စနေနေ့ပွဲကောင်းများ

စနေနေ့ပွဲကောင်းများ ဝက်စ်ဟမ်း Vs လီဗာပူးလ် [ 27 Apr 24 - 18:00 hrs]

စနေနေ့ပွဲကောင်းများ အိမ်ရှင်ဝက်စ်ဟမ်းအသင်းက အခုတလော ခြေစွမ်းတော်တော်ကျဆင်းနေပါတယ် နောက်ဆုံးတစ်ပွဲတုန်းကလည်း ခရစ်စတယ်ပဲလေစ့်ကို ၂-၅ နဲ့ ရှုံးလာသေးတယ် ဒီလိုအနေအထားကို ဒီထက်ပြန်ကောင်းအောင် အသင်းနည်းပြမှာတာဝန်ရှိပါတယ် လီဗာပူးလ်အသင်းကျတော့ Diogo Jota မှာ ဒဏ်ရာရတဲ့အဖြစ်ကို ရင်ဆိုင်နေရပါတယ် အနည်းဆုံး ၂ ပတ်လောက်တော့ အနားယူရမယ်ထင်တယ် အဲ့ဒီတော့ လီဗာပူးလ်ရဲ့ တိုက်စစ်ပိုင်းက အလိုလိုနဲ့ ကျဆင်းလိမ့်မယ် ကစားပွဲအနေအထားကတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးမယ် အိမ်ရှင်အသင်းကျတော့ ခံစစ်ပိတ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် လီဗာပူးလ်အသင်းက အခုနောက်ပိုင်း ခံစစ်အားကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရရင် သူတို့ရဲ့တိုက်စစ်ပိုင်းက သိပ်ပြီး မထိုးဖောက်နိုင်ဘူးဖြစ်နေတယ် ဂိုးပြတ်သားမှုလည်း တော်တော်အားနည်းသွားတယ် ပြီးတော့ လွယ်လွယ်လေးနဲ့ မှားယွင်းတတ်နေတယ် ပွဲတိုင်းပဲ ခပ်လန့်လန့်နဲ့ အားပေးနေရပါတယ် အချို့ပရိသတ်တွေဆို အားပေးလို့တောင်မရဲကြတော့တာလည်းရှိတယ် ဒါပေမယ့်လည်း ဝက်စ်ဟမ်းအသင်းမှာ ယုံကြည်မှုပျောက်ဆုံးနေတယ် ဒီပွဲ တော်တော်လေးကြည့်ကောင်းလိမ့်မယ် လီဗာပူးလ်က တိုက်စစ်ဆင်ပြီး ဝက်စ်ဟမ်းက ခံစစ်ပိတ်မယ် ပြီးရင် တန်ပြန်တိုက်စစ်ဆင်မယ် အဲ့တော့ ဂိုးပြတ်သားမှုရှိတဲ့ဘက်ကပဲ ပျော်ရလိမ့်မယ် အစစအရာရာကြည့်ပြီး ဘာပဲပြောပြော လီဗာပူးလ်ဘက်က ပိုသာနေတုန်းပါ အဲ့ဒီတော့ လီဗာပူးလ်ကို အားပေးရင် ပျော်ရလောက်ပါတယ်။

West ham United  : အိမ်ရှင်ဝက်စ်ဟမ်းအသင်း အခုနောက်ပိုင်းစွမ်းဆောင်ရည်တော်တော်ဆိုးနေပါတယ် နောက်ဆုံး ၈ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရထားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ခရစ်စတယ်ပဲလေစ့်ကို ၅-၂ နဲ့ ရှုံးနိမ့်လာတယ် ဒီရာသီ ၃၄ ပွဲကစားပြီး ၄၈ မှတ်လေးနဲ့ အဆင့် ၈ မှာရပ်တည်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Alphonse Areola နဲ့ George Earthy တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Calvin Phillips, Konstantinos Mavropanos နဲ့ Nayef Agerd တို့ကျတော့ အခြေနေစစ်ဆေးဖို့လိုပါတယ် ဒီပွဲ ဝက်စ်ဟမ်းအသင်းက အရင်တစ်ပွဲမှ အသုံးချတဲ့ကစားသမားတွေကိုပဲ ဆက်ပြီး အသုံးပြုသွားမယ်ထင်တယ် ခံစစ်ပိုင်းနေရာမှာ Vladimir Choufal, Angelo Ogbonna, Kurt Zouma နဲ့ Emerson တို့ကို တာဝန်ပေးပြီး အလယ်တန်းနေရာကျတော့ Edson Alvarez နဲ့ Tomas Soucek တို့နှစ်ယောက်ကို အဓိကတာဝန်‌ ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ James Ward Prowse, Lucas Paqueta နဲ့ Mohamed Kudus တို့ကို တာဝန်ပေးပြီး Striker နေရာ Mikhail Antonio ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Liverpool : လီဗာပူးလ်အသင်းမှာလည်း ခြေစွမ်းကျဆင်းနေပါတယ် နောက်ဆုံး ၄ ပွဲကစားပြီး ၁ ပွဲလေးပဲ အနိုင်ရထားတယ် အဲ့ဒီလိုနဲ့ပဲ သူတို့ရဲ့ ချန်ပီယံဆုရဖို့အနေအထား မရှိသလောက်ဖြစ်နေပါပြီ နောက်ဆုံးတစ်ပွဲတုန်းက အဲဗာတန်ကို ၂-၀ နဲ့ရှုံးပြီး အာဆင်နယ်ရဲ့အနောက်ကနေ ၃ မှတ် ကွာဟသွားပါပြီ ပြီးတော့ သွင်းဂိုးစံချိန်ကလည်း ၁၅ လုံးတောင် ကွာဟနေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Connor Bradley, Joel Matip, Thiago Alcantara နဲ့ Diogo Jota တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဒီပွဲ အသင်းနည်းပြက သူ့အသင်းရဲ့ ခံစစ်ပိုင်းနေရာမှာ Trent Alexander-Arnold, Virgil van Dijk, Ibrahima Konate နဲ့ Andrew Robertson တို့ကိုပဲ တာဝန်ပေးပြီး ကွင်းလယ်နေရာမှာကျတော့ Wataru Endo, Dominic Soboszlai နဲ့ Alexis Mac Allister တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ပြီးရင် တိုက်စစ်ပိုင်းနေရာမှာ Luis Diaz, Mohamed Salah နဲ့ Darwin Nuñez တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

11 Players

West ham United (4-2-3-1) : Areola; Coufal, Zouma, Aguerd, Emerson; Alvarez, Soucek; Kudus, Ward-Prowse, Paqueta; Antonio

 

Liverpool (4-3-3) : Alisson; Alexander-Arnold, Quansah, Van Dijk, Robertson; Szoboszlai, Endo, Mac Allister; Salah, Nunez, Diaz

Misssing Players

West ham United – Nayef Agued (Ankle Injury),Jarrod Bowen (Back Injury),K.Mavropanos (Knock Injury),George Earthy (Concussion)

Liverpool – Thiago (Muscle injury), Conor Bradley (Ankle injury), Ben Doak (Meniscus tear), Joel Matip (Cruciate ligament tear)

Facebook

မန်ယူအသင်း အခုမှ အောက်ဆုံးအဆင့်ဖြစ်တဲ့ရှက်ဖီးလ်အပေါ် ၄-၂ နဲ့ အနိုင်ရရှိလာလို့ ယုံကြည်မှု တော်တော်ပြန်ရကြလောက်တယ် ဘန်လေအသင်းမှာလည်း အတန်းမဆင်းအောင် ရုန်းကန်ဖို့အားမကုန်သေးပါဘူး အခုနောက်ပိုင်း လွယ်လွယ်လေးနဲ့မရှုံးတတ်ပါဘူး ဒီပွဲ ပွဲစစလာချင်းမှာ မန်ယူဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ဒါပေမယ့် ဘန်လေအသင်းကလည်း တိုက်စစ်ဆင်တဲ့ကစားနည်းနဲ့ အားသာနေတော့ တစ်ခါတစ်လေ မန်ယူအသင်းက စနေနေ့ပွဲကောင်းများ ခံစစ်ပိတ်ကစားလိမ့်မယ် ဒီနေရာမှာ အားသာချက်ရသလို အားနည်းချက်လည်းရှိပါတယ် အားသာချက်က သူတို့ရဲ့တိုက်စစ်မှူးတွေ နေရာရမယ် အားနည်းချက်ကတော့ ခံစစ်ပိတ်ကစားလိုက်တာနဲ့ တိုက်စစ်ဆင်ဖို့တောင် ပြန်မလုပ်နိုင်ဘူးဖြစ်တယ် ဒါပေမယ့်လည်း ဒီပွဲ မန်ယူအသင်းရဲ့ပြိုင်ဘက်က အရင်ပွဲလိုမျိုးပဲ တောင့်တင်းမှုသိပ်မရှိပါဘူး ပြီးတော့ တန်ဟက်ရဲ့ကစားသမားတွေက အရေးကြုံလာရင် မထင်မှတ်တဲ့စွမ်းအင်တွေ အသုံးချတတ်ပါတယ် ပေါ့ဆလို့တော့ မဖြစ်သေးပါဘူး ဘန်လေအသင်မှာလည်း သွက်လက်မှုရှိတဲ့ Wilson ODobert ရှိနေတယ် သူက အပြေးမြန်သလို ကိုယ်ပိုင်းအရည်အချင်းလည်း အရမ်းကောင်းတယ် မန်ယူအသင်း ဒီပွဲမှာလည်း ပင်ပန်းမှာပဲ အိမ်ကွင်းနဲ့ ၃ မှတ်ရအောင်တော့ ကြိုးစားယူလိမ့်မယ်။

Manchester United : မန်ယူအသင်း နောက်ဆုံးတစ်ပွဲကမှ အောက်ဆုံးအဆင့်ဖြစ်တဲ့ ရှက်ဖီးလ်အပေါ် ၄-၂ နဲ့ အနိုင်ရရှိလာပါတယ် ဒီရာသီ ၃၃ ပွဲကစားပြီး ၅၃ မှတ်လေးနဲ့ အဆင့် ၆ မှာရပ်တည်နေတယ် Top4 ရဲ့နောက်ကနေ ၁၃ မှတ်တောင် လိုက်နေတယ် အဲ့တာနဲ့ပဲ သူတို့ရဲ့ ချန်ပီယံလိဂ်ခွဲတမ်းရဖို့အရေး မရှိသလောက်ဖြစ်နေပါပြီ ပြီးတော့ အသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိနေတယ် ဥပမာ Mason Mount, Lisandro Martinez, Jonny Evans, Victor Lindelof, Tyrell Malasia, Anthony Martial. , Raphael Varane, Marcus Rashford နဲ့ Willy Kumbvala တို့ကစ အားလုံး ဒဏ်ရာရထားကြပါတယ် ဒီပွဲ သူတို့ဆီမှာရှိတဲ့ အကောင်းဆုံးကစားသမားနဲ့ပဲ လှုပ်ရှားမယ်ထင်တယ် တန်ဟက်က သူ့အသင်းရဲ့ ဂိုးသမားနေရာ Andre Onana ကိုပဲ တာဝန်ပေးပြီး ခံစစ်နေရာမှာကျတော့ Diogo Dalot, Harry Maguire, Casemiro နဲ့ Aaron Wan-Bissaka တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် လံစစ်ပိုင်းအတွက် အရန်ဖြစ်တဲ့ လူငယ်ကြယ်ပွင့်တွေလည်း အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ကွင်းလယ်ပိုင်းမှာကျတော့ Kobbie Mainoo, Christian Eriksen, Alejandro Carnacho နဲ့ Bruno Fernandes တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ် ကြားထဲ အရန်ကစားသမားဖြစ်တဲ့ Scott McTominay နဲ့ Sofiane Amrabat တို့လည်း အဆင်သင့်ပဲ ဖြစ်နေကြပါတယ် တိုက်စစ်ပိုင်းမှာကျတော့ Anthony နဲ့ Rasmus Hojlund တို့ကိုပဲ ဂိုးသွင်းဖို့ တာဝန်ပေးထားလောက်တယ် ကြားထဲ အရန်ကစားသမားဖြစ်တဲ့ Ethan Wheatley နဲ့ Ahmad Diallo တို့လည်း အဆင်သင့်ပဲ ဖြစ်နေကြပါတယ်။

 

Burnley : ဘန်လေအသင်းကျတော့ နောက်ဆုံး ၇ ပွဲကစားပြီး ၁ ပွဲလေးပဲ ရှုံးနိမ့်သွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက ရှက်ဖီးလ်အပေါ် ၁-၄ နဲ့ အနိုင်ရရှိလာပြီး အဆင့် ၁၉ မှာပဲ ရပ်နေပါတယ် ဒီရာသီ ၃၄ ပွဲကစားပြီး ၂၃ မှတ် ကိုင်ဆောင်ထားတယ် လုံခြုံမှုဇုံမှာရှိတဲ့ ဘန်လေရဲ့ အနောက်ကနေ ၃ မှတ် လိုက်နေတယ် ဒါပေမယ့် သွင်းဂိုးစံချိန်ကတော့ ၁၄ လုံးတောင် ကွာဟနေတယ် ဒီပွဲ ဒဏ်ရာရထားတဲ့ Aaron Ramsey, Amin Al-Dakil, Jordan Beyer, Nathan Redmond နဲ့ Luca Coleocho တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ပွဲပယ်စာရင်းထဲမှာတော့ တစ်ယောက်မှမရှိပါ ဒီပွဲ အသင်းနည်းပြက အတန်းမဆင်းအောင် ရုန်းကန်ဖို့အရေး သူတို့ဆီမှာရှိတဲ့ အကောင်းဆုံး ကစားသမားအဖွဲ့အစုနဲ့ပဲ လှုပ်ရှားမယ်ထင်တယ် ဂိုးသမားနေရာ နံပါတ် ၁ ဖြစ်တဲ့ Arianet Muriz ကိုပဲ တာဝန်ပေးပြီး Laurence Ascion, Dara O’Shea, Maxim Esteve နဲ့ Charlie Taylor တို့ကိုကျတော့ ခံစစ်နေရာမှာ တာဝန်ပေးထားလိမ့်မယ် အဲ့အပိုင်း အရန်ကစားသမားဖြစ်တဲ့ Jalmar Ekdal ကလည်း အဆင်သင့်ပဲ ဖြစ်နေပါတယ် ကွင်းလယ်ပိုင်းနေရာကျတော့ Vitinho, Wilson Odobert, Josh Cullen နဲ့ Sander Berg တို့ကိုပဲ တာဝန်ပေးပြီး အဲ့အပိုင်းမှာ အရန်ကစားသမားဖြစ်တဲ့ Johann Gudmundsson နဲ့ Josh Brownhill တို့လည်း အဆင်သင့် ဖြစ်နေကြပါတယ် တိုက်စစ်ပိုင်းနေရာမှာ Jacob Brun Larsen နဲ့ Lyle Foster တို့ကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးပြီး အဲ့အပိုင်းအတွက် အရန်ကစားသမားဖြစ်တဲ့ David Datro Fofana မှာလည်း အဆင်သင့် ဖြစ်နေပါတယ်။

11 Players

Manchester United  (4-2-3-1) : Onana; Wan-Bissaka, Casemiro, Maguire, Dalot; Mainoo, McTominay; Amad, Fernandes, Garnacho; Hojlund

 

Burnley (4-4-2) : Muric; Assignon, O’Shea, Esteve, Taylor; Vitinho, Cullen, Berge, Larsen; Foster, Odobert

Missing Players

Manchester United – Raphaël Varane (Muscle injury), Tyrell Malacia (Knee injury), Luke Shaw (Muscle injury), Jonny Evans (Muscle injury), Victor Lindelöf (Hamstring injury), Lisandro Martínez (Calf strain)

Burnley – Luca Koleosho (Knee injury), Jordan Beyer (Hamstring injury)

Facebook

အက်စတွန်ဗီလာအသင်း ဒီပွဲ ပိုသာပါတယ် အိမ်ကွင်းနဲ့ ကစားရပြီး စွမ်းဆောင်ရည် ပိုကောင်းနေတယ် အဓိက ယုံကြည်မှုတွေပါ ရှိနေကြတယ် ပြီးတော့ ချယ်လ်ဆီးအသင်းက အခုမှ ၀-၅ နဲ့ ရှုံးနိမ့်ထာတော့ အက်စတွန်ဗီလာတို့ ပိုတောင် မကြောက်တော့ပါဘူး အက်စတွန်ဗီလာအသင်းက Top4 နေရာမှာ အပိုင်ရဖို့ ၃ မှတ်လိုချင်တယ် ပြီးတော့ စပါးအသင်းကလည်း သူတို့နား အရမ်းကပ်လာနေလို့ပါ ချယ်လ်ဆီးအသင်းမှာလည်း ဥရောပတိုက်ပွဲတွေထဲ ပါဝင်ဖို့ရှိနေသေးတဲ့အတွက် အတတ်နိုင်ဆုံး အမှတ်ရအောင်တော့ လုပ်ယူချင်လိမ့်မယ် ကစားပွဲအနေအထားက နှစ်သင်းစလုံး တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ချယ်လ်ဆီးအသင်းက ဘောလုံးကိုင်တွယ်ဖို့ အဓိကထားမယ် အိမ်ရှင်အသင်းကျတော့ ကွင်းလယ်အထိ နောက်ဆုတ်ထားပြီး ချယ်လ်ဆီးရဲ့အမှားကို စောင့်နေလိမ့်မယ် အက်စတွန်ဗီလာအသင်းမှာ သွက်လက်မှုရှိတဲ့တိုက်စစ်မှူးရှိတယ် ပြီးတော့ ချယ်လ်ဆီးအသင်းရဲ့ ခံစစ်ပိုင်းက အခြေနေမကောင်းဘူး အက်စတွန်ဗီလာရဲ့ တန်ပြန်တိုက်စစ်ဆင်ကို ခံခဲ့ရရင်တော့ ဂိုးပေးရမယ့်အနေအထား တော်တော်များတယ် စနေနေ့ပွဲကောင်းများ  ပြီးတော့ အက်စတွန်ဗီလာအသင်းက ချယ်လ်ဆီးရဲ့အိမ်ကွင်းတုန်းကလည်း ၀-၁ နဲ့ အရင်နိုင်ထားသေးတယ် ပြီးကျမှ ချယ်လ်ဆီးက FA ဖလားမှာ ပြန်နိုင်သွားတယ် တည်ငြိမ်မှုရှိတဲ့စွမ်းဆောင်ရည်ပိုင်ရှင်ကတော့ အက်စတွန်ဗီလာပါပဲ ချယ်လ်ဆီးအသင်းက Cole Palmer ရဲ့အခြေနေကို စစ်ဆေးနေရတယ် သူက အသင်းရဲ့ အရေးကြီးသောကစားသမားဖြစ်နေတယ် သူမရှိလို့ကတော့ ချယ်လ်ဆီးအသင်းရဲ့တိုက်စစ်ပိုင်းက ဘာမှမလုပ်တတ်ပဲ ဖြစ်သွားလိမ့်မယ် အဲ့တော့ ဒီပွဲ အက်စတွန်ဗီလာဘက်ကပဲ အနိုင်ရသွားမယ်လို့ ထင်မြင်ထားပါတယ်။

Aston Villa : အိမ်ရှင်အက်စတွန်ဗီလာအသင်း ဥရောပတိုက်ပွဲထဲ ပါဝင်ကစားခွင့်ရနေသေးတဲ့ အင်္ဂလန်နိုင်ငံမှ စနေနေ့ပွဲကောင်းများ တစ်သင်းသာဖြစ်တယ် Europa Conference League နောက်ဆုံး ၈ သင်းအဆင့်တုန်းက လိုင်လီအပေါ် ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ကောက်ရလာတယ် လိဂ်ပွဲစဉ်တွေမှာလည်း အခြေနေကောင်းတယ် ၂ ပွဲဆက်တိုက် အနိုင်ရရှိထားတယ် တစ်ပွဲက အာဆင်နယ်ကို ၀-၂ နဲ့နိုင်ပြီး နောက်တစ်ပွဲ ဘုန်းမောက်ကို ၃-၁ နဲ့ အနိုင်ရသွားတယ် လောလောဆယ် ဘက်ထဲ ၆၆ မှတ် ကိုင်ဆောင်ထားပြီး အဆင့် ၄ မှာ ရပ်တည်နေတယ် အဆင့် ၅ မှာရှိတဲ့ စပါးထက် ၆ မှတ် ပိုသာပါတယ် ဒါပေမယ့် စပါးအသင်းထက် ၂ ပွဲ ပိုကစားထားပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Tyrone Mings, Emiliano Buendia နဲ့ Boubacar Kamara တို့ကို ကိုင်တွယ်လို့မရသေးပါဘူး နောက်ဆုံးမှ ဒဏ်ရာရသွားတဲ့ Alex Moreno နဲ့ Nicolo Zaniolo တို့လည်း ဒီပွဲ မပါနိုင်သေးပါဘူး ကံကောင်းတာတော့ Douglas Louis က ပွဲပယ်စာရင်းမှ လွတ်မြောက်လာပြီဖြစ်ပါတယ်။

Chelsea  : ချယ်လ်ဆီးအသင်း အခုမှအာဆင်နယ်ကို ၅-၀ နဲ့ ပိုးစိုပက်စက် ရှုံးနိမ့်လာပါတယ် ဒီနားမတိုင်ခင်တုန်းက သူတို့ရဲ့စွမ်းဆောင်ရည် အရမ်းကောင်းတော့ ဥရောပခွဲတမ်းလေးဘာလေး ရသွားမလားလို့တောင် ထင်ခဲ့သေးတယ် ချယ်လ်ဆီးအသင်း လောလောဆယ် လက်ထဲ ၄၇ မှတ်ရှိပြီး အဆင့် ၉ မှာရပ်တည်နေတယ် အဆင့် ၆ ရဲ့နောက်ကနေ ၃ မှတ်လေးပဲ လိုက်နေပါတယ် အသင်းရဲ့ အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ Wesley Fofana, Reese James, Lesley Ugochukwu, Christoph Levi, Colville Nkunku, Robert Sanchez, Malo Gusto နဲ့ Romeo Lavia တို့ကို ကိုင်တွယ်လို့မရသေးပါဘူး Cole Palmer နဲ့ Ben Chilwell တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ်။

11 Players 

Aston Villa (4-4-1-1) : Martinez; Konsa, Carlos, Torres, Digne; Bailey, Luiz, Tielemans, McGinn; Rogers; Watkins

Chelsea (4-2-3-1) : Petrovic; Disasi, Chalobah, Silva, Cucurella; Caicedo, Gallagher; Madueke, Palmer, Sterling; Jackson

Missing Players

Aston Villa – Emiliano Buendía (Cruciate ligament tear), Álex Moreno (unknown injury), Boubacar Kamara (Knee injury), Tyrone Mings (Cruciate ligament tear), Jacob Ramsey (Toe injury)

Chelsea – Reece James (surgery), Enzo Fernández (Groin problems), Malo Gusto (unknown injury), Ben Chilwell (Knee problems), Levi Colwill (Toe injury), Christopher Nkunku (Hamstring injury), Lesley Ugochukwu (Hamstring injury), Robert Sánchez (unknown injury), Wesley Fofana (Cruciate ligament tear), Roméo Lavia (Hamstring injury)

Facebook