စနေနေ့ညပွဲစဥ်များ

ခရစ်စတယ်ပဲလေ့စ် Vs လီဗာပူးလ် [ 8 Dec 23 - 19:00 hrs]

စနေနေ့ညပွဲစဥ်များ ခြေစွမ်းတွေမတရားပြပြီး အမှတ်တွေတောက်လျှောက်ကောက်သိမ်းနိုင်တဲ့လီဗာပူးလ်အသင်း လတ်တလော အဆင့် ၂ နေရာမှာရပ်တည်နေပြီး အဆင့် ၁ မှာရှိတဲ့အာဆင်နယ်ထက် ၂ မှတ်ကွာဟနေပါတော့တယ် ခရစ်စတယ်ပဲလေ့စ်အသင်းကျတော့ လက်ရှိနည်းပြလက်ထဲရောက်ခါစတုန်းက အခြေနေကောင်းခဲ့ဖူးပါတယ် ဒါပေမယ့် အခုနောက်ပိုင်း အတန်းဆင်းမယ့်ထဲကနေ ရုန်းထွက်ရတော့မလိုဖြစ်နေတယ် အချင်းချင်းထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ၇၂ ပွဲတုန်းက လီဗာပူးလ်တို့ ၃၅ ပွဲ အနိုင်ရသွားခဲ့ဖူးပြီး ၁၃ ပွဲသရေနဲ့ ပဲလေစ့်ဘက်က ၁၄ ပွဲ နိုင်သွားခဲ့ဖူးပါတယ် နောက်ဆုံး ၅ ပွဲကိုပဲ ယူကြည့်မယ်ဆိုရင် လီဗာပူးလ်ဘက်က ၃ ပွဲနိုင် ၂ ပွဲသရေ လုပ်ထားနိုင်ခဲ့ပါတယ် ပဲလေစ့်ကို တစ်ပွဲမှမရှုံးခဲ့ပါဘူး ဒီပွဲအခြေနေကတော့ လီဗာပူးလ်ဘက်က တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် ပဲလေစ့်တို့ကျတော့ ခံစစ်ပိတ်ပြီး သွက်လက်မှုရှိတဲ့တိုက်စစ်ပိုင်းနဲ့ တန်ပြန်တိုက်စစ်ဆင်ဖို့ စီစဉ်ထားလိမ့်မယ် ဒီနှစ်သင်းဟာ အချင်းချင်းရင်ဆိုင်ခဲ့တဲ့ အခုနောက်ပိုင်းကာလမှာ သရေကျသွားတာများတယ် ဒါပေမယ့် ဒီပွဲ ကြိုးကြာနီက အဆင့် ၁ နေရာ အရမ်းလိုချင်နေတဲ့အတွက် ၃ မှတ်မရမချင်း ဖိအားတွေတောက်လျှောက်ပေးနေလိမ့်မယ် ပဲလေစ့်တို့ရဲ့ လက်ရှိအခြေနေနဲ့ဆိုရင် လီဗာပူးလ်ရဲ့တက်ကြွမှုကို ခံနိုင်မယ်မထင်ပါဘူး။

Crystal Palace : အိမ်ရှင်ခရစ်စတယ်ပဲလေ့စ်အသင်း အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ အရမ်းဆိုးနေပါတယ် နောက်ဆုံး ၈ ပွဲကစားပြီး တစ်ပွဲလေးပဲနိုင်ထားတယ် ၅ ပွဲတောင်ရှုံးနိမ့်သွားပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အိမ်ကွင်းနဲ့ ဘုန်းမောက်ကို ၀-၂ နဲ့ ရှုံးနိမ့်လာပါတယ် အဲ့ဒီလိုနဲ့ပဲ အမှတ်ပေးဇယား အဆင့် ၁၄ အထိ ကျဆင်းသွားပြီး လက်မှတ်ထဲ ၁၆ မှတ်ကိုင်ဆောင်ထားပါတယ် အတန်းဆင်းမယ့်ဇုန်ထက် ၉ မှတ်သာပါတယ် သူတို့အသင်းမှာ ဒီပွဲ Cheikh Doucoure, Eberisi, Eze, Rob Holding, Jesuran Rak-Zakki, ပြီးတော့ Dean Henderson တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးဒဏ်ရာရထားလို့ပါ။

 

Liverpool : လီဗာပူးလ်အသင်းကျတော့ စွမ်းဆောင်ရည်တွေတက်ကြွနေပြီး အနိုင်ပွဲတွေအရမ်းလိုချင်နေကြပါတယ် နောက်ဆုံးတစ်ပွဲတုန်းက အောက်ဆုံးအဆင့်ဖြစ်တဲ့ရှက်ဖီးလ်ကို ၂-၀ နဲ့ အနိုင်ရရှိခါတယ် ဒီရာသီ ၁၅ ပွဲကစားပြီ ၁၀ ပွဲနိုင် ၄ ပွဲသရေနဲ့ ၁ ပွဲအရှုံးဖြစ်ပါတယ် အမှတ်ပေးဇယား အဆင့် ၂ မှာရောက်ရှိနေပြီး လက်ထဲမှာ ၃၄ မှတ်ကိုင်ဆောင်ထားပါတယ် အဆင့် ၁ မှာရှိတဲ့အာဆင်နယ်ထက် ၂ မှတ်လေးပဲ နည်းနေတော့တယ် ကလော့ပ်ရဲ့အသင်းမှာ ဒီပွဲ Stefan Bijcetic, Thiago Alcantara, Andy Robertson, Alisson Becker, Alexis Mac Allister, Joel Matip နဲ့ Di Ogo Jota တို့ကို အသုံးချလို့မရသေးပါဘူး အားလုံးက ဆေးကုသမှုခံယူနေကုတုန်းဖြစ်ပါတယ်။

11 Players

Crystal Palace (4-2-3-1) : Johnstone; Ward, Andersen, Guehi, Clyne; Richards, Lerma; Olise, Hughes, Ayew; Edouard

Liverpool  (4-3-3-) : Kelleher; Alexander-Arnold, Konate, Van Dijk, Tsimikas; Gravenberch, Endo, Szoboszlai; Salah, Nunez, Diaz

 

Missing Players

Crystal Palace – Dean Henderson (Torn thigh muscle), Cheick Doucouré (Achilles tendon rupture)

Liverpool – Stefan Bajcetic (Calf injury), Alisson (Muscle injury), Andrew Robertson (Shoulder injury), Joel Matip (Cruciate ligament tear)

Facebook

နှစ်သင်းစလုံးက လက်ရှိအချိန်မှာ ခြေစွမ်းတက်ကြွနေတာချင်းတူပါတယ် မန်ယူအသင်း ကွင်းထဲကအခြေနေ သဘောကျစရာမကောင်းပေမယ့် အမှတ်တွေကိုတော့ တောက်လျှောက်ကောက်သိမ်းနိုင်နေတယ် ဘုန်မောက်အသင်းမှာလည်း တက်ကြွတာချင်းတူတယ် နယူးကာဆယ်ကိုနိုင်သွားခဲ့ဖူးပြီး အက်စတွန်ဗီလာနဲ့သရေကျလာပါတယ် အတန်းဆင်းမယ့်ဇုန်ကနေ စနေနေ့ညပွဲစဥ်များ ရုန်းထွက်နိုင်ပြီး အဆင့် ၁၅ မှာရပ်တည်နေတယ် နှစ်သင်းစလုံး ထိပ်တိုက်ရင်ဆိုင်ခဲ့ဖူးတဲ့ ပွဲ ၂၀ ထဲမှာ မန်ယူဘက်က ၁၄ ပွဲ နိုင်သွားခဲ့ဖူးပါတယ် ၃ ပွဲသရေကျပြီး ဘုန်းမောက်ဘက်က ၃ ပွဲ နိုင်သွားခဲ့ဖူးပါတယ် နောက်ဆုံး ၅ ပွဲသီးသန့်ကြည့်မယ်ဆိုရင် သရဲနီဘက်က ၄ ပွဲနိုင် ၁ ပွဲရှုံး လုပ်ထားနိုင်ခဲ့ပါတယ် သရဲနီတို့ရဲ့ နောက်ဆုံး ချယ်လ်ဆီးနဲ့တစ်ပွဲတုန်းကဟာကိုကြည့်ပြီးပြောရင် ပြန်ကောင်းလာတယ်လို့ မြင်ခဲ့ရပေမယ့် လူတော်တော်များများက သိပ်မယုံချင်ကြသေးပါဘူး ဘာလို့လဲဆိုတော့ ဘုန်းမောက်အသင်းက ချယ်လ်ဆီးတို့လိုမျိုး တိုက်စစ်ဆင်ပြီးဝင်လုံးမှာမဟုတ်သောကြောင့်ပါ အဲ့တာနဲ့ပဲ မန်ယူအသင်းရဲ့ တိုက်စစ်မှူးတွေက အရင်တစ်ပွဲလို ကစားဖို့နေရာ သိပ်ရမယ်မထင်ပါဘူး နောက်ပြီး တန်ဟက်က အသင်းသေးတွေနဲ့ရင်ဆိုင်ခဲ့ရရင် အစွမ်းသိပ်မပြနိုင်ဘူးဖြစ်နေတယ် အရင်တစ်ပွဲမတိုင်ခင်တုန်းကဆိုရင် သူတို့ချည်းပဲ ခံနေရလို့ပါ အဲ့ဒီတော့ ဒီပွဲ တန်ဟက်က သူ့အသင်းသားတွေကို ဘယ်လိုမျိုးတက်ကြွအောင် ဆွဲဆောင်နိုင်မလဲဆိုတာ စောင့်ကြည့်ရလိမ့်မယ် နှစ်သင်းစလုံးရဲ့အစစအရာရာယှဉ်ကြည့်တဲ့အခါမှာ မန်ယူဘက်က ပိုသာပါတယ် ကိုယ့်အိမ်ကွင်းနဲ့ပါကစာားရမှာဆိုတော့ နောက်တစ်ပွဲနိုင်ဖို့အခွင့်ရေး ရှိပါတယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း နောက်ဆုံးတစ်ပွဲ ချယ်လ်ဆီးနဲ့ကစားပြီး ခြေစွမ်းပြနိုင်လို့ ၂-၁ နဲ့ အနိုင်ကောက်ရလာပါတယ် အမှတ်ပေးဇယား အဆင့် ၆ မှာရပ်တည်ပေမယ့် အဆင့် ၄ မှာရှိတဲ့ မန်စီးတီးထက် မှတ်ပဲနည်းနေပါတယ် တန်ဟက်အသင်းမှာ ဒီပွဲ Ahmad Diallo, Casemiro, Christian Eriksen, Lisandro Martinez, Mason Mount နဲ့ Tyrell Malasia တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံး ဒဏ်ရာရထားကြလို့ပါ ဆန်ချိုနဲ့တစ်ယောက်ကျတော့ အရင်အတိုင်းပဲ ကိုယ်ရေးကိုယ်သာကိစ္စကြောင့် မပါနိုင်သေးပါဘူး ဒီပွဲ သရေဲနီအသင်းက Aaron Wan-Bissaka, Harry Maguire, Victor Lindelof နဲ့ Luke Shaw တို့ကို ခံစစ်ပိုင်းနေရာ တာဝန်ပေးထားမယ် ကွင်းလယ်ပိုင်းမှာကျတော့ Scott McTominay, Cobbie Mainu နဲ့ Bruno Fernandes တို့ကိုပဲ တာဝန်ပေးပြီး တိုက်စစ်ပိုင်းနေရာ Alejandro Carnacio, Anthony နဲ့ Rasmus Hojlund တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

 

Bournemouth : ဘုန်းမောက်အသင်းကျတော့ အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ပြန်ကောင်းပြီး နောက်ဆုံးတစ်ပွဲကမှ ခရစ်စတယ်ပဲလေစ့်ကို ၂-၀ နိုင်လာခဲ့ပါတယ် ဒီရာသီ ၁၅ ပွဲကစားပြီး ၄ ပွဲနိုင် ၄ ပွဲသရေနဲ့ ၇ ပွဲအရှုံးဖြစ်ပါတယ် အမှတ်ပေးဇယားထဲ အဆင့် ၁၅ မှာရပ်တည်ပြီး လက်ထဲမှာ ၁၆ မှတ်ကိုင်ဆောင်ထားပါတယ် သူတို့က အတန်းဆင်းမယ့်ဇုန်းနဲ့ ဝေးဝေးရှောင်ချင်တယ်ဆိုရင်တော့ ဒီထက်မက ကြိုးစားဖို့လို့ပါတယ် ဒီပွဲ ဘုန်းမောက်အသင်းမှာ Max Aarons, Tyler Adams နဲ့ Lloyd Kelly တို့မရှိသေးပါဘူး ခြေထောက်ဒဏ်ရာ ရထားကြလို့ပါ Alex Scott မှာလည်း ဒူးခေါင်းဒဏ်ရာ Ryan Fredericks လည်း ခြေထောက်ဒဏ်ရာ ရထားပါတယ် နောက်ပြီး Darren Randolph ကျတော့ နေမကောင်းလို့ အနားယူရလိမ့်မယ် Amy Marcondes လည်း ခြေချင်းဝတ်မှာဒဏ်ရာရထားလို့ မပါနိုင်မှန်းသေချာသွားပါပြီ အဲ့ဒီတော့ ဒီပွဲ သူတို့ရဲ့ ခံစစ်ပိုင်းနေရာ Adam Smith, Illiya Zabarnyi, Marcos Senesi နဲ့ Milos Kerquez တို့ကိုပဲ အားကိုးရမှာဖြစ်ပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Lewis Cook နဲ့ Ryan Christie တို့နှစ်ယောက် အတူဆင်းထိန်းမယ် တိုက်စစ်ပိုင်းနေရာကျတော့ Luis Sinisterra, Justin Kluivert နဲ့ Antoine Semenyo တို့ကိုပဲတာဝန်ပေးပြီး Striker နေရာကျတော့ Solanke ကပဲ တာဝန်ယူထားလိမ့်မယ်။

11  Players

Manchester United (4-2-3-1) : Onana; Dalot, Maguire, Shaw, Reguilon; McTominay, Mainoo; Rashford, Fernandes, Garnacho; Hojlund

Bournemouth (4-2-3-1) : Neto; Smith, Zabarnyi, Senesi, Kerkez; Cook, Christie; Semenyo, Kluivert, Tavernier; Solanke

 

Missing Players

Manchester United – Jadon Sancho (Suspended), Jonny Evans (Hamstring strain), Amad Diallo (Knee injury), Mason Mount (unknown injury), Casemiro (Knock), Lisandro Martínez (Foot injury), Tyrell Malacia (unknown injury), Christian Eriksen (Knee injury)

Bournemouth – Emiliano Marcondes (Foot injury), Darren Randolph (Ill), Tyler Adams (Hamstring injury), Ryan Fredericks (Calf injury)

Facebook

အာဆင်နယ်အသင်း အခုနောက်ပိုင်း အမှတ်တွေတောက်လျှောက်ကောက်သိမ်းပြီး အဆင့် ၁ နေရာ တက်ရောက်သွားပါပြီ နောက်ဆုံးတစ်ပွဲတုန်းက လူတန်တောင်နဲ့တွေ့ပြီး ရုန်းကန်အားကောင်းလို့ ၃-၄ နဲ့ တကျော့ပြန် အနိုင်ရရှိခဲ့တယ် ဗီလာအသင်းကျတော့ ဒီရာသီမှာ ပုံစံကောင်းတွေ တော်တော်ပြနေပါတယ် အိမ်ကွင်းလေးနဲ့ မန်စီးတီးကို ၁-၀ ကြိတ်လွတ်ခဲ့တယ် အက်စတွန်ဗီလာအသင်းဟာ လောလောဆယ် အိမ်ကွင်းနဲ့ ၁၄ ပွဲဆက်တိုက် အနိုင်ရရှိထားတဲ့စံချန်ကို တည်ဆောက်နိုင်ခဲ့ပါပြီ အရင်ရာသီကတည်းက စတွက်ပါတယ် ဒီပွဲမှာတော့ အာဆင်နယ်ဘက်ကပဲ တိုက်စစ်ဆင်ဖို့ ကြိုးစားလိမ့်မယ် ဒီပွဲမှာတော့ ခံစစ်ပိုင်း စနေနေ့ညပွဲစဥ်များ  အားကောင်းနေတဲ့ အက်စတွန်ဗီလာအသင်းနဲ့ ရင်ဆိုင်ရမှာဆိုတော့ အာဆင်နယ်အတွက် မလွယ်သေးပါဘူး ဒါပေမယ့် အက်စတွန်ဗီလာရဲ့အားနည်းချက်က အာရုံစူးစိုက်မှုအားနည်းသွားတာနဲ့ အခြေနေတန်းဆိုးလေရော ဒီပွဲ အာဆင်နယ်ဘက်က ဘယ်လောက်ထိဖိအားပေးပြီး ပထမဂိုးကို စောစောစီးစီးသွင်းနိုင်မလားမသိသေးပါဘူး ပွဲချိန်ကြာသွားပြီး တစ်ဂိုးမှမသွင်းနိုင်သေးရင်တော့ ကိုယ့်ကိုယ်ကို ဖိအားပြန်ပေးသလိုမျိုး ပြန်ဖြစ်သွားနိုင်ပါတယ် ဒီပွဲ တော်တော်လေးကြည့်ကောင်းလောက်တယ် နှစ်သင်းစလုံးမှာ ထူးခြားမှုရှိတဲ့အပိုင်းကလည်း ခပ်ဆင်ဆင်ပါပဲ အဓိက ဗီလာဘက်က ကိုယ့်အိမ်ကွင်းနဲ့ တက်ကြွမှုရှိနေတယ် ဒါပေမယ့်လည်း အာဆင်နယ်ရဲ့စွမ်းဆောင်ရည်ကိုကြည့်ပြီးပြောရင် သူတို့မှာလည်း လွယ်လွယ်လေးနဲ့ မရှုံးတတ်ပါဘူး အဆင်ပြေအောင်လည်း အမြဲလုပ်ယူနိုင်နေတယ် နောက်ပြီး ဗီလာတို့ရဲ့ အိမ်ကွင်းနဲ့ ရှုံးခဲ့တဲ့ နောက်ဆုံးတစ်ပွဲတုန်းကလည်း အာဆင်နယ်လက်ချက်ပဲဖြစ်တယ် ပြီးခဲ့တဲ့ ၂ လပိုင်းတုန်းကပါပဲ ဒီပွဲ ၃ မှတ်ရသွားမယ့်အသင်းကတော့ ၅၀-၅၀ ပါ သရေကျရုံနဲ့ ပြီးဖို့အရမ်းများပါတယ်။

Aston Villa : အိမ်ရှင်အက်စတွန်ဗီလာအသင်း စွမ်းဆောင်ရည်တွေ တော်တော်တက်ကြွနေပါတယ် နောက်ဆုံးတစ်ပွဲကမှ မန်စီးတီးကို ၁-၀ နဲ့ အနိုင်ရလာတဲ့အတွက် ချန်ပီယံလုယက်မယ့်ထဲ ပါချင်ချင်ဖြစ်နေတယ် အမှတ်ပေးဗယားထဲ အဆင့် ၃ မှာရပ်တည်နေပြီး လက်ထဲမှာ ၃၂ မှတ် ကိုင်ဆောင်ထားပါတယ် ဒီရာသီ ၁၅ ပွဲကစားပြီး အဆင့်မှာရှိတဲ့ အာဆင်နယ်ထက် ၄ မှတ်ပဲနည်းနေတော့တယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Emiliano Buendia, Bergtrand Traore နဲ့ Tyrone Mings တို့ကို အသုံးပြုလို့မရသေးပါဘူး အားလုံးဒဏ်ရာရထားကြပါတယ် ကျန်တဲ့ကစားသမားတွေကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် Unai Emery နည်းပြအသုံးပြုမယ့် ကစားသမားအဖွဲ့အစုကတော့ မန်စီးတီးကို နိုင်သွားတဲ့အဖွဲ့ကိုပဲ ဆက်ဆင်းခိုင်းမယ်ထင်ပါတယ် ခံစစ်ပိုင်းနေရာ Used Ezri Konsa, Diego Carlos, Pau Torres နဲ့ Lucas Digne တို့ကိုပဲ တာဝန်ပေးထားပြီး အလယ်တန်းမှာကျတော့ Leon Bailey နဲ့ John McGinn တို့ကို တောင်ပံနေရာ တာဝန်ပေးထားလိမ့်မယ် ပြီးရင် အလယ်နှစ်ယောက် Boubacar Kamara နဲ့ Douglas Luiz တို့ကိုပဲ ထိန်းခိုင်းမယ် တိုက်စစ်ဒုတိယလိုင်းကျတော့ Yuri Tielemans ကိုပဲ တာဝန်ပေးထားလိမ့်မယ် Striker နေရာကျတော့ Ollie Watkins ကိုပဲ ချထားလိမ့်မယ်။

 

Arsenal : အာဆင်နယ်အသင်းကျတော့ အမှားကနေ အနိုင်ဖြစ်နိုင် ရုန်းနိုင်ခဲ့တယ် အရင်တစ်ပွဲတုန်းက လူတန်တောင်းနဲ့တွေ့ပြီး ၃-၄ နဲ့ အနိုင်ရရှိလာတယ် အဲ့တာနဲ့ပဲ သူတို့လက်ထဲမှာ ၃၆ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁ မှာရပ်တည်နေတယ် အဆင့် ၂ မှာရှိတဲ့ လီဗာပူးလ်ထက် ၂ မှတ်ပိုသာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်း ကတော့ Yerrion Timber, Emile Smith Rowe, Fabio Vieira, Thomas Partey နဲ့ Takehiro Tomiyasu တို့အားလုံးဟာ ဆေးကုသမှုခံယူနေရတုန်းဖြစ်ပါတယ် အာတီတာရဲ့အစီစဉ်ကတော့ ဒီပွဲ ခံစစ်ပိုင်းနေရာ Ben White, William Saliba, Gabriel Magalhaes နဲ့ Oleksandr Zinchenko တို့ကိုပဲ တာဝန်ပေးထားမှာဖြစ်ပြီး Martin Odegaard, Declan Rice နဲ့ Kai Havertz တို့ကိုကျတော့ ကွင်းလယ်နေရာ တာဝန်ပေးထားလိမ့်မယ် တိုက်စစ်ပိုင်းနေရာကျတော့ Gabriel Jesus, Bukayo Saka နဲ့ Gabriel Martinelli တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Aston Villa (4-4-1-1) : Martinez; Konsa, Carlos, Torres, Digne; Diaby, Luiz, Kamara, McGinn; Tielemans; Watkins

Arsenal (4-3-3) : Raya; White, Saliba, Gabriel, Zinchenko; Odegaard, Rice, Havertz; Saka, Jesus, Martinelli

Missing Players

Aston Villa – Emiliano Buendía (Cruciate ligament tear), Tyrone Mings (Cruciate ligament tear)

Arsenal – Jurrien Timber (Cruciate ligament tear), Emile Smith Rowe (Knee injury), Thomas Partey (Hamstring injury)

Facebook