ချန်ပီယံလိဒ်ဝင်ခွင့်ပြိုင်ဆိုင်မှု

ကိုပင်ဟေဂင် vs မန်စီးတီး [13 Feb 23 - 03:00 hrs]

ချန်ပီယံလိဒ်ဝင်ခွင့်ပြိုင်ဆိုင်မှု ကိုပင်ဟေဂင်အသင်း ၂၀၁၁ ခုနှစ်ကတည်းက ဒီအဆင့်ကို မရောက်နိုင်ခဲ့ပါဘူး အခုနှစ်မှပဲ ပါတင်ကစားနိုင်ပါတော့တယ် အဲ့တော့ သူတို့မှာ တက်ကြွမှု တော်တော်ရှိကြလိမ့်မယ် သူတို့က ကိုယ့်အိမ်ကွင်းနဲ့ ပရိသတ် အယောက်ပေါင်း ၄ သောင်းရှေ့မှာကစားခဲ့ရလိမ့်မယ် ပွဲကြည့်လက်မှတ်တွေ အကုန်လုံးပဲရောင်းထွက်ခဲ့တယ် ဒါပေမယ့်လည်း အဲ့အချက်တွေလွဲပြီး ကျန်တာ မန်စီးတီးကို မမှီသေးပါဘူး နာမည်ကျော်ကြားပိုင်းကစ အရည်အသွေးတွေရောပါပဲ အဓိက ဆင်းဆင်ကစားနိုင်တဲ့ကစားသမားတွေဆိုရင် ကိုပင်ဟေဂင်မှာ အရေးကြီးတဲ့ကွင်းလယ်ကစားသမား Lucas Lerager မရှိသေးပါဘူး မန်စီးတိးဘက်ကကျတော့ အားလုံး ၁၀၀% ဖြစ်နေတယ် မှားယွင်းမှုမရှိဘူးဆိုရင်တော့ ပက်က သူ့အသင်းသားတွေနဲ့ အနိုင်ကောက်ရသွားမှာသေချာတယ်။

Copenhagen : ဒိန်းမတ်လိဂ်ချန်ပီယံကိုပင်ဟေဂင်အသင်းဟာ ဂရုရဲ့အဆင့် ၂ အနေနဲ့ ဒီအဆင့်ကို မထင်မှတ်ပဲရောက်ချလာပါတယ် ဂရုချန်ပီယံကတော့ ဘိုင်ယန်မြူးနစ်ဖြစ်ပြီး Galatasaray နဲ့ မန်ယူတို့ကျတော့အဆင့် ၃ နဲ့ ၄ မှာ အပြီးသတ်သွားပါတယ် ကိုပင်ဟေဂင်ရဲ့ အဆင်သင့်ပြင်ဆင်မှုကတော့ ဒီပွဲ Davit Kocholava, Theo Sander နဲ့ Birger Meling တို့ကို ကိုင်တွယ်လို့မရသေးပါဘူး ကြားထဲ အရေးကြီးသော ကွင်းလယ်ကစားသမား Lucas Lerager က အနီကဒ်ပြခံထိသွားသေးတယ် Galatasaray နဲ့ပွဲတုန်းက ၁-၀ နဲ့ အနိုင်ရရှိခဲ့ပေမယ့် အနီကဒ်တစ်ယောက် ပြခံထိသွားပါတယ် ဒီပွဲ အသင်းနည်းပြက ဂရုအဆင့်မှာ ကစားခဲ့တုန်းက ကစားသမားတွေကိုပဲ ဆက်လက်ကိုင်တွယ်လိမ့်မယ် ကွင်းလယ်ခံစစ်ပိုင်းနေရမှာ Kevin Dicks နဲ့ Denis Vavro တို့ကိုပဲ တာဝန်ပေးပြီး အလယ်တန်းနေရာမှာကျတော့ Diogo Goncalves, Rasmus Falk, Rooney Bardji တို့ကိုပဲ ကစားပွဲဖန်တီးဖို့ တာဝန်ပေးထားလောက်တယ် ပြီးရင် တိုက်စစ်ပိုင်းနေရာ Victor Classon, Mohamed Elyounoussi နဲ့ Elias Ashouri တို့ကိုပဲ တာဝန်ပေးထားလိမ့်မယ်။

 

Manchester City : မန်စီးတီးအသင်းကျတော့ ဂရုအဆင့်တုန်းက ၆ ပွဲဆက်တိုက် အနိုင်ရရှိခဲ့ပြီး ဂျီဂရုရဲ့ချန်ပီယံအနေနဲ့ ဒီအဆင့်ကို တက်ရောက်လာပါတယ် မန်စီးတီးအသင်းရဲ့စွမ်းဆောင်ရည်က ပွဲစုံ ၁၀ ပွဲဆက်တိုက် အနိုင်ရရှိထားနေပါတယ် လက်ရှိကစားသမားအသီးသီးက အပြည့်အစုံရှိနေတယ် ဘန်းခံထိထားတဲ့ကစားသမားမရှိဘူး ဒဏ်ရာရသွားတဲ့ကစားသမားတွေကလည်း အားလုံး သက်သာသွားပါပြီ အဲ့တာနဲ့ပဲ ပက်မှာ ကြိုက်ရာ ကိုင်တွယ်လို့ရနေပါပြီ ဒီပွဲမှာတော့ ပက်မှာ အဲဗာတန်နဲ့ တိုက်ခိုက်ခဲ့တဲ့ လိဂ်ပွဲစဉ်တုန်းကလို ကစားသမားအဖွဲ့အစုကို နည်းနည်းပါးပါး ပြောင်းလဲလိမ့်မယ် အဲ့ပွဲ အနားယူခဲ့ရတဲ့ကစားသမားတွေ ဒီပွဲမှာပဲ ဆင်းကစားခဲ့ရလိမ့်မယ် Bernardo Silva, Yosco Guardiol, Kyle Walker နဲ့ Kevin De Bruyne တို့ကစ အကုန်ဆင်းကစားရမယ်ထင်ပါတယ်။

11 Players

Copenhagen (4-3-3) : Grabara; Ankersen, Diks, Vavro, Jelert; Goncalves, Falk, Claesson; Elyounoussi, Bardghji, Achouri

Manchester City (4-1-4-1) : Ederson; Walker, Dias, Stones, Gvardiol; Silva, Rodri, De Bruyne; Doku, Haaland, Foden

Missing Players

Copenhagen – Lukas Lerager (Red card suspension), Davit Khocholava (Knee problems), Theo Sander (Knee surgery)

Manchester City

Facebook

အိမ်ရှင်အသင်းက ဒီပွဲ မတရားတိုက်ခိုက်ခံထိဖို့ရှိပါတယ် ကိုယ့်အိမ်ကွင်းဆိုပေမယ့် သူတို့ရဲ့ပြိုင်ဘက်က အရမ်းတက်ကြွနေလို့ပါ ယုံကြည်မှုရှိရှိနဲ့ ကစားနေကြပါတယ် အနိုင်လိုချင်စိတ်လည်း အပြည့်ပဲ အသင်းရဲ့အင်အားနဲ့ အရည်သွေးချင်း ကစားသမားစွမ်းဆောင်ရည်ချင်းယှဉ်ကြည့်ရင် လိုက်ပ်ဇစ်ဘက်က ချန်ပီယံလိဒ်ဝင်ခွင့်ပြိုင်ဆိုင်မှု တော်တော်ပဲပိုညံ့ပါတယ် ရီးရဲလ်မှာ Jude Bellingham တစ်ယောက်လေးပဲမရှိသေးတာ ကျန်တဲ့အဓိကကစားသမားတွေကျတော့ အားလုံးပဲ အဆင်သင့်ဖြစ်နေကြတယ် ဧည့်သည်အသင်းအနေနဲ့ ကစားရမှာဆိုပေမယ့် လက်ရှိစွမ်းဆောင်ရည်နဲ့ အင်အားတွေကတော့ အရမ်းပဲပိုသာနေတယ် အဓိကဖြစ်တဲ့စွမ်းဆောင်ရည်ဆိုရင် ၅ ပွဲဆက်တိုက် ရှုံးပွဲမရှိသေးပါဘူး ဒီပထမကျော့မှာတော့ ရီးရဲလ်ဘက်ကပဲ တိုက်စစ်ဆင်ပြီး အရင်နိုင်သွားလိမ့်မယ် လိုက်ပ်ဇစ်တို့ကျတော့ လောလောဆယ်ကြောင်ပျောက်နေတယ် ဒီလိုတည်ငြိမ်မှုမရှိတဲ့အတွက် ဥရောပဘုရင်ကြီးကုခံရမှာကျိန်းသေတယ် ရွှေဂွတ်ထားတဲ့ဖိနပ်ကို စီးထားရင်တော့တစ်မျိုးပေါ့ ဒါပေမယ့် ဒီအချိန်မှာတော့ လိုက်ပ်ဇစ်ဘက်က ရှုံးဖို့အနေအထား အရမ်းများပါတယ်။

RB Leipzig : ဂျာမနီဘွန်ဒက်လီဂါ အဆင့် ၅ မှ အိမ်ရှင်လိုက်ပ်ဇစ်အသင်းဟာ နောက်ဆုံး ၁၆ သင်းအဆင့်ပထမကျော့မှာ အိမ်ကွင်းနဲ့ စတင်ခဲ့ရပါတယ် သူတို့ရဲ့ အခုနောက်ပိုင်းစွမ်းဆောင်ရည်တွေ သိပ်မသေချာပါဘူး နောက်ဆုံး ၅ ပွဲကစားပြီး ၁ ပွဲနိုင် ၁ ပွဲသရေနဲ့ ၃ ပွဲအရှုံးဖြစ်ပါတယ် နောက်ဆုံးတစ်ပွဲတုန်းက လိဂ်ပွဲမှာ Augsburg နဲ့ ၂-၂ သရေကျလာပါတယ် အသင်းရဲ့အဆင်သင့်ပိုင်းကတော့ အပြည့်အစုံပါပဲ Amadou Haidara တစ်ယောက်လေးပဲ အဆင်မပြေသေးတာပါ သူ့မှာ ဒဏ်ရာရှိနေသေးတယ် ကျန်တဲ့အဓိကကစားသမားတွေ ကတော့ အဆင်သင့်ပဲ ဖြစ်နေကြပါတယ် အသင်းနည်းပြက သူ့အသင်းရဲ့တိုက်စစ်ပိုင်းနေရာမှာ Benjamin Cesco နဲ့ Luis Openda တို့နှစ်ယောက်ကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးပြီး ကွင်းလယ်ပိုင်းနေရာကျတော့ Dani Olmo နဲ့ Xabi Simons တို့ကိုပဲ ကစားပွဲလှုပ်ရှားဖို့ တာဝန်ပေးထားလိမ့်မယ် ပြီးရင် ခံစစ်ပိုင်းနေရာ Lucas Klostermann နဲ့ Willy Orban တို့ကိုပဲ အဓိကတာဝန်‌ ပေးထားလိမ့်မယ်။

 

Real Madrid : စပိန်လာလီဂါအဆင့် ၁ မှ ဘုရင်ဖြူရီးရဲလ်အသင်းကျတော့ ခြေစွမ်းတွေတက်ကြွနေပြီး ယုံကြည်မှုအပြည့် ရှိနေကြပါတယ် နောက်ဆုံး ၅ ပွဲကစားပြီး ၄ ပွဲနိုင် ၁ ပွဲသရေနဲ့ တစ်ပွဲမှမရှုံးခဲ့ပါဘူး နောက်ဆုံးတစ်ပွဲတုန်းက လိဂ်ပွဲမှာ ဂိရိုနာကို ၄-၀ နဲ့ အနိုင်ရလာပါတယ် လက်ရှိမှာတော့ Jude Bellingham ဆိုတဲ့ ဂိုးဖန်တီးရှင်နဲ့ အလယ်တန်းကစားသမားက ခြေချင်းဝတ်ဒဏ်ရာရသွားတဲ့ပြသာနာ ရှိနေပါတယ် ဒီပွဲပါဖို့ လုံးဝမဖြစ်နိုင်သေးပါဘူး အန်တိုနီယို ရူဒီဂါကျတော့ ရာသီကုန်အထိ မပါနိုင်မှန်းသေချာတယ် ကျန်တဲ့အဓိကကစားသမားတွေကတော့ အဆင်သင့်ပါပဲ ဒီပွဲ အသင်းနည်းပြက သူ့စစ်တပ်ရဲ့ တိုက်စစ်ပိုင်းနေရာမှာ Vinicius Juniors, Rodrigo နဲ့ Brahim Diaz တို့ကိုပဲ ဂိုးသွင်းဖို့တာဝန်ပေးပြီး အလယ်တန်းမှာ Toni Kroos က Eduardo Camavinga နဲ့အတူ ချိတ်ဆက်ပြီးကစားခဲ့ရလိမ့်မယ် ခံစစ်ပိုင်းနေရာမှာကျတော့ Dani Carvajal နဲ့ Fairlan Mendy တို့ပဲ ဦးဆောင်ပြီး ရောက်ချလာလိမ့်မယ်။

11 Players

RB Leipzig (4-4-2) : Gulacsi; Simakan, Lukeba, Orban, Raum; Olmo, Schlager, Kampl, Simons; Sesko, Openda

 

Real Madrid (4-3-1-2) : Lunin; Carvajal, Tchouameni, Nacho, Mendy; Valverde, Kroos, Camavinga; Diaz; Vinicius Jr, Rodrygo

 

Missing Players

RB Leipzig – A.Haidara (Knee Injury)

 

Real Madrid – Nacho Fernández (muscular problems), Jude Bellingham (ankle sprain), Thibaut Courtois (Cruciate ligament tear), Éder Militão (Cruciate ligament tear), David Alaba (Cruciate ligament tear)

Facebook