ဂိုးခန့်မှန်းရလဒ် ဘန်လေ Vs ချယ်လ်ဆီး [ 7 Oct 23 - 20:30 hrs]

ဂိုးခန့်မှန်းရလဒ် နောက်ဆုံးတစ်ပွဲကမှ ၃ မှတ်ရလာတာချင်းတူတဲ့အသင်းတွေရဲ့ ပြိုင်ပွဲဖြစ်ပါတယ် အိမ်ရှင်ဘန်လေအသင်း ရာသီစတင်ကတည်းက အခုမှပဲ လူတန်တောင်းနဲ့တွေ့ပြီး အနိုင်ရသွားတယ် ချယ်လ်ဆီးတို့ကျတော့ ၂ ပွဲဆက်တိုက် အနိုင်ရရှိထားပါတယ် ကာရာဘောင်းဖလားတုန်းက ဘရိုက်တန်ကိုနိုင်ပြီး နောက်တစ်ပွဲ ဖူဟမ်ကို နိုင်လာတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးပဲ တိုက်စစ်ဆင်ပြီးဝင်လုံးလိမ့်မယ် တိုက်စစ်ဆင်ကစားခြင်းဟာ နှစ်သင်းစလုံး အားသာတဲ့စတိုင်လ်ဖြစ်တယ် ဘန်လေအသင်း Kompany ရဲ့ အုပ်ချုပ်မှုထဲရောက်လာကတည်းက ဘောလုံးအပို့အယူ ပိုအားကောင်းလာတယ် ချယ်လ်ဆီးအသင်းဝင်ကစားသမားတွေကျတော့ ပိုချက်တီနိုရဲ့ ကစားစနစ်ကို ပိုမိုနားလည်မှုရှိလာပါတယ် တစ်ခါထဲ စွမ်းဆောင်ရည်တွေ ကောင်းလာတယ် ဒီပွဲမှာတော့ နှစ်သင်းစလုံးယှဉ်ကြည့်ရင် ချယ်လ်ဆီးဘက်က ပိုသာပါတယ် အဝေးကွင်းနဲ့ ကစားရမှာဆိုပေမယ့် အစစအရာရာ ပိုကြည့်ကောင်းပါတယ် ဘန်လေရဲ့တိုက်စစ်ပိုင်းက ချယ်လ်ဆီးရဲ့ခံစစ်ပိုင်းကိုယှဉ်ကြည့်ရင် အရမ်းထိုးဖောက်နိုင်မယ်မထင်ဘူး ဒါပေမယ့်လည်း ပြတ်သားမှုချင်း ယှဉ်ကြည့်ရလိမ့်မယ် ချယ်လ်ဆီးတို့လည်း ဂိုးပြတ်သားနိုင်ရင်တော့ အနိုင်ရသွားတဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

Burnley : ဘန်လေအသင်း ဒီရာသီစတင်လာကတည်းက အခုမှပဲ တစ်ပွဲထဲနဲ့ ၃ မှတ်ရသွားတာဖြစ်ပါတယ် အဲ့ပွဲ ခူတန်တောင်းအသင်းနဲ့ ၁-၂ နိုင်လာခဲ့တယ် အခုလက်ရှီ အဆင့် ၁၈ မှာရပ်တည်နေပြီ လုံခြုံတဲ့ဇုံနဲ့ ၄ မှတ်ပိုင်ဆိုင်ထားတာချင်းတူတယ် ဘန်လေအသင်း ဒီပွဲ Versant Kompany နည်းပြရဲ့ကစာသမားတွေ ခြေထောက်ဒဏ်ရာရထားတဲ့ Johann Berg Gudmundsson မရှိသေးပါဘူး Manuel Hidilazio လည်း ခြေဆစ်ဒဏ်ရာရထားတဲ့အတတွက် မပါနိုင်သေးပဲ ဖြစ်သွားပါတယ် Nathan Redmond နဲ့ Hulmar Ekdal တို့လည်း ဒူးခေါင်းဒဏ်ရာရထားကြလို့ မပါနိုင်သေးပါဘူး Michael Obafemi လည်း ခြေထောက်ဒဏ်ရာ ရထားတယ် ဘန်လေရဲ့ ပထမ ၁၁ ယောက်မှာတော့ ဂိုးသမားနေရာ Trafford ပဲဖြစ်ပြီး ခံစစ်မှူးတွေကျတော့ Roberts, Al-Dakhil, Beyer နဲ့ Taylor တို့ပဲဖြစ်လိမ့်မယ် အလယ်ပိုင်းမှာ Berge, Cullen, Brownhill နဲ့ Koleosho, Foster တို့ကိုပဲ တာဝန်ပေးထားလောက်တယ် Striker နေရာကျတော့ Amdouni ကိုပဲ တာဝန်ပေးထားလောက်တယ်။

 

Chelsea : ချယ်လ်ဆီးအသင်းလည်း အခုမှအနိုင်ရလာတာချင်းတူတူပဲ အဲ့ပွဲ ဖူဟမ်နဲ့တွေ့ပြီး ၀-၂ နဲ့ အနိုင်ကောက်ရလာတယ် အခုလက်ရှိ လက်ထဲမှာ ၈ မှတ်ကိုင်ဆောင်ထားပြီး အဆင့် ၁၁ မှာရပ်တည်နေတယ် ဒီနှစ်ထဲမှာ သူတို့ဟာ ဥရောပတိုက်ပွဲထဲ ပါဝင်ယှဉ်ပြိုင်စရာမလိုတဲ့အတွက် အနားတွေ တော်တော်ယူခဲ့ရပါတယ် ပိုချက်တီနိုအသင်းမှာ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးရှိပါတယ် Christoph Nkunku, Wesley Fofana, Romeo Lavia နဲ့ Ben Chilwell တို့အားလုံး ဒဏ်ရာရထားကြတယ် Bernoit Badilcheil, Carney Chukwuemeka, Mikaylo Mudrik, Armando Broya နဲ့ Reece James တို့ကျတော့ အခြေနေစစ်ဆေးဖို့ပဲ လိုပါတော့တယ် Malo Gusto နဲ့တစ်ယောက်ကျတော့ ဘန်းစာရင်းထဲပါသွားလို့ မပါနိုင်သေးပါဘူး Nicholas Jackson တို့ကျတော့ ပြန်ဆင်းဖို့ အဆင်သင့်ပြန်ဖြစ်သွားပါပြီ ချယ်လ်ဆီးအသင်းရဲ့ ပထမ ၁၁ ယောက်မှာ ဂိုးသမား Sanchez ဖြစ်မယ် ခံစစ်ပိုင်းကျတော့ Cucurella, Disasi, Silva နဲ့ Colwill တို့ ၄ ယောက် ဖြစ်လိမ့်မယ် အလယ်တန်းကျတော့ Caicedo, Fernandez နဲ့ Gallagher တို့ကိုပဲ တာဝန်ပေးပြီး ဂိုးသွင်းဖို့နေရာကျတော့ Palmer, Jackson နဲ့ မူဒရစ်တို့ကိုပဲ တာဝန်ပေးထားလောက်ပါတယ်။

11 Players

Burnley  (4-3-3) : Trafford; Roberts, Al-Dakhil, Beyer, Taylor; Berge, Cullen, Brownhill; Koleosho, Foster, Amdouni

Chelsea (4-3-3) : Sanchez; Cucurella, Disasi, Silva, Colwill; Caicedo, Fernandez, Gallagher; Palmer, Jackson, Sterling

Missing Players

Burnley  – Nathan Redmond (Unknown Injury), Vitinho (Knee Injury), Darko Churlinov (Sepsis), Michael Obafemi (Hamstring Injury)

Chelsea – Marcus Bettinelli (Unknown Injury), Reece James (Hamstring Injury), Trevoh Chalobah (Thigh Problems), Ben Chilwell (Hamstring Injury), Wesley Fofana (Cruciate Ligament Rupture), Benoît Badiashile (Fitness), Roméo Lavia (Ankle Injury), Christopher Nkunku (Knee Injury)

Facebook

မန်ယူအသင်း အခုတလော စွမ်းဆောင်ရည်တွေကျဆင်းနေပါတယ် နောက်ဆုံးတစ်ပွဲကမှ ခရစ်စတယ်ပဲလေစ့်ကိုရှုံးနိမ့်လာတယ် အဲ့ပွဲ မန်ယူရဲ့တိုက်စစ်ပိုင်းက ဂိုးသွင်းခွင့်တွေ တော်တော်ဖန်တီးနိုင်တယ် ဒါပေမယ့် အဲ့အခွင့်ရေးကိုချုပ်ကိုင်ပြီး ဂိုးဖြစ်အောင်မလုပ်နိုင်ဘူး ဘရန်ဖိုတ့်အသင်းကျတော့ စွမ်းဆောင်ရည်တွေ ငြိမ်ပြီး ဘာမှထူးခြားမှုမရှိသေးပါဘူး နောက်ဆုံး ၅ ပွဲတုန်းက တစ်ပွဲမှမနိုင်သေးပါဘူး ဒီပွဲ ဘရန်ဖိုတ့်ဘက်က ခံစစ်ပိတ်ပြီး သွက်လက်တဲ့တိုက်စစ်ကို ဆင်ကစားလိမ်မ့ယ် နှစ်သင်းစလုံးရဲ့ အစစအရာရာယှဉ်ကြည့်ရင် မန်ယူဘက်ကပိုသာပါတယ် နောက်ပြီး မန်ယူဘက်ကပဲ အနိုင်ရသွားလောက်ပါတယ် ဂိုးခန့်မှန်းရလဒ် နှစ်သင်းစလုံးရဲ့ ထိပ်တိုက်ရင်ဆိုင်မှုက ၁၇ ပွဲရှိပြီး မန်ယူဘက်က ၉ ပွဲနိုင်သွားခဲ့ဖူးပါတယ် သရေ ၂ ပွဲလေးနဲ့ ဘရန်ဖိုတ့်ဘက်က ၆ ပွဲ နိုင်သွားတယ် အရင်ရာသီတုန်းက အချင်းချင်းတွေ့ပြီး အနိုင်တွေ တစ်ယောက်တစ်လှည့်ရသွားကြတယ် အဲ့တုန်းက ဘရန်ဖိုတ့်အသင်း ၄-၀ နဲ့ အရင်နိုင်သွားတယ် နောက်တစ်ပွဲရောက်လာတော့ မန်ယူဘက်က ၁-၀ နဲ့ အနိုင်ပြန်ရသွားတယ် အိုထရက်ဖိုဒ့်က အဝေးကွင်းအသင်းတွေရဲ့ နားနေဆောင်ကြီးဖြစ်နေတယ် ဘာလို့လည်းဆိုတော့ ဒီကွင်းရောက်တဲ့ အသင်းတိုင်းနီးပါး အမှတ်ရပြီး ပြန်သွားရတတ်လို့ပါ ဘရန်ဖိုဒ့်တို့ကျတော့ ဒီနှစ်ထဲမှာ စွမ်းဆောင်ရည်တွေ ကျဆင်းနေတယ် ကောင်းလိုက် ဆိုးလိုက်ဖြစ်နေတယ် အရင်နှစ်တွေလို တိုက်စစ်ပိုင်းက သိပ်ပြီး မထိရောက်တော့ပါဘူး ဒီပွဲမှာတော့ တန်ဟက်က အသင်းရဲ့ယုံကြည်မှုနဲ့ အသင်းပရိသတ်တွေရဲ့ ယုံကြည်မှုကို ပြန်ယူဖို့ကြိုးစားလိမ့်မယ် ဒါပေမယ့် မန်ယူအသင်းရဲ့အစစအရာရာကြည့်ပြီးပြောရင် ပြုပြင်စရာနေရာတွေ အများကြီးပဲရှိပါတယ် ဂိုးသမားနေရာကစ တိုက်စစ်ပိုင်းတွေအထိ ပြုပြင်စရာတွေ ရှိနေတယ် နောက်ပြီး ကစားစနစ်တွေက တကယ်ကောင်းတာလားဆိုတဲ့မေးခွန်းတွေလည်း ထုတ်ပြန်နေကြတယ် ဒါပေမယ့်မဟုတ် ကစားသမားကိုယ်တိုင်ကပဲ ကိုယ့်အရည်အချင်းနဲ့ ကစားနေတာလားပေါ့ ဧည့်သည်အသင်းကတော့ ဒီပွဲ ခံစစ်ပိုင်းကို သေသေချာချာထိန်းချုပ်ပြီး တန်ပြန်တိုက်စစ်ဆင်ဖို့ စောင့်နေလိမ့်မယ် မန်ယူအသင်း အိမ်ကွင်းနဲ့ သိပ်ပြီးမကောင်းပေမယ့် ဒီပွဲမှာတော့ အနည်းဆုံးတစ်မှတ်လောက် ရသွားနိုင်လောက်တယ် အိမ်ကွင်းနဲ့ ထပ်ရှုံးရင်တော့ တန်ဟက်ထိုင်ခုံ အတော်လေး ပူလှောင်သွားလိမ့်မယ်။

Manchester United : အိမ်ရှင်မန်ယူအသင်း အိမ်ကွင်းနဲ့ ၂ ပွဲဆက်တိုက် ရှုံးနိမ့်နေပါတယ် ပရီးမီးယားလိဂ်ထဲက ခရစ်စတယ်ပဲလေစ့်ကိုရှုံးပြီး နောက်တစ်ပွဲ ချန်ပီယံလိဂ်ထဲက ကာတာရာစာရေးကို ၂-၃ နဲ့ရှုံးသွားတယ် လိဂ်ပွဲစဉ်ထဲမှာ ၇ ပွဲကစားပြီး ၉ မှတ်ပိုင်ဆိုင်သွားတယ် လက်ရှိ အဆင့် ၁၀ မှာရပ်တည်နေတယ် ဒီပွဲ မန်ယူဘက်က ထပ်မှားပြီး အိမ်ကွင်းနဲ့ရှုံးသွားလို့ကတော့ တန်ဟက်နည်းပြရဲ့ထိုင်ခုံက အတော်လေး ပူလှောင်သွားလိမ့်မယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ Luke Shaw, Tyrell Malasia, Aaron Wan-Bissaka, Ahmad Diallo, Sergio Reguilon နဲ့ Lisandro Martinez တို့ မပါနိုင်သေးပါဘူး အားလုံးက ဒဏ်ရာရထားကြပါတယ် တန်ဟက်နဲ့ ပြသာနာတက်နေတဲ့ ဆန်ချိုလည်း ဒီပွဲ ပါဖို့မရှိသေးပါဘူး ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲဖြစ်နေကြပါတယ် သရဲနီရဲ့ ပထမ ၁၁ ယောက်က ပြောင်းလဲမှုသိပ်မရှိပါဘူး Diogo Dalot, Victor Lindelof, Raphael Varane နဲ့ Sofiane Amrabat တို့က ခံစစ်ပိုင်းနေရာ တာဝန်ယူသွားမှာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာကျတော့ Casemiro နဲ့ Mason Mount တို့ပဲ ဖြစ်လိမ့်မယ် Anthony, Bruno Fernandes နဲ့ Marcus Rashford တို့ကျတော့ တိုက်စစ်ပိုင်းမှာ ကစားပွဲဖန်တီးဖို့ တာဝန်ယူခဲ့ကြလိမ့်မယ် ပြီးရင် Striker နေရာ Hojlund ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Brentford : ဘရန်ဖိုတ့်အသင်းကျတော့ ဒီနှစ်ထဲမှာ အရင်နှစ်တွေလို တင်းကျပ်မှုသိပ်မရှိတော့ပါဘူး အခုနောက်ပိုင်း စွမ်းဆောင်ရည်တွေ ကျဆင်းနေတယ် နောက်ဆုံးတစ်ပွဲတုန်းက ဖောရက်စ်နဲ့ ၁-၁ သရေကျလာတယ် အသင်းရဲ့စွမ်းဆောင်ရည်အားလုံး သိပ်ပြီး လှုပ်ရှားမှုမရှိပါဘူး သူတို့ရဲ့ နောက်ဆုံး ၅ ပွဲတုန်းက ၃ ပွဲသရေ ၂ ပွဲအရှုံးပဲ လုပ်နိုင်ကြတယ် ရာသီစတင်လာကတည်းက ၇ မှတ်လေးပဲကိုင်ဆောင်ထားနိုင်ပြီး အဆင့် ၁၄ မှာရပ်တည်နေတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ ဒီပွဲ ဒဏ်ရာရထားတဲ့ကစားသမားတွေ အများကြီးပဲရှိပါတယ် Kevin Shade, Rico Henry, Ben Mee, Mikkel Damsgård, Shandon Baptiste, နဲ့ Josh da Silva တို့အားလုံး မပါနိုင်သေးပါဘူး Ivan Toney ကတော့ အလောင်းကစားလုပ်လို့ ဘန်းခံထိတုန်းဖြစ်ပါတယ် ကျန်တဲ့ကစားသမားတွေကျတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် ဘရန်ဖိုတ့်က ဒီပွဲ Aaron Hickey, Nathan Collins, Ethan Pinnock နဲ့ Mads Roerslev တို့ကို ခံစစ်ပိုင်းနေရာမှာ တာဝန်ပေးပြီး ကွင်းလယ်ပိုင်းကျတော့ Matthias Jensen, Christian Norgaard နဲ့ Vitaly Janelt တို့ကို တာဝန်ပေးထားထားလိမ့်မယ် တိုက်စစ်ပိုင်းကျတော့ Keane Lewis-Potter, Joan Wissa နဲ့ Brian Mbumo တို့ကိုပဲ တာဝန်ပေးထားလောက်တယ်။

11 Players

Manchester United (4-2-3-1) : Onana; Dalot, Varane, Evans, Amrabat; Casemiro, Mount; Antony, Fernandes, Rashford; Hojlund

Brentford (4-3-3) : Flekken; Roerslev, Collins, Pinnock, Hickey; Jensen, Norgaard, Janelt; Mbeumo, Maupay, Wissa

Missing Players

Manchester United –  Luke Shaw (Muscle Injury), Kobbie Mainoo (Ankle Injury), Lisandro Martínez (Foot Injury), Tyrell Malacia (Unknown Injury), Amad Diallo (Knee Injury), Aaron Wan-Bissaka (Hamstring Injury)

Brentford – Josh Dasilva (Hamstring Injury), Mikkel Damsgaard (Knee Surgery), Kevin Schade (Tear in the abductor muscle), Shandon Baptiste (Shoulder Injury)

Facebook