲ့အတူ ကွင်းလယ်ပိုင်းကနေ ကစားပွဲလှုပ်ရှားဖို့ တာဝန်ယူထားလိမ့်မယ်။

Everton : အဲဗာတန်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်ဆိုးနေပြီး ၇ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ဝက်စ်ဟမ်းကို ၁-၃ နဲ့ ရှုံးနိမ့်လာတယ် ကံကောင်းလို့ ၇ ပွဲထဲမှာ ၄ မှတ်ပြန်ရသွားသေးတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ အတန်းဆင်းမယ့်ဇုန်ကနေ ရုန်းထွက်ရန်ကိစ္စ ဖြစ်နိုင်ချေများရှိပါသေးတယ် လက်တလော လက်ထဲမှာ ၂၅ မှတ်ရှိပြီး အဆင့် ၁၆ မှာရပ်တည်နေတယ် အဲဗာတန်အသင်းမှာ ဒီပွဲ ဒဏ်ရာရထားတဲ့ Dele Alli, Arnaut Danjuma နဲ့ Idrissa Gueye တို့လောက်ပဲမရှိသေးတာပါ သူတို့က ဒဏ်ရာရထားကြပါတယ် သတင်းကောင်းတစ်ခုကတော့ Andre Gomes ဆိုတဲ့ ခြေစွမ်းကောင်းကွင်းလယ်ကစားသမားပြန်လာပြီ အဲဗာတန်ရဲ့ ကွင်းလယ်ပိုင်းကတော့ ဒီပွဲ Amadou Onana, Abdoulaye Doucouré နဲ့ မန်ယူလူငယ်ဟောင်း James Garner တို့ပဲဖြစ်ပါတယ် Dwight McNeil နဲ့ Jack Harrison တို့ကျတော့ တောင်ပံနှစ်ဖက်နေရာမှာတာဝန်ယူကြပြီး တိုက်စစ်ပိုင်းမှာ အဓိကကျဆုံးကစားသမားကျတော့ Dominic Calvert-Lewin ပဲဖြစ်ပါတယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Maguire, Lindelof; Casemiro, Mainoo; Antony, Fernandes, Garnacho; Rashford

Everton (4-4-1-1): Pickford; Godfrey, Tarkowski, Branthwaite, Mykolenko; Harrison, Garner, Onana, McNeil; Doucoure; Calvert-Lewin

Missing Players

Manchester United – Luke Shaw (Muscle injury), Aaron Wan-Bissaka (unknown injury), Tyrell Malacia (Knee injury), Mason Mount (unknown injury), Lisandro Martínez (Knee injury)

Everton – Dele Alli (Partial muscle tear)

Facebook

ဒီလန်ဒန်ဒါဘီတိုက်ပွဲလေးက လက်ရှိအချိန်မှာ ဖြစ်နိုင်ချေအသီးသီး ရှိနေတုန်းဖြစ်တဲ့ အသင်းတွေရဲ့ပြိုင်ပွဲ ဖြစ်ပါတယ် အာဆင်နယ်အသင်းက ချန်ပီယံဖြစ်မယ့် ၃ သင်းထဲကတစ်သင်းဖြစ်မယ် တစ်ပွဲသာမှားမိတာနဲ့ အဲ့ဒီအခွင့်အရေးကို ဆုံးရှုံးသွားနိုင်ပါတယ် ဘရန့်ဖိုတ့်တို့ကျတော့ အတန်းမဆင်းအောင်ပဲ ထိန်းကစားနေပါတယ် အခုတလော အတန်းဆင်းမယ့်ဇုန်ထက် ၆ သက်ထဲပဲ သာနေသေးတယ် ဒါပေမယ့် ဘရန့်ဖိုတ့်အသင်းက အဆင့် ၁၈ မှာရှိနေတဲ့ လူတန်တောင်းထက် ၂ ပွဲ ပိုကစားထားပါတယ် စနေနေ့ အစောပိုင်းပွဲများ  အဲ့ဒီတော့ သူတို့ နောက်နှစ်အတွင်း ဒီအဆင့်မှာပဲ ဆက်ကစားချင်တယ်ဆိုရင် ပုံစံကောင်းဖော်ထုတ်နိုင်ဖို့လိုပါတယ် ပြီးခဲ့တဲ့ ပြိုင်ပွဲတွေ တော်တော်များများထဲမှာ ဘရန့်ဖိုတ့်ဘက်က အာဆင်နယ်ကို အာရုံတော်တော်နှောက်တတ်ပေမယ့် လတ်တလော အာဆင်နယ်အသင်းရဲ့ အနေအထားက ယုံကြည်မှုအပြည့်ရှိနေတယ် အဓိက တိုက်စစ်မှူးတိုင်းမှာ တစ်ယောက်ပေါ်တစ်ယောက် နားလည်မှုရှိရှိနဲ့ ကစားနေကြပါတယ် အာဆင်နယ်အသင်းမှာ ယုံကြည်မှုပြည့်လျှံနေတဲ့အတွက် ဒီပွဲ တိုက်စစ်ဆင်ပြီးဝင်လုံးမှာသေချာတယ် ဘရန့်ဖိုတ့်တို့ကျတော့ နောက်ဆုတ်ပြီး ခံစစ်တ်ပိတ်မယ် ပြီးရင် တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် အာဆင်နယ်ဘက်က အရမ်းပဲပိုသာပေမယ့် ကစားသမားအချို့ဆီက ကိုယ်ပိုင်မှားယွင်းမှုတွေ ရှိနေတတ်တယ် အဲ့ပြသာနာကိုတော့ သတိထားဖို့လိုလိမ့်မယ် ဧည့်သည်အသင်းကျတော့ ပြိုင်ဘက်ကို အန္တရာယ်ပေးနိုင်တဲ့ Ivan Toney ရှိနေတယ် သူက အခွင့်ရေးကြုံရင် တန်းလုပ်နိုင်တယ် ဒါပေမယ့်လည်း အသင်းရဲ့စွမ်းဆောင်ရည်ချင်း အရမ်းကွာဟနေတာဖြစ်တဲ့အတွက် အာဆင်နယ်ဘက်ကပဲ ၃ မှတ်ရသွားမယ်လို့ ထင်မြင်ထားပါတယ် ဒါပေမယ့် အာဆင်နယ်မှာ ပေါ်တိုနဲ့တစ်ပွဲ ကျန်နေသေးပြီး အဲ့ပွဲ လုံးဝအနိုင်မရရအောင်လုပ်ယူရမယ့်ပွဲရှိသေးတော့ အာတီတာက အချို့အဓိကကစားသမားကို အနားပေးထားမယ်ထင်တယ် အဲ့ဒီလိုနဲ့ပဲ ဒီပွဲမှာ အရင်တစ်ပွဲလို ပိုးစိုးပက်စက် ဂိုးသွင်းပြီး အနိုင်ရသွားမယ်မထင်ပါဘူး။

Arsenal : အိမ်ရှင်အသင်း အခုတလော ခြေစွမ်းတွေအရမ်းတက်ကြွနေကြပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ရှက်ဖီးလ်အပေါ် ၀-၆ နဲ့ အနိုင်ကောက်ရလာပြီး ပရီးမီးယားလိဂ် အဆင့် ၃ မှာရပ်တည်နေပါတယ် ဒီရာသီ ၂၇ ပွဲကစားပြီး ၆၁ မှတ် သိမ်းပိုက်ထားနိုင်ခဲ့ပါတယ် အဆင့် ၁ မှာရှိတဲ့ လီဗာပူးလ်ရဲ့နောက်ကနေ ၂ မှတ် လိုက်နေပါတယ် အာဆင်နယ်အသင်းမှာ ဒီနားမတိုင်ခင် ဒဏ်ရာရသွားတဲ့ Oleksandr Zinchenko နဲ့ Takehiro Tomiyasu တို့ရဲ့အခြေနေကို စစ်ဆေးဖို့လိုပါတယ် လူစားလှဲခံလိုက်ရတဲံ Gabriel Martinelli နဲ့ Bukayo Saka တို့မှာလည်း ဘယ်လိုနေသေးလည်းမသိပါဘူး ဒါ့အပြင် David Raya နဲ့တစ်ယောက်က မူပိုင်ကလပ်အသင်းနဲ့ ရင်ဆိုင်ရမှာဖြစ်တဲ့အတွက် ဆင်းလို့မရသေးပါဘူး Raya မဆင်းနိုင်သေးတော့ သူ့နေရာ Aaron Ramsdale က အစားထိုး ဆင်းပေးသွားလိမ့်မယ် တိုက်စစ်ပိုင်းမှာ Bukayo Saka က Kai Havertz နဲ့ Leandro Trossard တို့နဲ့အတူ တာဝန်ထမ်းဆောင်မယ် ပြီးရင် Jorginho, Declan Rice နဲံ Martin Odegaard တို့က ကွင်းလယ်တိုက်စစ်အနေနဲ့ ကစားပွဲဖန်တီးဖို့တာဝန်ယူထားလိမ့်မယ်။

 

Brentford : ဘရန့်ဖိုတ့်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်သိပ်မကောင်းပါဘူး နောက်ဆုံး ၇ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရရှိခဲ့တယ် ဒါပေမယ့်လည်း နောက်ဆုံးတစ်ပွဲတုန်းက ချယ်လ်ဆီးနဲ့ ၂-၂ သရေကျအောင် ထိန်းကစားနိုင်ပါတယ် အမှတ်ဇယားတွင် အဆင့် ၁၅ မှာရပ်တည်နေပြီး လက်ထဲ ၂၆ မှတ် ကိုင်ဆောင်ထားနိုင်တယ် အတန်းဆင်းမယ့်ဇုန်ထက် ၆ မှတ်ပိုသာနေပါတယ် သူတို့မှာ ဒဏ်ရာရသွားတဲ့ကစားသမားတွေ လူဦးရေတိုးမလာပေမယ့် အရင်က ဒဏ်ရာရထားတဲ့သူတွေကတော့ အများကြီးရှိနေတုန်းပါ Josh da Silva, Rico Henry, Ben Mee နဲ့ Aaron Hickey တို့ကစ အကြာကြီးပဲ အနားယူဖို့ရှိနေတယ် Kevin Shead, Ethan Pinnock နဲ့ Brian Mbumo တို့ကျတော့ အရန်ထိုင်ခုံမှာပဲ ထိုင်ခဲ့ရလို့ ဒီပွဲ ပထမကစားသမားအနေနဲ့ ပြန်ဆင်းရတော့မယ်ထင်ပါတယ် Frank Onyega နဲ့ Christian Norgaard တို့က ကွင်းလယ်ကနေ ကစားပွဲလှုပ်ရှားပြီး သူတို့ဘေးနားမှာ Mads Roerslev နဲ့ Sergio Reguilon တို့နှစ်ယောက် ရှိနေလိမ့်မယ် ပြီးရင် ဂိုးသွင်းဖို့နေရာကျတော့ Joan Wissa က Ivan Toney နဲ့အတူ တာဝန်တွဲယူထားလိမ့်မယ်။

11 Players

Arsenal (4-3-3) : Ramsdale; White, Saliba, Gabriel, Kiwior; Odegaard, Jorginho, Rice; Saka, Havertz, Trossard

 

Brentford (3-5-2) : Flekken; Zanka, Collins, Ajer; Roerslev, Janelt, Jensen, Norgaard, Reguilon; Wissa, Toney

Missing Playes

Arsenal – Oleksandr Zinchenko (Calf problems), Thomas Partey (Hamstring injury), Takehiro Tomiyasu (Calf injury)

Brentford – Aaron Hickey (Hamstring injury), Kevin Schade (Adductor injury), Yunus Emre Konak (Achilles tendon rupture), Ethan Pinnock (Ankle injury), Josh Dasilva (Ankle injury), Bryan Mbeumo (Ankle injury), Rico Henry (Knee injury), Ryan Trevitt (Ankle surgery)

Facebook